Wednesday, September 10, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၉)

သစ်ထူးလွင်


Posted: 10 Sep 2014 06:19 AM PDT
မကွေးတိုင်း ဒေသကြီး စလင်းမြို့နယ် ငွေတောင်ကျေးရွာတွင် နေထိုင်သော ကိုမြင့်လွင်ဦးသည် တရွာတည်းနေ လယ်ဧကများစွာ ပိုင်ဆိုင်သော ၀န်ထမ်း ဇနီးမောင်နှံထံတွင် ၃နှစ်ကျော်ကြာ အလုပ်လုပ်ကိုင် ပြီးနောက် သြဂုတ်လလယ်တွင် ချွေလှေ့စက်မောင်းရာမှ ခြေထောက်တစ်ချောင်း လုံးနီးပါး ဖြတ်တောက်လိုက်ရသည်။ သို့သော်လည်း လျော်ကြေး တစ်စုံတရာမရဘဲ ဆေးကုသရန် အခက်အခဲ ဖြစ်နေသောကြောင့် မန္တလေး ရွှေတောင်ဦးပညာဒါနကျောင်း ဆရာတော် ရှင်ဝေပုလ္လက
Posted: 10 Sep 2014 06:14 AM PDT
ကချင်လွတ်လပ်ရေး အဖွဲ့နယ်မြေမှာ ရိုဟင်ဂျာ လွတ်မြောက်ရေးတပ် ထူထောင်ခွင့်ပြုဖို့ ဘယ်သူကမှ တရားဝင်လာရောက် တောင်းဆိုတာ မရှိဘူးလို့ ကေအိုင်အို ဒုစစ်ဦးစီးချုပ်က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ကေအိုင်အိုအဖွဲ့က ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်ကို မြန်မာရိုဟင်ဂျာလွတ်မြောက်ရေး အဖွဲ့တာဝန်ရှိသူတဦးက ကေအိုင်အို နယ်မြေအတွင်းမှာ တပ်ထောင်ခွင့် ပြုခွင့်တောင်းဆို တယ်ဆို တာကလည်း သူတို့ချင်း ပုဂ္ဂိုလ်ရေးရင်းနှီးမှု
Posted: 10 Sep 2014 06:07 AM PDT
မြန်မာအိမ်အကူ လုပ်သား ပြည်ပသို့ေ စလွှတ်မှုကို အပြီးသတ်ရပ်ဆိုင်း လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ် အကိုင်ရှာဖွေရေး လုပ်ငန်းရှင်များအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမြင့်အောင်က ပြော သည်။ မြန်မာနိုင်ငံမှ အိမ်အကူလုပ်သား စေလွှတ်မှုကို ပြီးခဲ့သည့်လပိုင်းက ယာယီ ရပ်နားထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ လုံးဝ စေလွှတ်ခြင်းမပြုတော့ရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလှုံရေးဝန်ကြီးဌာနရုံးက
Posted: 10 Sep 2014 06:02 AM PDT
စက်တင်ဘာလ ၁၀ ရက် ၂၀၁၄ သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရဲများပူးပေါင်း၍ မူးယစ်ဆေးဝါးသုံးစွဲ သူများအား ဖမ်းဆီးရာမှ ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး အဖမ်းခံရသူများထဲမှ သေဆုံးမှုရှိခဲ့သည်ဟု ဒေသတွင်း သတင်းရပ်ကွက်က ဆိုပါ သည်။ နမ္မတူမြို့နယ် မန်စံမိန်းမုဘက်က မန်စံရေထိန်းတော နမ့်ဆီလင်းချောင်းဦးတွင်ဖမ်းဆီးခဲ့ပြီးပစ်ခတ် မှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာလ ၈ ရက်နေ့က
