by Aye Min on Friday, April 8, 2011 at 5:55pm
တခါတုန်းက သိုးငယ်သေးသေးလေးတစ်ကောင်ရှိသတဲ့။ သူဟာ ခြေထောက်ကလေးတွေ ခနော်နီ ခနော်နဲ့ နဲ့  ဟိုခုန်သည်ပေါက်လုပ်ပြီး အလွန်ပျော်တတ်သတဲ့။
တစ်နေ့ ကျတော့ သူ့ အဘွားဆီကို သွားလည်မယ်ဆိုပြီး ထွက်လာတာ လမ်းမှာတောခွေးတစ်ကောင်နဲ့  သွားတိုးနေပါလေရော။ တောခွေးကလည်း တစ်လုပ်စာလောက်ရှိတဲ့ သိုးငယ်ကလေးကိုကြည့်ပြီး.....
" သိုးငယ်၊ သိုးငယ်၊ ဟေ့..သိုးငယ်။ မင်းကိုငါစားရမယ်"
လို့ ပြောသတဲ့။ ဒါပေမယ့် သိုးငယ်ကလေးကတော့ ဆွေ့ ခနဲ တစ်ချက်ခုန်ပြီး ဟောဒီလိုပြောလိုက်သတဲ့။
အဘွားအိမ်ကို ကျုပ်သွားမယ်
ဝသောအခါမှကွယ်
ကျုပ်အသားကို ဝါးလို့ ရယ်
စားလိုက်ပါတော့ဟယ်။
တောခွေးက ဒီတော့ အင်း.. အဟုတ်သားဘဲလို့  အောက်မေ့တာနဲ့  လွှတ်လိုက်သတဲ့။ အတော်ကလေးသွားပြီးတော့ လင်းတကြီးတစ်ကောင်နဲ့  တွေ့ ပြန်ပါလေရော။ လင်းတကြီးက တစ်လုပ်စာလောက်ရှိတဲ့ သိုးငယ်ကလေးကိုကြည့်ပြီး.....

လို့ ပြောသတဲ့။ ဒီတော့လည်း သိုးငယ်ကလေးက ဆွေ့ ခနဲ တစ်ချက်ခုန်ပြီး ဟောဒီလို ဆိုလိုက်သတဲ့။
အဘွားအိမ်ကို ကျုပ်သွားမယ်
ဝသောအခါမှကွယ်
ကျုပ်အသားကို ဝါးလို့ ရယ်
စားလိုက်ပါတော့ဟယ်။
လင်းတကြီးက ဒီတော့ အင်း.. အဟုတ်သားဘဲလို့  အောက်မေ့တာနဲ့  လွှတ်လိုက်သတဲ့။ ဒီလိုဘဲ သူဆက်သွားတော့ လမ်းမှာ ကျားကြီးကိုလည်းတွေ့ တယ်။ ဝံပုလွေကြီးကိုလည်းတွေ့ တယ်။ ခွေးကြီးနဲ့  လင်းယုန်ငှက်ကြီးတို့ ကိုလည်းတွေ့ တယ်။ အဲဒီအကောင်ကြီး တွေကလည်း တစ်လုပ်စာလောက်ရှိတဲ့ သိုးငယ်ကလေးကိုကြည့်ပြီး.....

