Friday, March 25, 2011

ဒီမိုကရေစီမိတ်ဆွေပါတီများ ညှိနှိုင်းဆွေးနွေး

ဒီကနေ့ နေ့လည်မှာ ဒီမိုကရေစီမိတ်ဆွေပါတီများ ဟာ ပြည်ထောင်စုဒီမိုကရေစီပါတီ ဌာနချုပ် ရုံးခန်းမှာ အမျိုးသားညီညွှတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီအင်အားစုတွေ တွေ့ဆုံရေး ၂ နာရီခွဲ ခန့် ဆွးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ မိတ်ဆွေပါတီ ၁၀ ပါတီထဲက ၆ ပါတီပဲ တက်ရောက်နိုင်ခဲ့ပြီး ကျန်တဲ့ပါတီတွေက အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်ခဲ့ကြပါ။


ဆွေးနွေးပွဲ၏ရလဒ်မှာ အောက်ပါအတိုင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အနာဂါတ်ဒီမိုကရေစီရေးအတွက် တွေ့ဆုံဆွေးနွေးရေးကိစ္စကို ဒီမိုကရေစီမိတ်ဆွေပါတီများ ဆွေးနွေးညှိနှိုင်းကြပါသည်။ မတက်ရောက်နိုင်သည့်ပါတီများ၏ သဘောထားကိုလည်း ညှိနှိုင်းရယူရန် လိုအပ်နေသေးသဖြင့် ဆုံးဖြတ်ချက်တစ်စုံတရာ မချသေးသော်လည်း အခြေအနေအချိန်အခါကို သုံးသပ်စဉ်းစားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသွားရန် မူအားဖြင့် သဘောတူကြပါသည်။

ဆွေးနွေးပွဲတွင် အောက်ပါပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
၁။ ဒီမိုကရက်တစ်ပါတီ (မြန်မာ)
၂။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ
၃။ ပြည်ထောင်စုဒီမိုကရေစီပါတီ
၎။ ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ
၅။ ၀ံသာနု NLD
၆။ အမျိုးသားဒီမိုကရေစီအင်အားစု
· · Share
  • You, Suu Htet, Junior Win and 6 others like this.
    • Suu Htet မြန်မြန်လုပ်ကြပါဗျို့။ တိုင်းပြည်နစ်နာနေပြီ။ ကျနော်တို့လူငယ်တွေ ဘယ်သူ့ကို အားကိုးရမှာလဲ။
      9 minutes ago ·
    • Tharchit Zaw လိုအပ်သည်များကိုမှာစားသွားပါတယ်၊အဲယောင်လို.မှာကြားသွားပါတယ်

No comments:

Post a Comment