Saturday, April 30, 2011

"ဆင်းရဲမွဲတေမှု ပြဿနာကို အသိဥာဏ်ဖြင့် ရင်ဆိုင်ကျော်လွှားခြင်း"

နိဒါန်း
ဤဆောင်းပါးကို ရေးသားရန် အကြောင်းဖန်လာသည်ကတော့ ၂ဝ၁၁ တွင် ဂျာနယ်တို့၏ အဆို အရ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ရောဘတ် ဇိုးလစ်စ်က ထောက်ပြလာပါသည်။ ထောက်ပြသည်ကတော့ ၂ဝ၁ဝ အောက်တိုဘာလမှ ၂ဝ၁၁ ဇန်နဝါ ရီလအတွင်း ကမ္ဘာပေါ်၌ အခြေခံ စားကုန်တန်ဖိုးသည် ၁၅ ရာခိုင်နှုန်း တက်လာသည်ဟု ဆိုပါ၏။ ထို့ ကြောင့် မိမိတို့ ဝင်ငွေ၏ ထက်ဝက် လောက်ကို အစားအသောက်အ တွက် သုံးနေရသူတွေအဖို့ အခက် အခဲများ ရင်ဆိုင်ရပြီး မလောက်မင ဖြစ်ကာ ဆင်းရဲမွဲတေဖို့ ဖြစ်လာပါ ၏။ ထိုသို့ ဆင်းရဲမွဲတေလာမည့် လူဦးရေကိန်းဂဏန်းအရေအတွက်မှာ ၄၄ သန်းခန့်ရှိသည်ဟုဆိုပါသည်။

 
ဆင်းရဲမွဲတေတယ်ဆိုတာဘာလဲ
လူပြိန်းစကားနှင့်ဆိုလျှင် တော့ ဆင်းရဲခြင်းဆိုတာ ဥစ္စာဓနရှားပါးခြင်း၊ မချမ်းသာခြင်းဟု ယေဘုယျ ပြောနိုင်သော်လည်း ပညာရှင်တို့၏ အဆိုအရမူကား ကမ္ဘာပေါ် တွင် လူဦးရေ သန်း ၆ဝဝဝ ရှိရာဝယ် လူဦးရေ သန်း တစ်ထောင်မှာ တစ်နေ့လျှင် ဝင်ငွေအမေရိကန် တစ်ဒေါ်လာအောက်၌ ပင်ပန်းကြီးစွာ ရှင်သန်နေထိုင်နေရသည် ဟု ဆိုပါသောကြောင့် တစ်နေ့ဝင်ငွေ တစ်ဒေါ်လာအောက် သို့မဟုတ် တစ်လဝင်ငွေ ဒေါ်လာ ၃ဝ နှင့် လျော့နည်းဝင်ပါက ဆင်းရဲမွဲတေမှုဟု ဆိုနိုင်ပါ၏။ လူဦးရေ ၅ ယောက်ရှိသော အိမ်ထောင်စုတွင် တစ်နေ့ ၅ ဒေါ်လာ သို့မ ဟုတ် ၄င်းထက် လျော့နည်း၍ ဝင်ပါက ဆင်းရဲမွဲတေ၍ ပင်ပန်းစွာရုန်း ကန်ရမည်ဟု ဆိုနိုင်ပါသည်။

မိသားစုတစ်ခု ဆင်းရဲမွဲတေခြင်း ဖြစ်သောအခါဝယ်အထိခိုက်ဆုံး ခံစားရသူတွေဟာ ဘယ်သူတွေ ဖြစ်မလဲ
ဆင်းရဲမွဲတေသည့်အခါအထိ ခိုက်ဆုံးဖြစ်ကြမည့်သူများမှာကား ကလေးသူငယ်များအထူးသဖြင့် လသားအရွယ်ကလေးများ၊ သုံးနှစ်အောက် ကလေးငယ်များ၊ ငါးနှစ် အောက်ကလေးငယ်များဖြစ်ကြပါ သည်။ ဥပမာပြရပါသော် ပန်း ဥယျာဉ်ကြီးတစ်ခုတွင် သစ်ပင်ကြီးများနှင့် ပျိုးပင်ငယ်လေးများရှိသည် ဆိုပါစို့။ ၄င်းဥယျာဉ်တွင် နွေရာသီ၌ ဥယျာဉ်မှူးက ၁၅ ရက်လောက် ရေမလောင်းဘဲ နေလိုက်ပါက သစ်ပင်ကြီးတွေက ညှိုးကုန်မှာဖြစ်ပြီး နည်းနည်းထိခိုက်မည်။ ပျိုးပင်ငယ်လေးတွေက တော့ အနိစ္စရောက် ကုန်မှာဖြစ်ပါသည်။ ထို့ကြောင့် ဆင်းရဲသား အိမ်ထောင်စုသည် အာဟာရချို့တဲ့ပါကထိခိုက်မှုအရှိဆုံး သူတို့မှာကလေးသူငယ်များဖြစ်ကြပါ၏။

