iphone 4s ( ios 5/ 5.0.1 ) ကို Jailbreak လုပ်နည်း
March 1, 2012 at 7:39pm
ကျွန်တော် သိလို့ တတ်လို့ ပရော်ဖက် ရှင်နယ် ကျကျ ကျွမ်းကျင်လို့ ဒီပို့စ်လေးကို ရေး ရခြင်း မဟုတ်ပါ... ကျွန်တော့် သူငယ်ချင်းများ အနေနဲ့... iphone 4s ကို Jailbreak လုပ်နည်း သိသူနည်းပါး သေးသည် ဟု သူငယ်ချင်းက ပြောပြ သဖြင့် ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက် အိပ်ရေး အပျက်ခံပြီး ဟိုရှာဒီရှာနဲ့ ကလိမှုလေးကို ပြန်လည် မျှဝေပေးချင်လို့ အခုလို ရေးလိုက်ရခြင်း ဖြစ်ပါတယ်...
မသိရင်တော့ ဘယ်က ဘယ်လို စလုပ်ရမှန်း မသိပဲ သိသွားရင် အရမ်းလွယ်ကူပါတယ်... iphone 4s ( ios 5/ 5.0.1 ) ကို Jailbreak လုပ်လုပ်ချင်သူ ညီအစ်ကို မောင်နှမ များအနေနဲ့ အသုံးဝင် မယ် အကျိုးရှိမယ် ဆိုရင် ရေးရကျိုး ပင်ပန်းရကျိုး နပ်ပါတယ်...
Jailbreak လုပ်မယ်ဆိုရင် itunes ကို အရင် install လုပ်ပါ... ထိုသို့ လုပ်ပြီး itunes ကို အောက်ကပုံလို ဖွင့်ပြီး iphone ကို ကွန်ပျူတာနဲ့ ချိန်ပြီး အရင်ဆုံး backup လုပ်ပေးထားပါ...
ထိုသို backup လုပ်ပြီး ရင် အခု ကျွန်တော် ပေးမယ့် လင့် သုံးခုမှာ ၀င်ဒိုး အမျိုး အစား သုံးခုပေါ်မှာ မူတည်ပြီး သွားရောက် ပြီး ဒေါင်းလိုက်ပါ...
Mac ၀င်ဒိုး အတွက် ဒေါင်းရန်
Use Absinthe 0.4 for Mac = http://cache.greenpois0n.com/dl/absinthe-mac-0.4.zip
Windows အတွက် ဒေါင်းရန်
Use Absinthe 0.4 for Windows = http://cache.greenpois0n.com/dl/absinthe-win-0.4.zip
Linux အတွက် ဒေါင်းရန်
Use Absinthe 0.4 for Linux = http://cache.greenpois0n.com/dl/absinthe-linux-0.4.tar.gz
သက်ဆိုင်ရာ လင့်များမှ မိမိတို့ သုံးနေတဲ့ ကွန်ပျူတာမှ ၀င်ဒိုး စနစ် အလိုက် Jailbreak လုပ်မယ့် Absinthe 0.4 ကို ဒေါင်းလိုက်ပါ... .rar ဖိုင်နဲ့ ကျလာပါလိမ့်မယ်.. အဲဒီလို Win RAR ဖိုင် နဲ့ ကျလာတဲ့ Absinthe 0.4 ကို ဖြေလိုက်ပါ... အောက်ပါပုံ အတိုင်း ဖိုဒါထဲမှာ တွေ့ရပါလိမ့်မယ်... ပုံထဲမှာလိုပဲ မြားပြထားတဲ့ အတိုင်း အစိမ်းရောင် Absinthe လေးကို run (သို့) Double Click နိပ်ပြီး ဖွင့်လိုက်ပါ... ဒီအောက်က ပုံလေးလို ပေါ်လာပါလိမ့်မယ်...
(ကျွန်တော် ပုံက ဖုံးနဲ့ မချိတ်ထားသေးလို့ပါ... ဖုန်းနဲ့ ချိတ်ထားပါက...) အစိမ်းရောင်လေးနဲ့ Jailbreak လေးကို နိပ်လိုက်ပါ... software ကို install လုပ်သလို အစိမ်းတန်းလေး တက်လာပြီး ကွန်ပျူတာထဲကနေ ဖုန်းထဲကို Restoring တွေ စတင်လုပ်နေပါလိမ့်မယ်..
အဲဒီ အချိန်မှာ ဘာမှ သွားမကိုင် မိပါစေနဲ့... Restore လုပ်ပြီးတာနဲ့ တစ်ခါတည်း Cydia ကို တခါတည်း သွင်းပြီး Jailbreak လုပ်သွားပါလိမ့်မယ်... အဲဒီနောက်မှာ အောက်ပါ ပုံလေး အတိုင်း Jailbreak လုပ်ပြီးလို့ Cydia ဆိုတဲ့ ပုံလေး ကျလာပြီး ဆိုရင် အဲဒီ icon လေးကို နိပ်လိုက်ပါ....
Cydia ဆိုတဲ့ icon လေးကို နိပ်လိုက်တဲ့ အခါမှာ... အောက်က ပုံလေး အတိုင်း User, Hacker, Developer ဆိုပြီး သုံးခု တွေ့ရပါလိမ့်မယ်... Developer ဆိုတာလေးကို နိပ်လိုက်ပါ ပြီးရင် ထပ်ပေါ်လာတဲ့ Done ဆိုတာလေးကို ပါထပ်နိပ်ပေးပါ..
အဲဒီနောက်မှာ ဆိုရင် iphone လေးဟာ ဆိုရင် Jailbreak လုပ်ပြီး အနေထား ရောက်သွားပါလိမ့်မယ်...
အောက်က video ကတော့ installous from cydia ကို ဘယ်လို install လုပ်ရမလဲ ဆိုတာ အထောက်အကူ ဖြစ်အောင်လို့ပါ...
http://www.youtube.com/watch?v=lQFZs1kjBVU&feature=fvsr
myanmar font ကို iphone (သို) ipod touch မှာ ထည့်ချင်သူများ အတွက် အောက်က video လေးမှာ သွားရောက် ကြည့်ရူ့နိုင်ပါတယ်..
http://www.youtube.com/watch?v=P4VNBJcf9SE&feature=fvsr
Keyboard အနေနဲ့က Iphone 4s ios 5.0.1 အတွက် Keyboard မထွက်သေးပါ... mmkeyboard မှ ကော်ပီ ပေ့ လုပ်ပြီး သုံးနိုင်ပါသည်... :P
(http://www.co2zenith.com/2012/02/updated-iphone-zawgyi-font-zawgyi.html)
အားလုံး အဆင်ပြေကြပါစေ ခင်ဗျာ
0 comments:
Post a Comment