ကာတွန်းလား
၂၀၁၃
ကဆွဲခဲ့တာပါ... ဒီကာတွန်းက ဘယ်ဂျာနယ်မှ ပို့ဖို့ရည်ရွယ်ချက်မရှိပါဘူး။
ရိုက်ပေါက်တွေဖြစ်ကုန်မလားတော့မသိဘူး။ ဒီကာတွန်းဆွဲတုန်းကတော့
မီဒီယာလွတ်လပ်ခွင့်ရပြီး သိပ်မကြာခင်မို့လို့
တဟုန်ထိုးပေါ်လာတဲ့ ကာတွန်း စာပေ အနုပညာအားလုံး ကောင်းကောင်းဆိုးဆိုး
ရှိစေဆိုပြီး မီဒီယာအချင်းချင်း ဝေဖန်ဖို့အချိန်မတန်သေးဘူးထင်လို့ မ shareဘဲ
ထားထားတာ။ ခုတော့ တစ်နှစ်ကျော် နှစ်နှစ်လောက်ရှိလာပြီဆိုတော့ ဒီကာတွန်းလေး
share လိုက်တော့မပေါ့။
ကိုယ်နဲ့အနီးစပ်ဆုံး media နဲ့ အနုပညာက ကာတွန်းမို့ ကာတွန်းအကြောင်းပဲပြောပါမယ်။
ဒီ post ကတော့ မြန်မာစာနယ်ဇင်းကာတွန်းများအကြောင်း ဆိုပါတော့...
မြန်မာစာနယ်ဇင်းကာတွန်းတွေထဲမှာ အင်မတန်ကောင်းတဲ့ကာတွန်းတွေရှိပေမယ့် များသောအားဖြင့်က ဂျာနယ်ဖတ်ပြီး ဂျာနယ်ပါအကြောင်းအရာလောက်ကို စကားပြောအဖြစ်ပြန်ပြောင်းပြီး ကာတွန်းမျက်နှာလေးဆွဲလိုက်တဲ့ အဆင့်လောက်ပဲဖြစ်နေတယ်။ analysis,creation,critical thinking တွေ ကာတွန်းထဲမှာ ထပ်ထည့်ဖို့လိုအပ်တဲ့အပြင် ကာတွန်းအနုပညာပီပီသသ ကာတွန်းပုံပါ ပေါင်းဖက်ပါဝင်တာမျိုးလိုအပ်နေတယ်။ စာချည်းသက်သက်ဖတ်ရုံနဲ့ ပြီးနေတာမျိုးမဖြစ်သင့်ဘူး။ တကယ့်တကယ်တော့ ပုံတစ်မျိုးတည်းကြည့်ရုံနဲ့ စာဖတ်သူနားလည်တာမျိုး or စာ+ပုံကြည့်မှ နားလည်တာမျိုးဖြစ်သင့်တယ်။ ကာတွန်းဆန်ဆန် ပေးချင်တဲ့ message or ရသ က ကာတွန်းထဲမှာရှိနေသင့်တယ်။ အခုမြန်မာ ကာတွန်းတော်တော်များများမှာ ဒါလေးတွေ လိုနေသလိုပဲ (တည့်ပြောရရင်တော့ မြန်မာကာတွန်းအများစုက A ပြောတယ်၊ B ပြောတယ်၊ A ပြန်ပြောတယ်၊ B ပြန်ပြောတယ်... ပြီး ပြီးသွားတယ်... ဒါပဲ... ကာတွန်းထဲမှာ အရသာမပါဘူး။ လူနှစ်ယောက်ပုံတွေ အများကြီးကြိုဆွဲထားပြီး စကားပြောပဲ ပြောင်းထည့်လိုက်သလိုဖြစ်နေတယ်)။
