ဗြဟ္မစိုရ် ဆိုတာ ဗြဟ္မစရိယ ဆိုတဲ့ ပါဠကို ပါဠိသက် ဝေါဟာရအဖြစ်နဲ့ မြန်မာမှုပြုထားတာပါ။ မြင့်မြတ်သောအကျင့် လို့ အဓိပ္ပါယ်ရပါတယ်။ ဗြဟ္မစိုရ် လေးပါး မေတ္တာ – သူတစ်ပါးကောင်းကျိုးကို လိုလားသော သဘော၊ ကရုဏာ – သူတစ်ပါးဆိုးကျိုးကို ဖယ်ရှားပေးချင်...တဲ့ သဘော၊ မုဒိတာ – သူတစ်ပါးကောင်းစားနေတာကို ၀မ်းမြောက်တဲ့ သဘော၊ ဥပေက္ခာ – သူတစ်ပါးရဲ့ ကောင်းကျိုး ဆိုးကျိုးဟာ သူတစ်ပါးရဲ့ကောင်းကံ ဆိုးကံအပေါ်မှာပဲ မူတည်တယ်လို့ နှလုံးသွင်း ဆင်ခြင်တဲ့သဘော။ စိတ်နေစိတ်ထား မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တိုင်း အကျင့်တရားလေးပါးကို အစွမ်းရှိသမျှ လက်ကိုင်ထားကျင့်သုံးကြပါတယ်။
မေတ္တာဗြဟ္မစိုရ် ကျင့်သုံးတဲ့သူဟာ - ကိုယ်နဲ့လည်း သူတစ်ပါးကောင်းကျိုးကို ဆောင်ရွက်ပေး၊ နှုတ်နဲ့လည်း သူတစ်ပါးကောင်းကျိုးဖြစ်မယ့်စကား သူတစ်ပါး စိတ်ချမ်းသာမယ့်စကား ပြောဆိုပေး၊ စိတ်နဲ့လည်း သူတစ်ပါးကောင်းကျိုးရစေကြောင်း၊
မေတ္တာပဲ ပွားပွား၊ ကရုဏာပဲ ပွားပွား၊ မုဒိတာပဲ ပွားပွား၊ ဥပေက္ခာနဲ့ တွဲပွားမှ ပြည့်စုံနိုင်ပါတယ်။ ဥပေက္ခာမပါတဲ့ မေတ္တာ၊ ဥပေက္ခာမပါတဲ့ ကရုဏာ၊ ဥပေက္ခာမပါတဲ့ မုဒိတာဟာ စစ်မှန်ပြည့်ဝတဲ့ စိတ်အေးချမ်းမှုကို မပေးဘဲ လမ်းကြောင်းကွေ့ကောက် အစွန်းရောက်သွားတတ်ပါတယ်။ မေတ္တာထားရာ မေတ္တာပွားရာမှာ ဥပေက္ခာမပါရင် မေတ္တာဟာ ရာဂဘက် အစွန်းရောက်သွားတတ်ပါတယ်။ ကရုဏာထားရာ ကရုဏာပွားရာမှာ ဥပေက္ခာမပါရင် ကရုဏာ ဟာ ဒေါသဘက် အစွန်းရောက်သွားတတ်ပါတယ်။ မုဒိတာထားရာ မုဒိတာပွားရာမှာ ဥပေက္ခာမပါရင် မုဒိတာဟာ မာနဘက် အစွန်းရောက်သွားတတ်ပါတယ်။
အစွန်းရောက်သွားတဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာဟာ ကာယကံရှင်ကို ငြိမ်းအေးချမ်းမြေ့မှုတွေ မပေးဘဲ စိုးရိမ်ပူပန်မှု သောက၊ ၀မ်းနည်းပူဆွေး ငိုကြွေးမှု ပရိဒေ၀၊ ကိုယ်ဆင်းရဲမှု ဒုက္ခ၊ စိတ်ဆင်းရဲမှု ဒေါမနဿ၊ အပြင်းအထန်ပူပန်မှု ဥပါယာသတွေပဲ ပေးပါလိမ့်မယ်။ မေတ္တာနဲ့ ကိုယ်ကောင်းကျိုးရစေချင်တိုင်းလ
သူကံရှိမှ သူလွတ်တာ။ မုဒိတာနဲ့ ကိုယ်ချမ်းသာ မြဲစေချင်တိုင်းလည်း သူမြဲတာ မဟုတ်။ သူ့ကံရှိမှ သူမြဲတာလို့ သူနဲ့ကံတရား၊ ကံတရားနဲ့သူ အကြောင်းအကျိုးဆက်စပ်ပြီးလည်ပတ်
ကောင်းကံ ကြောင့် ကောင်းကျိုး စံစားရမယ်။ ဆိုးကံကြောင့် ဆိုးကျိုး ခံစားရမယ်။ ကံ သာ အမိ၊ ကံ သာ အဖ၊ ကံ သာ မိတ်ဆွေ၊ ကံ သာ ဆွေမျိုး လို့ ကံနဲ့ သတ္တ၀ါ၊ သတ္တ၀ါနဲ့ ကံ မကွဲမပြား တစ်သားတည်း ဖြစ်နေတာကို အမြဲမပြတ် သုံးသပ်ဆင်ခြင်နေတာဟာ ဗြဟ္မစိုရ်ဥပေက္ခာကို ပွားများနေတာပါပဲ။ ဗြဟ္မစိုရ်ဥပေက္ခာ ပွားများခြင်းကြောင့် အကုသိုလ်ကံတွေကို ရှောင်ကြဉ်ချင်တဲ့စိတ်၊ ကုသိုလ်ကံတွေကို ပြုလုပ်ချင်တဲ့ စိတ် ထက်သန်လာပါတယ်။ ထက်သန်လာတဲ့အတိုင်းလည်း ရှောင်ကြဉ်ဖြစ်၊ ပြုလုပ်ဖြစ်လို့ အကုသိုလ်ကံတွေနည်းပါးပြီး ကုသိုလ်ကံတွေ တိုးပွားလာပါတယ်။ ကိုယ်ခံစားခွင့်မရှိတဲ့ စည်းစိမ်ချမ်းသာတွေကို ခံစားချင်တဲ့စိတ်လည်း ဆိတ်သုဉ်းသွားပါတယ်။ ကိုယ်မရနိုင်တဲ့ အခွင့်အရေးတွေကို မျှော်လင့်တောင့်တနေတာမျိုးလည်း
အညွန်း – အရှင်ဆန္ဒာဓိက ရေးသားတော်မူသော မြင့်မြတ်သောဥပေက္ခာ လက်ကမ်းစာအုပ်။
No comments:
Post a Comment