Saturday, November 8, 2014

ဟာသစုဗူး (၂၆)

ငတုံး
ဝေဒနာသည်တစ်ဦးက ကုတင်ပေါ်မှာ ပက်လက်လဲပြီး သီချင်းဆိုနေခဲ့တယ်။ သီချင်းဆိုရင်းဆိုရင်း ပက်လက်လှန်ဆိုနေရာက ရုတ်တရက် မှောက်ရက်လဲပြီး ဆက်ဆိုပြန်တယ်။ ဒါကို ဆရာဝန်က မြင်တော့
"ခင်ဗျား ဘာဖြစ်လို့ ဟိုလှန်ဒီလှန် လုပ်နေရတာလဲ" လို့ မေးလိုက်တယ်။

သူပြန်ဖြေလိုက်တာက
"ခင်ဗျား သိပ်တုံးတာပဲ? အေဆိုက်ကုန်လို့ ဘီဆိုက်လှန်လိုက်တာပေါ့" တဲ့
တိန်----

ကိုယ်ချင်းစာလို့
တခါက...သူရဲအလွန်ကြောက်သောလူငယ်တဦးဟာ...သင်းချိုင်းတခုကိုညမှောင်ကာစမှာဖြတ်ရမယ်...
သူဟာတယောက်ထဲမို့...အရမ်းလဲကြောက်...အဖော်လဲမပါနဲ့ ....ရွာပြန်ဖို့အခက်တွေ့နေတယ်..
ကံအားလျော်စွာပဲ..ရွာအပြန်.လမ်းမှာ...လူတဦးနဲ့ဆုံတယ်...
အဲဒီလူနဲ့အတူ....သင်းချိုင်းကုန်း ကိုဖြတ်ပီးပြန်လာတယ်လေ...နှစ်ယောက်ဆိုတော့..လူငယ်လဲမကြောက်တော့ဖူးပေါ့
ပျော်ရွှင်စွာနဲ့ရွာတံခါးဝရောက်တော့လူငယ်က...
" ကျေးဇူးတင်ပါတယ်ဦးလေးရယ်..ကျနော်ကသူရဲအရမ်းကြောက်တာဗျ..လို့..".ပြောသတဲ့
ထိုအခါ အဲဒီလူပြန်ပြောလိုက်တာက...
" အေးပါကွာ...ငါလဲ..လူ့ဘ၀တုန်းက သရဲအရမ်းကြောက်တာကွ...ကိုယ်ချင်းစာလို့လိုက်ပို့တာ.."...တဲ့
တိန်---

အလုပ်တစ်နေရာအတွက် လူတွေ့စစ်ဆေးရာ လူငယ်တစ်ဦးအလှည့်သို့ရောက်လာ၏။
ရွေးချယ်သူ ။ မင်းနာမည်
လူငယ် ။ မောင်လှ
ရွေးချယ်သူ ။ အထက်လူကြီးက မေးရင် " ဆရာ " ထည့်ဖြေရတယ်ကွ။ ပြန်ပြော
လူငယ် ။ ဟုတ်ကဲ့ " ဆရာမောင်လှ "
ငင်--

နံပါတ်များသွားလို့
" စိတ်ဆိုးမယ်ကြံတိုင်း တစ်၊ နစ်၊ သုံး၊ လေး၊ တစ်ဆယ်ထိရေပါလို့ သားကိုပြောထားသားနဲ့၊ အခု ရန်ဖြစ်လာပြန်ပြီလား "
" အဲဒီလို ရေလို့ အခုလို အထိုးခံရတာပေါ့ "
" ဘာဖြစ်လို့လဲကွ "
" ဟိုကောင့် အမေက သူ့သားကို ငါးအထိပဲ ရေခိုင်းထားတာ အဖေရဲ့ "
အန်----

