ဗမာလို ကွန်ပြူတာမှာ စာမရိုက်တတ်သေးလို့  နောက်ကျတာခွင့်လွှတ်စေချင်တယ်၊ အနောက်နိုင်ငံမှာနေလို့  မအားဘူးဆိုပေမဲ့ ခုလိုစာရှည်ရှည်ရေးနိုင်တာက ခင်ဗျားအတော်ပြောချင်နေပုံရတယ်
နိုင်ငံခြားတပ်တွေဝင်ရောက်ဘို့ တောင်းဆိုတာကို “လူမျိုးစုအဖွဲ့ အစည်းတွေက Initiate လုပ်တယ်ဆိုရင် ပိုကောင်းတာပေါ့” လို့  ခင်ဗျားက ရေးတဲ့အတွက်ရယ်၊ သူတို့ က တကယ်စစ်တိုက်နေတဲ့သူတွေကိုး၊ သူတို့ က စတင်တယ်ဆိုရင် ပိုပြီး သဘာဝကျတာပေါ့” လို့  ဆိုတာတွေဟာ လူမျိုးစုတွေ အကြောင်းခင်းဗျားသိပုံမပေါ်ဘူး ဆိုတာထင်ရှားနေပါတယ်၊ သူတို့ ရဲ့ သဘောထားကို အရင်တီးခေါက်ကြည့်ပါအုံးလို့ ပြောပါရစေ၊ နောက်ပြီး ဆရာကြီးလုပ်ပြီး ဒီကိစ္စကို တဦးတည်းသဘောနဲ့ တင်တယ်ထင်လို့ ခင်ဗျားကောက်ချက်ချတာဘဲဖြစ်လိ
နောက်တခုက သီပေါမင်းပါတော်မူတာ အင်္ဂလိပ်က ကြက်ကလေးငှက်ကလေးလိုဖမ်းသွားခဲ့
(၁) အင်္ဂလိပ် ၀င်တိုက်လို့ အစိုးရပြောင်းသွားတယ်
(၂) ဂျပန်ဝင်လို့ တခါပြောင်းတယ်
(၃) အင်္ဂလိပ်နဲ့ မဟာမိတ်တွေဝင်လို့ တခါပြောင်းတယ်
အဲဒီအပြောင်းအလဲတွေဟာ နိုင်ငံခြားတပ်တွေဝင်လို့ ပြောင်းတာဖြစ်တယ်။ အင်္ဂလိပ်က ကိုလိုနီပြုတာ၊ ဂျပန်ကရက်စက်တာ လူတိုင်းသိတယ် ရှင်းပြနေစရာမလိုဘူး။ ဗိုလ်ချုပ်တို့ ဂျပန်ခေါ်လာပြီး အင်္ဂလိပ်ကိုချတာ ဗိုလ်ချုပ်တို့ ညံ့လို့ လား၊ ဒါ ခင်ဗျားစကားအတိုင်းမေးလိုက်တာဘဲ
နောက်တခုက အင်္ဂလိပ်လို Petition မှာ လက်မှတ်ထိုးတဲ့လူ (၈၁၆) ယောက်ရှိသွားပြီ၊
http://www.change.org/
ဗမာလိုမှာက နောက်ကျမှ တင်တဲ့အတွက် (၇၈) ယောက်ဘဲရသေးတယ်၊
http://www.PetitionOnline.com/
ဘာဘဲဖြစ်ဖြစ် ကျွန်တော်က ကိုယ်လုပ်သင့် တယ်ထင်တာကို လုပ်တဲ့အတွက် ထောက်ခံတဲ့လူတွေပေါ်လာတာဘဲ၊ ခင်ဗျားအနေနဲ့  ခင်ဗျားယုံကြည်ရာကို တင်ပြသင့်တယ်၊ လက်တွေ့  ကွင်းဆင်းလုပ်ကြည့်တဲ့အခါ ခင်ဗျားအတွေးအခေါ်ပေါ်မှာ လူဘယ်လောက် ထောက်ခံတယ်ဆိုသိရမှာပါ။
နိုင်ငံခြားခေါ်မိလို့  ဂျပန်လိုမှားမှာစိုးရင် ဗိုလ်ချုပ်အောင်ဆန်းတောင် ခေါင်းဆောင်အဖြစ် ပေါ်မလာဘူး၊ မြန်မာပြည်သူတွေက လွတ်လပ်ရေးရအောင်လုပ်တဲ့စိတ်နဲ့  လုပ်သူမှန်သမျှကိုနားလည်တယ်၊ မှားတဲ့ အတွက် ဗိုလ်ချုပ်ကို အပြစ်မမြင်ဘဲ ပိုတောင်ချစ်ကြသေးတယ်၊ ဒါတွေ အထူးပြောစရာမလိုဘူးလို့ ထင်တယ်၊ သံဃာတွေက ကန့် ကွက်မှာဘဲဆိုတာကလဲ ခင်ဗျားရဲ့ တဖက်သတ်သုံးသပ်ချက်ဘဲ၊ မစိုးရိမ် ဆရာတော်ကြီး နယူးယောက်မှာ ဖူးတွေ့ စဉ်က ဆရာတော်ကြီးကိုယ်တိုင် သာသနာကိုကာကွယ်ဘို့  အမေရိကန်ရေတပ်ကြီး ၀င်ရင် ငါရှေ့  က သာသနာအလံကိုင်ပြီးလိုက်မယ်လို့  ကျုပ်ကို မိန့် ခဲ့တာအမှန်ဘဲ၊ ကိုမိုးသီး တို့ ကိုလဲဒီလိုဘဲ မိန့် ခဲ့တယ်၊ ခင်ဗျားစုံစမ်းကြည့်ပါ၊ မှန်းပြီး ကိုယ်ထင်ရာ ရမ်းမကြိတ်ပါနဲ့ ။
