ရ
Nyi Min
ရည်းစားထားခြင်းနဲ့ အိမ်ထောက်ဖက်ရွေးချယ်ခြင်း ဆိုတာ ။ အရွယ်ရောက်လာတဲ့ လူတိုင်း တစ်နေ့မဟုတ်
တနေ့ ကြုံလာမှာပါ ။ အရင်ခေတ်ကတော့ ပြောကျပါတယ် ။ သုံးနှစ်သုံးမိုး လေ့လာရတယ်ဆိုတဲ့ စကားတွေ
ဒီဘက်ခေတ်နဲ့တော့ ဖြစ်နိုင်ပါ့မလားလို့ စဉ်းစားစရာပါ ။ တစ်ချို့ကြတော့လည်း သည်လောက် သုံးနှစ်သုံးမိုး
လေ့လာ ခဲ့လည်း ။ ကွဲသွားတဲ့ အိမ်ထောင်တွေ ရှိပါတယ် ။ အရွယ်ရောက်လာတဲ့ လူတိုင်းလို့ ပြောပေမယ့်
အခုခေတ်မှာတော့ ၁၄ နှစ် ၁၅ နှစ်ဆိုရင် အရွယ်ရောက်ပီလို့ ဆိုရမလိုပဲ ။ အခုခေတ် တတ်သူလေးတွေက
ထက်လည်းတက် တတ်လည်းတတ် ပျက်လည်းပျက် ။ ဘယ်အရွယ်ကို လူပျို အပျို ပြောရမှန်းကို မသိ
လောက်အောင်ပါပဲ ။ အချစ်စိတ် မွှန်လာပြီး အိမ်ထောင်ပြုဖို့အထိ ဆုံးဖျက်လိုက်တဲ့ သူတွေ ။ ချုပ်ချယ်မှု
အောက်က ရုန်းထွက်လိုတဲ့ မိန်းကလေးတွေ ဆိုရင် စေ့စပ် လက်ထပ် ကွာရှင်း ပြတ်စဲ အလွန်ကို မြန်ပါတယ်
ဒီနေရာမှာ အလွန်နစ်နာသွားတာကတော့ ။ မိန်းကလေးတွေပါ ။ ဆင်းရဲသည် ဖြစ်စေ ၊ ချမ်းသာသည် ဖြစ်စေ ၊
ပညာတတ်သည် ဖြစ်စေ ၊ ပညာမတတ်သည် ဖြစ်စေ ၊ မိန်းကလေးရော ယောက်ျားလေးပါ ။အိမ်ထောင်ပြုခြင်း
ကိစ္စကို ပြုကြမှာပါ ။ အိမ်ထောင်မပြုဖြစ်တဲ့ အပျိုကြီး လူပျိုကြီး ဖြစ်နေတယ် ဆိုတာက အနည်းစုပါ ။
သူတို့လည်း ရည်းစား ထားဖူးချင် ထားဖူးမှာပါ ။ တစ်ချို့ကျတော့လည်း ရည်းစားမထားဖူးဘဲနဲ့ မိဘတွေက
သင့်လျော်မယ်ဆို စီစဉ်လို့ အိမ်ထောင်ကျတာမျိုးပေါ့ ။ တစ်ချို့ သားသမီးများကို လူကြီးမိဘများက ၀တ္တရား
ရှိလို့ စီစဉ်တဲ့အခါ ။ ကိုယ့်မှာက ရည်းစားရှိနေတော့ “ ဟင့်အင်း ” ဆိုပြီး ခေါင်းခါပြီး မကောင်းလည်းကိုယ်
ကောင်းလည်းကိုယ် ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ ကိုယ့်အိမ်ထောင်ဖက် ကိုယ့်ဟာကိုယ် ရွေးမယ်ဆိုတဲ့ လူငယ်တွေ
အမျိုးသမီးလေးတွေ ။ ဒီခေတ်ထဲမှာ အများကြီးပါ နယ်စပ်ဒေသနဲ့၊ ထိုင်းနိုင်ငံ ၊ မလေးရှား ပြည်ပရောက်မြန်မာ
