အရှင်းဘုရား ( ကာမေသု မိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ )ရဲ့ အပြစ်ဖြစ်
ပုံကို အကျယ်တ၀င့် ရှင်းပြပေးပါလို့  ရိုသေစွာလျှောက်ထားအပ်တယ်အရှင် ဘုရား...
(PHU နှင့် ရင်လွဲသူ)
ကာမေသုမိစ္ဆာစာရာ အစဖြာတဲ့ သီလသိက္ခာပုဒ်လေးကို ရှင်းမပြသေးခင် စာရေး သူ မုံရွာမှာနေစဉ်က ကြုံတွေ့ခဲ့ဖူးတဲ့ အဖြစ်ကလေးတစ်ခုကိုဖောက်သည်ချပါ ဦးမယ်၊ မုံရွာမှာ စာရေးသူနဲ့ သိကျွမ်းတဲ့ ကျောင်းအုပ်ဆရာကြီးတစ်ယောက်ရှိ ပါတယ်၊ ကျောင်း အုပ်ကြီးက မုံရွာနဲ့နီးတဲ့ ၀ဒါန်းဆိုတဲ့ရွာလေးက တွဲဘက်အထက်တန်းကျောင်းမှာ တာ ၀န်ကျပါတယ်၊ကျောင်းအုပ်ကြီးနေတာ ကတော့ မုံရွာမြို့ကအလယ်ရပ်မှာပါ၊ အလည်ရပ် ဆိုတာ မုံရွာမြို့ရဲ့ မြို့လည်ခေါင်အချက်အချာကြတဲ့ေ နရာလို့ ပြောလို့ရပါတယ်၊ ဒါပေမဲ့ ကျောင်းအုပ်ကြီးနေရတာက ချောင်ကြကြ လမ်းကြားလေးက၀င်သွားရတဲ့နေရာလေး မှာပါ၊ နောက်ပြီး နေရာတကလည်း ကိုယ်ပိုင်အိမ်ဆိုပေမဲ့ ဆွေမျိုးတွေရဲ့ဝင်းထဲမှာ ကပ် ပြီးနေရတာပါ၊ သူ့အိမ်ကြည့်တော့လည်း တဲသာသာလေးဖြစ်နေပါတယ်၊
တစ်နေ့မှာ အဲဒီကျောင်းအုပ်ကြီးသူကိုယ်တို င် သူအဖြစ်ကို“တပည့်တော်ရတဲ့လခ နဲ့ နေမယ်ဆိုရင် အိမ်ပိုင်ယာပိုင်နဲ့ အိမ်ကြီးအိမ်ကောင်းဆောက်နေနို င်ပါတယ်ဘုရား၊ ဒါပေမဲ့ ရတဲ့လခတွေက မိန်းမကိစ္စတွေနဲ့ လုံးပါးပါးသွားတော့ ခုလိုအရှင်ဘုရားမြင်တဲ့အ တိုင်းနေနေရတာဘုရား” လို့ ရင်ဖွင့်ပါတယ်၊ ဒါကကြုံခဲ့ဖူးတဲ့ ကာမေသုကြောင့် ဘ၀မ လှပတဲ့အဖျက်ပျက်လေးပါ၊
နောက် စာရေးသူတွေ့ကြုံဖူးတာတစ်ခုကတော့ ရွာတစ်ရွာမှာ ကိုကံချစ်နဲ့မမာ ဆိုတဲ့ လင်မယားနှစ်ယောက်ရှိပါတယ်၊ သူတို့မှာ သားလေးတစ်ယောက် သမီးလေး တစ်ယောက်ရှိပါတယ်၊ သားလေးက(၁၆)နှစ်သားမှာဆုံးပါးသွားပါတယ်၊ ကျန်တဲ့သမီး လေးကတော့ အိမ်ထောင်ကျသွားပါတယ်၊ သမက်ဖြစ်တဲ့သူကိုလည်း သားသမီးနဲတော့ သူတို့အိမ်မှာပဲ ခေါ်ထားလိုက်ပါတယ်၊ သမက်ကလေးအိမ်ရောက်လာတော့ တောင်သူ အလုပ်တွေကို ကိုကံချစ်သိပ်လုပ်စရာမလိုတော့ပါ ဘူး၊ သမက်အလိမ္မာလေးကပဲအကုန် တာဝန်ယူလုပ်ဆောင်ပါတယ်၊
