Friday, February 3, 2017

အငယ်ကောင်ကို မတောင်းပန်တော့ဘူး

Aungzaw Win

အသိ၊ သတိကောင်းတွေရှိတဲ့ နေ့တစ်နေ့ မှာ ရှေးဟောင်းနှောင်းဖြစ်တွေ
တွေးမိတယ်။
တွေးရင်း နဲ့ အငယ်ကောင် ကို သတိတရဖြစ်မိတယ်။
အဲ့ဒီကျမှ သူ့ ကို တောင်းပန်ခြင်လာတယ်။
ဒါပေမဲ့ သေသေခြာခြာ စဉ်းစားလိုက်တော့ မတောင်းပန်ခြင်တော့ဘူး။
ကိုယ်က အငယ်ကောင် ဆိုတဲ့ ခွေးကို မွေးထားတဲ့ ပိုင်ရှင်ဖြစ်လို့ မဟုတ်ဘူး။
ကိုယ့်ကျေးဇူး၊သူ့ ကျေးဇူးဆိုတဲ့ ပိုင်းဖြတ်စရာကြောင့်လည်းမဟုတ်ဘူး။

စင်ကာပူကို ကျော်ချင်ရင်

စင်ကာပူကို နောက် နှစ် ၂၀ မှာ ကျော်ဖို့ဆိုတော့ စင်ကာပူလို စည်းကမ်းရှိဖို့၊ ဥပဒေလိုက်နာဖို့တော့ လိုမယ် ထင်တယ်ဗျ။ လုပ်ချင်တိုင်း မလုပ်ရလို့၊ ဖြစ်ချင် တာတွေ မဖြစ်ရလို့ အားအားရှိ အစိုးရကို ဆန္ဒပြနေတာနဲ့တော့ ကျော်ဟိန်းပြော သလို “ဆယ်နှစ်” “ဆယ်နှစ်” ဆိုပြီး လက်ငါးခါထောင်၊ ငါးခါလောက်အော်၊ ငါးနဲ့မြှောက်တာ တောင် ရောက်လာမယ်မထင်ပါဘူး။
စင်ကာပူနိုင်ငံရဲ့ ထူးဆန်းတဲ့ ဥပဒေတွေကို အွန်လိုင်းမှာ ဖတ်မိတယ်။ စင်ကာပူကို Fine City လို့ ခေါ်ကြောင်း သိရတယ်။ မဟုတ်တာလုပ်လို့ကတော့ အနည်းဆုံး ဒဏ်ငွေချတာပဲလို့ ဆိုပါတယ်။
တရားဥပဒေစိုးမိုးရေး၊ ပြည်သူတွေ စည်းကမ်းလိုက်နာရေးကို အဓိကထားလွန်းတာကြောင့် သူတို့နိုင်ငံမှာ ဘာလုပ်လုပ် အဆင်ချောနေတာပဲလို့တောင် ပြောပါတယ်။ အစိုးရက ပြည်သူတွေအတွက် အလုပ်ကောင်း ကောင်းလုပ်တယ်။ ပြည်သူတွေကလည်း စည်းကမ်းသာ မဖောက်နဲ့ “ဘာမှ မလုပ်ရင်၊ ဘာမှ မဖြစ်ဘူး” ဆိုတဲ့ သဘောနဲ့ နေထိုင်နိုင်ကြတယ်။

ကျားမာယာ

Thanlay Ko

"ကိုကို... အီတလီ​ဘောပွဲ​တွေ အမြဲကြည့်​​နေတာ အီတလီစကား နားလည်​လို့လား"
"နားလည်​တာ​ပေါ့"
"အာ့ဆို နည်းနည်း​လောက်​ ​ပြောပြ"
"Totti messi ancilotti maldini (​​​တော့်တီ မက်​ဆီ အန်​စီ​လော့တီ မာဒိနီ)"
"အာ့ မြန်​မာလိုကျ​တော့ ဘာတဲ့လဲ"
"​ခေးကို ကိုကို့ရင်​ထဲက အမြဲ သတိရတမ်းတ​နေတာပါ လို့ ​ပြောတာ"

