Wednesday, January 17, 2018

"ကလေးဝါသနာ..သေချာရဲ့လား..?"

ကလေးတွေရဲ့ဝါသနာနဲ့ပတ်သက်ပြီး ကိုယ့်အတွေ့အကြုံ ကလေးပြုစုပျိုးထောင်ခြင်းဗဟုသုတတွေကိုဝေမျှချင်တယ်..။

မိဘတွေက တတ်နိုင်ရင်တတ်နိုင်သလိုကိုယ့်သားသမီးကို英才教育Special Educationနည်းနဲ့ပြုစုပျိုးထောင်ကြရာမှာ ကျောင်းပညာရေးအပြင်အခြား အားကစား၊အနုပညာ၊ဂီတစတာတွေကိုသင်ယူစေကြတယ်..။
ဂျပန်မှာမွေးတဲ့ကိုယ့်သားလည်း သင်တန်းတွေတက်ဖူးသပေါ့..။
ရေကူးသင်တန်း၊ပီယာနိုသင်တန်း၊အင်္ဂလိပ်စကားပြောသင်တန်းစသည်..။
ဒီနေရာမှာတစ်ခုသတိထားရမှာကသားသမီးကဘာကိုဝါသနာပါသလဲဆိုတာပါပဲ..။သင်တန်းတက်ခိုင်းရတယ်ဆိုတာလွယ်ပါတယ်..။အချိန်တန်ပို့ပေး သင်တန်းကြေးပေးရုံလေး..။

သမင်မွေး ပညာရေး


၂၀၁၀ ပြည့်နှစ်က Amy Chau ဆိုသူ ယေးလ်တက္ကသိုလ် ပါမောက္ခက “Battle Hymn of the Tiger Mother” ဆိုတဲ့ စာအုပ်ထုတ်လိုက်ပါတယ်။

ဒီစာအုပ်မှာ အေမီက ဘာကြောင့် တရုတ်မေမေတွေ ဖျတ်ဖျတ်ခါ၊ သဲသဲလှုပ် သူတို့သားသမီးတွေ အတွက် ပညာရေးမှာ အကဲပိုနေကြရသလဲဆိုတာ ရေးထားတယ်။

မိဘတိုင်း ကိုယ့်သားသမီးကို အကောင်းဆုံး၊ အတော်ဆုံးတွေ ဖြစ်စေချင်ကြတာပဲ။ ဒါပေမဲ့ တရုတ်မေမေ တွေကတော့ သူများတွေထက်ပိုတယ်။ အေမီရဲ့ ရေးသားချက်တွေက အရမ်းပေါက်သွားပြီး ကမ္ဘာကျော်သွား တယ်။ ဝေဖန်တာတွေလည်း အများကြီးပေါ့။ ဒီလောက်ဖြစ်စရာ လိုသလားလို့ ပြောသူတွေရှိသလို၊ တရုတ်တွေကို အားကျပြီး လိုက်လုပ်တဲ့ သူတွေလည်းရှိတယ်။

ကျောက်မီးသွေးသုံးမှာကို..ဘာကြောင့်ကန့်ကွက်နေတာလဲ..

ကျွန် မခံစေခြင်လို....
      ကျောက်မီးသွေးကိုသုံးပြီးလျှပ်ဓါတ်အားထုတ်မှာကိုပုဂ္ဂိုလ်တစ်ချို့က မကြိုက်ဘူး။
ဒီတော့ကျောက်မီးသွေးမကောင်းကြောင်းကိုတွင်တွင်ပြောပြီးရိုးသာတဲ့
ပြည်သူတွေကိုစည်းရုံးတယ်၊နောက်တော့၊ကျောက်မီးသွေးဓါတ်အားပေးစက်ရုံတွေမဆောက်ဖြစ်အောင်အစီအစဉ်ချကန့်ကွက်လာအောင်လုပ်
ပေးတယ်။
ဒါကိုနက်နက်နဲနဲအတွင်းကျကျမသိပဲကျောက်မီးသွေးစက်ရုံတွေ
မဆောက်ဖို့ကိုကန်ကွက်နေတာလောက်ပဲသိနေတဲ့အပေါင်းအသင်းတွေကကျွန်တော်ကိုမေးလာတယ်၊သူများတွေကကန့်ကွက်နေတာကို
အန်ကယ်ကကျောက်မီးသွေးကိုသုံးပြီးလျှပ်စစ်ဓါတ်အားထုတ်ပါဆိုတာမျိုးတွေရေနေ၊ပြောနေတာဘာဖြစ်လို့လဲတဲ့။