အဲဒီမှာ အားနေတဲ့ကိုကံချစ်က ဗွေဖောက်လာပါတယ်၊ နှစ်အစိတ်လောက်ပေါင်း လာတဲ့ အိမ်ကချစ်ဇနီးကို အိမ်ကဟာကြီးလို့ထင်လာပါတယ်၊ ထင်ရုံတင်မကပဲ ကွက် သစ်က ခင်မေသန်းဆိုတဲ့ လင်ရှိကောင်မလေးတစ်ယောက်နဲ့ အချစ်ဇာတ်လမ်းကို ခတ် ကြမ်းကြမ်ခင်းတော့တာပါပဲ၊ အစတော့ ဘယ်သူမှမသိအောင်တိုးတိုးတိတ်တိ တ် ဟိုး နားတွေ့ဒီနားတွေ့ပေါ့၊ နောက်တော့ ခင်မေသန်းကလည်း အိမ်ကလင်ကြီးကိုပြစ် က လေးတွေကိုပြစ်ပြီး ကိုကံချစ်နဲ့ နှစ်ယောက်တစ်အိမ်မက်ဘ၀ထူထောင်ဖို့ အိမ်ပေါ်က ဆင်းချလာပါတယ်၊ အဲဒီမှာ မမာက ယူကြုံမရ အပူလုံးထပါတော့တာပါပဲ မုန့်သာဝေ စားမယ် အချစ်ကိုတော့ဝေမစားနိုင်ဘူးဆြို ပီး ရုံးတွေရောက် ဂတ်တွေဝင်နဲ့ အမှုတွေဖြစ် ကြပါတော့တယ်၊ နောက်ဆုံးကိုကံချစ်လည်း အိမ်ကမယားကြီးပြစ်ထားခဲ့ပြီး ခင်မေသန်း နဲ့လိုက်သွားတယ်၊ အိမ်ကပစ္စည်းတွေကိုလဲ မယားကြီးနဲ့ တစ်ယောက်တ၀က်ခွဲတမ်း ချယူသွားပါတယ်၊ ဒါပေမဲ့ ခင်မေသန်းနဲ့က သိပ်မပေါင်းလိုက်ရပါဘူး၊ အသစ်တွေဘယ် လောက်ကောင်းကောင်းအဟောင်းကိုတော့  တလည်လည်ဖြစ်တတ်တဲ့စိတ်နဲ့ နောက် ဆုံး ပါသွားတဲ့ပစ္စည်းတွေ ခင်မေသန်းလက်ထဲထားခဲ့ရပြီး မယားကြီးအိမ်ပေါ်ပြန်တက် လာပါတယ်၊
ဒါပေမဲ့ အိမ်ပေါ်သာတက်လာတယ် ကိုကံချစ်ကို သမက်ကမလေးစားတော့ဘူး၊ သမက်တင်မကပဲ သမီးလုပ်တဲ့သူကလည်း အဖေဖြစ်နေပေမဲ့ သိပ်မချစ်တော့ပါဘူး၊ မယားကြီးမမာကတော့ ထားခဲ့တဲ့သံယောဇဉ်အဟာင်းကြောင့် ပြန်ပေါင်းကြတာပေါ့၊ ပတ်ဝန်းကျင် လူ့အသိုင်းဝိုင်းမှာတော့ ကိုကံချစ်ခေါင်းမဖော်နိုင်အောင် ဖြစ်သွားတယ်၊ ကြာကူလီသမားကြီး ဖောက်ပြားတတ်တဲ့သူကြီးအဖြစ် လူတကာရဲ့မျက်စိထဲမှာ အရိုးစွဲ အသည်းနစ်အောင် မှတ်တမ်းဝင်သွားပါတော့တယ်၊ ကိုကံချစ်တင်လားဆိုတော့ ခင်မေ သန်းလည်း ကိုကံချစ်လိုပါပဲ လူလည်ခေါင်မှာ ခေါင်းမဖော်ရဲတော့ပါဘူး၊
