Tuesday, August 12, 2014

ဟာသစုဗူး (၄)

‪#‎ရှင်သိတယ်မှတ်လို့‬

လင်မယားနှစ်ယောက် ကတိသစ္စာပြုထားကြသည်မှာ တစ်ယောက်က သစ္စာဖောက်မိလျင် ပဲကြမ်းစေ့တစ်စေ့ စားပွဲပေါ်တင်၍ အသိပေးရန်ဖြစ်သည်။
တစ်နှစ်ခန့်အကြာတွင်… ယောင်္ကျားဖြစ်သူက ပဲကြမ်းစေ့ သုံးစေ့ကို စားပွဲပေါ်တင်သည်။ မိန်းမကမူ…တစ်စေ့မျှမတင်ပေ။ ယောင်္ကျားက… မကျေမနပ်မေးသည်။
" မင်းကငါ့ကို… တစ်ခါမှသစ္စာမဖေါက်ဘူးပေါ့လေ။ ဟုတ်လား"

"ရှင်အတော်… နုံတာပဲ။ ရှင့်ကိုနေ့တိုင်း ပဲဟင်းချက်ကျွေးနေတာ… ခြောက်လလောက်ရှိပြီ'


‪#‎အမေ‬ ။ ။ သမီးရေ အမေ့ကို ရေနွေးလေး ထည့်ပေးပါဦး ။
သမီး ။ ။ ဟုတ်ကဲ့ မေမေ (လုပ်ပေးလိုက်ပါ့မယ်)။
အမေ ။ ။ သမီးရေ အမေ့ အကျီလေး လျှော်ပေးပါဦး ။
သမီး ။ ။ဟုတ်ကဲ့......(ရှူပ်ကိုရှုပ်တယ်)။
အမေ ။ ။သမီးရေ ဈေးလေး သွားလိုက်ပါဦး ။

သမီး ။ ။ဟုတ်.......(သွားရပြန်ပြီ) ။
အမေ ။ ။သမီးရေ ဒီဟင်းလေး ပြီးအောင်ချက်လိုက်ပါဦး ။
သမီး ။ ။မေမေ သမီး စာကျက်ရဦးမှာ (ရည်းစားစာ) ။
အမေ ။ ။အော် အေအေ ငါ့သမီး အဲ့ဆိုလဲ အမေပဲချက်လိုက်မယ် ။
သမီး ။ ။ဟုတ် (ပျော်လိုက်တာ ) ။
အမေ ။ ။သမီးရေ စာကျက်လို့ပြီးပြီလား အမေ့ကိုပန်းကန်လေးဆေးကူပါဦး ။
သမီး ။ ။ပြီးသေးဘူးမေမေ စာတွေ က အများကြီးပဲ (ဟီး လျှောက်ပြောတာ) ။
တီးးးးးးးးးးးတီးးးးးးးးးးးးးးးတီးးးးးးးးးးးးး
သမီး ။ ။ဟော ချစ်ချစ် လာခေါ်ပြီ ။
အမေ ။ ။ဘယ်သူလဲ သမီးလေး ။
သမီး ။ ။သူငယ်ချင်းတွေ ပါမေမေ ။သမီးလိုက်သွားလိုက်ဦးမယ် ။
အမေ ။ ။ဟဲ့စာတွေ အများကြီးဆို ။
သမီး ။ ။ရပြီမေမေ။ (လည်ချင်လို့ချစ်ချစ်နဲ့)
အမေ ။ ။ဟေ........(အလုပ်ခိုင်းတော့တစ်မျိုးနဲ့ ဘာလဲဟ)

## လေးချင်လေးပေစေ...
ဝယ်သူ။ ။ “ဝတ္ထုစာအုပ် တစ်အုပ်လောက် ဝယ်ချင်လို့။ ကူညီပါဦး။”
စာအုပ်ဆိုင်ဝန်ထမ်း။ ။ “ရပါတယ် မဒမ်။ ဝယ်ချင်တဲ့ စာအုပ်နာမည် ဒါမှမဟုတ်
စာရေးဆရာနာမည်လေး ပြောပါလား။”
ဝယ်သူ။ ။ “အင်း။ အဲဒီလိုမျိုးတော့ မရှိဘူး။ မင်းငါ့ကို သင့်တော်တဲ့
စာအုပ်တစ်အုပ်လောက် အကြံပေးလို့ ရမလား။”
စာအုပ်ဆိုင်ဝန်ထမ်း။ ။ “ရပါတယ်။ ဒါနဲ့ ပေါ့ပေါ့ပါးပါး စာအုပ်လိုချင်လား။
လေးလေးပင်ပင် စာအုပ် လိုချင်လား။”
ဝယ်သူ။ ။ “ပေါ့တာ လေးတာ ကိစ္စမရှိပါဘူး။ ငါ့ကားက ဆိုင်အပေါက်ဝမှာတင်
ရပ်ထားတာပါ။”


#(‪#‎အထီးအမခွဲခြားနည်း‬)
"မေမေ၊ ကျွန်တော် ယင်ငါးကောင်ကို သတ်လိုက်တယ်၊ နှစ်ကောင်က အထီး၊ သုံးကောင်က အမ" ဟု ငါးနှစ်သား လူငယ်လေးက သူ့မိခင်ကိုပြောလိုက်သည်။
"ဟုတ်လား၊ ဒါနဲ့သားက ယင်ကောင် အထီးနဲ့ အမ ဘယ်လိုခွဲသလဲကွဲ့။"
"အော်…ဒါလား နှစ်ကောင်က ဘီယာပုလင်းပေါ်မှာ၊ သုံးကောင်က ကြည့်မှန်ပေါ်မှာ နားနေကြတာလေ"

#‎သစ္စာဖေါက်ရပုံ‬
ယောက်ျားအပေါ် သစ္စာဖေါက်ရပုံအကြောင်းကို မိန်းမက ရှင်းပြနေသည်။
"ပိန်ချုံးပြီး ထမင်းဆာနေတဲ့ လူတစ်ယောက် ရောက်လာတယ်၊ ကျွန်မ သူ့ကို
သနားသွားတယ်၊ ဒါနဲ့ သူ့ကို ရေချိုးခိုင်းပြီး အစာကျွေးလိုက်တယ်၊
အ၀တ်အစားလည်း ဆင်ပေးလိုက်တယ်။ သူက ကျေးဇူးတင် စကားပြောတယ်၊ တစ်ဆက်တည်းက
အစ်မကြီးရဲ့ ယောက်ျား အသုံးမပြုတဲ့ ပစ္စည်းရှိသလားလို့ မေးတယ်။ အဲဒီမှာ
ရှင်ကျွန်မရဲ့ ကိုယ်ခန္ဓာကို အသုံးမပြုတာ ကြာပြီပဲလို့ သတိရလိုက်တယ်"

 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...