လို့ ပြောကြသတဲ့။ ဒါပေမယ့် သိုးငယ်ကလေးကတော့ ရှေ့ ကလိုဘဲ ဆွေ့ ခနဲ တစ်ချက်ခုန်ပြီး ဟောဒီလိုဆိုလိုက်သတဲ့။
အဘွားအိမ်ကို ကျုပ်သွားမယ်
ဝသောအခါမှကွယ်
ကျုပ်အသားကို ဝါးလို့ ရယ်
စားလိုက်ပါတော့ဟယ်။
နောက်ဆုံးတော့ သိုးငယ်ဟာ သူ့ အဘွားအိမ်ကို ရောက်သွားတာပေါ့။ အဘွားကိုတွေ့ တယ်ဆိုရင်ဘဲ မရပ်မဆိုင်းဘဲ ပြောလိုက်သတဲ့။
" အဘွား၊ ကျွန်တော့်ကိုယ်ကို ဝအောင်လုပ်ပေးမယ်လို့  ကတိပေးခဲ့တယ်၊ ကတိကို ဖျက်လို့ မကောင်းဘူး၊ ဒါကြောင့် ကျွန်တော့်ကို စပါးပုတ်ထဲမှာ ထားစမ်းပါ" တဲ့။
ဒီတော့ သူ့ အဘွားက သူ့ ကိုစပါးပုတ်ထဲမှာ ထည့်ထားတာပေါ့။ သိုးငယ်ကလေးဟာ အတော်အစားကြီးသတဲ့။ တချိန်လုံး စပါးတွေကို တဝါးတည်းဝါးပြီး စားလိုက်တာ သူ့ ကိုယ်လေးဟာ ပုတ်ကလေးဖြစ်ပြီး မလှုပ်နိုင်၊ မရှားနိုင်သလို ဖြစ်လာတော့သတဲ့။ ဒီတော့ သူ့ အဘွားက.....
" ကဲ၊ ငါ့မြေး၊ ကတိပေးတဲ့အတိုင်း ဝပြီမဟုတ်လား၊ သွားတော့" လို့ ပြောတာပေါ့။
သိုးကလေးက အိမ်ပြန်ရင် လမ်းမှာ သတ္တ၀ါကြီးတစ်ကောင်နဲ့ တွေ့ မှာဘဲ၊ တွေ့ ရင် သူတို့ အစားကိုခံရတော့မှာဘဲလို့  သိတာနဲ့ 
" အဘွားရယ်၊ ကျွန်တော့်ညီလေးသေတုန်းက ဆုပ်ထားတဲ့သားရေနဲ့  ဒိုးပတ်ကလေးကြပ်ပေးပါလား၊ ဒီတော့ ကျွန်တော် ဒိုးပတ်ထဲမှာ ၀င်နေပြီး လှိမ့်သွားရင် ဘယ်သူမှမသိလို့  အိမ်ကိုကောင်းကောင်းပြန်ရောက်မှာပေါ့"
လို့ ပြောသတဲ့။ အဲဒါကြောင့် သူ့ အဘွားက ဒိုးပတ်ကလေးကြပ်ပေးပြီး အထဲမှာနေလို့ ကောင်းအောင် သိုးမွှေနုနုလေးတွေကို ထည့်သတဲ့။ သိုးကလေးလည်း ဒိုးပတ်ထဲမှာ ဇိမ်နဲ့ ဝင်ပြီး လှိမ့်သွားတာပေါ့။ လှိမ့်သွားလို့မကြာခင်မှာဘဲ လင်းယုန်ကြီးနဲ့ သွားတိုးတာပေါ့။ ဒီတော့ လင်းယုန်ကြီးကမေးသတဲ့။
ဒိုးပတ်ငယ် ဒိုးပတ်ငယ်
သိုးငယ်လေး ဘယ်မှာရှိတယ်
ပြောစမ်းပါလားကွယ်
လို့ လင်းယုန်ကြီးရဲ့အသံကိုကြားတော့ သိုးငယ်က ဒိုးပတ်ထဲကနေပြီး ပြောလိုက်သတဲ့။
သိုးငယ်လေး တစ်ကောင်ရယ်
မီးပုံထဲကို ကျသွားတယ်