ပြောရရင်တော့ ဒါတွေဟာ ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်ကို မစောင့်ထိမ်းလို့ဖြစ်ရတဲ့ လူမှုဒုက္ခတွေပါ၊ ကာမေသုမိစ္ဆာစာရာဝေရမဏိ သိက္ခာပဒံ သမာဒိယာမိသိက္ခာပုဒ်ဟာ ကိုယ်ပိုင်လင်အမျိုးသား ကိုယ်ပိုင်ဇနီးမယားကနေ တစ်ခြားတစ်ယောက်ကို လွန်ကျူး ပြစ်မှားလို့ အပြစ်သင့်တဲ့ အပြစ်ဖြစ်တဲ့ သိက္ခာပုဒ်ပါ၊
ရှင်းအောင်ပြောရရင်တော့ ကာမဂုဏ်ဆိုတာ ယောင်္ကျားနဲ့မိန်းမနှစ်ဦးသား ကြည့်နူးပေါင်းဖက်ကြတာကိုခေါ်တာ ပါ၊ မိစ္ဆာစာရဆိုတာကတော့ အဲဒီလိုပေါင်းဖက် အ တူနေတာကို မိမိလင်ယောင်္ကျား မိမိဇနီးမယားမဟုတ်တဲ့ သူများအပေါ်မှာ မှားယွင်းစွာ လွန်ကျူးတာကိုပြောတာပါ၊ အဲဒီသိက္ခာပုဒ်ကိုဖောက်ဖျက်ရင် စောစောကပြောခဲ့သလိုပါ ပဲ လူမှုဒုက္ခတွေ အများတံတွေးခွက်ပက်လက်မျောရတာေ တွ အစရှိတဲ့ဆိုးကြိုးတွေကို ခံ စားရမှာပါ၊ ခုခေတ်မြန်မာလူဘောင်လောကမှာ ကိုယ်အချင်းချင်းသဘောတူရင် မပြစ်မ ဖြစ်ပါဘူးဆိုတဲ့ အနောက်တိုင်းအယူအဆတွေဝင်ရောက်လာ ပါတယ်၊ အမှန်က အဲဒီလို မဟုတ်ပါဘူး ကိုယ်အချင်းချင်းဘယ်လိုပဲသဘောတူ နေပါစေ ကိုယ့်ကိုယ်ထိန်းသိမ်း စောင့်ရှောက်တဲ့ သူတွေရှိပါတယ်၊ အောက်ထစ်ဆုံး အများတကာနဲ့ ဆက်ဆံသွားလာ တဲ့ မကောင်းတဲ့ပြည်တန်ဆာမတောင် အရင်လူကပိုက်ဆံပေးငှါးရမ်းထား ရင် နောက်လူ ကပိုင်စိုးပိုင်နင်းနဲ့ သွားရောက်လွန်ကျူးမယ်ဆိုရင် ကာမေသုမိစ္ဆာစရာကံထိုက်ပါတယ်၊
ဒီနေရမှာ စကားစပ်မိလို့ စောင့်ရှောက်သူများရှိတဲ့ အမျိုးသမီများစာရင်းကိုရေး ပြပါဦးမယ်၊(၁) မာတုရက္ခိတ=အမေဖြစ်တဲ့သူစောင့်ရှောက်ထားတဲ့ မိန်းမ
(၂) ပိတိုရက္ခိတ= အဖေဖြစ်တဲ့သူစောင့်ရှောက်ထားတဲ့ မိန်းမ
(၃)မာတာပိတုရက္ခိတ= မိဘနှစ်ပါးစောင့်ရှောက်ထားတဲ့ မိန်းမ
(၄)ဘာတုရက္ခိတ= အစ်ကိုတွေမောင်တွေ စောင့်ရှောက်ထားတဲ့မိန်းမ
(၅)ဘဂိနိရက္ခိတ=အမတွေ ညီမတွေစောင့်ရှောက်ထားတဲ့ မိန်းမ
(၆)ဥာတိရက္ခိတ=ဆွေမျိုးတွေစောင့် ရှောက်ထားတဲ့ မိန်းမ