ဗိုလ်နေ၀င်းအဏာသိမ်းတာ ၁၉၅၈ - ၁၉၆၀ အိမ်စောင့်အစိုးရလုပ်ခဲ့တဲ့အရှိ
ခင်ဗျားပြောသလို နိုင်ငံခြားတပ်ဝင်လာလို့  ပြည်သူတွေသေမှာစိုးရင် အခုကော တဖြုတ်ဖြုတ်သေမနေဘူးလား၊ စဉ်းစားပါအုံးဗျား၊ ဘုန်းကြီးတွေ နိုင်ငံခြားတပ်ဝင်လာမှာ မလိုလားဘူးဆိုတာ ခင်ဗျားအနေနဲ့  ဘယ်လိုသက်သေပြနိုင်သလဲ၊ ဗမာဘုန်းကြီးတွေ ကမ္ဘာစစ်ဖြစ်တော့ သင်္ဃန်းချွတ်ပြီး ရဲဘော်သုံးကျိတ်ထဲမှာ ပါတဲ့သူတောင်ရှိတယ်၊ ဒေါ်စုလိုလူမျိုးက နိုင်ငံခြားတပ်ဝင်လာပါလို့ ပြောရအောင် တကယ်ပြည်သူတွေ ကိုသတ်လာရင် သူ့ အဖေလိုအကူအညီတောင်းရင် တောင်းနိုင်တာပါဘဲ။ ဖက်ဆစ်တပ်ကိုတောင် ဗိုလ်ချုပ်က ခေါ်ရဲသေးတာ၊ ကျွန်တော်တို့ က ဘာလို့ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးလေးစားတဲ့ အနောက်နိုင်ငံက တပ် တွေကို မခေါ်ရဲ ရမှာလဲ?
ခင်ဗျားက မူဆင်ဘာသာဝင်ဖြစ်နေသလားမသိဘူး ဘာဖြစ်လို့ လဲဆိုတော့ မူဆလင် အစွန်းရောက်စိတ်ရှိတဲ့ လူတွေဟာ အနောက်နိုင်ငံက တပ်တွေဝင်လာမှာ သိပ်မုန်းတယ် လိုလားဘူး၊ ပြည်သူတွေသေသေ၊ အနောက် ဒီမိုကရေစီ စံနစ်ထက် သူတို့ ရဲ့ ဘာသာ ကမ္ဘာလွှမ်းမိုးရေး၊ အခြားဘာသာတွေပျောက်ကွယ်ရေးကိုသာ စိတ်ဝင်စားကြလို့ ဖြစ်တယ်၊ ကျွန်တော်ဆိုလိုတာက အစွန်းရောက်တွေကိုပြောတာ၊ တော်ကြာလေသံကြား ဖမ်းတရားနာပြီး မူဆလင်အားလုံးနဲ့ ရန်တိုက်ပေးမှာစိုးလို့ ရှင်းပြတာပါ၊ ကျွန်တော့် အချစ်ဆုံးသူငယ်ချင်းက မူဆလင်ဘဲ ဒါပေမဲ့ အစွန်းမရောက်ဘူး၊ အခြားဘာသာကိုလေးစားတယ်၊ အဲဒီလိုလူတွေကို မဆိုလိုဘူး။
နောက်ဆုံးအနေနဲ့ က ခင်ဗျားအနေနဲ့ လူတွေသေကြေမှာစိုးလို့  ကျွန်တော်တို့  နိုင်ငံမှာ နိုင်ငံခြားတပ်တွေ ၀င်ရောက်လာတာကို လက်မခံနိုင်ဘူး၊ အဲဒါကို ကြိုက်ရင်လက်မှတ်ထိုး ကြပါလို့  Petition လုပ်ကြည့်ရင် ခင်ဗျား အမြင်ကို လူဘယ်လောက်လက်ခံသလဲဆိုတာသိလာမှာ
တကယ်လို့ နိုင်ငံခြားတပ်တွေဝင်ခဲ့ရင် အခုတပ်မတော်ထဲမှာရှိတဲ့ မျိုးချစ်တပ်မတော်သားတွေနဲ့  ပြည်သူ တွေဟာ အဲဒီတပ်တွေကို အီရတ်မှာရှီအာမူဆလင်တွေလို ကျေးဇူးမကန်းဘဲ ငါတို့ ဒုက္ခတွင်းက ကယ်တင်မဲ့ တပ်တွေလို့ လက်ကမ်းကြိုဆိုမှာ အမှန်ဘဲလို့ ယုံကြည်တယ်၊ ၀င်တာနဲ့  တပ်မတော်တွင်းမှာပြိုကွဲမှာဘဲ ပြည်တွင်း စစ်တောင်ကြာမယ် မထင်ဘူး၊ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်တယ် ဗုဒ္ဓဘာသာ ဘုန်းကြီးတွေဟာ နိုင်ငံရေးအမြင်ရှိတယ်၊ မူဆလင်တရားဟောဆရာတွေလို အာဏာမယူဘူး ယူပိုင်ခွင့်လဲမရှိဘူး အခု petition မှာ ဘုန်းကြီးဘယ်နှစ်ပါးလက်မှတ်ထိုး
လေးစားစွာဖြင့်
ထွန်းအောင်ကျော်
ဧပြီလ (၃) ရက် ၊ ၂၀၁၁ ခုနှစ်
No comments:
Post a Comment