Saturday, March 19, 2011

လူအချင်းချင်းခွဲခြားဆက်ဆံပါ။ (အဆင့်အတန်းခွဲပါ)

                  ဟုတ်ပါတယ်။ လူအချင်းချင်းခွဲခြားဆက်ဆံပါ။ တနည်းအားဖြင့်အဆင့်အတန်းခွဲပါ။ အံ့သြ
မသွားပါနဲ့။လောကမှာလူအများထင်မြင်ကြတာက လူအချင်းချင်းခွဲခြားဆက်ဆံတာ အဆင့်အတန်းခွဲတာ
မကောင်းဘူးလို့ပေါ့လေ။ ဒါပေမယ့် အဆင့်အတန်းခွဲတာကောင်းပါတယ်။ ဒီလိုမကောင်းဘူးလို့မြင်ကြတဲ့
သူတွေက “အဆင့်အတန်း” ဆိုတဲ့စကားရပ်ကို အဓိပ္ပါယ် မဖွင့်တတ်တာ၊ ”အဆင့်အတန်း” ကို ဘာနဲ့တိုင်း
တာရမယ် သတ်မှတ်ရမယ်ဆိုတာကိုမသိကြတာတွေကြောင့် အခုလိုရေလိုက်လွဲနေကြတာပါ။

                  ဟုတ်ပြီ မောင်သက်အိုး။ အဆင့်အတန်းးခွဲပါလို့မင်းကပြောတော့ ”အဆင့်အတန်း“ ဆိုတဲ့  
စကားရပ်ကို မင်းဘာတွေနဲ့တိုင်းတာသတ်မှတ်လဲ? အဲဒီလိုမေးလာရင်တော့ ဒီလိုဗျ။ လူတစ်ယောက်ရဲ့
ဆင့်အတန်းဆိုတာ သူ့ရဲ့နှုတ်ထွက်စကား အပြောအဆို ၊သူ့ရဲ့ အမူအရာ၊ အကျင့်စရိုက်နဲ့စိတ်ထားအ
ပေါ်မှာ မူတည်ပါတယ်။ကျွန်တော်ကတော့အဲဒီလိုပဲသတ်မှတ်ပါတယ်။ တချို့ကျတော့ အဆင့်အတန်းကို
ငွေကြေးဓနတွေ ပညာအရည်အချင်းတွေ နဲ့သတ်မှတ်ကြတယ်။ ဒီလိုဆိုရင်တော့ လွဲပြီပေါ့ဗျာ။
                   ဘယ်လိုလူမျိုးတွေကို အဆင့်အတန်းနိမ့်တယ် အဆင့်မရှိဘူးလို့သတ်မှတ်မလဲ။ ခင်ဗျား
တို့မြင်ဘူးတွေ့ဘူးကြုံဘူးကြမှာပါ။မနက်မိုးလင်းလာကတည်းက ညမိုးချုပ်တဲ့အထိ ထွက်လာတဲ့ စကား
တွေက ခါးအောက်ပိုင်းကမတက်တဲ့သူ၊ နောက် အနေအထိုင်မတတ်တဲ့သူ (လူအများရှေ့မှာဒူးပေါ်ပေါင်
ပေါ်ထိုင်တာတို့၊ အနေအထိုင်မယဉ်ကျေးတဲ့သူ) နောက်ပြီးအကျင်စရိုက်မကောင်းတဲ့သူ စိတ်ထားညံ့တဲ့
သူ ဒီလိုလူမျိုးတွေဟာ အဆင့်အတန်းနိမ့်ပါတယ်။ ပညာတွေဘယ်လောက်တတ်တတ်၊ဥစ္စာပစ္စည်းတွေ
ဘယ်လောက်ပဲရှိရှိ ဘယ်လောက်ပဲချမ်းသာချမ်းသာ အလကားလူ့ပေါက်ပန်းတွေပါပဲ။ ဒီလိုလူမျိုးတွေ
