Friday, March 25, 2011

မြန်မာဆိုရင် ဖတ်ကြည့်ပါ (သို့) အမျိုးသားရေးစိတ်ဓာတ်

အမျိုးသားရေးစိတ်ဓာတ်ကို ကျနော့်အမြင်သက်သက်နဲ့
အဓိပါယ်ဖွင့်ရင်တော့


၁။ နိုင်ငံနဲ့ လူမျိုးအတွက် ရဲ့ သိက္ခာကို မြှင့်တင်ဖို့ (မိမိကိုယ်တိုင်

စိတ်ဓာတ်မြှင့်တင်ခြင်းဖြင့် ဒီအချက်ကို လုံးဝ ပြည့်စုံနိုင်ပါတယ်)


၂။ အမျိုးသားချင်းရိုင်းပင်းဖို့


အဓိက အချက်အလက်နဲ့ကတော့ ဒီ ၂ ချက်ပဲ ဦးတည်ပြောချင်ပါတယ်။

လူတစ်ယောက်ရဲ့ ပထမဆုံးအသိုင်းအ၀ိုင်းက မိသားစုပါ ၊ နောက်တစ်ဆင့်က

သူငယ်ချင်းအပေါင်းအသင်းနဲ့ ဆွေမျိုး ၊ နောက် ပတ်ဝန်းကျင် ၊ နောက်ပြီး ရပ်ကွက် ၊

မြို့နယ် ၊ တိုင်း ၊ နိုင်ငံ စသဖြင့်အဆင့်ဆင့် ချစ်ခင်ရမယ့် မြတ်နိုးရမယ့် အဆင့်တွေ

ရှိပါတယ်။ ဒါဟာ မပြောပဲနဲ့ သွေးသားထဲက သိရမယ့် အသိတရားပါ။ ဆိုလိုချင်တာက

မိသားစုဝင်နဲ့ သူငယ်ချင်းယှဉ်လာရင် ကိုယ့်သွေးသားရင်းကို ဦးစားပေးရမယ်လေ။

အဲ့လိုပဲ တစ်ဆင့်စီ ပြောလိုက်ရင် နောက်ဆုံး ကိုယ့်နိုင်ငံကနေ
နိုင်ငံခြားထွက်လာတယ်။

ကိုယ့်နိုင်ငံရဲ့ သိက္ခာကို မြှင့်တင်ရမယ် အဲ့ဒါက တကယ်တော့ ကိုယ့်ရဲ့ ဂုဏ်သိက္ခာနဲ့

အရည်အချင်းကို မြှင့်တင်ဖို့က အဓိကပါပဲ။ အဓိက ပထမအကျဆုံးကတော့

မိမိကိုယ်တိုင်ရဲ့ သိက္ခာကို တန်ဖိုးထားပီး အရည်အချင်းကို မြှင့်တင်ပါ။



နောက်ထပ်ပြီး ကျနော်ပြောချင်တဲ့ အဓိက အကြောင်းအရင်းကို ပြောပါတော့မယ်

ပြည်ပရောက်နေတဲ့ မြန်မာတွေက မြန်မာလူမျိုးချင်းဆို

သဘောထားကြီးဖို့တော်တော်ဝန်လေးကြတယ်။ မြန်မာအချင်းချင်းအတူနေရင်

မပြေလည်တာတွေ ပြသနာတက်တာတွေ အမြဲကြားရတယ်။ အဲ့ဒီလူတွေ နိုင်ငံခြားသားနဲ့

သွားနေရင်တော့ အရမ်းကို အဆင်ပြေတာပဲ။ ကျနော် မြင်တာကတော့

လူမျိုးချင်းနေတာဆိုရင် ကျနော်တို့ မြန်မာလူမျိုးသဘာဝအတိုင်း ကိုယ့်လူရင်းတွေနဲ့

ဆိုရင် အမှုမဲ့အမှတ်မဲ့နေတာလေးတွေ ရှိတတ်ပါတယ်၊ အဲလိုနေတာလေးတွေက

စည်းကမ်းမဲ့တာ ဖြစ်လာပီးတော့ ပတ်ဝန်းကျင်နဲ့ မပြေမလည် ဖြစ်လာတတ်ပါတယ် ။

အဲ့တော့ ကိုယ့်ကိုကိုယ် သတိနဲ့ ထိန်းသိမ်းဖို့ က နံပါတ်တစ် သူများကို နားလည်ပေးရမယ်


ဆိုတာက နံပါတ် ၂ ပါ ၊ ၂ချက်လုံးလိုအပ်ပါတယ်။



နောက်ပြီးတော့ ပြည်ပကို ရောက်နေတဲ့သူတွေက လမ်းမှာ

မြန်မာစကားပြောနေရာကနေ တစ်ခြားမြန်မာတစ်ယောက်ဖြစ်စေ ၊ မြန်မာတွေနဲ့ ဖြစ်စေ

ကြုံဆုံလာရင် မြန်မာဖြစ်တာကို ကွယ်ဝှက်ဖို့ ကြိုးစားကြတာကို ကမ္ဘာ့နေရာအနှံ့အပြားက

သူငယ်ချင်းတွေရဲ့ ငြီးညူသံတွေ ကြားရပါတယ်။ ဒါအင်မတန်မှ

ရှုတ်ချစရာကောင်းတဲ့ကိစ္စပါ။ မြန်မာလူမျိုးဖြစ်ရတာ ရှက်စရာကိစ္စမဟုတ်ပါဘူး။

ဂုဏ်ယူတတ်ကြပါ။ တစ်ခြားလူမျိုးတွေရဲ့ ကောင်းကွက်ဆိုးကွကို နှိုင်းယှဉ်ကြည့်ကြဦး ၊

အဲ့သလိုမျိုးကိုယ့်လူမျိုးတွေရှေ့မှာ မိမိကိုယ်မိမိ

ကွယ်ဝှက်ဟန်ဆောင်တဲ့လူတွေတွေ့ဖူးလားလို့။ နောက်ပီးတော့ မိမိကိုယ်မိမိကြိုးစားပီး

သိက္ခာမြှင့်တင်ရုံနဲ့ နိုင်ငံနဲ့ လူမျိုးကိုလဲ ဖေးမရာရောက်ပါတယ်။ နားလည်သင့်ပါတယ်

ကိုယ့်နိုင်ငံတိုးမြင့်မှပဲ ကိုယ်တွေအားလုံးအကြိုးခံစားရမှာပါ။

နိုင်ငံတစ်နိုင်ငံတိုးတက်လာရင် နိုင်ငံသားတွေက သာအဓိကအကျိုးခံစားရတာပါ။

ဘယ်လောက်ပဲ သူများနိုင်ငံမှာ နိုင်ငံသားခံခံ ဒုတိယဦးစားပေးအဆင့်မှာပဲရှိပါတယ် (ဒါက

နိုင်ငံသားခံယူခွင့်ရှိတဲ့နိုင်ငံတွေကို ပြောတာပါ) ။


No comments:

Post a Comment