Posted: 10 Sep 2014 06:01 AM PDT
စက်တင်ဘာ ၁၀ ရက် ၂၀၁၄ ရွှေလီမြစ်ရေကို သောက်သုံးရေအဖြစ် အသုံးပြုနိုင်ရန် ပုဂ္ဂလိက ရေပေးဝေရေး လုပ်ငန်း တစ်ခုအား သျှမ်းပြည်နယ် အစိုးရမှမူအားဖြင့် သဘောတူ ထားသည်ဖြစ်ရာ လက်တွေ့ဆောင်ရွက်မည်ဆိုပါက ပြည်သူလူထုမှ ကန့်ကွက်မည် မလွှဲဖြစ်ကြောင်း နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းတင်ဦးက ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်း အဝေးတွင် အဆိုတင်သွင်းလိုက်ပါသည်။ အဆိုပါရွှေလီမြစ်ရေပေးဝေရေး
Posted: 10 Sep 2014 03:32 AM PDT
ဧရာဝတီတိုင်း သာပေါင်းမြို့နယ်မှာ င၀န်မြစ်ရေတက်မှုကြောင့် မြစ်ဘေးမှာ တည်ရှိ နေတဲ့ ကျေးရွာ အတော်တော်များများ ရေကြီးမှုဒဏ်ခံနေကြရပါတယ်။ င၀န်မြစ်ရေတက်မှုကြောင့် ကျေးရွာပေါင်း ၅၀ လောက် ရေကြီးရေလျှံမှု ဖြစ်ပွားနေတယ်လို့ ကျားရဲကျေး ရွာအုပ်စု ကတက်ရိုးကျေးက ဦးချစ်သန်းက ပြောပါတယ်။ “မြှုပ်နေတာ ၂ ရက် ၃ ရက် ၀န်းကျင်လောက်ပဲရှိဦးမယ်။ ရေကြီးတာက ဒီအနီးအနားမှာ ကျားရဲအုပ်စုထဲက ကညင်ကုန်း၊ ကျားရဲ၊ ကတတ်ရိုး၊
Posted: 10 Sep 2014 02:50 AM PDT
ကလေး စက်တင်ဘာ ၉ စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့ ကွက်သစ်စီမံကိန်းကို မြို့၏ တောင်ဘက်ပိုင်းတွင် မြေဧက ၁၅၉ဝ အသုံးပြု၍ မြို့ကွက်သစ် ဖော်မည်ဖြစ်ပြီး စီမံကိန်းမြေနေရာ ပေါ်တွင် စီးပွားရေး၊ သာသနာရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး အဆောက်အအုံများနှင့် အိမ်ရာစီမံ ကိန်းများကို တည်ဆောက်သွားရန် လျာထားကြောင်း သိရသည်။ ''နောင်အနှစ်၂ဝမှာ တိုးတက် လာမယ့် လူဦးရေ ၁ ဒသမ ၅ သိန်းခန့် တိုးလာမယ်လို့ ခန့်မှန်း
Posted: 10 Sep 2014 02:35 AM PDT
လွန်ခဲ့တဲ့ရက်ပိုင်းက ထိတွေ့ပစ်ခတ်ခဲ့ကြတဲ့  ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့တို့ဟာ မကြာခင်ရက်ပိုင်းအတွင်း ထိပ်တိုက်ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို  ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ဌာနချုပ် လွိုင်တိုင်းလျဲန်းမှာ  စက်တင်ဘာ ၁၁ ရက်နေ့ စတင်မှာဖြစ်ပြီး ပအိုဝ်းတပ်ဖွဲ့က တာဝန်ရှိသူတွေလည်း လာရောက်နေကြပြီလို့ ရှမ်ပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ ပြောခွင့်ရ
Posted: 10 Sep 2014 02:31 AM PDT