(၇) ဂေါတ္တရက္ခိ= လူမျိုးချင်း မျိုးရိုးချင်းတူသူတွေက စောင့်ရှောက်ထားတဲ့မိန်းမ
(၈)ဓမ္မရက္ခိတ= သီတင်းသုံးဖော်တွေက စောင့်ရှောက်ထားတဲ့မိန်းမ
(၉) သာရက္ခာ=ထိမ်မြားကြောင်းလမ်းလက် ထပ်ပြီး စောင့်ရှောက်ထားတဲ့မိန်းမ
(၁၀) သပရိဘဏ္ဍာ=ဘုရင်မင်းတွေကောက်ယူဖို့ သတ်မှတ်ကာ စောင့်ရှောက် ထားတဲ့ မိန်းမ
(၁၁) ဓနက္ကိတာ=ဥစ္စာပေးဝယ်ယူကာ မယားအဖြစ်စောင့်ရှောက်ထားတဲ့မိ န်းမ
(၁၂) ဆန္ဒ၀ါသိနီ= သဘောတူအလိုတူပြီး ညားနေတဲ့မိန်းမ
(၁၃) ဘောဂ၀ါသိနီ= စည်းစိမ်ပေးပြီး ပေါင်းနေတဲ့မိန်းမ
(၁၄) ပဋ၀ါသိနီ=ပုဆိုးတန်းတင် အကြင်လင်မယားလုပ်နေတဲ့မိန်းမ
(၁၅) သြဒပတ္တ၀ါသိနီ= ရေခွက်မှာ လက်စုံချပြီး မိဘပေးစားထားတဲ့ မိန်းမ
(၁၆) သြဘဋစုမ္ဗဋာ=ခေါင်းခုကိုချပြီး လင်မယားအဖြစ်နေတဲ့မိန်းမ
(၁၇) ဒါသီစ ဘရိယာစ= ကျွန်လည်းဖြစ် မယားလည်းဖြစ်တဲ့မိန်းမ
(၁၈) ကမ္မကာရီစ ဘရိယာစ= အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်တဲ့မိန်းမ
(၁၉) ဓဇာဟဋာ= စစ်မြေပြင်က ဆောင်ယူလာတဲ့မိန်းမ
(၂၀) မုဟုတ္တိကာ= ခဏခေတ္တပေါင်းဖို့ ငှါးထားတဲ့မိန်းမ
ခုရေးပြခဲ့တာတွေက စောင့်ရှောက်သူတွေရှိတဲ့ အမျိုးသမီးတွေစာရင်းပါ၊ ဒီစာရင်းထဲမှာ နံပါတ်တစ်ကနေ နံပါတ်ရှစ်အထိစာရင်းပေါက်တဲ့ အမျိုးသမီးတွေကိုလွန်ကျူးမယ်ဆို ရင် လွန်ကျူးတဲ့ယောင်္ကျားလေးမှာ အပြစ်ဖြစ်ပါတယ်။ မိန်းခလေးမှာ အပြစ်မဖြစ်ပါဘူး၊ ကျန်တဲ့(၁၂)ယောက်ကိုလွန်ကျူးမယ် ဆိုရင်တော့ လွန်ကျူးသူရော လွန်ကျူခံရတဲ့အမျိုး သမီးပါ နှစ်ယောက်စလုံးမှာအပြစ်ဖြစ်ပါ တယ်၊ ကာမေသုမိစ္ဆာစာရကံကို လွန်ကျူးမိရင် ဘယ်လိုအပြစ် တွေဖြစ်တယ်ဆိုတာ ဆက်လက်ရေးပါဦးမယ်၊
ပုံကို အကျယ်တ၀င့် ရှင်းပြပေးပါလို့  ရိုသေစွာလျှောက်ထားအပ်တယ်အရှင်
(PHU နှင့် ရင်လွဲသူ)
ကာမေသုမိစ္ဆာစာရာ အစဖြာတဲ့ သီလသိက္ခာပုဒ်လေးကို ရှင်းမပြသေးခင် စာရေး သူ မုံရွာမှာနေစဉ်က ကြုံတွေ့ခဲ့ဖူးတဲ့ အဖြစ်ကလေးတစ်ခုကိုဖောက်သည်ချပါ
တစ်နေ့မှာ အဲဒီကျောင်းအုပ်ကြီးသူကိုယ်တို
