Tuesday, February 23, 2016

```` အဓိပ္ပာယ် ရှိသောလူ သို့ ကျော်ဟိန်း ´´´´

Music Crazy Te Te Tar Tar

ကျော်ဟိန်း ဟု ဆိုလျှင် မြန်မာနိုင်ငံတွင် မသိသူ တော်တော် ရှားပေလိမ့်မည် ။ သူသည် မြန်မာ့ ရုပ်ရှင် သမိုင်းတွင် အနုပညာကြေး အမြင့်ဆုံး ရရှိသောသူ သက်တမ်းရင့် သရုပ်ဆောင် တစ်ဦး ဖြစ်သည် ။ အမည်ရင်းမှာ ကျော်ဌေးဖြစ်ပြီး ၁၄ ရက် ဇူလိုင်လ ၁၉၄၇ ခုနှစ် တွင် ခရိုင်ရဲဝန် အဖ ဦးဂျွန်မောင်စိန် နှင့် အမိ ဒေါ်ချိုချို တို့မှ ရန်ကုန် မြို့တွင် မွေးဖွးခဲ့သည် ။ တက္ကသိုလ် ဝင်တန်း အထိ ပညာ သင်ကြားခဲ့ပြီး ငယ်စဉ်က စိန်ဂေါ်လီ ဂိုဏ်းဝင် တစ်ဦး ဖြစ်ခဲ့သည် ။

၁၉၇၀ ပြည့်နှစ်မှ စ၍ ရုပ်ရှင် မင်းသမီး စန္ဒာ နှင့် အတူ “ ဖူးစာလမ်းစုံ ” ဇာတ်ကားဖြင့် ရုပ်ရှင် လောကထဲသို့ စတင် ဝင်ရောက်ခဲ့သည် ။ “ အကာကအချစ် အနှစ်ကမေတ္တာ ” ၊ “ မွန်းထည့်ချိန်တွင် နေဝင်သည် ” ၊ “ ပန်းမြိုင်လယ်က ဥယျာဉ်မှူး ” ၊ “ ဝေလည်းမွှေး ကြွေလည်းမွှေး ” ဇာတ်ကားများဖြင့် အကယ်ဒမီ လေးကြိမ် ရရှိခဲ့သည် ။ “ မွန်းတည့်ချိန်တွင် နေဝင်သည် ” ဇာတ်ကားကို ကိုယ်တိုင် ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့သည် ။
ပထမဆုံး ဒါရိုက်တာလုပ်၍ ရိုက်ကူးခဲ့သော ဇာတ်ကားမှာ “ စိန် သို့မဟုတ် စိန် ” ဖြစ်ပြီး ထို ဇာတ်ကား၏ ကြေငြာဒီဇိုင်း ၊ ပိုစတာ များအားလုံးကို သူကိုယ်တိုင် “ နေမင်းထိပ်ခေါင် ” အမည်ဖြင့် ရေးဆွဲခဲ့ပေသည် ။ ဝတ္ထုတို ၊ ဝတ္ထုရှည် အချို့ကိုလည်း ရေးသားခဲ့ပြီး တေးစီးရီးများကိုလည်း သီဆို ထုတ်လုပ်ခဲ့သည် ။ ထုတ်လုပ်ခဲ့သော တေးစီးရီးများမှာ အောက်ပါအတိုင်း ဖြစ်လေသည် ။
-မျက်ရည်ငှက်များ နားစေသတည်း
-လူကြီးမင်းများ လက်ခုပ်တီးပါ
-ယင်းမာတင်ဆက်မှု ( ၂ )
-တစ်ကိုယ်တော် လေလွင့်ခြင်း
-စင်ပေါ်က သီချင်းများ
-အဓိပ္ပာယ် ရှိသောလူ
-ထာဝရ ရှင်သန်နေမယ်
-ဝီရ ရသ
-အသစ်
-ဒုတ် ဒုတ် ဒုတ် ဒုတ်
-မော်ဒန် အင်းတစ်ခ်
-အဓိပ္ပာယ်ရှိသော စင်ပေါ်ကသီချင်းများ
-နိုဝင်ဘာ - ၁၁
-The Next ( နောက်ဆုံး ကျော်ဟိန်း ဇာတ်ကားထဲတွင် ဇာတ်ဝင်သီချင်း အဖြစ် ထည့်သွင်း ) တို့ဖြစ်လေသည် ။