သားသမီးသုံးမျိုး

ဓမ္မရတနာ

အကြွေးဆပ်လာတဲ့သားသမီးနဲ့
အကြွေးတောင်းလာတဲ့သားသမီးဆိုပြီး နှစ်မျိုးရှိပါတယ်...။
အကြွေးဆပ်လာတဲ့သားသမီးကတော့..သူတတ်တဲ့ပညာတွေနဲ့မိဘတွေကိုပညာတတ်ရင်လည်းပညာနဲ့ ပညာမတတ်ရင်လည်းခွန်အားနဲ့လုပ်ကြွေးပြုစုမယ့်သားသမီးမျိုးပေါ့...။
အကြွေးတောင်းလာတဲ့သားသမီးကတော့...မိဘစိတ်ဆင်းရဲ
အောင်လုပ်မယ်၊မိဘကို ဂျီတိုက်မယ်..။မသေခင်အမွေတောင်းမယ် စတဲ့ စိတ်ဆင်းရအောင်လုပ် သက် သက်မျိုး၊အရှက်ပေးမယ် အန္တရယ်ပေးမယ့်သားသမီးမျိုးပေါ့....။

သူလိုမင်းသမီး

Image may contain: 1 person, smiling, closeup

အမေရိကန် ရုပ်ရှင်မင်းသမီးတွေထဲမှာ ကျွန်တော် သဘောကျတဲ့ ရုပ်ရှင် မင်းသမီးတစ်ယောက်ရှိတယ်။ သရုပ်ဆောင် ကောင်းသလို၊ သူ့ဘဝကလည်း ကြမ်းတမ်းပြီး တကယ်အားကျဖို့ကောင်းပါတယ်။
သူ့ကို လက်မထပ်ဘဲ မိခင်ဖြစ်သူက မွေးခဲ့ရတယ်။ မွေးပြီး ရက်ပိုင်းလောက်မှာပဲ သူ့ဖခင်က မိခင်ဖြစ်သူကို ထားသွားခဲ့တယ်။ မိဘတွေကွဲသွားတော့ သူ့ကို ဖွားအေဖြစ်သူနဲ့ ထားခဲ့တယ်။ ဖွားအေကလည်း ရက်စက် လိုက်တာ။ သေအောင်ခိုင်းတယ်။ မလုပ်ရင် ကြိမ်စာကျွေးတယ်။ ဖွားအေက ဆင်းရဲတော့ သူ့ကို အဝတ်အစား မချုပ်ပေးနိုင်ဘူး။

အင်္ဂလိပ် သင်ခန်းစာ ၁၀၀


Htar Htar Kein to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

..............................
Level(2) Lesson (35)
.................................
Rebecca: ကြည့်ရတာ စားသောက်ဆိုင် က ကောင်းပုံရတယ်။
This looks like a nice restaurant.
.
Scott: အင်း၊ ကောင်းတယ်။ အမြဲတမ်းလာဖြစ်တယ်။
Yeah, it is. I come here all the time.
.
Rebecca: အဲဒီမှာ ထိုင်ရအောင်။
Let's sit over there.

သေခါနီး ဝေဒနာအားရှု့မှတ်နည်း

ဓမ္မရေချမ်းစင်

တရားအားထုတ်နေဆဲ ဓမ္မမိတ်ဆွေများ သာမက၊ တရားအားမထုတ်ဖြစ်သေးသော
ဗုဒ္ဓဘာသာဝင် များပါ သိသင့်သော မေးခွန်းလေး ဖြစ်သည့်အတွက်-
ဓမ္မာနန္ဒဝိဟာရကျောင်း တရားစခန်းတစ်ခု မှ ယောကီ(ဒေါ်ခိုင်ခိုင်)က
သူသိချင်သော မေးခွန်းကို တရားပြသူအား မေးမြန်းခြင်းဖြင့် -
(ခိဓမ္မာနန္ဒဝိဟာရကျောင်းဘိညာ သဒ္ဓမ္မရံသီရိပ်သာ ပဓါနနာယက, ကမ္မဋ္ဌာနာစရိယ
ဆရာတော် ဦးဥက္ကံသ) ဖြေကြားထားသော အဖြေကို ကုသိုလ်ပြုပါသည်။