ဥပမာ အခုဒီကာတွန်းဆိုရင် အကွက်နှစ်ကွက်ကြား ဘာပုံမှမဆွဲဘဲ လိုင်းလေးပိတ်ထားရုံကိုက ကာတွန်းပုံကြည့်စရာမလိုခြင်းကို "ကာတွန်းပုံမဲ့ခြင်း" နဲ့ ပြောင်ရှင်းရေးဆွဲထားပြီး သရော် သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။ ဒီနေရာမှာ လူနှစ်ယောက်မျက်နှာ ရေးထည့်ဆွဲလိုက်မယ်ဆိုရင်ပဲ ဒီကာတွန်းရဲ့ ဆိုလိုရင်းနဲ့ သရုပ်ဖော်မှုရသရော၊ ကာတွန်းနဲ့စာ ဖက်စပ်ပါဝင်မှုရော ပျောက်သွားမှာပါ။ ဒီကာတွန်းက သာမန်ဥပမာပါ။
ကျွန်တော်က professional လည်းမဟုတ်သလို ဘာကောင်ကြီးမှလည်း မဟုတ်ပါဘူး။ ဒါ့ကြောင့် ဆရာတို့၊ သူငယ်ချင်းမိတ်ဆွေတို့ professional တွေစီက ဒီ့ထက် creative n critical ပိုဖြစ်တဲ့ ကာတွန်းမျိုးတွေ တောင့်တဆာလောင်မိပါတယ်။ ကာတွန်းဆရာကြီးတစ်ချို့ရဲ့ ကာတွန်းတွေကတော့ ကာတွန်းတိုင်းလိုလိုတကယ်ကောင်းပါတယ် (ကျွန်တော် သဘောကျ လေးစားတဲ့ဆရာကြီးတွေပေါ့နော်)။ ဖတ်ရတာ ကျေနပ်အားရတယ်။ but အများစုကတော့ လိုအပ်နေသေးတယ်။
နောက်ပြီးဖြည့်စွက်ပြောချင်တာက ကာတွန်းတစ်ပုံကို စာမူခ ၅၀၀၀ ကျပ် ဝန်းကျင်လေးတွေပေးနေတာမျိုးလည်း မဖြစ်သင့်သလို ကာတွန်းတွေရဲ့အရည်အသွေးကလည်း ၅၀၀၀ တန်လောက်ကလေးတွေ မဖြစ်သင့်ပါဘူး။ ဒါဟာ ကာတွန်းဈေးကွက်ကို ဖျက်သလို စာဖတ်သူရဲ့ impression ကိုလည်း ဖျက်စီးရာကျပါတယ်။ ဥပမာ ကာတွန်းတစ်ပုံ စာမူခ ၁၀၀၀၀ ကျပ်နဲ့အထက်ပေးပြီး ကာတွန်းကလည်း ၁၀၀၀၀ အထက်တန်တဲ့ အရည်အသွေးမျိုးရှိသင့်တယ်။ (လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဆရာအော်ပီကျယ်ပြောဖူးတဲ့စကားလေး မှတ်မိသေးတယ်... "ကာတွန်းကောင်းတစ်ပုံရဖို့ အယ်ဒီတာကောင်းတစ်ယောက်ရှိဖို့လိုတယ်" တဲ့)
အထက်က ဖော်ပြပါ ထင်မြင်ယူဆ ဖော်ပြချက်အားလုံးဟာ ကျွန်တော့ကိုယ်ပိုင် တစ်ယောက်တည်း၏ ထင်မြင်ယူဆချက်များဖြစ်သလို၊ ဘယ်သူ့ထင်မြင်ချက်မှ ဝင်ရောက်စွက်ဖက်ထားခြင်းအလျင်းမရှိပါ။ ထို့ကြောင့် ဤ post နှင့် ဆက်စပ်သမျှသည် ကျွန်တော့်တာဝန်သာဖြစ်ပါတယ်။
ဒီကာတွန်းကို တင်လိုက်ပြီဆိုကတည်းက ဆရာတို့၊ သူငယ်ချင်းတို့စီက ဝေဖန်မှုများ၊ opinion များကိုလည်း လက်ခံဖို့အသင့်ဖြစ်သလို သဘောတူပါက share နိုင်ပါတယ်။ ဖတ်ပေးတဲ့အတွက် ကျေးဇူးပါခင်မျာ။
~ဉာဏ်ကျယ်စေ~

0 comments:
Post a Comment