Sunday, May 28, 2017

အဖ-သိစေအပ်ပါတယ်

(၄၇) ဆီက
ကျဆုံးခဲ့ရ
ကြီးမြတ်နေသော အဖရေ။

ပုံတူကူးကာ
အာဇာနည်ကုန်း
စုရုံးဖျက်ဆီး
ရင်ပြင်နီကြီး ဖြစ်ခဲ့ပြီ။

အဖရုပ်သွင်
မြင်သူသိစေ
ပိုက်ဆံတွေလည်း
ခြေဖျက်ဖြဲဆုတ်
အရုပ်လို သဘောထားခဲ့ပြီ။

အဖ မိန့်ခွန်း
တစွန်းတစ
လိုက ဆွဲသုံး
မလို လုံးပြစ်
ညစ်ပတ်ခဲ့ကြ ကြာလှပြီ။

အဖရင်သွေး
လမ်းဆွေးကိုပြောင်း
ခေတ်ကောင်းတက်ဘို့
ကြိုးစားလို့နေ
သူတို့တွေ ဖျက်ဆီးနေနကြပြီ။

သွားလေသူ့ဂုဏ်
စုပုံချောင်ထိုး
အဆိုးကျင့်သူ
အမျိုးမမြှင့်သူ
အရိုးရင့်ရင့် အောင်လံထူနေပေါ့ ... ...။

(ကျွန်တော်တို့တော့လေ ... ...)
သမိုင်းပေးပေး
မပေးပေး
လေးတဲ့ ၀န်ထမ်း
တာဝန်ကြမ်းများ
လမ်းမမှာအောင် လျှောက်နေတယ်။

အဖ-သိစေအပ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် သွားလေသူ ဗိုလ်ချုပ်သို့ တိုင်တည်ခြင်း
ရဲထိန်(၂၆/၅/၉၀)


Source By: http://nyeinsuu.blogspot.com
 

1 comment:

  1. Mega Sic Bo is the primary game in Pragmatic Play's reside providing that includes random "Mega Multipliers", thus 카지노 guaranteeing large win possibilities and an engaging gameplay. Introducing a brand-new extremely anticipated Live Casino game present with revolutionary mechanics the place players can wager on the numbers or the bonus squares that may land from two rolled dice. Our multi-award winning slots portfolio contains unique in-house content material consisting of over 250 video games, available plenty of} currencies, 33 languages and all main licensed markets.

    ReplyDelete