Tuesday, March 22, 2011

အားနာခြင်း


[By Ye Thurein Min]

ဆင်ခြင်တုံတရား အခြေခံတဲ့ လူ့အဖွဲ့အစည်းမှာ မှားခြင်း/ မှန်ခြင်း၊ ကောင်းခြင်း / ဆိုးခြင်းဟာ ဆင်ခြေ၊ ဒါမှ မဟုတ် ဆင်ခြင်ခြင်းစနစ်ရဲ့ အတွင်းက ပေါ်လာတာ။ ငဖြူ၊ ငမဲ တို့ရဲ့ ဖြစ်ရှိနေခြင်းနဲ့ မဆိုင်ဘူး။ ဒါပေတဲ့ စိတ်လှုပ်ရှားမှု အခြေခံတဲ့ လူ့အဖွဲ့အစည်းမှာ လူရဲ့ ဖြစ်ရှိနေခြင်း၊ အနေအထား၊ စတာတွေနဲ့ ဆိုင်တယ်။
ဒီတော့လည်း မှန်ခြင်း/ မှားခြင်း၊ ...ကောင်းခြင်း/ ဆိုးခြင်းကို ယတိပြတ် အသိအမှတ်ပြုဖို့ တွေး/မေးစရာတွေ ပေါ်လာတတ်တယ်။ ဒီလို ပေါ်လာတဲ့ အခါ လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန် ဆက်ဆံရေး ချောမောစေဖို့ ကြားနေ အနေအထားတစ်ခု ပေါ်လာတယ်။ မြန်မာလို နီးနီးစပ်စပ်ဆိုရရင်တော့ အားနာတယ် ဆိုတာပဲ.။ မှန်တာကို/ မှားတာကို ပြောမထွက် ( အသိအမှတ် မပြုရဲ) တဲ့ အားနာလို့ ဆိုပြီး ဆင်ခြေ ပေးတတ်ကြတယ်။ ဒါပေတဲ့ အားနာတာဟာ ခိုင်လုံတဲ့ ဆင်ခြေ မဟုတ်ဘူး။ စိတ်လှုပ်ရှားမှု(ခံစားချက် တစ်စုံတစ်ခု) အရ ဖော်ထုတ်လိုက်တဲ့ အနေအထားပဲ။ တစ်ဦးတစ်ယောက်ကို ညာယုံတင် မကဘူး၊ ကိုယ့်ကိုယ်ကိုပါ ညာလိုက်တာပဲ။ ဆိုလိုတာက မဟုတ်မှန်း မှားမှန်း သိပေတဲ့.အားနာလို့ ထုတ်မပြောလိုက်ဘူး ဆိုတာက သူ့အမှားကို ကိုယ်က လက်မခံသည့်တိုင် မှန်နေသယောင် ကိုယ်က လက်ခံတာပဲ။ ဒီပြင် သူ့ကို အသိမပေးတဲ့ အတွက် သူ့ကို ဆက်မှားခွင့် ပေးလိုက်တာပဲ။

မြင့်သန်း
ချင်းတွင်း၊ အမှတ် ၅၊ မေလ၊ ၂၀၀၆
See More

No comments:

Post a Comment