နောက် စာရေးသူတွေ့ကြုံဖူးတာတစ်ခုကတော့ ရွာတစ်ရွာမှာ ကိုကံချစ်နဲ့မမာ ဆိုတဲ့ လင်မယားနှစ်ယောက်ရှိပါတယ်၊ သူတို့မှာ သားလေးတစ်ယောက် သမီးလေး တစ်ယောက်ရှိပါတယ်၊ သားလေးက(၁၆)နှစ်သားမှာဆုံးပါးသွ
အဲဒီမှာ အားနေတဲ့ကိုကံချစ်က ဗွေဖောက်လာပါတယ်၊ နှစ်အစိတ်လောက်ပေါင်း လာတဲ့ အိမ်ကချစ်ဇနီးကို အိမ်ကဟာကြီးလို့ထင်လာပါတယ်၊ ထင်ရုံတင်မကပဲ ကွက် သစ်က ခင်မေသန်းဆိုတဲ့ လင်ရှိကောင်မလေးတစ်ယောက်နဲ့ အချစ်ဇာတ်လမ်းကို ခတ် ကြမ်းကြမ်ခင်းတော့တာပါပဲ၊ အစတော့ ဘယ်သူမှမသိအောင်တိုးတိုးတိတ်တိ
ဒါပေမဲ့ အိမ်ပေါ်သာတက်လာတယ် ကိုကံချစ်ကို သမက်ကမလေးစားတော့ဘူး၊ သမက်တင်မကပဲ သမီးလုပ်တဲ့သူကလည်း အဖေဖြစ်နေပေမဲ့ သိပ်မချစ်တော့ပါဘူး၊ မယားကြီးမမာကတော့ ထားခဲ့တဲ့သံယောဇဉ်အဟာင်းကြောင့် ပြန်ပေါင်းကြတာပေါ့၊ ပတ်ဝန်းကျင် လူ့အသိုင်းဝိုင်းမှာတော့ ကိုကံချစ်ခေါင်းမဖော်နိုင်အောင်
ပြောရရင်တော့ ဒါတွေဟာ ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်ကို မစောင့်ထိမ်းလို့ဖြစ်ရတဲ့ လူမှုဒုက္ခတွေပါ၊ ကာမေသုမိစ္ဆာစာရာဝေရမဏိ သိက္ခာပဒံ သမာဒိယာမိသိက္ခာပုဒ်ဟာ ကိုယ်ပိုင်လင်အမျိုးသား ကိုယ်ပိုင်ဇနီးမယားကနေ တစ်ခြားတစ်ယောက်ကို လွန်ကျူး ပြစ်မှားလို့ အပြစ်သင့်တဲ့ အပြစ်ဖြစ်တဲ့ သိက္ခာပုဒ်ပါ၊
ရှင်းအောင်ပြောရရင်တော့ ကာမဂုဏ်ဆိုတာ ယောင်္ကျားနဲ့မိန်းမနှစ်ဦးသား ကြည့်နူးပေါင်းဖက်ကြတာကိုခေါ်တာ
ဒီနေရမှာ စကားစပ်မိလို့ စောင့်ရှောက်သူများရှိတဲ့ အမျိုးသမီများစာရင်းကိုရေး ပြပါဦးမယ်၊(၁) မာတုရက္ခိတ=အမေဖြစ်တဲ့သူစောင့်ရေ
(၂) ပိတိုရက္ခိတ= အဖေဖြစ်တဲ့သူစောင့်ရှောက်ထားတဲ့ မိန်းမ
(၃)မာတာပိတုရက္ခိတ= မိဘနှစ်ပါးစောင့်ရှောက်ထားတဲ့ မိန်းမ
(၄)ဘာတုရက္ခိတ= အစ်ကိုတွေမောင်တွေ စောင့်ရှောက်ထားတဲ့မိန်းမ
(၅)ဘဂိနိရက္ခိတ=အမတွေ ညီမတွေစောင့်ရှောက်ထားတဲ့ မိန်းမ
(၆)ဥာတိရက္ခိတ=ဆွေမျိုးတွေစောင့်
