by CratÓn Pávlovích Dostoyévskíí Héin on Tuesday, March 22, 2011 at 3:25pm
(ကျစ်ကျစ်ပါအောင်ရှုပ်ထွေးတဲ့ ကွန်ယက်လိုကြိုးဟာ “အချစ်”ဆိုတာကြီးပေါ့..)
“အချစ်”ကိုယ်၌က ဘယ်တုန်းကမှ ရိုးစင်းပြေပြစ်ခြင်းကိုမဆာခဲ့ဘူး
အချစ်ဦး.. နောက်ဆက်တွဲအချစ်.. အလယ်အချစ်..
မလယ့်တလယ်အချစ်.. နောက်ဆုံးအချစ်.. တည်မဆုံးနိုင်သောအချစ်..
အိုး.. ဖောသီလိုက်တာ နွေရာသီအတိုင်းပဲ..
မသိလိုက်ခြင်းဟာ “အချစ်”
သိနေခြင်းဟာ “အချစ်”
မသေဆုံးတော့တာ “အချစ်”
သေဆုံးတတ်တာလည်း “အချစ်”ပါပဲ
အဲ့ဒါကိုမှ သူတို့ခေါင်းဆက်ခါနေမယ်ဆိုရင် Archimedes' Principle နဲ့
ကျွန်တော်ပြန်ငြင်းဖြစ်လိမ့်မယ်ထင်တယ်
Relationship ဆိုတဲ့ ချည်ပြီးတုပ်ပြီးနှောင်တွယ်မှုက
သူ့ဟာသူနေတဲ့“အချစ်”ကို ဝင်ပူးစည်းရုံးပြီး devastatedလုပ်ပစ်ခဲ့သလို
devoted ဖြစ်အောင်လည်း တပြိုင်နက်ညှပ်ကွပ်ထားလိုက်တယ်
အဲ့ဒီနှစ်ခုကြားမှာ သူတို့ဗျာများတော့တာပဲ
“အချစ်”ကို လက်တစ်လုံးနှစ်လုံးခြားလောက် လှည့်ပတ်ကစားပြရင်း
“အချစ်”ကို ခိုက်ခိုက်တုန်အောင်ယစ်မူးသလိုလို
“အချစ်”ကိုပဲ အတည်အတံ့ရွံ့ထိတ်သလိုလိုနဲ့
“အချစ်”နဲ့ Relationshipကို အမျိုးမျိုး သူတို့ ပဉ္စလက်,ခတ်ပြလိုက်တယ်
အဲ့ဒီမှာပဲ ကွာရှင်းပြတ်စဲချုပ်ငြိမ်းပြီးဆုံးခြင်း..ဆိုတာနဲ့
ပြန်လည်ပေါင်းစည်းစုံဖက်လက်တွဲသွားကြလေသတည်း..ဆိုတာတွေက
အတုံးလိုက်အတစ်လိုက် ဟန်ရေးတပြပြဖြစ်လာတော့တာ..
(အချစ်ဟာ ရေမဟုတ်၊ မီးမဟုတ်၊ မဆတ်ဆော့သင့်တဲ့ အေးစက်စက်မီးတောင်တစ်လုံးပေါ့..)
သစ္စာတွေ မေတ္တာတွေ ထားကတိတွေနဲ့ (ပင်ကို)မရိုးစင်းမှုတွေက..
one-night stand ခေတ်စားမှုတွေ၊ ရပ်တည်မှုကွာဟချက်တွေ၊
စိတ်ကစားမဆင်ခြင်တတ်မှုတွေနဲ့ မာနတိုင် အလွှာလွှာအခန်းခန်းကြားမှာ
မရှုမလှ လုပ်ကြံကူးစက်ခံမိရာကနေ ကြက်ပျောက်ငှက်ပျောက် ဖျားနာလောင်ကျွမ်းကုန်ရစ်တယ်
“Ryan Phillippe က Reese Witherspoon နှင့်ပြတ်စဲခဲ့ပြီး,
အမည်မသိ သြဇီမလေးနှင့်ဆက်ကာ.., နောက်ဆုံး..
ဖြူဆုတ်ဆုတ်မင်းသမီး Amanda Seyfried နှင့် ဂျွိုင်း(န်)သွားလေတော့သတည်း...”