နဲ့မဆက်ဆံသင့်ပါဘူး၊ မလွှဲသာလို့ဆက်ဆံရရင်လည်းပြုပြင်ဖို့တိုက်တွန်းသင့်ပါတယ် ဘယ်လိုမှပြော
မရရင်တော့ အဆင့်အတန်းခွဲခြားပြီးသာဆက်ဆံလိုက်ပါတော့။
                    အဲဒီလိုမျိုး လူတစ်ယောက်ကို အဆင့်အတန်းနိမ့်တယ်လို့သတ်မှတ်လို့ ရတဲ့အချက်တွေ
ထဲမှာ အထင်ပေါ်ဆုံးကတော့ ပါစပ်ကြမ်းတာ( ဖရုသ၀ါစာပြောတာ) ပါ။ အခုခေတ်လူငယ်တွေ ပါးစပ်
တွေ အရမ်းကြမ်းနေတာကိုတွေ့ကြုံနေရပါတယ်..ဆဲလိုက်ဆိုလိုက်ကြတာများ စကားတစ်ခွန်းပြောဖို့
အရေးတောင်အဆဲကရှေ့ကခံပြီးမှပြောတယ်... ။ တချို့ကျတော့လဲဘန်းစကားတွေကြောင့်ပါ။ ဘန်း
စကားတွေက များသောအားဖြင့်အနုပညာရှင်တွေပြောလိုက်တဲ့စကားတွေက ပရိတ်သတ်တွေကြားထဲ
မှာ တာစားသွားတတ်ကပါတယ်။ “အမှန်လေးပါဘဲ“တို့လိုစကားတွေက မပြောသင့်တဲ့စကားထဲမှာပါပါ
တယ်။ အဲဒီထက်ဆိုးတာက လူကြီးကို ဘဲကြီးခေါ်တာမျိုးပေါ့။ ဟိုဂျာနယ်ထဲမှာတောင်တွေ့လိုက်သေး
တယ်။ တက္ကစီသမား အဖေအရွယ်ကြီးကို ကောင်လေးတစ်ယောက်က ကားခရှင်းဖို့ “ဘဲကြီးဘယ်
လောက်လဲ”လို့မေးတယ်တဲ့လေ။ ဒါဟာမြန်မာလူမျိုးတစ်ယောက်အနေနဲ့ မဖြစ်သင့်ဘူးလို့မြင်ပါတယ်။
ဒါပေမယ့်ဗျာ ခပ်ပေါ့ပေါ့ပဲပြောနေဆိုနေကြတာတော့ ၀မ်းနည်းစရာပါ။

                      တချို့ကျတော့ တလွဲဆံပင်ကောင်းနေကြတယ်ဗျ။ ဆဲတာနဲ့ပတ်သက်လို့လူတစ်
ယောက်ကိုသွားသတိရတယ်ဗျ။ HIV / AIDS ပညာပေးဆွေးနွေးတော့ ဒီရောဂါဟာ လိင်ဆက်ဆံ
တာကနေကူးတတ်တယ်ဆိုတာပြောတယ်လေ။ အမယ်သူကရှက်တယ်တဲ့ နားထောင်ရတာ။ အကြောင်း
မသိခင်ကတော့ တော်တော်အရှက်ကြီးတာပဲပေါ။ မကြာပါဘူးဗျာ စရိုက်တွေပေါ်ပါလေရောလား။ အဲဒီ
တစ်ယောက်ပါပဲ ဆဲလိုက်တာမှ မိုးမွှန်နေတာပဲ မောင်နဲ့နှမ သားနဲ့အမိ မကြားဝံ့မနာသာစကားတွေချည်း
ပဲ။စုံနေတာပဲဗျာ။ မအေနဲ့ကိုင်တုပ်တာတောင်ပါသေးတယ်။ အဲဒါနဲ့ကျွန်တော်လဲပြောလိုက်တယ်။ “သေ
သေချာချာစဉ်းစားကြည့် မင်းအခုဆဲနေတာက ပိုပြီးရှက်ဖို့ကောင်းတယ်“လေ ။ဘယ်နှယ့်ဗျာအိတ်ခ်ျအိုင်ဗွီ