(၇) ဂေါတ္တရက္ခိ= လူမျိုးချင်း မျိုးရိုးချင်းတူသူတွေက စောင့်ရှောက်ထားတဲ့မိန်းမ
(၈)ဓမ္မရက္ခိတ= သီတင်းသုံးဖော်တွေက စောင့်ရှောက်ထားတဲ့မိန်းမ
(၉) သာရက္ခာ=ထိမ်မြားကြောင်းလမ်းလက်
(၁၀) သပရိဘဏ္ဍာ=ဘုရင်မင်းတွေကောက်ယူဖို
(၁၁) ဓနက္ကိတာ=ဥစ္စာပေးဝယ်ယူကာ မယားအဖြစ်စောင့်ရှောက်ထားတဲ့မိ
(၁၂) ဆန္ဒ၀ါသိနီ= သဘောတူအလိုတူပြီး ညားနေတဲ့မိန်းမ
(၁၃) ဘောဂ၀ါသိနီ= စည်းစိမ်ပေးပြီး ပေါင်းနေတဲ့မိန်းမ
(၁၄) ပဋ၀ါသိနီ=ပုဆိုးတန်းတင် အကြင်လင်မယားလုပ်နေတဲ့မိန်းမ
(၁၅) သြဒပတ္တ၀ါသိနီ= ရေခွက်မှာ လက်စုံချပြီး မိဘပေးစားထားတဲ့ မိန်းမ
(၁၆) သြဘဋစုမ္ဗဋာ=ခေါင်းခုကိုချပြီး လင်မယားအဖြစ်နေတဲ့မိန်းမ
(၁၇) ဒါသီစ ဘရိယာစ= ကျွန်လည်းဖြစ် မယားလည်းဖြစ်တဲ့မိန်းမ
(၁၈) ကမ္မကာရီစ ဘရိယာစ= အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်တဲ့မိန်းမ
(၁၉) ဓဇာဟဋာ= စစ်မြေပြင်က ဆောင်ယူလာတဲ့မိန်းမ
(၂၀) မုဟုတ္တိကာ= ခဏခေတ္တပေါင်းဖို့ ငှါးထားတဲ့မိန်းမ
ခုရေးပြခဲ့တာတွေက စောင့်ရှောက်သူတွေရှိတဲ့ အမျိုးသမီးတွေစာရင်းပါ၊ ဒီစာရင်းထဲမှာ နံပါတ်တစ်ကနေ နံပါတ်ရှစ်အထိစာရင်းပေါက်တဲ့ အမျိုးသမီးတွေကိုလွန်ကျူးမယ်ဆို
ကဲဆက်လိုက်ကြရအောင်ပါ၊ လွန်ကျူးရင်အပြစ်ဖြစ်နိုင်တဲ့ သူတွေစာရင်းကို မနေ့က ရေးထားတဲ့ပိုစ်မှာဖော်ပြခဲ့ပါ
ဒီလိုအခြေနေဖြစ်ပေါ်လာရင် အဲဒီမိန်း ကလေး ယောင်္ကျားလေးတွေကို စောင့်ရှောက်တဲ့ မိခင်နိုင်ငံမှာ ရှိနေတဲ့မိဘတွေ သို့ မဟုတ်အုပ်ထိန်းသူကို တရားဝင်ခွင့်ပြုချက်လှမ်းတောင်း
“မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြသူများ၊ ရန်သူပွါး၍၊ ရှားပါးလာဘ်တိတ်၊
ချမ်းသာဆိတ်၏၊ ဣတ္ထိ ပဏ္ဍုတ် မျိုးယုတ်ခါခါ၊ မျက်နှာမလှ အရှက်ရလျှက်၊
လက္ခဏ ဣနြေ္ဒ ယွင်းသွေချို့သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊ ရှောင်ခါ
အပြန်အကျိုးတည်း”။
ကာမေသုမိစ္ဆာစာရ ကံကျူးတဲ့သူတွေဟာ-
(၁) လူမုန်းများခြင်း၊
