ရုပ်ပုံ အက်ဆေး.....
မင်္ဂလာပါ ငှက်ကလေးတို့ရေ...
မနက်ခင်း နေမင်းရဲ့ အလင်းရောင်အောက်မှာ ကောင်းမွန်စွာ နိုးထခဲ့ကြပြီ၊ အစားအစာလေးတွေကို ၀၀လင်လင် စားသောက်ကြပါ၊ အန္တရာယ်ကင်းတဲ့ အရိပ်အာဝါသတွေရဲ့ အောက်မှာ နေထိုင်ဆော့ ကစားရင်း အေးချမ်း သာယာသော တစ်နေ့တာကို ဖြတ်သန်းပါ..... လို့ ဆန္ဒပြုရင်း ဆန်စေ့လေးတွေ၊ ပဲစေ့လေးတွေကို မနက်ခင်းတိုင်းမှာ သူကျဲပက်ပြီး ငှက်ကလေးတွေကို ကျွေးတတ်ခဲ့တယ်....။
ခိုလေးတွေ စာကလေးလေးတွေ၊ ဆက်ရက်လေးတွေကိုပေါ့.....။
မနက်ခင်း ငြိမ်သက်နေ့တဲ့ အိမ်ရှေ့ကို သူထွက်လာပြီဆိုတာနဲ့ အိမ်ခေါင်းမိုးတွေပေါ်မှာ စောင့်စားနေကြတဲ့ ငှက်ကလေးတွေက အသုတ်လိုက်ပျံသန်းရင်း ဆင်းသက်လာကြတယ်...။
သူ လက်ထဲမှာ ကိုင်ထားတဲ့ အိတ်ကလေးထဲက အစားအစာလေးတွေကို ရှေ့ မလှမ်းမကမ်းကို ကျဲပက်လိုက်တော့ ငှက်ကလေးတွေက ရုတ်ကနဲ စုသွားပြီး လှပစွာ လုယက်စားသောက်တတ်ကြတယ်...။
သူ တခြားတစ်ဘက်ကို ထပ်ပြီး ကျဲပက်လိုက်တော့ မစားရသေးတဲ့ ငှက်ကလေးတွေက တစ်ဘက်ကို လိုက်ပါရွေ့ လျားကြတယ်.....။
ဒီလိုပဲ ဟိုဟိုသည်သည် သူ ကျဲပက်လိုက်တော့ အစုအဖွဲ့လေးတွေအလိုက် ငှက်ကလေးတွေ အစာကောက် စားသောက်ကြတာပေါ့....။
သူ့ဘ၀ မနက်ခင်းရဲ့ ကောင်းခြင်းမင်္ဂလာတွေထဲမှာ ဒီဖြစ်စဉ်ဖြစ်ရပ်လေးတွေကလည်
စားသောက်ပြီးတဲ့အခါ ငှက်ကလေးတွေက အတောင်တွေ ဖြန့်ခါရင်း တဖြည်းဖြည်းချင်း လိုလာအရပ်ကို ပျံသန်းထွက်ခွါသွားကြတယ်။
အများနည်းတူ လုယက် စားသောက်နိုင်ခြင်းမရှိတဲ့ ငှက်ကလေးတစ်ချို့ကတော့ ခဏလေးဖြစ်ဖြစ် ထပ်စောင့်နေကြတယ်... ငှက်ကလေးတွေနားလည်ထားပါတယ်.
သူကလည်း ငှက်ကလေးတွေ တွေးထင်ထားသလိုပဲ ကျန်နေသေးတဲ့ အားနည်းသူ ငှက်ကလေးတစ်ချို့ အတွက် အကြင်နာလက်တွေနဲ့ ထပ်ပြီး ကျဲပက်ကျွေးခဲ့ပါတယ်။
သူနဲ့ ငှက်ကလေးတွေရဲ့ကြားမှာ ကြင်နာသနားတတ်ခြင်းတွေနဲ့ နားလည်မှုတွေ တည်ဆောက်ခဲ့ပြီးပြီလေ......
ငှက်ကလေးတွေရဲ့ ရင်းနှီးမှုကလည်း အံ့သြစရာ၊ သူ့လက်တစ်ကမ်းအထိရောက်အောင်
နောက်ပြီး သူ့ပုခုံးတွေအထိ နားခိုဆင်းသက်တတ်ကြတယ်....