ပညာပေးပြောရမှာကျတော့ရှက်တယ်တဲ့ သူဆဲနေတာတွေက သေသေချာချာအဓိပ္ပါ့ယ်ကိုဖွင့်ကြည့်ရင်
လူသားတစ်ယောက်အနေနဲ့ပါးစပ်ကဘယ်လိုမှမထွက်ဝံ့တဲ့စကားတွေပါ။ဆဲတယ်ဆိုတာ ဘာသာရေးအရ
ကြည့်မယ်ဆိုရင်လဲကောင်းကွက်တစ်ကွက်မှမရှိပါဘူး။ ဘုရားရှင်က လူသားတွေကို ဖရုသ၀ါစာ(ကြမ်းတမ်း
အကျိုးမရှိတဲ့စကား) တွေ မပြောဆိုကြဖို့တားမြစ်တော်မူခဲ့ါတယ်။ တကယ်တော့ ဆဲတာဟာလဲ မုသာဝါဒ
ကျူးလွန်တာပါပဲ။ဒါကြောင့် ပိုက်ဆံဘယ်လောက်ချမ်းသာချမ်းသာ၊ပညာဘယ်လောက်တတ်တတ် ဒီလိုလူ
မျိုးတွေဟာမပေါင်းသင်အပ်ပါဘူး မလွှဲသာလို့ကြုံတဲ့အခါ ပြုပြင်ဖို့တိုက်တွန်းပါ။ ဘယ်လိုမှပြောမရရင်တော့
အဆင့်အတန်းသာခွဲလိုက်ပါတော့ဗျာ။
                          နောက်တစ်ချက်ကတော့ အနေအထိုင်အမူရာ မတတ်တာ ညံ့တာပါ။ “အမိယုတ်တော့
နှုတ်ကြမ်း အဖယုတ်တော့ ကိုယ်ကြမ်း” တဲ့စကားပုံရှိပါတယ်။ ယဉ်ယဉ်ကျေးကျေးသိမ်သိမ်မွေ့မွေ့မရှိဘူး
ကြမ်းကြမ်းယမ်းယမ်းနေမယ်။ လူအများရှေ့မှာ ဒူးပေါ်ပေါင်ပေါ်ထိုင်တာ။ အပြောအဆို အနေအထိုင်
လမ်းလျှောက်တာ သွားတာ လာတာ တွေဟာလဲ အဆင့်အတန်းကိုသတ်မှတ်နေတာပါ။ လူတစ်ယောက်
ရဲ့အဆင့်အတန်းကိုနိမ့်တယ်လို့ပြောလို့ရတဲ့အချက်တွေထဲ အရေးကြီးဆုံးလို့ဆိုလို့ရတဲ့အချက်ကတော့
အကျင့်စရိုက်နဲ့စိတ်ထားပါပဲ။ သူများအသက်ကိုတတ်နိုင်သမျှမသတ်တဲ့သူ၊ သူများပစ္စည်းကိုမခိုးတဲ့သူ
သူများသားမယားယောက်ျား မပြစ်မှားတဲ့သူ၊ ဖရုသ၀ါစာမပြောတဲ့သူ ၊မူယစ်ဆေးဝါးမသုံးတဲ့သူ၊ စိတ်
ထားကောင်းတဲ့သူ ဒီလိုလူမျိုးတွေဟာ အဆင့်အတန်းမြင်တဲ့သူတွေဖြစ်ပါတယ်။ ဘယ်သူမှဒါကိုငြင်းမယ်
မထင်ပါဘူး။
                          နိုင်ထက်စီးနင်း ကြီးနိုင်ငယ်ညှင်းတဲ့နေရာမှာ တို့ဗမာတွေကထိပ်တန်းပါပဲ။ ဟို
တလောက ဆိုက်ကားသမားတစ်ယောက်ပေါ့။ အိုင်ကျူကလဲနိမ့်လို့ဆိုက်ကားသမားဖြစ်တာ။ ဒါတောင်