သင်လည်း သူ့လိုပါဘဲကွယ်
မီးပုံထဲကို ကျလိမ့်မယ်
တူနယ် တဲ့နယ်၊ တူနယ် တဲ့နယ်။
ဒီတော့ လင်းယုန်ကြီးလည်း သူ့အစာပျောက်လို့ စိတ်ပျက်ပြီး တစ်ကောင်တည်း မှိုင်ကျန်ရစ်ခဲ့သတဲ့။ သိုးငယ်ကတော့ ၀မ်းထဲမှာ ကျိတ်ရယ်ပြီး "တူနယ် တဲ့နယ်၊ တူနယ် တဲ့နယ်" လို့ဆိုပြီး လှိမ့်သွားပြန်သတဲ့။ နောက်မှတွေ့တဲ့ သတ္တ၀ါကြီးတွေကလည်း အရင်လိုဘဲ မေးတာပေါ့။
ဒိုးပတ်ငယ် ဒိုးပတ်ငယ်
သိုးငယ်လေး ဘယ်မှာရှိတယ်
ပြောစမ်းပါလားကွယ်
လို့ အဲဒီလို မေးတိုင်းမေးတိုင်း သိုးငယ်ကလည်း ဟောဒီလို ပြန်ပြောသတဲ့။
သိုးငယ်လေး တစ်ကောင်ရယ်
မီးပုံထဲကို ကျသွားတယ်
သင်လည်း သူ့လိုပါဘဲကွယ်
မီးပုံထဲကို ကျလိမ့်မယ်
တူနယ် တဲ့နယ်၊ တူနယ် တဲ့နယ်။
နောက်ဆုံး တောခွေးကြီးနဲ့ သွားတွေ့တယ်။ တောခွေးကြီးက မျက်နှာပေါက် ခပ်ဆိုးဆိုးနဲ့ မေးလိုက်သတဲ့။
ဒိုးပတ်ငယ် ဒိုးပတ်ငယ်
သိုးငယ်လေး ဘယ်မှာရှိတယ်
ပြောစမ်းပါလားကွယ်
သိုးငယ်လည်း ဒိုးပတ်ထဲမှာ သိုးမွှေးပေါ်အိပ်ပြီး ဇိမ်ကလေးနဲ့ ပြန်ဖြေလိုက်သတဲ့။
သိုးငယ်လေး တစ်ကောင်ရယ်
မီးပုံထဲကို ကျသွားတယ်
သင်လည်း သူ့လိုပါဘဲကွယ်
မီးပုံထဲကို ကျလိမ့်မယ်
တူနယ် တဲ့နယ်၊ တူနယ် တဲ့နယ်။
ဒီလို ဖြေလို့မှမဆုံးသေးဘူး တောခွေးကြီးက သူ့အသံကို ရိပ်မိသွားတာနဲ့
"သယ်၊ နင်က ပုန်းနေလို့ လွတ်မယ်မှတ်သလား၊ ထွက်ခဲ့" လို့အော်ပြီး ဒိုးပတ်ငယ်ရဲ့ သားရေကို ဆုတ်ဗြဲပြီး သိုးငယ်ကို ကိုက်စားလိုက်ပါလေရောတဲ့ကွယ်။
အန္ဒိယပုံပြင်။ ။ ဒီဇင်ဘာ၊ ၁၉၅၉

- Aye Min ကလေး ချစ်တတ်တဲ့ သူတွေ၊ ကလေးရှိတဲ့ မိဘတွေအတွက် ရည်ရွယ်ပါတယ်။ ကျွန်တော် ကွန်ပြူတာ အခက်အခဲကြောင့် ဗဟုသုတ ရစေမယ့် စာမျိုးတွေ မတင်နိုင်သေးပါဘူး။ ဒါကြောင့် ကလေးတွေဟာ ပုံပြင် ကြိုက်တတ်ပါတယ်။ ဒီတော့ ကလေးချစ်တဲ့တဲ့ သူတွေဟာလည်း ကလေးရဲ့အကြိုက်ကို လိုက်ခြင်းအားဖြင့် ကလေးများရဲ့ တန်ပြန်မေတ္တာကို ရယူနိုင်ပါတယ်။
No comments:
Post a Comment