သူလှုပ်ရှားလိုက်တိုင်းမှာလည
ငှက်ကလေးတွေပေမယ့် သူနဲ့တိုက်မှာစိုးတဲ့အခါ အတောင်တွေကို ရုပ်သိမ်းလျှက်က လမ်းလျှောက် ရှောင်တိမ်းပေးကြတယ်..။
ဒါ အသိအမှတ်ပြုခြင်း၊
ယုံကြည်ခြင်း၊
အားကိုးခြင်းနဲ့
ချစ်ခြင်းမေတ္တာလို့ ဖွဲ့ဆိုလို့ရပါတယ်။
နေ့တစ်နေ့ရဲ့ မနက်ခင်းမှာ ငှက်ကလေးတွေအတွက် မျှော်လင့်ခြင်း ဖြစ်ခဲ့သူက တစ်ရက်မှာ ဖျားနာခဲ့တယ်တဲ့...
အိပ်ယာထဲ လဲလျောင်းလျှက်က သူသတိရခဲ့ပါတယ်... ငှက်ကလေးတွေကို ဘယ်သူ အစာကျွေးမလဲဆိုတဲ့ အကြောင်းပေါ့...။
မူးမိုက်ရီဝေနေတဲ့ကြားက သူအားတင်း ကြိုးစားပါသေးတယ်... ဒါပေမယ့် ထလို့ မရခဲ့ဘူး။
သူ ငှက်ကလေးတွေအတွက် စိုးရိမ်တတ်ခဲ့ပေမယ့် ကိုယ်ခံအားနည်းခဲ့ပြီလေ....
ရီဝေစွာ မိန်းမောလျှက် ငှက်ကလေးတွေအတွက် သူစိတ်ပျက်စွာ သတိမေ့မြောသွားခဲ့တယ် အဲဒီ မနက်မှာပေါ့......။
တကျွိကျွိနဲ့ မြည်သံတွေကြားမှာ မျက်လုံးတွေ မှိတ်ထားလျှက်က သူကြိုးစား သတိထားခဲ့တယ်... စွဲလန်းခြင်း တဏှာကြောင့် ဂယောက်ကယက်တွေ မြင်တွေ့ သူစဉ်းစားနေတာတွေ ကြားနေမိတယ်လို့လေ......။
ဒါ မသေချာပါဘူး..... လှုပ်ရှားမှုတွေ ထူးဆန်းနေတယ်။
သူ့ခေါင်းရင်း.... သူ့ခြေရင်းနဲ့ သူ့ရဲ့ ခြုံထားတဲ့ စောင်လေးမှာ ညင်သာတဲ့ လှုပ်ရှားမှုလေးတွေ သူခံစားနေရတယ်လေ...။
မျက်လုံးတွေ မှိတ်ထားလျှက်က သူသတိထားမိတယ်... ငှက်ကလေးတွေ ဘာသာစကားနဲ့ တစ်ခုခုကို စုံစမ်းနေသလားပေါ့....။
အားယူပြီး အသက်ရှုရင်းက မျက်လုံးတွေကို တဖြည်းဖြည်းချင်း သူဖွင့်ကြည့်မိလိုက်တယ်...
မင်္ဂလာ မနက်ခင်းပါ... ဒီနေ့မနက် မတွေ့ရတဲ့ အတွက် စိတ်ပူလို့လာကြည့်တာပါခင်ဗျ
ကျေးဇူးပါ ငှက်ကလေးတွေ.... မထနိုင်ပေမယ့် သတိရနေပါတယ်၊ အခုကျန်းမာသွားပါပြီ.. ဒီနေ့မနက်မှာ မနက်စာ နောက်ကျရတဲ့အတွက် ခွင့်လွှတ်ပေးပါလို့ပဲ ပြောပါရစေနော်...။
အံ့သြမိပါရဲ့ သူသူကိုယ်ကိုယ် မေတ္တာဆိုတဲ့ အက္ခရာတွေနဲ့ ပွေ့ဖက်ထိတွေ့မိတဲ့ အခါ ကျန်းမာပျော်ရွှင်စွာ အေးချမ်းနေတတ်တာကို သူအသိအမှတ်ပြုသွားတယ်လေ....
ဘယ်လို ဘာသာစကားကိုမှ နားမလည်တဲ့ ငှက်ကလေးတွေက အေးချမ်းတဲ့ မျက်ဝန်းတွေနဲ့ သူ့ကို စိုက်ကြည့်နေခဲ့တယ်....
သူကျေနပ်ခဲ့ပါတယ်၊ မေတ္တာတရားရဲ့ ခရီးလမ်းက အဆုံးမှာ အပြုံးတွေရှိနေတတ်တယ်မဟုတ်လ
ကဲ မိတ်ဆွေ....
သင် ဘယ်လောက်ဖြူစင်တယ်ဆိုတာကို
စကားမပြောတတ်တဲ့ အဟိသ် တိရိစ္ဆာန်လေးတွေက သိပါစေ.... .။
(ကွန်ဆူးမား)(၁၂-၉-၂၀၁၄)
Nyima Lay စာမျက်နှာမှ ရုပ်ပုံလေးအား ရယူရေးဖွဲ့ပါသည်။
0 comments:
Post a Comment