"ငယ်​​ကြောက်​"

အ​ရှေ့​တောင်​အာရှ ပြိုင်​ပွဲတစ်​ခုအတွက်​ မြန်​မာ​ဘောလုံးအသင်းကို စခန်းသွင်း ​လေ့ကျင့်​​ပေး​နေပါတယ်​။
အချိန်​ကား ညဥ့် ၁၁ နာရီခန့်​ ရှိပြီဖြစ်​​သော်​လည်း မြန်​မာ​ဘောလုံးသင်း အိပ်​​ဆောင်​တစ်​ခုလုံး တစ်​​ယောက်​မှ မအိပ်​ကြ​သေးဘဲ၊ ဂစ်​တာတီးသူကတီး၊ ချက်​ထိုးသူကထိုး၊ စကားဝိုင်းဖွဲ့သူကဖွဲ့၊ ဖုန်း​ပြောသူက​ပြောနဲ့ အ​တော်​ကြီးကို ဆူညံလို့ ​နေပါတယ်​။
သည်းမခံနိုင်​တဲ့အဆုံး အသင်း​ခေါင်း​ဆောင်​က သူ့အသင်းသား​တွေကို ထ​ငေါက်​တယ်​... ...
"ဟိတ်​​ကောင်​​တွေ မနက်​အ​စောထပြီး ​လေ့ကျင့်​​ရေး ဆင်းရမှာ၊ ပါးစပ်​​ပေါက်​​တွေပိတ်​ပြီး ခု အိပ်​ကြ​တော့"
ဘယ်​သူမှ​တောင်​ သူ့ လှည့်​မကြည့်​ဘူး၊ ဆူမြဲဆူလျှက်​ပဲ။
ဒါနဲ့ တမျိုး​ပြောင်းပြီး ​ခြောက်​ကြည့်​တယ်​... ...
"​အေး မအိပ်​ရင်​​နေဗျာ၊ ဟိုမှာ နည်းပြကြီး လာ​နေပြီ"
တစ်​​ယောက်​လားပဲ ​ခေါင်း​ထောင်​ကြည့်​တယ်​၊ ကျန်​တဲ့လူ​တွေက​တော့ ​သောင်းကျန်းမြဲပဲ။

နုပျိုစေတဲ့ တက္ကသိုလ်

တက္ကသိုလ်ဆိုတာ အပေါက်တစ်ပေါက်တည်း ဖွင့်ပေးထားပြီး၊ ဆရာတွေက ဂိတ်စောင့်၊ အဲဒီအပေါက်ကဝင်ဖို့ မှတ်ပုံတင် သို့မဟုတ် သက်သေခံ အထောက်အထားတစ်ခုပြ၊ စာအုပ်ထဲ အမည်ရေး၊ သွားမယ့်နေရာ ရေး၊ ဝင်ချိန် လက်မှတ်ထိုး၊ ထွက်ခွာချိန် လက်မှတ်ထိုး … ဟိုး … ဟိုး … အဲဒီအချိန်ကတည်းက
“Farewell to University”
မနေ့က မြန်မာစာအဖွဲ့ ၇၅ နှစ်မြောက် စာတမ်းဖတ်ပွဲသွားတယ်။ ရန်ကုန်တက္ကသိုလ်ဆိုတဲ့ နေရာကို ပြန်ရောက်ဖို့ ကားလမ်းပိတ်၊ အဆင့်ဆင့် ပြောင်းစီး၊ ခြေလျှင်လျှောက် ကြာချိန် စုစုပေါင်း သာကေတမှ
၁ နာရီ ၁၅ မိနစ်တိတိ
အလို ရန်ကုန်တက္ကသိုလ်ဆိုတာ ပတ်လည်မှာ ဂိတ်တံခါးတွေဖွင့်၊ ကျောင်းသား ကျောင်းသူ နုပျိုသူတွေရဲ့ ချိုလွင်တဲ့ ရယ်မောသံတွေ၊ ကြည်နူးပျော်ရွှင်တဲ့ အော်ဟစ်သံတွေ ပြန် လည် ဝေစည်နေပါပေါ့လား။

သစ်ထူးလွင် (3-2)

သစ်ထူးလွင်