တကိုယ်တော်တေးစီရီးများစွာထုတ်လုပ်အောင်မြင်ခဲ့သော
ကျော်ဟိန်း ရဲ့ အသံဟာ တီတီအနေဖြင့် ကောင်းတယ်လို့မယူဆပါ။ ဒါပေမယ့် ကျော်ဟိန်း ရဲ့ ဂီတလောက အောင်မြင်မှု့ အတွက်အရေးပါသောလူတဦးကတော့ တေးရေး မောင်သစ်မင်းပါ ။
မောင်သစ်မင်း အနေဖြင့် သူရေးသားခဲ့သော ကော်ပီ သီချင်းများ အနက် စိတ်တိုင်း အကျဆုံးသော သီချင်းများမှာ ကျော်ဟိန်း သီဆိုခဲ့သော သီချင်းများ ဖြစ်ကြောင်း သိရပါသည်။ ထိုသီချင်းများမှာ ၁၉၈၅ ခုနှစ် ၀န်းကျင်က ထွက်ရှိခဲ့ပြီး ကျော်ဟိန်း သီဆိုခဲ့သော တေးစီးရီးများ ဖြစ်သည့် 'အဓိပ္ပါယ်ရှိသောလူ'နှင့် 'စင်ပေါ်က တေးများ' တွင် ပါဝင်ခဲ့သော တေးသီချင်းများ ဖြစ်ကြပါသည်။ အဆိုပါ တေးစီးရီးများဖြင့် ကျော်ဟိန်း၏ အောင်မြင်မှုမှာ တရှိန်ထိုး ဖြစ်ခဲ့သည့်နည်းတူ မောင်သစ်မင်း၏ အောင်မြင်မှုလည်း ဆက်လက် လိုက်ပါခဲ့ပါသည်။ ထိုအချိန် ကလူတိုင်း ပါးစပ်ဖျားမှာ ရှိနေခဲ့တဲ့
ကျော်ဟိန်း သီချင်းများကတော့………
ကမ္ဘာသစ်တေး ကမ္ဘာမြေဖျားနာနေတယ်
ကိုယ်တွေ့မှတ်တမ်း
ကြိုက်သလိုလုပ်နိုင်တယ်
ခဏလောက် ဝေးဝေးနေမယ်
ခွန်အားပေးပါ
ငါဘယ်သူလဲ
စကားပြောခွင့်ပြုပါမေမေ
စဉ်းစားကြ
တစ်ချက်လေးစောင်းငဲ့ကြည့်ဦး
ဒိုးရတော့မယ်အချစ်ရယ်
နတ္တိအခန်း
နှလုံးသားအသစ် ဖွားတော်မူခန်း
ဘယ်တော့မှမမေ့ဘူး
ဘာတွေထားခဲ့သလဲ
ပုလင်းပေါ်မှ မြန်မာအက္ခရာများ မငြင်းဆဲပါနဲ့
မတားနဲ့
မိစမ်း
မျှော်လင့်နေဆဲပါ
မရှိတော့ပြီဖြစ်သောကျေးဇူးရှင်မိခင်သို့
မသိခြင်းတရား (သို့မဟုတ်) ငါ
မသွားနဲ့မပြန်နဲ့ နေပါဦး
မိဆိုး
မီးပြတိုက်
မျက်လုံးများ
မြင်သောငိုသောမျက်လုံးများ
လုံးဝမမေ့ဘူး
လျှို့ဝှက်ချက်များစွာ
ဝင်သက်ထွက်သက်များ
သင်းချိုင်းကအမှန်တရားများ
အချစ်ခေါ်သံ
အချစ်ဒဏ်
အချစ်ရှိလား အချစ်စာတမ်း၏နိမိတ်ပုံရိပ်များ
အချစ်နဲ့ကျနော့်ရဲ့ပြဇာတ်
အဓိပ္ပါယ်ရှိသောလူ
အလင်းရောင်တံခါးများသို့
အမိန့်
အမှန်လွန်အမှား
ကမ္ဘာသစ်တေး
ကိုယ်တွေ့မှတ်တမ်း
မြင်သောငိုသောမျက်လုံးများ
အချစ်ခေါ်သံ
အဓိပ္ပါယ်ရှိသောလူ ……
အစရှိတဲ့သီချင်းများပါဘဲ။

No comments:

Post a Comment