အထိအခိုက်ကို ခံနိုင်ရည်မရှိ သောအုပ်စုဆိုတာ ဘာလဲ
ထိခိုက်မှုကို ခံနိုင်ရည်မရှိတော့ သော အုပ်စုဆိုတာကတော့ ယခု တင်ပြခဲ့သော နေ့စဉ်ဝင်ငွေတစ်နေ့ လျှင် တစ်ဒေါ်လာအောက်ရကြသူ တို့ဖြစ်ပါ၏။ လူလတ်တန်းစားတို့ သည် ဝင်ငွေနည်းသွားပါက အဝတ် အစားလျှော့ဝယ်လို့ရ၏။ ဗျူတီပါ လာသွားသည့် ကြိမ်ရေကို လျှော့ လိုက်လို့ရပါသည်။ နှုတ်ခမ်းနီ၊ မိတ်ကပ်၊ ခေါင်းလိမ်းဆီဝယ်တာကို လျှော့လိုက်လို့ရပါ၏။ အင်တာနက် ဆိုင်သွားမည့်ကြိမ်ရေကို လျှော့ လိုက်လို့ရပါ၏။ သို့သော် ဆင်းရဲ မွဲတေသူတို့၌ အဝတ်အစားကလည်း လျှော့လို့မရလောက်အောင် ၂ စုံ၊ ၃ စုံလောက်သာရှိမည်။ မိမိတို့ ဝင်ငွေ၏ အများစုကိုအစားအသောက် ၌သာ သုံးနေရပါက ၄င်းတို့သည် ထပ်မံ၍ ဆင်းရဲမွဲတေမည် ဆိုပါက အစားအသောက်ကို လျှော့ရတော့မည်ဖြစ်ရာ အာဟာရချို့တဲ့မှုဟူသည် ဖြစ်ပေါ်လာပါတော့မည်။ ကလေးများ အာဟာရချို့တဲ့ပါက နစ်နာမှုပိုကြီးပါ၏။ ကလေးဘဝက အာဟာရချို့တဲ့မှုသည် ၄င်းကလေး လူလားမြောက်သော်ရရှိမည့်ကာယ စွမ်းရည်၊ ဥာဏစွမ်းရည်အပေါ်၌ သက်ရောက်မှုရှိပါမည်။ ထို့ကြောင့် နိုင်ငံ တစ်ခု၏ အနာဂတ်လူသားအ ရင်းအမြစ်ဖွံ့ဖြိုးမှု  Human Resource Development အပေါ်၌ ပါ သက်ရောက်မှုရှိပါမည်။

အာဟာရချို့တဲ့မှု၏ လက္ခဏာတစ်ခု သို့မဟုတ် ကလေးငယ် များ ခန္ဓာကိုယ်အလေးချိန် လျော့နည်းနေခြင်း
ဖွံ့ဖြိုးဆဲနိုင်ငံတို့တွင် ကလေးသူငယ်များသည် အာဟာရချို့တဲ့ သောရောဂါကိုခံစားရလေ့ရှိသည်မှာ  အဆန်းတော့မဟုတ်ပါ။ ကျွန်တော် သည် ၂ဝဝ၂ ခုလောက်က အာဟာ ရဖြည့်တင်းရေး NGO တစ်ခု၏ အာဟာရဖြည့်တင်းရေး စီမံကိန်းတစ်ခုတွင် အမျိုးသားစီမံကိန်း ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူး၏။ မြန်မာနိုင်ငံ အလယ်ပိုင်းမြို့နယ် ၂ ခုတွင် ၅ နှစ်အောက်ကလေးများ ၏ အာဟာရပြည့်ဝမှု အခြေအနေကို သုတေသနစစ်တမ်း Survey  ကောက်ယူခဲ့ဖူး၏။ Survey  Design
ကို ရေးဆွဲခဲ့ပါသည်။ ထိုအခါ ကလေးအချို့သည် အသက်အရွယ် အရ ၄င်းတို့ရှိသင့်ရှိထိုက်သော ကိုယ်အလေးချိန်ထက် လျော့နည်းနေသည်ကို တွေ့ရပါသည်။ အရပ် စကားနှင့်ဆိုရလျှင် ကလေးအချို့ (အားလုံးကို မဆိုလို)သည် လိုတာထက်ပို၍ ပိန်ကြသည်။