အကုသိုလ်ကများသေးတယ်။ အရက်ကြောင်ကြောင်ပြီး မထနိုင်လို့ လမ်းမပေါ်ထိုင်နေတဲ့ အရက်သမား
ကိုပါးသွားရိုက်တယ်လေ။ ဘာမှပြန်မလုပ်နိုင်တဲ့သူကိုဗျာ။ ဖိုက်တာသွားလုပ်သေးတယ်။ တကယ်အဆင့်
မရှိဘူး။ နောက်ပြီး သူခိုးတွေ တကယ်အဆင့်နိမ့်တဲ့အတန်းအစားထဲမှာပါတယ်ဗျ။ဘယ်သူမှ ငွေကြေး
စည်းစိမ်တွေကို အလကားရထားတာမဟုတ်ပါဘူး ။ ထိုက်တန်တဲ့ လုပ်အားတွေပေးဆပ်ပြီးမှရထားတာပါ
သူများပင်ပင်ပန်းပန်းရှာထားတဲ့ဟာကို ခိုးတာအရမ်းအပြစ်ကြီးသလို အဆင့်အတန်းလဲနိမ့်ပါတယ်။ ဒီလို
လူမျိုးတွေကိုလဲအဆင့်အတန်းခွဲခြားရပါမယ်။ နောက်တစ်မျိုးကတော့ ကျွန်တော်အမုန်းဆုံးပါပဲ ။ သူများ
မိန်းမ ကြာကူလီရိုက်တဲ့ယောက်ျားတွေ၊ သူများယောက်ျား ကြောင်တောင်နှိုက်တဲ့မိန်းမတွေ၊ အိမ်ထောင်
ရေးဖောက်ပြန်တဲ့ယောက်ျားတွေ၊ မိန်မတွေပါ။
                       မယားငယ်တွေ၊ လင်ငယ်တွေဆို ကျွန်တော်သိပ်မုန်းတာ။ သူများမိသားစုအသိုက်အမြုံ
ဖျက်စီးတတ်ကြလို့လေ။ ပြီးတော့အိမ်ထောင်ရေးဖောက်ပြန်တဲ့ယောက်ျားတွေ မိန်းမတွေရော။အရမ်းမုန်း
တယ်။ မချစ်ရင်အစကတည်းကမယူနဲ့ပေါ့ဗျာ။လူပျိုဘ၀ အပျိုဘ၀နဲ့ရှုပ်ချင်သလောက်ရှုပ်လို့ရတယ် ။ ကိုယ်
ကချစ်လို့ယူထားပြီးမှတော့တစ်သက်လုံးသစ္စာရှိရှိနဲ့သေတဲ့အထိပေါင်းရမှာပေါ့။ တချို့ကျတော့ သူများ
မိန်းမ မဟုတ်ရင် ကာမေသု မထိုက်ဘူးလို့ထင်ကြတယ် အဲဒါမှားတာပဲ။အုပ်ထိန်းမှုမကင်းတဲ့သူဆိုရင်
ထိုက်တာပဲလေ။ ဒါကိုသတိမပြုမိကြတော့ လက်မထပ်ခင် ရင်းနှီးမှုတွေက အဆုံးအစွန်ထိရောက်ကုန်ရော။
တကယ်ယူဖို့ဆုံးဖြတ်ထားသည့်တိုင်အောင် မလုပ်သင့်ပါဘူး။ မနက်ဖြန်ဘာဖြစ်မယ်ဆိုတာကို ဘယ်သူမှ
မပြောနိုင်လို့ပါ။ ဖွမပြောကောင်းပြောကောင်း အဲဒီလိုဖြစ်သွားတဲ့စုံတွဲဗျာ။ ကောင်လေးက အက်စီဒင့်နဲ့
ရှောသွားတယ်ဆိုပါစို့။ ဘယ်နှယ့်လုပ်မလဲ။ ကန်တော့ပါရဲ့။ ဗိုက်ကတဖြည်းဖြည်းပူလာမှာ။
                            နောက်ပြီး ကျွန်တော်တို့ မန္တလေးမှာအကျင့်တစ်ခုရှိတယ်ဗျ။ လပြည့်နေလို အခါ
