Wednesday, September 10, 2014

တောင်သူတွေ ကိုယ်ပိုင် လုပ်ငန်းရှင် ဖြစ်တဲ့နည်းလမ်းတခု…….


ငွေကုန်ကြေး အရင်းအနှီး အသက်သာဆုံးနဲ့  လုပ်ငန်းရှင်ဖြစ်နိုင်ပါတယ်။ ဒီနေ့ လုပ်ရင် ဒီနေ့ ရတဲ့ နည်းဖြစ်ပါတယ်။ နိုင်ငံခြားတင်ပို့ နိုင်တဲ့ ကုန်ပစ္စည်းအဆင့်အထိကို တိုးမြင့်လုပ်နိုင်ပါမယ်။
ရေသန့် ဘူး၊ မျှစ်၊ ဆားနဲ့ ဓါးတစ်လက်ဆိုရင် လုပ်ငန်းရှင်ဖြစ်ပါပြီး။


မျှစ်ကို ပါးပါးလှီး ဆားနဲ့ နှယ် ပြီးရင် သန့် ရှင်းအောင် ဆေးကျောထားတဲ့ ရေသန့် ဘူးထဲကို ထဲ့ ပြီး အလုံပိတ်ထားပါ။ 3 ရက်ခန့် အကြာမှာ မျှစ်ချဉ်ဖြစ်သွားပါလိမ့်မယ်။ ဆားနဲ့ မျှစ် အငံဓါတ် အကျိုးအစား (ဥပမ မျှစ်ရှပ်ပြီးသား တစ်ပိသာကို ဆားက ဘယ်နှစ်ကျပ်သားပေါ့) အသေအချာမှတ်တမ်းလုပ်ထားပြီး ပုံမှန် အရသာ ဖြစ်အောင် လုပ်မယ်ဆိုရင် ၀ယ်သုံးသူများလာမှာ သေချာတယ်၊ မျှစ်ချဉ်ဗူးမှာ ကိုယ်ပိုင် အမှတ်တံဆိပ် နဲ့ ဆက်သွယ်ရမယ့် လိပ်စာ ဖုန်းနံပါတ်လေးကပ်လိုက်ပါ။ ရောင်းလို့ ရပါပြီး။
မိုးရာသီ မျှစ်ပေါချိန်မှာ လုပ်ထားပြီး နွေရာသီ မျှစ်ရှားချိန်မှာ ရောင်းရင် ဈေးပိုရပါတယ်။
ရေသန့် ဘူးကို သုံးရချင်းက ရေသန့် ဗူးက အခမဲ့ ရနိုင်သလို ၀ယ်ရရင်တောင် တန်ဘိုးနည်းဖြစ်တယ်။ သိမ်းဆီးရ လွယ်တယ်။ သယ်ယူပို့ ဆောင်ဖို့ လွယ်တယ်။ တစ်အိမ်ထောင်စား အနေတော်ဖြစ်တယ်။
ကုန်သည်က တဆင့်မရောင်းပဲ စားသုံးသူတွေဆီကို တိုက်ရိုက် ရောင်းချပါ၊ ကိုယ်တိုင်ထုတ် ကိုယ်တိုင်ရောင်းတဲ့အတွက် ဈေးသက်သက်သာသာနဲ့ ရောင်းနိုင်တဲ့အတွက် စားသုံးသူတွေ ၀ယ်စားမှာသေချာတယ်။ တောင်သူကိုယ်တိုင် လုပ်ငန်းဘ၀ရောက်သွားမှာဖြစ်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...