သုတေသန စစ်တမ်းဒီဇိုင်းကိုရေး ဆွဲခဲ့စဉ်က ကျွန်တော်၏ အမှား များနှင့် အားနည်းချက်များ
ကျွန်တော်သည် မူလက ဆရာဝန်တစ်ယောက်သာ ဖြစ်ခဲ့၍ ကျန်းမာရေးအမြင်သာရှိခဲ့၏။ ထို့ ကြောင့်    Survey  Design ရေးဆွဲ ရာတွင် ကျန်းမာရေးရှုထောင့်က သာ ကြည့်၍ ရေးဆွဲခဲ့မိ၍ ၄င်းစစ်တမ်းကို ပြုလုပ်ပြီးသောအခါ ရရှိသော သတင်းအချို့မှာ ကလေးသူ ငယ်အချို့ ကိုယ်အလေးချိန် လျော့ နည်းကြောင်း၊ မိဘတို့၏ ကျန်းမာရေး ဗဟုသုတအားနည်းချက်များ၊ ဥပမာ ကလေးကို အသားငါးကျွေးသော် သန်ကောင်ရောဂါထမည်ဟု တစ်လွဲယုံကြည်၍ ကလေးကို အသားငါးမကျွေး ခြင်းစသော စရိုက်များကို သိခဲ့ရပါ၏။
သို့သော်Questionnaries  Development ခေါ် စစ်တမ်းမေးခွန်းများ တည်ဆောက်ရာတွင် ကျေးလက်ဒေသလူဦးရေ၏ ရာခိုင်နှုန်းဘယ်လောက်သည် တစ်နေ့ ဝင်ငွေတစ်ဒေါ်လာအောက်ထက် နည်းသောငွေဖြင့် ရပ်တည်နေရ ကြောင်းကို သိအောင်လုပ်ရန် ပျက်ကွက်ခဲ့၏။ နောင်အခါမှသာ ဂျာနယ်တို့တွင် စီးပွားရေး ဆောင်းပါးများ ဖတ်ရင်းနှင့် စီးပွားရေးအမြင်လေး ရလာတော့ ကိုယ့်လိုအပ်ချက်ကိုယ် သိလာရပါသည်။ ထို့ပြင် ဒေသခံ လူထု၏ Financial  Management Quality  ခေါ် ငွေရေးကြေး ရေး စီမံခန့်ခွဲမှု အရည်အသွေးကို ဆန်းစစ်ရန် ပျက်ကွက်ခဲ့၏။

ဥပမာ တစ်နေ့ဝင်ငွေ ကျပ် ၁၅ဝဝ လောက်ရပါက ချဲထိုးတာက ဘယ်လောက်ဖိုး၊ နှစ်လုံးထီထိုးတာက ဘယ်လောက်၊ ကွမ်းစားတာက ဘယ်လောက်၊ ဆေးလိပ် သောက်တာ ဘယ်လောက်၊ အိမ်ထောင်ဦးစီး အရက်သောက်တာ ဘယ်လောက်စသည်ဖြင့် ငွေကြေးသုံးစွဲမှု သဏ္ဌာန်ကို စစ်တမ်းကောက်ရန်၊ ဒီဇိုင်းဆွဲရန် ပျက်ကွက် ခဲ့၏။ စစ်တမ်းခေါ် ဗွေဆော်ဦးအဆင့်မှာ အားနည်း၍ Activity ခေါ် လုပ်ငန်းစဉ်များ၌လည်း အားနည်းသွားပါ သည်။ ထိုစဉ် ကျွန်တော်သည် Project Design ကို ရေးဆွဲခဲ့ရာ စစ်တမ်း (Survey) ကိုကြည့်ပြီး ရေးဆွဲတာဖြစ်ပါသောကြောင့် Project  Action Plan ခေါ် လုပ်ငန်းစဉ်၌ အာဟာရကျွေးမွေးရေးလုပ်ငန်းများ၊ ကျန်းမာရေးပညာပေး သင်တန်းများ၊ Health  Education Trainings များသာ ပါဝင်ခဲ့ပါ၏။ တကယ်ဆိုရင် ချဲမထိုးသင့်ကြောင်း၊ ဆေးလိပ်ဖိုး ကုန်မည့်အစား မိမိသားသမီးကို အာဟာရဝယ်ကျွေးလျှင် ဘယ် လောက်အကျိုးရှိမည်။ အရက်ဖိုး၊ ကွမ်းဖိုးစသည်ဖြင့် လေလွင့်သော ငွေရယ်လို့မရှိစေရန်  Finance  Management ဆိုတာကဘယ်လို။  Family  Level Budget  Allocation မိသားစုအဆင့်၌ ဘတ်ဂျက်ခွဲတမ်း ချထားရေးစတာတွေကို အလုပ်ရုံဆွေးနွေးပွဲ   Workshop လုပ် ရန်ပျက်ကွက်ခဲ့ပါသည်။