ကြီးရက်ကြီးတွေဆို ဘီယာ/အရက် ဆိုင်တွေမှာ လူပိုစည်တယ်ခင်ဗျ။ ဘာအကျင့်လဲတော့မသိဘူး။ အခု
ဆိုရင်  ဘီယာ/အရက်ဆိုင်တွေရဲ့ အရေအတွက်ဟာ လဘက်ရည်ဆိုင်အရေအတွက်ကိုမီသလောက်ရှိ
နေပါပြီ။ အရက်ကိုသင့်တင့်ရုံဆေးဖြစ်ဝါးဖြစ် သောက်တာက ကျန်းမာရေးအတွက်ကောင်းပါတယ်။
မကောင်းတာက မိုးလင်းထဲက အရက်နဲ့မျက်နှာသစ်ပြီး တစ်နေကုန် မူးရူးသောင်းကျန်းနေတဲ့သူတွေ။
တချို့ဆို ငယ်ငယ်လေးတွေရှိသေးတာ ၁၄နှစ် ၁၅ နှစ်လောက်လေးတွေ မူးရူး ရန်ဖြစ်နေကြတာ။ ကိုယ့်
ဘ၀တိုးတက်ရာတိုးတက်ကြောင်းလုပ်ရမယ့်အချိန်မှာ အခုလိုဖြစ်နေကြတော့ ကိုယ့်အတွက်ရော၊ မိဘ
အတွက်အပြင် နိုင်ငံအတွက်ပါမကောင်းဘူးပေါ့ဗျာ။
                           ဒီအချက်တွေဟာ အဆင့်မရှိတဲ့သူတွေရဲ့ ကြင်အင်လက္ခဏာ တွေပါ။
အဓိက ကတော့ဆဲဆိုတာပါ။ဒီအချက်ကိုရှောင်ရင် အဆင့်အတန်းမြင်တဲ့သူဖြစ်ဖို့
တစ်ဝက်လောက်သေချာပါပြီ။ တချို့ကောင်မလေးတွေ ကြုံဖူးပါတယ်။ ရုပ်ကလေးတွေက
ဘုံကြိုးပြတ်တဲ့နတ်သမီးလေးတွေ ပါ။ ပါးစပ်ကထွက်တဲ့စကားတွေက ယုတ်ယုတ်ပတ်ပတ်။
အဆင်းလှဆန်း လူ့ပေါက်ပန်း ဆိုတာ ဒါမျိုးတွေကိုပြောတာဗျ။ ဒါကြောင့် ဒီလိုလူမျိုးတွေ
ဟာသနားဖို့ကောင်းသလို ရွံဖို့လဲကောင်းပါတယ်။ စာဖတ်သူဖြစ်တဲ့ ခင်ဗျားတို့အနေနဲ့
 (မောင်သက်အိုး ဆရာလုပ်တာမဟုတ်ပါဘူးနော်၊ ဆွေးနွေးတိုင် ပင်တာပါ)
ဒီလိုလူမျိုးတွေနဲ့တွေရင် ပြုပြင်ဖို့ ဖြောင်းဖြတိုက်တွန်းပါ။ ဘယ်လိုမှပြောမရရင်တော့
မပေါင်းသင်းပါနဲ့။ တကယ်လို့ မလွှဲသာလို့ပေါင်းသင်နေရရင်တောင် အဆင့်အတန်းခွဲခြားဆက်ဆံ
သင့်ပါတယ်။ ဒါကြောင့်မို့ ဒီဆောင်းပါးခေါင်းစီးကို အဆင့်အတန်းခွဲပါလို့ပေးထားတာပါ။
                   
                                                                                  မောင်သက်အိုး

No comments:

Post a Comment