မင်းလှ  စက်တင်ဘာ  ၉ မကွေးတိုင်း ဒေသကြီး မင်းလှမြို့နယ် မြို့မရဲစခန်းမှ ဒုတိယရဲအုပ် စိုးသီဟသည် ယမန်နေ့ မွန်းတည့် ၁၂ နာရီက တာဝန်မှူး တာဝန် ထမ်းဆောင်နေစဉ် မင်းလှဆေးရုံတွင် ဓာတ်တိုင်ပိ၍ လူတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ သက်သေများနှင့် အတူသွားရောက် စစ်ဆေးခဲ့ရာ မင်းနိုင်ထွန်း ၂၆ နှစ် မဟာဗိုလ်ရွာ ပြည်မြို့နယ် နေသြူ ဖစ်ပြီး တောင်ဦးကျေးရွာ အတွင်းရှိ ဓာတ်တိုင်မှာ ယိုင်နေသဖြင့် တည့်မတ်ရန် ဓာတ်တိုင်ပေါ်တက်
Posted: 10 Sep 2014 02:15 AM PDT
ရန်ကုန် ၊ ၁၀-၉-၂၀၁၄ မလေးရှား နိုင်ငံမှ နာမည် အကြီးဆုံး မော်တော်ယာဉ် ထုတ်လုပ်သည့် Proton ကုမ္ပဏီသည် ရန်ကုန်မြို့ နှင့် မန္တလေး မြို့ကြီးများ၌ Proton ယာဉ်များ သီးသန့် ရောင်းချမည့် Proton ယာဉ် အရောင်း ပြခန်းကို ဖွင့်လှစ်ရန် စီစဉ် ထားကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ " Proton ကားက မလေးရှား နိုင်ငံရဲ့ ပြည်တွင်းဖြစ် ထုတ်လုပ်တဲ့ ကားကောင်း တွေပါ ၊ ကားတွေရဲ့ ဈေးနှုန်းကလည်း ဂျပန်ကားေ
Posted: 10 Sep 2014 02:01 AM PDT
မြိတ်မြို့ ကမ်းနားလမ်း ပလက်ဖောင်းပေါ်တွင် ထိုင်နေရာမှ ရေထဲပြုတ်ကျ၍ လူသေဆုံးမှု တစ်ခု ၂၀၁၄ ခုနှစ် စက်တင်ဘာ (၈) ရက်နေ့ ည(၁၀)နာရီ အချိန်ကျော်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မြိတ်မြို့ ကန်ကြီးနယ်မြေ ကွက်သစ်ရပ် (စီ)လမ်းတွင် နေထိုင်သူ (ဘ) ဦးအင်စွီး၏ သား မောင်ချမ်းမြေကိုကို အသက်(၂၃) သည် မြိတ်မြို့ ကန်ကြီး ရပ်ကွက် ကမ်းနားလမ်း GOLDEN HOUSE စားသောက်ဆိုင်ရှေ့ မျက်နှာချင်းဆိုင် ကမ်းနားလမ်း ပလက်ဖောင်းရှိ
Posted: 10 Sep 2014 01:41 AM PDT
ဒီတပတ် မြန်မာ့ မျက်မှောက်ရေးရာ ဆွေးနွေးခန်း အစီအစဉ်မှာ မြန်မာနိုင်ငံ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ အထဲမှာ နောက်ဆုံးမှ ထွက်ပေါ်လာပြီး သိပ်မထင်ရှား ခဲ့ဘူးလို့ဆိုရမဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦးဟာ အခုအချိန်မှာ အစိုးရ စစ်တပ်ဖွဲ့တွေနဲ့  မကြာခဏဆိုသလိုပဲ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ လောလောဆယ်မှာ အကြိမ်ပေါင်းများစွာ  ဖြစ်နေတယ်လို့တောင် ဆိုရမယ်ထင်ပါတယ် ။ ဒီင်္အင်အားစု ဘယ်လို ပေါ်ထွက်လာသလဲ။
Posted: 10 Sep 2014 01:25 AM PDT