ဆင်းရဲသားချင်းအတူတူ အာ ဟာရမချို့တဲ့သောအိမ်ထောင်စု များဆိုတာဘာလဲ
ဥပမာအားဖြင့် ရွာတစ်ရွာတွင် လယ်မရှိ၊ ယာမရှိ သူရင်းငှားလုပ်ရသော ဆင်းရဲသား အိမ်ခြေ ၅ဝ လောက်ရှိသည်ဆိုပါစို့။ ထိုအခါ ၄င်းတို့အနက် အိမ်ခြေ ၄၈ အိမ် လောက်က ၅ နှစ်အောက် ကလေးတွေ ရှိသင့် ရှိထိုက်သော ခန္ဓာကိုယ်အလေးချိန်ထက် လျော့နည်းနေသည် ဆိုပါစို့။ သို့သော် ထူးဆန်းသည် ကတော့ အိမ်ခြေ ၅ ခုလောက်က သူရင်းငှားတို့၏ ကလေးငယ်တွေ ကတော့ ဝဝဖြိုးဖြိုးလေးတွေ ဖြစ်နေကြပါသည်။ ထိုကဲ့သို့သော အိမ် ထောင်စုမှာ ဥပမာအားဖြင့် ငါးရာခိုင်နှုန်း၊ ဆယ် ရာခိုင်နှုန်းစသဖြင့် ရှိနိုင်ပါ၏။ ထိုကဲ့သို့ အိမ်ထောင်စုများကို ရှာတတ်ဖွေတတ်အောင် နိုင်ငံခြားသားအကြံပေးအရာရှိများ၊  International Consultants
များက နည်းလမ်းပြပေး၍ ကျေးဇူးတင်စရာ ဖြစ်ခဲ့ဖူး၏။ ထိုကဲ့သို့သော အိမ် ထောင်စုများကို အကောင်းဘက်သို့ ယိမ်းသောအုပ်စု Positive  Deviance
အုပ်စု (PD) ဟု ခေါ်ပါ၏။

၎င်း Positive  Deviance အုပ်စုများကိုလေ့လာခြင်း(သို့မဟုတ်) Positive  Deviance  Inquiry (PDI)
၎င်းအိမ်ထောင်စုများကို လေ့ လာခြင်း PDIလုပ်ပါက ၄င်းတို့သည် နည်းနည်းနှင့် ကျဲကျဲဝိုင်းတတ်သည်ဟု ဆိုနိုင်ပါ၏။ ဥပမာ ထမင်းရည်ဆိုရင် သွန်မပစ်တော့ဘဲ ဆား ခပ်၍ ဟင်းချိုအဖြစ်လုပ်လိုက်တော့ ၏။ အမဲသားတစ်ဆယ်သားသည် ပင်လယ်ငါးသုံးဆယ်သားနှင့် တန်ဖိုးချင်းတူပါက အမဲသားမဝယ်ဘဲ ပင်လယ်ငါးခုတ် သားဝယ်ပြီး ဝဝလင် လင်စားကြ၏။ မုန်ညင်းတစ်စီးနှင့် ကန်စွန်းရွက်တစ်စီးသည် အာဟာရတန်ဖိုးချင်း တူမည်ဆိုပါက ဈေးသက်သာသော ကန်စွန်းရွက်သာ ဝယ် စား၏။ သူတို့၏ လုပ်ပုံမှာ ဈေး သက်သာပြီး အရည်အသွေးမနိမ့် သော အစားအစာများကို စားနိုင် ၏။ ထိုသို့စားနိုင်ရန် ကျန်းမာရေး မှူး၊ သားဖွားဆရာမတို့၏ အကြံ ဥာဏ်ကို ယူသည်။ ထိုအခါ ဆင်း ရဲခြင်း (ဝင်ငွေနည်းခြင်း)သည် သူ တို့ကို မထိခိုက်ပါ။ ဏီ အုပ်စုမှ အိမ်ထောင်ဦးစီးတို့သည် လက်ဖက်ရည် တစ်ခွက်ကို ကျပ် ၃ဝဝ ပေးပြီး လက်ဖက်ရည်ဆိုင် ထိုင်လေ့မရှိ။ မိမိအိမ်မှာပဲ ထန်းလျက် ၄ ခဲ လောက်နဲ့ ရေနွေးကြမ်းတစ်အိုးနှင့် မြည်းလိုက်ကြသည်ဟု ဆိုပါ၏။