တွေမှာဆိုရင် အသက် ၁၆ နှစ်နဲ့ အိမ်ထောင်ပြုကြတဲ့ သူတွေ တစ်ပုံကြီးပါ။ အဲ သည်လိုမျိုး ကိုယ့်ဆုံး
ဖြတ်ချက်နဲ့ ကိုယ်ရွေးချယ်မယ်ဆိုရင်တော့ ။ အလေးအနက် စဉ်းစားပြီးမှ ဆုံးဖြတ်သင့်ပါတယ် ။ အထူး
သဖြင့် မိန်းကလေးတွေ ပိုပြီး စဉ်းစားရမယ် ။ ယောက်ျားလေးတွေဟာ မိန်းကလေးတွေရဲ့ မာယာတွေကို
တစ်ချို့ ကောင်းကောင်းနားလည်ထားတဲ့ သူတွေရှိပါတယ် ။ ယောက်ျားလေးတွေရဲ့ မာယာကိုတော့ မိန်းက
လေးတွေ ၊ အကုန်မသိကြဘူး ။ ဘာကြောင့်လည်းဆိုတော့ သနားကြင်နာတတ်တဲ့နေရာမှာ မိန်းကလေး
တွေဟာ ယောက်ျားလေးတွေထက် ပိုနေလို့ပါပဲ နူးညံ့တဲ့ နှလုံးသားတွေ လူတိုင်းမှာ ရှိကြပေမယ့်
မိန်းကလေးထက် မပိုကြလို့ ခလုပ်လေးတိုက်မိတာတောင် အမေလို့ တကြတာ များပါတယ် ။ အိမ်ထောင်
ပြုကြတဲ့ အချိန်မှာလည်း ။ မိန်းကလေးတွေရဲ့ မာယာကိုသိပါတယ်ဆိုတဲ့ ယောက်ျားလေးတွေဟာ ။ မာယာ
ကိုဘဲ သိကြတယ် ။ ကိုယ့်မိန်းမရဲ့ အတွင်းစိတ် ကိုယ်ထူထောင်ထားတဲ့ အိမ်ထောင်တစ်ခုရဲ့ အတွင်းကျကျ
လေ့လာမှုတွေကို ယောက်ျားလေးတော်တော်များများဟာ မလေ့လာတတ်ကြဘူး ။ ငွေရှာရင် ပြီးရောဆိုတဲ့
အသိတစ်ခုထဲနဲ့ အိမ်ထောင်တစ်ခုဟာ အဆင်မပြေကြပါဘူး ။ မိန်းမတွေဟာ အသားအရည် နူညံ့သလို
အိမ်ထောင်ပြုပြီးချိန်မှာ ။ နားလည်မှုလည်း နက်ရှိုင်းလာတယ် ဒီလိုနက်ရိုင်းလာတဲ့ အတွေးတွေ ရှိလာတဲ့အခါ
ကောင်းခြင်းဆိုးခြင်းတွေကို ရင်ဆိုင်ရတော့မယ် ။ အကျိုးတရားတွေကို အချစ်စိတ် တစ်ခုထဲနဲ့ ဆုံးဖြတ်မိလို့
မကောင်းလည်း ကိုယ်ပါပဲ ။ မိန်းကလေးတွေ ယောက်ျားလေးအပေါ် အားကိုးတာ အိမ်ထောင်ကျမှ မဟုတ်
ပါဘူး ။ ချစ်သူဘ၀ထဲက အားကိုးခဲ့ကြတာ အားကိုးချင်လာအောင် ပြောတတ်တာလည်း ယောက်ျားလေး
တွေပါ ။ ချို့မိဘ တင့်တောင့် တင့်တယ် စိတ်ချမ်းသာအောင်ထားသလို ကျွန်တော် ကြိုးစားနေပါတယ် ။ ဆိုတဲ့
စကားလုံးလေးဟာ မိန်းကလေးတွေရဲ့ ဦးနှောက်နဲ့ မျက်လုံးတွေကို ကန်းသွားအောင် စိုးမိုးနိုင်တဲ့ စကားလုံး
လေးပါ ။ လက်တွေ့ အိမ်ထောင်ပြုလိုက်တဲ့အခါကြတော့ ချစ်သူ မိဘက ထားတဲ့ အဆင့်မျိုး မနိမ့်ရအောင်