သာဓု ပါပု ဆွေးနွေးခန်း

သာဓု – “အိမ်ထောင်ဆိုတာဘာလဲ”
ပါပု – “အိမ်ထောင်ဆိုတာ အ၀ိုင်းခံထားရတဲ့ ရဲတိုက်နဲ့တူတယ်။
အထဲရောက်နေတဲ့ လူတွေကအပြင်ကိုထွက်ချင်တယ်။ အဲ အပြင်ကလူတွေကြတော့ အထဲဝင်ဖို့ အားခဲနေကြတယ်”
သာဓု – “လူငယ်တွေဟာ မိန်းမယူပြီးတဲ့နောက်မှ ဆင်ခြင်ဥာဏ် ပိုလာသလား”
ပါပု – “ဆင်ခြင်ဥာဏ်ရှိရင် သူတို့ မိန်းမ မယူဘူး”
သာဓု – “လူပျိုနဲ့ လူအို ဘာကွာသလဲ”
ပါပု – “လူပျိုက အိမ်အလုပ်ကို သူ့ဟာသူလုပ်တယ်၊ လူအိုကတော့ မိန်းမခိုင်းလို့ လုပ်ရတယ်”
သာဓု – “မိန်းမဆိုတာဘာလဲ”
ပါပု – “မိန်းမဆိုတာ နှင်းဆီပန်းပဲ၊ ပွင့်ချပ်တွေကို ချစ်သူ ရည်းစားတွေက ခူးသွားကြတယ်၊ သူယူတဲ့ ယောက်ျားအတွက် ဆူးပဲ ကျန်တယ်”
Thit Yar Aik

မဆိုတတ်ရင်
" ရုပ်ရှင်ညပွဲပြီးလို့ သမီး အိမ်ပြန်လာတော့ လမ်းထိပ်မှာ အရက်မူးသမား အုပ်စုနဲ့ တွေ့တယ် မေမေ။ သူတို့က သမီးကို သီချင်းဆိုခိုင်းတယ် ။ မဆိုပြရင် ဖက်နမ်းရလိမ့်မယ်လို့ ခြိမ်းခြောက်ကြတယ် မေမေ "
" အဲဒီတော့ သမီးက ဆိုပြလိုက်တယ်ပေါ့ "
" ဟွန့် မေမေ သိသားနဲ့ သမီးမှ မဆိုတက်တဲ့ဟာ "
ငင်---

ပညာရှင်

" ဟေ့ မင်းတို့အထဲမှာ စန္ဒရားအကြောင်း ကောင်းကောင်း သိတဲ့သူ ပါသလားကွ "
ထိုအခါ တပည့်တစ်ဦးက ဂုဏ်ယူဝန့်ကြွားစွာပြော၏
" ပါပါတယ် ဆရာ၊ ကျွန်တော် စန္ဒရား လည်းတီးတက်ပါတယ် ။ စန္ဒရားအကြောင်း ကောင်းကောင်းသိပါတယ်ခင်ဗျ"
" ဒါဆို ဒီစန္ဒရားကို ကားပေါ်တင်တဲ့အခါ မင်းက ဦးဆောင်ပြီး ဂရုစိုက် တင်ပေးစမ်းပါကွာ "
ဂိန်----

မင်းသိလား
သူငယ်ချင်း မင်း.....ဘယ်မြို့ကမယ် ၊ ဘယ်တိုင်းကမယ် ၊ မယ်ဗမာ ၊ မယ်ကမ္ဘာတို့ ကြားဖူးတယ် မဟုတ်လား
အေး...ကြားဖူးတယ်လေ ဘာဖြစ်လို့လဲ
ငါမနေ့က လမ်းမှာ ကောင်မလေးချောချောတွေ့လို့ စကားလိုက်ပြောရင်းနဲ့ သူပြောတဲ့``မယ် `` ငါလည်းမကြားဖူးလို့ကွ
ဟုတ်လား..." ဘာမယ်တဲ့တုန်း "
" ပါးကျိုးမယ် " တဲ့
တိန်----

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...