ခါကာဘိုရာဇီ တောင်တက်အဖွဲ့ဝင် ၈ ယောက်မှာ တောင်ခြေ စခန်းတွေကနေ အထောက်အပံ့ ပေးတဲ့ ၆ ယောက်နဲ့ အဆက်အသွယ်ရပြီး တောင်ထိပ်ကို တက်သွားကြတဲ့ ကျန် ၂ ယောက် အဆက်အသွယ် မရသေးဘူးလို့ အမည်မဖော်လိုသူ တောင်တက်အသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ကျန် ၆ ယောက် ကတော့ အောက် ဆုံးတောင်ခြေစခန်းရှိရာ သဟောင်တန်းရွာကို ဆင်းလာကြပြီ ဖြစ်ပြီး ကျန်းမာရေး အခြေအနေ လည်း ကောင်းတယ်လို့ ဆိုပါတယ်။ ဆက်သွယ်ရေးစက် အခက်အ ခဲကြောင့် တောင်
Posted: 10 Sep 2014 01:23 AM PDT
ရန်ကုန်၊ စက်တင်ဘာ ၁၀ ၉.၉.၂၀၁၄ ရက်နေ့ ၁၅၅၀ အချိန် လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီး ကားလမ်းအတိုင်း ဖောင်ကြီး ကျေးရွာဘက်မှ လှည်းကူးမြို့နယ်ဘက်သို့ လှည်းကူးမြို့နယ်နေ ယာဉ်မောင်း ဇော်လင်းဦး၊ (၃၉)နှစ်မောင်းနှင်လာသော BA---- ဒိုင်နာ (၂၃၉)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် ဥယျာဉ်ဝကျေးရွာ ထိပ်အနီးတွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏၀ဲဘက်သို့ ထိုးကျတိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွား
Posted: 09 Sep 2014 09:10 PM PDT
ဝက်လက် ၊ ၁၀-၉-၂၀၁၄ စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ဝက်လက် မြို့နယ် ဟန်လင်း ပျူယဉ်ကျေးမှု မြို့ဟောင်းကြီး တွင် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ လူသား အရိုးစုများ ကျောက်ဖြစ် နေသည့် ရှေးဟောင်း သင်္ချိုင်းရာ တစ်ခုကို တူးဖော် တွေ့ရှိ၍ စနစ်တကျ ထိန်းသိမ်း စောင့်ရှောက် ထားကြောင်း ဟန်လင်း မြို့ဟောင်း ပျူယဉ်ကျေးမှု ပြတိုက် တာဝန်ခံ တစ်ဦးထံမှ သိရသည်။ ''အဲဒီ
Posted: 09 Sep 2014 09:03 PM PDT
မြေ၊ အဆောက်အအုံ ငှားရမ်းမှုကနေ ရတဲ့ဝင်ငွေအပေါ် ၀င်ငွေခွန် ပေးဆောင်ဖို့ အတွက် ပြည်တွင်း အခွန်များ ဦးစီးဌာနက ကြေညာကြောင်း စက်တင်ဘာ ၁၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထား ပါတယ်။ ထုတ်ပြန်ချက်မှာ ၀င်ငွေခွန်ဟာ တိုက်ရိုက်ခွန် အမျိုးအစားဖြစ်တဲ့အတွက် နေအိမ် အဆောက်အအုံငှားရာကနေ ရတဲ့ဝင်ငွေကို ပိုင်ရှင်က ထမ်းဆောင်ရမယ့်အခွန်သာ ဖြစ်ပါတယ်။ သွယ်ဝိုက်ခွန်ကဲ့သို့ ငှားရမ်းသူထံကနေ
Posted: 09 Sep 2014 09:00 PM PDT
မြန်မာနိုင်ငံမှာ ထင်း၊ မီးသွေး သုံးစွဲတာဟာ စုစုပေါင်း စွမ်းအင်သုံးစွဲတာရဲ့ ၇၆ ရာနှုန်းအထိ ရှိနေသေး တယ်လို့ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းက ပြောပါတယ်။ မနေ့က နေပြည်တော်မှာ လုပ်ခဲ့တဲ့ အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာ ပြောခဲ့တာပါ။ ပြီးတော့ တစ်ယောက်ချင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု နိမ့်ကျတာဟာ ဆင်းရဲနွမ်းပါမှုရဲ့ အမှတ်လက္ခဏာဖြစ်တယ်လို့လည်း ဒုတိယ သမ္မတက ပြောပါတယ်။ ပေါများကြွယ်ဝပြီး