ကျွန်တော်ပါ ချစ်တို့ တိုက်ပေါ် လိုက်နေပေးပါ့မယ်” ဆိုတဲ့ စကားလုံးလေးတွေ ပြောင်းသွားတတ်ပါတယ် ။
ဒီခေတ်မှာလည်း အဲ လိုလူမျိုးတွေ များနေပါတယ် ။ မိန်းကလေးတစ်ယောက်အနေနဲ့ အိမ်ထောင်ဖက်
ရွေးချယ်တဲ့ အခါမှာ ။ လင့်ဝတ်တရား ငါးပါးနဲ့ ပြည့်စုံတဲ့ လူကို လိုက်ရှာမယ်ဆိုရင် ထမင်းထုပ် သိုးသွား
မှာပါ တွေ့တော့ တွေ့မယ် ( ရှားတယ် ) ။ အခုခေတ် ချစ်သူနှစ်ဦး ချိန်းတွေ့ကြလို့ လင့်ဝတ်တရား ငါးပါး
ဆိုတာ ဘာတွေလည်းလို့ မေးကြည့်လိုက်ပါ ။ သိတဲ့ သူမှ သိမယ် ၊ ဖြေနိုင်ရင် လိုက်နာဖို့ သိတဲ့လူမှ ရှိမယ်
၁ ။ မိမိ မယားအား မထီမဲ့မြင် နိုင်လိုမင်းထက် မပြောဆိုခြင်း ။
၂ ။ မိမိ ရှာဖွေ ရသမျှ ပစ္စည်း ဥစ္စာတို့ကို အကုန်ပေးအပ်ခြင်း ။
၃ ။ အခြားသော မိန်းမတို့ကို မကျူးလွန် မဖောက်ပြားခြင်း ။
၎ ။ အ၀တ်အစား အဆောင်အယောင်တို့ကို ပေး၍ မြှောက်စားခြင်း ။
၅ ။ ချစ်ခင်မြတ်နိုးသော စိတ်ဖြင့် ကြင်နာယုယခြင်း ။
ကဲဗျာ . . . သေချာလေးဖတ်ပြီး သေချာလေးတွေးကြည့်ရအောင် ။ ကျွန်တော် မြင်တာကို ပြောပြမယ်နော် ။
၁ ။ မိမိ မယားအပေါ် ၈ လ အကြာမှာ လေသံနဲနဲ မာလာခြင်း ။
၂ ။ မိမိ မယားအပေါ် ၈ လ အကြာမှာ လူပျိုတုန်းကလို သုံးချင်လာ၍ တိုတတ် လျှိုတတ်လာခြင်း ။
၃ ။ မိမိ မယားအပေါ် ၈ လ အကြာမှာ လေသံမာလာပေမယ့် အခြားသော မိန်းကလေးများနှင့်
စကားပြောတဲ့အခါ ချိုသာစွာပြောဆို၍ ကိုယ်အင်္ဂါ ငါးပါးမှ အညှောင့်လေးတွေ ထွက်လာတတ်ခြင်း ။
၎ ။ အိမ်ထောင်ပြုကာစ အတူယှဉ်တွဲလျောက်ကြပေမယ့် ၈လ အကြာမှာ အ၀တ်အစား သန့်သန့်ပြန့်ပြန့်
ဝတ်စားပြီးလျှင် တစ်ယောက်ထဲ အပြင်ကို ထွက်တတ်လာခြင်း ။
၅ ။ ညားကာစ ဖလန်းဖလန်း ထကြပေမယ့် ၈ လ အကြာမှာ ပူသလိုလို အိုက်သလိုလို ခက်ခွာခွာ
နေထိုင်တတ်လာခြင်း ။
ကဲ . . . ဒါကတော့ ရေးကြည့်တာပါ ကျွန်တော်ရေးတာ မှန်ချင်မှလည်း မှန်မှာပါ :):D :p ။
ဒါပေမယ့် အဲဒီ လင့်ဝတ်တရား ငါးပါးကို အိမ်ထောင်မပြုခင်မှာ ကိုယ့်အိမ်ထောင်ဖက်ကို သေချာမလေ့လာ