ငွေရေးကြေးရေးစီမံခန့်ခွဲမှု အတတ်ပညာ ရှိသင့်သောလူလတ် တန်းစားဆိုသည်မှာ
လူလတ်တန်းစားဆိုတာကလည်း ခွဲခြမ်းစိတ်ဖြာလိုက်လျှင် အမျိုးအစားများစွာရှိပါ၏။ စကားတစ်ခွန်း ပြောရုံဖြင့်ငွေသိန်း၇ဝဝလောက် ရကြသူများရှိပါသည်။ ဥပမာ သိန်းသောင်းဂဏန်းများအရောင်းအဝယ် စပ်ပေးသော ပွဲစားများဖြစ်၏။ တစ်ဖန် ဆောင်းပါးတစ်ပုဒ်ရေးပါမှ ငွေခုနစ်ထောင်ကျပ်လောက်ရသော လူလတ်တန်းစား မျိုးလည်းရှိပါ၏။ ထို့ကြောင့်အချို့လူလတ်တန်းစား များသည် ငွေရေးကြေးရေးစီမံခန့်ခွဲ တတ်မှဖြစ်မည်။
ကျွန်တော်သည် တစ်နေ့သ၌ နံနက်စာကို လက်ဖက်ရည်ဆိုင် တစ်ခု၌ စားစဉ် ကျွန်တော်စားနေကျ နန်းကြီးသုတ်တစ်ပွဲသည် ကျပ် ၇ဝဝ မှ ကျပ် ၉ဝဝ သို့ ဈေးတက် သွားပါ၏။ နောက်တစ်နေ့ကျတော့  မိမိအိမ်မှာပဲ နန်းကြီးသုတ်လုပ်ခိုင်း ရာငွေ ၉ဝဝလောက်ကုန်လျှင် သုံး ပွဲစာလောက်ရပါသည်။ လက်ဖက် ရည်တစ်ခွက် ကျပ် ၃ဝဝ ပေးမည့်အစား မိမိအိမ်၌ ကော်ဖီမစ်ဖျော် သောက်ရာ ကျပ် ၃ဝဝ ကုန်လျှင် သုံးခွက်ရပါတော့သည်။