ဒါမျိုးလေးတွေလည်းရှိနေတယ်.. အကြီးကြီးနဲ့ တမုန်းကြီးပေါ့..
ချစ်တော့ချစ်လိုက်တာပဲတဲ့..
သူတို့လည်း ချစ်တတ်တာပဲတဲ့..
ခံစားတန်ဖိုးထားတတ်တာပဲတဲ့..
နုပြရွပြ ရိုမန်းတစ်ခ်ပြတတ်တာပဲတဲ့..
ဒါပေမယ့်လည်း reasonနဲ့ ခိုင်လုံမှုအသီးသီးက
အချိုးတူ ကိုယ်စီကိုယ်ငှမှာရှိနေကြတော့ လွမ်းပြန်ရောလား...၊
Jessica Biel တစ်ယောက် Justin Timberlake ကဖြတ်သွားလို့လည်း
လွမ်းလောက်စရာမရှိပါဘူးဆိုလား..
အင်း.. “ခိုင်မြဲသောအချစ်တို့နဲ့” သီချင်းကို အင်္ဂလိပ်ဗားသျှင်းပြန်ပြောင်းပြီး
ဝဠာကျော်အောင်လုပ်ဖို့ တစ်ယောက်ယောက်မှာ တာဝန်ရှိသွားပြီထင့်
ကျွတ်.. စာတင်လောက်မယ့်“ချစ်သူလိုအချစ်”ဆိုတာ ရေနည်းငါး..ပါ
ဖပ်လက်ဖပ်လက်နဲ့ သေဆုံးဖို့ဖြစ်နိုင်ချေက ၅၀-၅၀ တွေချည်း..
အဲ့ဒီအထွန့်တက်ဖြေရှင်းသံကျယ်ကျယ်ကို ကျွန်တော် နံရံဖြတ်ပြီးကြားလိုက်တယ်
သူတို့ရေ.. အပေါ်ယံသက်သက်မမင်တဲ့ အချစ်ဆိုတာ ရှားရှားပါးပါးရှိဆဲရှိမြဲဗျ
Arginine vasopressin ဟော်မုန်း ပေါပေါလောလောမထုတ်နိုင်လည်းဘဲ ရှိနိုင်သေးပါရဲ့
ဥပမာ.. Justin Bieber ဆံပင်ညှပ်ပစ်လိုက်ရုံနဲ့
Selena Gomez က အချစ်အခင်လျော့မသွားနိုင်သလို၊
John Keats သေဆုံးပုပ်ပွသွားရုံလောက်နဲ့လည်း
Fanny Brawne ရဲ့ ချစ်ခြင်းမြေ့လျှံနှလုံးသားက
နောက်နှစ်၄၀အထိ စူးစူးနစ်နစ် တိမ်ကောသွားခဲ့လိမ့်မှာမှမဟုတ်တာ..
သူတို့ကို ကျွန်တော်ပြောပြောချင်နေတဲ့ “အချစ်”ဆိုတာ
ခါးချင်ခါးတူးနေပါစေ.. အရသာပီသနေဖို့လေးပဲလိုတဲ့အချစ်မျိုးရယ်လေ..
ကျွန်တော်.. ပီပီသသချစ်စေချင်လိုက်တာ..
အဓိပ္ပါယ်တွေ ဘယ်လိုတစ်ခေတ်သစ်သစ် အချစ်ဆိုတာမျိုးက...
Shakespeare ရဲ့ Sonnet XVIII ထဲက စာသားလေးလိုပဲ
“လူတွေအသက်ရှူနေသရွေ့၊ မျက်လုံးတွေမြင်နေရသေးသရွေ့ အဓွန့်တည်..ရှည်..ကြာ..”
(အိုး.. ကျူကျူပါအောင်ဟာသမြောက်တဲ့ paradox တစ်ပုဒ်ဟာ “အချစ်”ဆိုတာကြီးပေါ့)။ ။
Craton
(၂၃.၃.၂၀၁၁)
http://www.cratonstar.net/2011/03/blog-post_23.html
ဘလော့ဂ်တကာမှာ “သိပ်သိပ်သိပ်ချစ်..”နေကြလို့ ကိုယ်လည်းချစ်ကြည့်ပါတယ်။
No comments:
Post a Comment