ခဲ့လို့ အခုခေတ် မိန်းကလေးတွေ ။ မယားဝတ်တရား ငါးပါးနဲ့ လင့်ဝတ်တရား ငါးပါး ။ ပေါင်း ဆယ်ပါးစလုံး
မိန်းကလေးတွေ ထမ်းဆောင်နေရတာကို တွေ့နေရပါတယ် ။ အရင်ခေတ်ကပြောတာကတော့ ထဘီနား ခိုစား
အခုခေတ်ကတော့ ထဘီတွေ သိတ်မ၀တ်ကြတော့ စတပ်အနား .. အဲ . . စကပ်အနား ခိုစား ဘောင်းဘီနား
ခိုစားဖြစ်နေတာတွေကို တွေ့ရတယ် ဒီလိုလူမျိုးတွေကို အားမကိုးမိဖို့ သေချာလေ့လာစေချင်တယ် ။
မိန်းကလေး ဆိုတာက အရှက်နဲ့ လူလုပ်ကြပါတယ် ။မိန်းကလေးတစ်ယောက် အစော်ကား ခံရလို့သေကြောင်း
ကြံစည်သွားတယ် ။ နာမည်ပျက်သွားလို့ သေကြောင်းကြံစည် သွားတယ် ။ ဒါမျိုးတွေကို မိန်းကလေး တော်
တော် များများ ပြုမူမိ ကြံစည်မိကြမှာပါ ။ သေနေ့မစေ့သေးလို့ မသေတာပဲ ရှိမှာပါ ။ ယောက်ျားလေးကြတော့
အသက်နဲ့ လူလုပ်ပါတယ် ။ အရှက်မရှိဘူးတော့ မဟုတ်ပါဘူး ရှက်တတ်ပါတယ် ၊ အရမ်းလည်း ရှက်တတ်
ကြပါတယ် ၊ အရှက်မရှိ မျက်နှာပြောင်နဲ့ စာဆက်ရေးနေတာဆိုလို့ စတပ်တစ်ယောက်ပဲ ရှိတာပါ ။ ဘာကြောင့်
ယောက်ျား လေးက အရှက်တရားနည်းလည်းလို့ ပြောရရင် ။ လမ်းစုံက အုတ်ခုံတစ်ခုမှာ လူငယ်တစ်ခု ထိုင်နေ
ကြတယ် သူတို့အရှေ့က ဖြတ်လျောက်သွားတဲ့ မိန်းကလေးတစ်ယောက်ကို မထိတထိစကားနဲ့ ပြောဆိုတတ်
ကြတယ် ။ တစ်ချို့ဆိုရင် ရိုင်းစိုင်းတဲ့ စကားတွေပါ ပြောတတ်ကြတယ် ။ တစ်ခါတစ်ခါ ကောင်မလေးတွေ
အိမ်ရှေ့ရောက်ရင် လမ်းပေါ်ကနေ အော်သွားတတ်ကြတယ် ။ ဒီလိုအပြုအမူမျိုးကို မိန်းကလေးတွေ လုပ်ဖူး
ပါသလား လမ်းပေါ်ကနေ အော်ဖူးပါသလား တွေးကြည့်ပါ ညီငယ် ညီမငယ်တို့ ။ နောက်တစ်ခု ယောက်ျား
လေး တွေကသနားအောင်လည်း အရမ်းကို ပြောတတ်ကြတယ် ။ မရှိတာကို ဂုဏ်တစ်ခု ပွင့်လင်းမှု တစ်ခု
ထင်တတ်ကြတယ် ။ကျွန်တော်က မျက်နှာမွဲမို့ မရဲတရဲနဲ့ မျှော်လင့်နေပါတယ် ” ဒီလိုစလာတာဗျ ။ မိန်းကလေး
တွေကလည်း ပွင့်လင်းမှုကိုပဲ ချစ်မိတာလား မွဲတာကိုပဲ ချစ်နေတာလား ။ ကျွန်တော် အသေအချာ မတွေး
တတ်ပေမယ့် သေချာတာ တစ်ခုကတော့ သနားရင်းနဲ့ ချစ်မိသွားတာပဲ ။ နူးညံ့တဲ့ စိတ်ထားနဲ့ အရမ်းသနား
