တရုတ်မြို့တစ်မြို့တွင် ယောက်ျားများ မုတ်ဆိတ်မထားရ မိန်းမများခေါင်းမြီးမခြုံရဟု တားမြစ်
ပေကျင်း၊
တရုတ်ပြည်၌ ပထမဆုံး တား မြစ်ချက်ဟု ယူဆရသည့် မငြိမ်မသက် သော
ရှင်ကျန်းဒေသတွင် မြို့တစ်မြို့ ၌ မုတ်ဆိတ်ထားခြင်းနှင့် ခေါင်းမြီးခြုံ
ခြင်းတို့ကို မပြုလုပ်ရကြောင်း တား မြစ်ခဲ့သည်။ ရှင်ကျန်းပြည်နယ် ကက်ရှ်
ဂါနယ်မြေ၌ အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့ရာ လူ ၁ဝဝ နီးပါး သေ ဆုံးခဲ့ရသည်။
ကာရာမေနယ်မြေတွင် အာဏာ ပိုင်များက အုပ်စုငါးခုအား တားမြစ် ခဲ့ခြင်းဖြစ်သည်။
အဆိုပါလူများမှာ ခေါင်းမှ ခြေဖျားအထိ ကိုယ်ရုံခြုံခြင်း၊ ခေါင်း၌ သံပရာခွံဦးထုပ်ဆောင်းခြင်း၊ ခေါင်းမြီးခြုံခြင်း၊ လခြမ်းနှင့် ကြယ် ပါသော အဝတ်များ ဝတ်ဆင်ခြင်း၊ မုတ်ဆိတ်မွေးရှည်ရှည် ထားခြင်းတို့ ကို တားမြစ်ကြောင်း နိုင်ငံပိုင်သတင်း များက ဖော်ပြခဲ့သည်။
အဆိုပါဝတ်ဆင်မှုများမှာ အစ္စ လာမ္မစ်ဘာသာဝင်များက ပြုလုပ်ကြ သည်။ ဤတားမြစ်ထားချက်၌ အကျုံး ဝင်သူများသည် အများသုံးဘတ်စ် ကားများ လူထုပို့ဆောင်ရေးယာဉ် ရထားများကို စီးနင်းလိုက်ပါခြင်းမပြု ရ။ ဤအမိန့်မှာ တနင်္လာနေ့မှစ၍ တည်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
ဤအခြေအနေများကို သြဂုတ် ၂ဝရက် အားကစားပြိုင်ပွဲအထိဟု သတ်မှတ်သော်လည်း နောက်ပိုင်း ဆက်လက်တိုးချဲ့သွားမည်ဟု ဆိုသည်။
ရှင်ကျန်းပြည်နယ်၌ အာဏာ ပိုင်များက မိသားစုစီမံကိန်းဥပဒေပြင် ဆင်ချက်အား လုပ်ဆောင်လျက်ရှိရာ မူဆလင်မိသားစုများအား ကလေး နှစ်ဦးထက်ပို၍ ယူခွင့်ပြုရန် ပါရှိ သည်။ ထို့ကြောင့် တရုတ်၏ ကလေး တစ်ယောက်မူဝါဒမှာ မူဆလင် များကို ခြွင်းချက်ထားရမည်ဟု ဆို သည်။
တရုတ်ပြည်၏တောင်ရှင်ကျန်း ပြည်နယ်တွင် လူမျိုးစုအားလုံးကလေး မွေးနှုန်း တစ်ပြေးညီဖြစ်ပြီး မွေးနှုန်း ကို သင့်တော်သော နှုန်းအထိ ထိန်း ထားရမည်ဟုပြည်နယ် ကွန်မြူနစ် ပါတီခေါင်းဆောင်က တူရကီဘာ သာဖြင့် ယူအီဂါမူဆလင်များအတွက် သတင်းစာတွင် ဖော်ပြခဲ့သည်။
ယခု မုတ်ဆိတ်မွေးနှင့် ခေါင်း မြီးခြုံခြင်းတားမြစ်ခြင်းမှာ အကြမ်း ဖက်လုပ်ရပ်များတွင် အတုအယောင် ပြုလုပ်၍ လုပ်ဆောင်လာမည်ကို တား မြစ်ရန်ဖြစ်သည်ဟု ဆိုသည်။
Ref : Mailonline

0 comments:
Post a Comment