Posted: 09 Sep 2014 08:55 PM PDT
ဆရာတော်ဦးဥတ္တမနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် စစ်တွေလူထုနှင့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများက တောင်းဆိုလိုက်သည်။ စက်တင်ဘာ ၉ ရက်က စစ်တွေမြို့ရှိ ဆရာတော်ဦးဥတ္တမပန်းခြံတွင်ပြုလုပ်သည့် ၇၅ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အောက်မေ့ဖွယ်စိန်ရတုအခမ်းအနားတွင် ယခုကဲ့သို့တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးရေးအချက်အပါအဝင် ဆရာတော်နှင့်ပတ် သက်သည့် အခြားအချက်တစ်ချို့ကို စစ်တွေလူထုနှင့်
Posted: 09 Sep 2014 08:08 PM PDT
နည်းပညာပိုင်းမှာ ထိပ်တန်းရောက်နေတဲ့ Apple ကုမ္ပဏီက iPhone သစ် ၂ မျိုးနဲ့ Smartwatch နာရီသစ်ကို အင်္ဂါနေ့က ပွဲထုတ်ပြသခဲ့ပါတယ်။ Apple Watch လို့ နာမည်ပေးထားတဲ့ နာရီကနေ တယ်လီဖုန်းဆက်တာ၊ Message ပို့တာ၊ လမ်းညွှန်ပေးနိုင်တာစတဲ့ Application တွေအားလုံးကို လုပ်နိုင်တဲ့အပြင် ကမ္ဘာ့စံတော်ချိန်တွေနဲ့ အချိန်ကိုက်ထားတဲ့အတွက် အင်မတန်မှ တိကျတဲ့ အချိန်ကို သိရမယ်လို့ Apple ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Tim Cook က
Posted: 09 Sep 2014 08:01 PM PDT
Apple ရဲ့  ထုတ်လုပ်မှုအသစ်ဖြစ်တဲ့ Apple Watch  ကို တရားဝင် ကြေညာလိုက်ပါတယ်။ Apple နာရီမှာ  Built in App ပေါင်း ၁၅ ခုကျော် ပါဝင်ပြီး LED နဲ့ Photo sensors တို့က လက်သွေးပြန်ကြောခုန်နှုန်းကို တိုင်းတာပေးတာကြောင့် ကျန်းမာရေးအတွက် အသုံးဝင်တဲ့ ပစ္စည်းလည်း ဖြစ်လာပါလိမ့်မယ်။ Fitness App  တွေ ပါဝင်တာမို့ အားကစား သမားများအတွက် ရည်ရွယ်တဲ့ ပစ္စည်း တခုလည်း ဖြစ်ပါတယ်။ iPhone နဲ့ ချိတ်ထားတာကြောင့်
Posted: 09 Sep 2014 07:56 PM PDT
မြန်မာနိုင်ငံမှာ အမြဲတန်း နေထိုင်ခွင့် PR ဗီဇာ ကို လာမဲ့ အောက်တိုဘာလ လလယ်မှာ စတင် လျှောက်ထားခွင့် ပြုတော့မယ် လို့ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း က ဘီဘီစီ ကို ပြောပါတယ်။ အမြဲတန်း နေထိုင်ခွင့် PR ဗီဇာ ကို ပေးတဲ့ အခါမှာ အမျိုးအစား ငါးမျိုးခွဲထားပြီး တကြိမ်လျှောက်လို့ ခွင့်ပြုချက်ကျရင် ငါးနှစ် နေခွင့်ပြုမှာပါ။ အဆိုပါ အမျိုးအစား ငါးမျိုးထဲမှာ