တတ်တဲ့ မေတ္တာတရားကြောင့် မျက်လုံးတွေကန်းပြီး မွဲမွဲလေးကို ပြန်ချစ်တတ်ကြတယ် ။ သနားစိတ်နဲ့ မေတ္တာ
တွေပိုပြီး အိမ်ထောင်တွေ ပြုလိုက်ကြတာ ။ မကောင်းလည်းကိုယ် ကောင်းလည်းကိုယ် ခါးစည်းခံရတဲ့ ဘ၀ကို
ရောက်ကြရတာပေါ့ ။ အဲဒီလို အသနားခံလို့မှ မရင် အသဲခွဲဘုရင်မကြီး အသည်းစား ဘုရင်မကြီး ဆိုပြီး
အော်တတ် ပြောတတ် ရေးတတ်ကြတယ် ။ တစ်ချို့ ကဗျာ ဆရာလေးတွေကလည်း သီကုံးပြီး အလွမ်းနဲ့တဖန်
သနားအောင် ရေးတတ်ကြပြန်တယ် ။ “ “ “ မျက်ရည်မိုးတွေနဲ့ ကြေကွဲခြင်းအခန်းငယ်ရဲ့ အတွင်းမှာ စိန်စီ
ပတ္တမြားရံတဲ့ ခုနှစ်ဆောင် နန်းဆောင်ပေါ်ကနေ တစ်ခါလောက် မျက်တောင် တစ်ခတ်စာလေး လှမ်းကြည့်
တယ် ဆိုရုံ ကြည့်လိုက်စမ်းပါ ချို့ကို ချစ်တဲ့အတွက် ချစ်သူပေးတဲ့ အမုန်းကျိန်စာကြောင့် သက်ရှိကျောက်
ရုပ်လို ဖြစ်နေတဲ့ ကိုယ့်ကို ချို တွေ့ရပါလိမ့်မယ် ၊ ရှိုက်သံတွေဟာ ကိုယ့်သောက အခန်းငယ်ရဲ့ ထာဝရ
တေးသံလို ဖြစ်နေပါပြီကော ချိုရယ် ကိုယ့်မှာ အိပ်ချိန်ဆိုတာ ၊ မရှိတော့ဘူးလေ မင်းရဲ့ ရက်စက်မှုက
ချေဖျက်ထားတယ် မဟုတ်လား ၊ ကိုယ့်ရဲ့ အိပ်စက်ချင်းတွေ ကြေမွခဲ့ပါပြီကွာ ” ” ” ။ ဒီလိုလာတာဗျ :) ။
ပြီးရင် ကောင်မလေး သနားအောင် သူမြင်လောက်တဲ့ နေရာကနေ နာတာရှည် လူမမာ အားပျက်ပြီး
လမ်းလျောက်လာသလိုမျိုး ကိုယ်ထင်ပြတတ်ကြသေးတယ် ။ သေချာတွေးကြည့်ရင် ကျွန်တော်တို့
ယောက်ျားလေးတစ်ချို့က ရိုက်ပေါက်တွေပဲဗျ ။ ဒီတော့ အလွမ်းနဲ့ တစ်မျိုး သနားခြင်းနှင့်တဖန် ရိုးသား
ဖြင်နှင့်တစ်ဖုံ ။ သတ္တိရှိခြင်းနှင့် တစ်သွယ် ဘယ်လိုပင် ကြုံရ စုံရပါစေ သူငယ်ချင်းတို့ နဲ့ သူရေ ။ သတိထား
ပြီး အိမ်ထောင်ဖက် ရွေးတဲ့နေရာမှာ လွယ်လွယ်နဲ့ မသနားမိစေနဲ့ ပေါ့ပေါ့လေး မဆုံးဖျက်မိကြပါစေနဲ့
ဆုံးဖျက်ပြီးပြီဆိုရင်တော့ တစ်ယောက်ကနေ နှစ်ယောက် နှစ်ယောက်ကနေ သုံးယောက် မဖြစ်ချင်ကြတဲ့
သူငယ်ချင်းတွေ အားလုံး ။ မကောင်းလည်းကိုယ်ခံ ကောင်းလည်းကိုယ်စံ မဖြစ်ရဖို့အရေး သတိလေး
ပေးလိုက်ပါရစေဗျာ ။

No comments:
Post a Comment