ဦးပိုင် (UMEHL)/, မစက (MEC ) တို့အကြောင်း မြန်မာပြည်သူတွေ လေ့လာနိုင်စေဖို့ ...
ဒီစစ်တမ်းတွေက အဖြေပေးနေပါလိမ့်မယ်။
စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ကြွယ်ဝမှုဟာ ပြည်တွင်းစစ်ကြောင့်မဟုတ်သလို့၊ အမျိုးသားလုံး ကြွယ်ဝရမယ့် အမျိုးသားရေး အကျိုးစီးပွားကာကွယ်ရေးလည်း မဟုတ်ပါဘူး။ စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင် ကြွယ်ဝမှုဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို စိန်ခေါ်နေတဲ့ ကျောရိုးတစ်ခုပါ။
Wednesday, February 14, 2018
အကြီးလေး နဲ့ အငယ်လေး အကြီးမနဲ့ အငယ်မ ရန်ဖြစ်ကြသော်
✌️ကလေး အငယ်လေး မိသားစုထဲ ရောက်ရှိလာတဲ့အခါ သားကြီး၊ သမီးကြီးက ဘယ်လောက်ငယ်ငယ် အကြီးဖြစ်သွားပါသည်။ သူတို့က အငယ်ကို ဘယ်လောက်လက်ခံ ကြိုဆိုသည် ဖြစ်စေ မသိစိတ်မှာ မကျေနပ်စိတ်၊ မိဘက သူတို့အပေါ် အချစ်လျော့သွားမလား စိုးရိမ်စိတ် ရှိတတ်ပါသည်။
✌️ အငယ်လေးက အကြီးနဲ့ အတူဆော့နိုင်တဲ့ အရွယ်မှာတော့ ရန်စဖြစ်ပါပြီ။ ကလေး အကြီးနှင့် အငယ်က
၁/ မနာလိုစိတ်
၂/ အနိုင်ယူလိုစိတ်
၃/ မတရားဘူး ထင်တဲ့အခါ
၎/ မိဘအာရုံ စိုက်မှု ပိုလိုချင်တဲ့အခါ ရန်ဖြစ်ကြသည်။
ကျနော်နဲ့ ဂစ်တာတီးတဲ့မိုးကျော်......(RC 2 1979-80) M8
သူငယ်ချင်းမိုးကျော်အကြောင်းပြန်တွေးမိရင်း ၂ဝ၁၈ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ဟာ သူကွယ်လွန်ခဲ့တာ ၃၄ နှစ်မြောက်တဲ့နေ့ပါ။
တချိန်က ခိုင်မိုးပြည့် ဆိုပြီးသူငယ်ချင်း၃ ယောက် တေးမြုံငှက်နဲ့ ဂီတလောကကိုစတင်ထိုးဖေါက်ခဲ့ကြတဲ့ ခိုင်ထူး၊ မိုးကျော်၊ ရာပြည့်...
ကျနော်နဲ့ ခိုင်ထူးက လုံးဝမဆုံဖူးခဲ့ပါ၊ မိုးကျော်နဲ့ ဘိုတင့်တို့ကတော့ ရင်းရင်းနှီးနှီးတွဲဖြစ် ကဲဖြစ်ခဲ့ကြတာပါ။
ကျနော် ဆယ်တန်းအောင်ပြီး ဒေသကောလိပ်မတက်ခင် အိမ်နီးချင်းသူငယ်ချင်း ကိုကျော်ဇော(ကွယ်လွန်) တို့ ညီအကိုတွေနဲ့ ညဘက်တွေမှာ သမိုင်းဝင်းထဲက မိန်းကလေးအဆောင်တွေရှေ့သီချင်းသွားဆိုကြတာ လိုက်လိုက်သွားတဲ့ အဆောင်ညတွေ ၁၉၇၉ ခုနှစ်။