ချွေတာရမယ်ဆိုတဲ့အသိက ဘယ်သူပေးတာလဲ
တစ်ခါတုန်းက ဖြစ်ပါသည်။ ကျွန်တော်သည် ကျေးရွာတစ်ခု၌ နေထိုင်ပြီး ကိုယ်ပိုင်ဆေးခန်း ဖွင့်နေပါ၏။ တစ်နေ့တော့ ဆေးခန်း၌ ယင်လုံအိမ်သာတစ်ခု ဆောက်ရာ အိမ်သာကျင်းတူးရန် အလုပ်သမား ရှာရ၏။ ထိုစဉ် အသက် ၁၅ နှစ် ခန့်ရှိသော ရွာသားတစ်ယောက် ရောက်လာပြီး ဒီလိုပြော၏။
”ဦးဦး ဆရာဝန်ကြီး၊ကျွန်တော် အိမ်သာကျင်းတူးပါရစေ”
”မင်းအသက်ဘယ်လောက် လဲ”
”၁၅ နှစ်ပါ ဆရာဝန်ကြီး”
”မင်းကို အိမ်သာကျင်းတူးခိုင်းရင် ကလေးအလုပ်သမားကို ခိုင်းသလိုဖြစ်နေမှာပေါ့”
”ကလေးပေမယ့် အလုပ်လုပ်ရတော့မှာပါ ဆရာဝန်ကြီး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ သူဌေးသားမဟုတ်လို့ပါ။ဆင်းရဲသား ဖြစ်နေလို့ပါ”
”ဟိုက်”
သူ၏ ဒဿနကို အံ့သြသွားသောကျွန်တော်၏ အာမေဋိတ်သံ ဖြစ်၏။ သို့နှင့် ကျွန်တော်က သူ့ ကို လေးစားသွားပြီး အိမ်သာကျင်း တူးရန် အလုပ်ပေးလိုက်၏။ ကလေး ဖြစ်၍ မတော်တဆမဖြစ်ရန် သူအိမ်သာကျင်းတူးသော ဘေးမှာ နံနက်ခင်းတစ်ခုလုံး ထိုင်စောင့်ခဲ့ရ၏။ အမှန်မှာ လူကြီးကိုခိုင်းလျှင် အိမ်သာကျင်းတစ်ခုသည် ၁ဝ ပေ လောက် နက်ရမှာဖြစ်သော်လည်း သူ့ကို ခါးလယ်လောက်ပဲ တူးခိုင်းပြီး လူကြီး အလုပ်သမားကို ပေးသော ပမာဏအတိုင်းပေးခဲ့ရ၏။ သူက မယူ။ အိမ်သာကျင်းကို နက်နက်တူးခွင့်မရ၍ ပိုက်ဆံလျှော့ပေးပါပြောသော်လည်း သူ့ကို ဂုဏ်ပြုသည့်အနေနှင့် လူကြီးကို ပေးသည့်နှုန်းဖြင့်ပေးခဲ့ရပါ၏။ သူ့ ဒဿနကို အတုယူ၍ ကျွန် တော်က ချွေတာ၏။ အချို့က ဘာ ကြောင့် ချွေတာရတာလဲမေးတော့ ကျွန်တော်က ဖြေတာကတော့ ကျွန်တော်က ဆရာဝန် (MBBS) ဖြစ်သော်လည်းMBBS (UK) (G20) မဟုတ်။MBBS (Myanmar) (ဖွံ့ဖြိုးဆဲနိုင်ငံ) ဖြစ်ပါ ၏။UK က ဆရာဝန်တစ်ယောက် အမေရိကန်ကို ကမ္ဘာလှည့်အဖြစ်သွားပြီး ပင်လယ်ကမ်းမှာ အပန်း ဖြေတာမျိုးလုပ်၍ မရပါ။ ကျွန်တော် က အင်းလျားကန်စောင်းကိုသွား၍ အပန်းဖြေပါသည်။ အဲဒါက မိမိဘဝ ကို မိမိနားလည်ခြင်းဆိုတဲ့ ဒဿန ဖြစ်ပါသည်။ ဒီတော့ ဒဿနက ဒီ လိုပါ။ ‘ဆင်းရဲသားဆိုတာ ဘဝကို နားလည်ရမယ်’ ဟု ဆိုချင်ပါ၏။ ထို့ကြောင့် ဆင်းရဲမွဲတေမှုပြဿနာ၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းပြဿနာကို အသိဥာဏ် ဖြင့် ရင်ဆိုင်နိုင်ပါ၏။ ကျွန်တော် မူလတန်းတုန်းက လက် ဖက်ရည်တစ်ခွက် ၂၅ ပြားဖြစ်ပြီး ယခုတော့ ကျပ် ၃ဝဝ ဖြစ်၍ ကုန်ဈေးနှုန်း အတက်ကြမ်းပုံကို ဆူနာမီလှိုင်း လုံးကြီးတွေနှင့် ကျွန်တော် နှိုင်း ယှဉ်လိုပါသည်။ သို့သော် ဆူနာမီလှိုင်းလုံးက ရှစ်ထပ်တိုက်တစ်ခုစာ လောက်မြင့်သည်ဆိုရာ သူ့ထက်မြင့်သော တောင်ကုန်းပေါ်မှာ ထိုင် နေသူကို မတိုက်ခိုက်နိုင်ပါ။ ဆူနာမီဆိုတဲ့ ကုန်ဈေးနှုန်းထက်မြင့်သော အရာကတော့ အသိဥာဏ်ဟူသော တောင်ကုန်းဖြစ်သည်ဟု ဆိုချင်ပါသည်။
အသိဥာဏ်ဟူသော တောင် ကုန်းပေါ်၌ ထိုင်နေသူသည် ဆူနာမီ ဟူသော ကုန်ဈေးနှုန်းကို ကြောက် စရာမလိုဟု ဆိုချင်ပါကြောင်း …

ဒေါက်တာထွန်းဝင်း

No comments:

Post a Comment