Friday, March 25, 2011

ူလူဖြစ်ရခြင်းရဲ့ ရည်ရွယ်ချက်

ကုသိုလ်နှင့်ဝယ်ရသောဈေးကြီး
လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်သည် ၀မ်းစာရှာဖို့မဟုတ်၊ အိပ်ဖို့မဟုတ်၊ စားဖို့မဟုတ်၊ ကာမဂုဏ်ခံစားဖို့မဟုတ် ၊ ကုသိုလ်ပြုဖို့အတွက်သာ ဖြစ်သည်။ တိရစ္ဆာန်တွင် ၀မ်းစာရှာဖို့၊ အိပ်ဖို့၊ စားဖို့ နှင့် ကာမဂုဏ်ခံစားဖို့ အချက်လေးချက်ရှိ၏ ထို့အတူလူတွင်လည်း ထိုအချက်လေးချက်ရှိ၏။ ထိုအချက်လေးချက်တည်းသာရှိနေလျှင် လူသည် တိရစ္ဆာန်နှင့် ဘာမှ မထူး အတူတူသာဖြစ်၏။
လူသားသည် ကုသိုလ် (ပရဟိတ) အလုပ်ကိုလုပ်တတ်သည်။ တိရစ္ဆာန်ကားမလုပ်တတ်။ ထိုကုသိုလ် (ပရဟိတ) အလုပ်ကြောင့်သာလျှင် လူသားသည် တိရစ္ဆာန်ထက် သာလွန် မြင့်မြတ်သွားခြင်းဖြစ်၏။ ၃၁ ဘုံတွင် လူ့ဘုံတစ်ဘုံတွင်သာ ကုသိုလ်လုပ်လို့ရသလော၊ မေးခဲ့ငြားအံ့။ မရနိုင်ဟုသာ ဖြေရပါလိမ့်မည်။ မရနိုင်ဟူသည် လူ့ဘုံကဲ့သို့ တင်းပြည့်ကျည်ပြည့် မရနိုင်ဟု ဆိုလိုခြင်းဖြစ်၏။

လူ့ဘုံအောက်တွင်ရှိသော အပါယ်လေးဘုံတွင် ဆင်းရဲဒုက္ခတွေများလွန်းအားကြီးသောကြောင့် မည်သည့်ကုသိုလ်မှ ပြုလုပ်၍မရပေ။ လူ့ဘုံအထက်တွင်ရှိသော ၊ နည်ပြည် ၊ ဗြဟ္မာ့ဘုံတို့တွင်ကား ချမ်းသာသုခတွေ များလွန်းအားကြီးသောကြောင့် မည့်သည့်ကုသိုလ်မျှ ကောင်းကောင်းလုပ်၍ မရပေ။ ဥပမာအားဖြင့် နတ်ပြည့် ဗြဟ္မာပြည့်တွင် အလှူခံ ပုဂ္ဂိုလ်မရှိသောကြောင့် ဒါနကုသိုလ်၊ မည်သို့မျှ မဖြစ်နိုင်ခြင်းမျိုးပင်တည်။
ထို့ကြောင့် ဘုရားလောင်းများသည် နတ်ပြည်လို့ရောက်လျှင် သက်တမ်းပြည့်မနေဘဲ သက်တမ်း၏ သုံးပုံတစ်ပုံလောက်သာ နေကာ မိမိကိုယ်ကိုယ်သေအောင်ပြု၍ လူ့ပြည်သို့ ပြန်သွားကြသည်။ လူ့ပြည်ရောက်မှ ဒါန၊ သီလစသော ကုသိုလ်ပါရမီများကို တင်းပြည့်ကျပ်ပြည့် ဆည်းပူးကြသည်။ နတ်ပြည်သည် လူ့ဘ၀က ရှာဖွေလာသော ကုသိုလ်များကို သုံးစွဲရာဈေးတန်းတစ်မျိုးသာဖြစ်သည်။

မိုးမြင့်
 မြန်မာချစ်သူများ ဘလောက်မှ ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment