Saturday, April 9, 2011

သရဲများနှင့်တခြားပုံပြင်တိုများ

ကြောက်တတ်ရင်တော့ မဖတ်ပါနဲ့ဗျာ။

ဟန်နီထွန်း နှင့် ဘဲသရဲ

လွန်ခဲ့တဲ့ ၄နှစ်က ဟန်နီထွန်းက ဘဲတစ်ကောင်ကိုမွေးတယ်။ ဘဲက နောက်တစ်နှစ်မှာဆုံးရော။ နောက်တစ်ရက်တျတော့ ဘဲကသရဲဖြစ်သွားတယ်။ ဟန်နီထွန်းက အဲဒီ ဘဲလည်း တွေ့ကော ထွက်ပြေးသွားတယ်။ "သမီး။ ဘာဖြစ်တာလဲ"ဟန်နီထွန်းရဲ့ အဖေကမေးတယ်။ "သမီးကတော့ ဘဲသရဲ တွေ့တယ်။"ဟန်နီထွန်းပြောတယ်။ ဟန်နီထွန်းနဲ့ သူမရဲ့ အဖေကတော့ စိတ်တိုတိုနဲ့ ဘဲသရဲကို သတ်လိုက်တယ်။

ဘုရားတရားသိတတ်ရင် အန္တရာယ်မဖြစ်ပါဘူး

သရဲဆိုတာ တကယ်မရှိပါဘူး။ Camera (သို့မဟုတ်) Video နဲ့ချိန်ရင်တွေ့တယ်လို့ပြောနေတာပဲ။ အဆင့်မနိမ့်တဲ့လူ၊ ဘုရားသိတဲ့လူဆိုရင်ဘာမှမဖြစ်ဘူး။

ဆရာမကြီးတစ်ယောက် ဂျပန်ကိုသွားပြီး သရဲကိုတွေ့ခဲ့သူ

"၀ူး။"သရဲခြောက်သံ။ ဆရာမကြီးက သရဲမကြောက်တော့ ဂျပန်နိုင်ငံ (မြို့မသိပါ) သွားပါတယ်။ သူမကတော့ Camera သယ်လာတော့ လုံခြုံတာပေါ့။ ဆရာမကြီးက သရဲကိုနှုတ်မှ ဘုရားစာရွတ်လိုက်ပါတယ်။ ဒါကြောင့် လုံလုံခြုံခြုံပြန်လာခဲ့ပါတယ်။

သာမန်ခွေးမဟုတ်ပါ

ကိုဟိန်းက အမြဲတမ်း အမဲလိုက်ရင် ပထမပဲ။ တစ်နေ့ကျတော့ သူ့အဖေက ရေအိမ်သာသွားချင်တော့ သွားတယ်။ "ကယ်ပါဦး။"ဆိုတဲ့ အသံကို ကိုဟိန်းကြားတယ်။ ကိုဟိန်းက ကိုဇော်ကိုခေါ်ပြီး ပြောတယ်။"သရဲရှာခဲ့"ကိုဟိန်းပြောတယ်။ ကိုဟိန်းက သူ့အဖေဆီချက်ချင်းသွားတယ်။ သူ့အဖေ ချက်ချင်းကယ်ခဲ့လို့။ အကြောင်းရင်းလည်း မေးလိုက်တော့... "အဖေကတော့ ရေအိမ်သွားရင် တံခါးကို lock ချတယ်လေ။ lock ချပြီးတော့ ထူးထူးဆန်းဆန်းပဲ lock ပြန်ဖွင့်သွားတယ်။ အဖေကြည့်တော့ ဘာမှမတွေ့ဘူး။ ၁မိနစ်အတွင်းမှာ ခွေးအမြီးကြီးကိုတွေ့တယ်။ အဖေကတော့ သွားရိုက်မယ်လို့ကြိုးစားတာ။ ခွေးကသာမန်မဟုတ်ဘူး။ ခွေးက သာမန်ခွေးထက်ကြီးတယ်၊ မျက်စိက သာမန်ခွေးမျက်စိမဟုတ်ဘူး။"သူ့အဖေရှင်းပြတယ်။"သားတာဝန်ထား"ကိုဟိန်း နဲ့ ကိုဇော်ကပြောတယ်။ နောက်တစ်ည ကျတော့..."အင်း။ ခွေးသရဲမလာတော့ဘူးထင်တယ်။"ကိုဇော်ပြောတယ်။ "စောင့်နေ။"သူ့အဖေပြောတယ်။ ၅မိနစ်အတွင်းမှာခွေးသရဲက အမြီးထောင်ထောင်နဲ့ပြလိုက်သေးတယ်။ သူ့အဖေက အနောက်လှည့်သွားတယ်။ သားနှစ်ယောက်က လေးခွနဲ့ ပစ်တယ်။ ခွေးသရဲက ပြေးပြေးရင်းရေအိမ်ထဲရောက်တယ်။ ပြီးတော့ ပြန်ထွက်လာတယ်။ နောက်ဆုံးတစ်ချက်ကို ကိုဟိန်းပစ်တယ်။ "အူး။ အီး"ခွေးအော်ပြီး အလိုလိုပျောက်သွားပါတယ်။ "သားတို့ကတော့ ဒီခွေးသရဲကိုအောင်မြင်စွာအနိုင်ယူခဲ့ပါတယ်။"ကိုဟိန်းရဲ့ အဖေက ပြောတယ်။

အိပ်မက်သရဲ

ကျွှန်တော်က ပထမက အိပ်ရေးပျက်တယ်။ ညသန်းခေါင်မှ အိပ်ပျော်တယ်။ ကျွှန်တော်က အမှတ်မထင်ပဲ အိပ်မက်တစ်ခုက ၀င်လာပါတယ်။"အူး။ ၀ူး"ဆိုတဲ့ အသံကိုကြားတယ်။ ကျွှန်တော်က သရဲမည်းကြီးကိုတွေ့တယ်။ "ဘာလဲ။ ဘာလဲ။" သရဲမည်းကြီးအော်တယ်။ "ကယ်ပါဦး။" ကျွှန်တော် ပြောတယ်။ "မင်းအခု လူ့လောကမှာမဟုတ်ဘူး။"သရဲမည်းကြီးပြောတယ်။ ကောင်းကင်က မည်းလာတယ်။"လူ့ဘ၀ထဲပြန်ပို့ပေးပါ။"ကျွှန်တော်ပြောတယ်။ လူ့ဘ၀ထဲမရောက်ဘဲ မိုးကြိုးအပစ်ခံရတယ်။ ကျွှန်တော်လန့်ပြီးနိုးတယ်။ ဒါက တကယ့်ဖြစ်ရပ်မဟုတ်လို့ကံကောင်းတာပါ။

Gtalk သရဲများ
ကိုထိုင်ပြီး သရဲကို မယုံကြည်တဲ့လူတွေ... လင်းလင်း ကိုယ်တိုင်ခံရတဲ့ Gtalk သရဲပါ။ Gtalk ထိုင်ပြီး မယုံတော့ဆိုးတာပေါ့။ လင်းလင်းကတော့ Gtalk သရဲကိုညသန်းခေါင်မှာတွေ့တယ်လေ။ သူကညသန်းခေါင်းမှ Gtalk ဖွင့်တယ်။ တစ်နေ့ ကျတော့ Gtalk ကို virus တွေဝင်.. password တွေပျောက်.... username တွေပျက်...အကုန်ပျက်တော့ သရဲခြောက်တယ်ထင်ပြီး Gtalk မသုံးတော့ပါ။ အခုလင်းလင်းက အယုံကြီးတယ်။



No comments:

Post a Comment