Posted: 09 Sep 2014 07:54 PM PDT
ဆီးရီးယားနိုင်ငံမှာ ​ပေါက်ကွဲမှု ​တစ်ခု ​ဖြစ်ပွားခဲ့ရာက ​Ahrar ​al-Sham ​လို့ခေါ်တဲ့ ​အစ္စလာမ်မစ် ​စစ်သွေးကြွခေါင်းဆောင် ​အနည်းဆုံး ​၂၈ ​ဦး ​သေဆုံးခဲ့တယ်လို့ ​သိရပါတယ်။ ဆီးရီးယားနိုင်ငံ ​မြောက်ပိုင်း ​Idlib ​ပြည်နယ်မှာ ​Ahrar ​al-Sham ​စစ်သွေးကြွအဖွဲ့ဝင် ​ခေါင်းဆောင် ​အယောက် ​၅၀ ​လောက် ​အစည်း ​အဝေး ​ပြုလုပ် ​နေချိန် ​မှာ ​ပဲ ​ပေါက် ​ကွဲ ​မှု ​ဖြစ် ​ခဲ့ ​ရာ ​က ​သေ ​ဆုံး ​ကြ ​တာ ​ဖြစ်ပါတယ်။
Posted: 09 Sep 2014 07:52 PM PDT
ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း လာဟိုးမြို့မှာ စက်တင်ဘာ ၉ ရက်နေ့က ဗလီအမိုးပြိုကျလို့ လူ ၂ ဦး သေဆုံးပြီး အနည်းဆုံး ၂၅ ဦး ဒဏ်ရာရတယ်လို့ ဒေသခံရုပ်သံက အစီရင်ခံပါတယ်။ ဗလီထဲ ညနေပိုင်းဘုရားရှိခိုးချိန်အတွင်း မတော်တဆဖြစ်ခဲ့တာလို့ စာမာရုပ်သံက ထုတ်လွှင့်ပါတယ်။ ဒဏ်ရာရသူ ၇ ယောက်ကို ဆေးရုံ ကို ခေါ်သွားရပြီး အပျက်အစီးတွေအောက် မှာ အကူအညီတောင်းသံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။ အရေးပေါ် လုပ်သားတွေဟာ
Posted: 09 Sep 2014 07:51 PM PDT
ကြယ်ဖိုးကြီးဗျည်းအက္ခရာကို ကယားစာအဖြစ် ပြည်နယ်လွှတ်တော်က စက်တင်ဘာ ၈ ရက်နေ့က အတည်ပြုခဲ့ပြီး လူထု ဆန္ဒကောက်ခံမယ်လို့ ကယားပြည်နယ် လူမှုရေးနဲ့ ကျန်းမာရေးဝန်ကြီး ဦးပိုးရယ်က ပြောပါတယ်။ လွှတ်တော်မတိုင်ခင် ကြိုတင်ကွင်းဆင်းဆန္ဒကောက်ယူခဲ့တာမှာတော့ လူဦးရေ ၈၀ ရာခိုင်နှုန်းက လက်ခံတယ်လို့ ၀န်ကြီးက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး ကရင်နီလူမျိုးစုတခုဖြစ်တဲ့ ကယန်းတိုင်းရင်းသားစာကို ကျောင်းချိန်ပြင်ပမှာ
Posted: 09 Sep 2014 07:43 PM PDT
အနောက်အာဖရိက ​နိုင်ငံတချို့မှာ ​ပျံ့နှံ့နေတဲ့ ​အီဘိုလာ ​ဗိုင်းရပ်စ်ပိုးကြောင့် ​အခုဆိုရင် ​သေဆုံးသူ ​အယောက်ပေါင်း ​၂၂၉၆ ​ဒါမှမဟုတ် ​သုံးထောင်နီးပါး ​ရှိသွားပြီလို့ ​သိရပါတယ်။ သေဆုံးသူ ​သုံးထောင်နီးပါးထဲက ​ထက်ဝက်လောက်ဟာ ​တစ် ​လ ​အ ​တွင်း ​မှာ ​သေဆုံး ​ကြတာ ​ဖြစ်တယ်လို့ ​ကမ္ဘာ့ ​ကျန်းမာရေးအဖွဲ့က ​ပြောပါတယ်။ အခုလောလောဆယ် ​Guinea, ​Liberia, ​Nigeria ​နဲ့ ​Sierra ​Leone ​နိုင်ငံမှာ ​လူပေါင်း ​၄၀၀၀ေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...