Friday, August 8, 2014

အီရတ်နိုင်ငံမှ ISIS အစွန်းရောက်အဖွဲ့ အား အမေရိကန်လေတပ်မှ စတင်တိုက်ခိုက်

Min Burma added 3 new photos.
Min Burma's photo.
breaking news 8-8-2014
Min Burma's photo. ယခုနာရီပိုင်းအတွင်းက
အီရတ် နိုင်ငံ မြောက်ပိုင်းက မြို့တွေကို သိမ်းယူထားတဲ့ အစ္စလာမစ် စစ်သွေးကြွတွေ အပေါ် အမေရိကန်က လေကြောင်း တိုက်ခိုက်မှု စတင် လိုက်ပါတယ်။sis အခြေစိုက်စခန်းများမှ အဝေးပစ်အမြောက်စဉ်များအားလေကြောင်းမှ ဗုံးကျဲတိုက်ခိုက် လျှက်ရှိသည်။

စစ်သွေးကြွတွေ သိမ်းပိုက်ထားတဲ့ အီရတ် မြောက်ပိုင်း အာဘီ Irbil မြို့က အမြောက်တွေကို အမေရိကန် လေတပ်က တိုက်ခိုက်ခဲ့တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။ အဲဒီ အမြောက်တွေကို စစ်သွေးကြွတွေက ကာ့ဒ် တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ခိုက်ရာမှာ အသုံးပြုနေခဲ့တာ ဖြစ်ပါတယ်။
လေကြောင်းကနေ တိုက်ခိုက်ဖို့ သမ္မတ အိုဘားမားက ကြာသပတေးနေ့က ခွင့်ပြုပေးခဲ့တာ ဖြစ်ပြီး အမေရိကန် တပ်ဖွဲ့တွေကိုတော့ အီရတ် နိုင်ငံထဲကို ပြန်လွှတ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ၄၈ နာရီအတွင်း အီရတ် မြောက်ပိုင်း မြို့တွေကနေ ယာဇီဒီတွေနဲ့ ခရစ်ယာန်တွေ စုစုပေါင်း ၂သိန်းလောက် အိုးအိမ်စွန့် ပြေးခဲ့ကြရပြီး အဲဒီ ဒုက္ခသည်တွေအတွက် အစားအသောက်နဲ့ အထောက်အပံ့ ပစ္စည်းတွေကို အမေရိကန်က လေကြောင်းကနေ ကြဲချပေးခဲ့ပါတယ်။
အရင်က ISIS လို့ ခေါ်ပြီ၊ အခု IS လို့ အမည်ပြောင်းထားတဲ့ ဆွန်နီ စစ်သွေးကြွတွေဟာ ဇွန်လက စတင်ပြီး အီရတ် မြောက်ပိုင်းက မြို့တွေ အတော်များများကို ဆက်တိုက် သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

Min Burma's photo. အဆိုပါ isis အဖွဲ့ သည် ခရိယာန်ဘာသာဝင်ထောင်ပေါင်းများစွာအား မြို့ များ မှနှင်ထုတ်ခဲ့ပြီး ဘာသာရေး ဘုရားကျောင်းများအားဖျက်ဆီးကာ အမျိုးသမီးအားလုံး အား ၄င်းတို့ စစ်သားများထံ ကာမပျော်တော် ဆက်ရန် ၊အမျိုးသမီးများ လိမ်စိတ်ကုန်သွားစေရန် သင်းကွတ်ရန်အမိန့်  ထုတ်ခဲ့သည်။
အီရတ်နိုင်ငံကို သိမ်းပိုက်လိုက်တဲ့ isis (Islamic State of Iraq and Syria) အိုင်စစ်အဖွဲ့ဝင်များသည် အီရတ်နိုငံကို ဇွန်လ ၂၀၁၄ သိမ်းပိုက်ပြီး ၁ ပတ်အတွင် အီရတ်နိုင်ငံရှိ အပျိုများကို အိုင်စစ် စစ်သားများအား ဆက်သရမယ်လို့ အမိန့်ထုတ်ပြီးနောက် ၂ ပတ်အကြာတွင် အီရတ်နိုင်ငံရှိ အမျိုးသမီးများအားလုံး အမျိုးသမီးအင်္ဂါကို ဖြတ်တောက်ရမယ်လို့ ထပ်မံအမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အမျိုးသမီးအင်္ဂါရပ်ကို ဖြတ်တောက်ခိုင်းရတဲ့အကြောင်းရင်းကတော့ လိင်ဆက်ဆံပြီးသော အမျိုးသမီးများ နောက်ထပ် လိင်ဆက်ဆံလိုစိတ်ကင်းမဲ့ရန်လို့ ဆိုပါတယ်။
အီရတ်နိုင်ငံရှိ အမျိုးသမီးများသည် တကိုယ်လုံးအနက်ရောင် ဖုံးလွှမ်းသော အ၀တ်အစား ၀တ်ဆင်ရပြီး မျက်လုံး ၂ လုံးကိုသာ ဖေါ်ထားရသည်။ အခုအချိန်မှာ ထိုမျက်လုံး ၂ လုံးကိုပင် ဖုန်းကွယ်ထားရမယ်လို့ ဆိုပါတယ်။ အမျိုးသားများမှ အမျိုးသမီးကို မြင်ရင် ထိုမျက်လုံးက လိင်စိတ်ဆွသောကြောင့်ဟု ဆိုသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...