(၂) လူမုန်းများရုံတင်မကပဲ ရန်သူတွေလည်း ၀ိုင်းဝိုင်းလည်နေခြင်း၊
(၃) စီးပွါးရေး ဘယ်လောက်ရှာရှာ တိုးတက်မလာပဲနေခြင်း၊
(၄) စိတ်ချမ်းသာ ကိုယ်ချမ်းသာ မရှိပဲဖြစ်နေခြင်း၊
(၅) ဘ၀တိုင်းဘ၀တိုင်း မိန်းမသာဖြစ်ရခြင်း၊
(၆) မိန်းမမဟုတ်ယောင်္ကျားမဟုတ် ဂျယ်ကြီးဖြစ်ရခြင်း၊
(၇) တကယ်လို့ ယောကျာ်းဖြစ်ရင်လည်း ယုတ်ညံ့တဲ့ အမျိုးတွေထဲမှာ ဖြစ်ရခြင်း၊
(၈) မျက်နှာပျက်ပြီး အရှက်တကွဲအကျိုးနဲတဲ့ ကိစ္စတွေကြုံတွေ့ရခြင်း၊
(၉) ခြေလက်အင်္ဂါ နွဲ့နွဲ့နှောင်းနှောင်းနဲ့ ဖြစ်ရခြင်း၊
(၁၀) စိုးရိမ်ကြောင့်ကြ စိတ်များနေရခြင်း၊
(၁၁) ကိုယ်ချစ်တဲ့သူနဲ့ ကွဲကွာကာ အသည်းနာရခြင်း၊
ဒါတွေက ကာမေသုမိစ္ဆာစာရကံကို လွန်းကျူးရင် ရရှိမဲ့အပြစ်တွေပါ၊ တချို့တွေ့ဖူးကြမှာ ပါ၊ ဗလကြီးလည်းတောင့်ပါရဲ့ ယောက်ျားကြီးလည်းဖြစ်ပါရဲ့ ဒါပေမဲ့ သွားပုံလာပုံကြ တော့ နွဲ့တဲ့တဲ့နဲ့လေ၊ ဒါဆိုသေချာပြီး အရင်ဘ၀တွေက ကာမေသုတွေကို ပြုချင် တိုင်းပြုလာတဲ့သူဆိုတာ၊ တစ်ချို့ရှိပါသေးတယ် ဘယ်သူကမှလည်းသူကို ဘာမှမ လုပ်ပဲ မပြောပဲနဲ့ စိုးရိမ်စိတ်တွေများနေတတ်တာလေ၊ ဒါဆိုရင်လည်း ဒီလူဟာ ကာ မေသုတွေလွန်ကျူးခဲ့လို့ပေါ့၊ နောက်တစ်ချက် ဘယ်သူကမှမဖျက်ရပဲ အရမ်းချစ်ကြ တဲ့ချစ်သူတွေ ကွာပြဲသွားတာတွေ့ဖူးမှာပါ၊ ဒါဆိုရင်လည်း သူတို့ဟာအရင်ဘ၀မှာ ကာမေသုတွေ ဝေဆာခဲ့လို့ပါလို့ ကောက်ချက်ဆွဲရပါမယ်၊
ပြောပြရင် ကာမေသုက အဲဒီလိုအပြစ်လေးတွေတင်မဟုတ်ပါဘူ
အဲဒီလိုပြုခဲ့တဲ့ ကာမေသုကံကြောင့် သေတဲ့အခါမှာ ရောရုဝငရဲမှာ နှစ်ပေါင်းများစွာကျပါ တယ်၊ ငရဲကပြန်လွှတ်ပြန်တော့လည်း မျောက်ထီးလေးဖြစ်ပါတယ်၊ မျောက်ထီလေးဘ ၀မှာလည်း အရွယ်မရောက်ခင် မျောက်ခေါင်းဆောင်ကြီးက သူ့ရဲ့မျောက်မလေးတွေကို လုမှာစိုးတာနဲ့ ဝှေးစေ့ကိုက်ဖြတ်သတ်လိုက်ပါတယ်၊ အဲဒီဘ၀ကနေ နွားထီးဘ၀ကိုသွား ဖြစ်ပါတယ်၊ နွားထီးဘ၀မှာလည်း သင်းကွပ်ခံရပါတယ်၊ အဲဒီဘ၀ကလွတ်ပြန်တော့ လူ ပြည်မှာ လူလာဖြစ်ပါတယ်၊ ဒါပေမဲ့ ဟိုမရောက် ဒီမရောက်ဂျယ်ကြီး ဂျော်ကယ်ကြီးဖြစ်ရ ပါတယ်၊ အဲဒီဘ၀ကနေလွတ်ပြီး ကုသိုလ်ကံလေးပြန်အကျိုးပေးလို့ နတ်ပြည်မှာဖြစ်ရပါ တယ်၊ ဒါပေမဲ့ သူဋ္ဌေးသားဘ၀ကပြုခဲ့တဲ့ ကာမေသုကြောင့် နတ်သားမဖြစ်ပဲ နတ်သမီး ချည်း ငါးဘ၀တိုင်တိုင်ဖြစ်ရပါတယ်၊ အဲဒီနတ်သမီးဘ၀ကနေ စုတေတော့ လူ့ပြည်မှာ ဘုရင်သမီးတော်ဖြစ်ရပါတယ်၊ ဘုရင်သမီးတော်ဖြစ်ပြီး နတ်ရွာစံကာ နောက်ဘ၀ ရောက်မှ ယောကျာ်းဘ၀ကိုပြန်ရပါတယ်၊
သတိပြုစရာလေးက ဒီလောက်ပါရမီတွေ ဖြည့်ဆီးလာတဲ့ အလောင်းတော်ကြီး တောင်တစ်ချက်ကလေးမှားတာနဲ့ ဘ၀ပေါင်းများစွာ မိန်းမဖြစ်လိုက်၊ အခြောက်ဖြစ် လိုက်၊ ဝှေးစေ့အထုခံရ၊ ငရဲအကျခံရနဲ့ ဖြစ်သေးရင် သာမာန်လူတွေဆို မတွေးရဲစရာပါ၊ ပြောရရင်တော့ သတိလေးထားပြီးရှောင် ကြဉ်တာအကောင်းဆုံးပါ၊ ဒါပေမဲ့ အမှောင်တ ကာ့ အမှောင်ဆုံးထဲမှာ ဒီကာမအမှောင်က အမိုက်ဆုံးဆိုတော့ ရှောင်ကြဉ်နိုင်ဖို့ဆိုတာ မလွယ်ရေးချာ မလွယ်ပါ၊ ဒါပေမဲ့ လွယ်သွားအောင် ချစ်သူဘ၀မှာဆိုရင် ကိုယ့်ရဲ့ချစ်သူ အိမ်ထောင်ရှင် အကြာင်လင်မယားဘ၀မှာဆိုရင် ကိုယ့်အိမ်သူ ကိုယ်အိမ်သားကိုပဲ စွဲမြဲ ပြီး တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက်အမှတ်နဲ့ သစ္စာထားမယ်ဆိုရင် ကာမေသုဟာ ကုဖြစ်မှာပါ၊ အဲဒီလို ကုသိုလ်တွေဖြစ်လာရင် နှစ်ဦးသားပျော်ရွင်ပြီး အိမ် ထောင်ရေးလည်းသာယာ၊ ကျန်းမာရေးအတွက်လည်း စိတ်ချရမှာပါ၊ နို့မို့ဆိုရင် လေးလုံးရောဂါက အချိန်မရွေး နေရာမရွေးမှာ ကိုယ့်အတွက်စောင့်ကြိုနေမှာပါ၊
ဒါကြောင့် စာဖတ်သူအားလုံး ယခုအချိန်ကစပြီး ကာမေသုကံကို ရှောင်ရှားနိုင်ကြပြီး ဒီဇနီးဒီမယား ဒီသမီးဒီသားတွေနဲ့ ဘ၀ဘ၀တိုင်းမှာ ပျော်ရွှင်နိုင်ကြပါစေလို့ ။ ။
More info : http://groups.google.com/
With Best Regards,
sliphttp://www.meepyatite.info/
Computer Technical Notes & Sharing Software
http://slip-meepyatite.
No comments:
Post a Comment