သစ်ထူးလွင် သတင်းစုစည်းမှု (၁၁-၇)
သစ်ထူးလွင် |
- ဆိုက္ကားနင်းသူ အချင်းချင်း စကားများရန်ဖြစ်စဉ် သံချောင်းဖြင့်ထိုး၍ သေဆုံးမှုဖြစ်
- ဘုရင် သီဟာနုရဲ့ အရိုးအိုး လှည့်လည် ပြသ အပူဇော်ခံ
- အီရတ် ရေနံတွင်း ၂ တွင်းကို ကာ့ဒ်တွေ ထိန်းချုပ်
- စလင်း မြို့နယ်မှာ ဆိုင်ကယ် တိမ်းမှောက်၍ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ
- ပခုက္ကူ မြို့နယ်မှာ ယာဉ် တိမ်းမှောက်၍ (၁၄)ဦး ဒဏ်ရာရ
- မလေးရှားရောက်မြန်မာများ သတိထားရန် သံရုံးနှိုးဆော်
- ပဲခူးတွင် ဆိုင်ကယ်တိမ်းမှောက် ဆိုင်ကယ်မောင်းသူသေဆုံး
- ““ရွှေစင်စင်္ကြာ”” နှင့် ပရိုဘောက် တိုက်မိ သေဆုံး/ဒဏ်ရာရ
- တံတားအကွေ့တွင် ထော်လာဂျီယာဉ် အရှိန်လွန်တိမ်းမှောက်၍ (၁၃)ဦး ဒဏ်ရာရ
- တရုတ်နိုင်ငံတွင် မူကြိုကား ရေကာတာထဲကျ၊ ၁၁ ဦး သေဆုံး
- ထိုင်းအာပိုင်များ ကရင်နီဒုက္ခစခန်း ၀င်ရောက်စစ်ဆေးရန် ကြိုတင်အသိပေး
- လျှပ်စစ်ဓါတ်ကြိုးပြုတ်ကျ ထိမိကာ ဓါတ်လိုက်ခံ ရသဖြင့် အမျိုးသမီး (၃)ဦးသေဆုံး
- အရှိန်မထိန်းနိုင်သောယာဉ်မှ ဈေးဆိုင်ခန်း (၁၁) ခန်းနှင့် အမျိုးသား (၁)ဦးတို့အား တိုက်မိ
- ဖမ်းဆီးခံသတင်းထောက်များ လွတ်မြောက်ရေး ဆုတောင်းပွဲပြုလုပ်
- ဖမ်းထားသည့် ကေအိုင်အေ တပ်ဖွဲ့ဝင် ၂ ဦးကိစ္စ အစိုးရနှင့် ဆွေးနွေး
- သားမယားအဖြစ်နေထိုင်ပုံများကို အင်တာနက်တင်သူ မကွေးမြို့နယ်တရားရုံးက ထောင်နှစ်နှစ်ချမှတ်
- မင်းပြားမြို့နယ်တွင် တပ်ကပြန်ပေးသည့် လယ်မြေဧကနည်းလွန်း၍ ရွာသားများလက်မခံဟုဆို
- မဟာသန္တိသုခ အရေး ပီနန်ဆရာတော် ဥပဒေအတိုင်း ရင်ဆိုင်မည်
- ရိုဟင်ဂျာတွေနဲ့ လက်မထပ်ဖို့ ဘင်္ဂလားဒေ့ရှ် အမိန့်ချမှတ်
- အစ္စရေးနဲ့ ဂါဇာကြား တိုက်ခိုက်မှုကြောင့် ပါလစ္စတိုင်း ၈၀ ကျော် သေဆုံး
- မဲ့လ ဒုက္ခသည်စာရင်း ထိုင်းကောက်ယူမယ်
- လက်တွေ့မှာ HIV ဆေးတွေ့ဖို့ မလွယ်သေး
- ကွန်ပျူတာထဲက ကန်အရာရှိတွေ ကိုယ်ရေး တရုတ် ခိုးယူ
- မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး အခြေအနေ ဆိုးရွား လာနေကြောင်း AI ပြော
- လူထုပါဝင်သော ငြိမ်းချမ်းရေးဖြစ်စဉ်သာ ခိုင်မြဲမည်ဟု အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပြောဆို
Posted: 11 Jul 2014 06:53 AM PDT
ရန်ကုန်၊
ဇူလိုင် ၁၁
၁၀.၇.၂၀၁၄ရက်နေ့ ၀၇၃၀အချိန် လှိုင်မြို့နယ်နေ ကိုမိုးကျော်
(အမှတ်-၁၄ဆိုက္ကား ဂိတ်မှူး)သည် နေအိမ်တွင်ရှိနေစဉ် လှိုင်မြို့နယ်၊
(၅)ရပ်ကွက်၊ ဘူတာရုံလမ်းနှင့် (၁၁)လမ်းထိပ်ရှိ အမှတ် (၁၄)ဆိုက္ကားဂိတ်တွင်
ဆိုက္ကားနင်းသူများဖြစ်ကြသည့် လှိုင်သာယာမြို့နယ်နေ ကိုစိုးမိုး
(၃၄)နှစ်နှင့် ကိုအောင်မင်း (စိစစ်ဆဲ)တို့သည် ရေသန့်ဘူး အလှည့်ကျ
သယ်ရန်ကိစ္စနှင့် စကားများရန်ဖြစ် ကြကြောင်း၊
|
Posted: 11 Jul 2014 06:45 AM PDT
ကမ္ဘာဒီးယား
နိုင်ငံမှာ ပြီးခဲ့တဲ့ ၂ နှစ်က ကွယ်လွန်သွားခဲ့တဲ့ ဘုရင် သီဟာနုရဲ့
အရိုးအိုးကို ဖနွမ်းပင် မြို့တော် တဝိုက် လှည့်လည် ပြသ အပူဇော်ခံခဲ့ရာမှာ
ပြည်သူ ထောင်သောင်းချီ အရိုအသေပေးခဲ့ကြပါတယ်။
ပြင်သစ် နိုင်ငံရဲ့ လက်အောက်ကနေ လွတ်လပ်ရေး ရအပြီး ကမ္ဘောဒီးယား နိုင်ငံကို
ဘုရင် သီဟာနုက ဆယ်စုနှစ်ပေါင်း များစွာ ပဋိပက္ခတွေကြားက ဦးဆောင်ခဲ့ပြီး
ငြိမ်းချမ်းရေး ရတဲ့အထိ ဆောင်ကျဉ်းပေးခဲ့ပါတယ်။
နိုင်ငံရဲ့
|
Posted: 11 Jul 2014 06:41 AM PDT
အီရတ်နိုင်ငံ
မြောက်ပိုင်း ကာကွတ် Kirkuk မြို့ အနီးက အရေးပါတဲ့ ရေနံတွင်း ၂ ခုကို
ကာ့ဒ် လက်နက်ကိုင်တွေက ထိန်းချုပ်ထားတယ်လို့ အီရတ် ရေနံ ဝန်ကြီးဌာနက
စွပ်စွဲ ပြောဆိုလိုက်ပါတယ်။
ဆွန်နီ ဂျီဟတ်တွေရဲ့ လျှပ်တပြက် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့်
အစိုးရတပ်တွေ ဆုတ်ခွာခဲ့ရ အပြီးမှာ ကာ့ဒ် ဒေသမှာ ရှိတဲ့ ပက်ရှ်မာဂါ
လက်နက်ကိုင်တွေက ပြီးခဲ့တဲ့ လက ကာကွတ် မြို့ထဲကို ဝင်ရောက်ခဲ့တာပါ။
အီရတ် အစိုးရ အဖွဲ့ထဲမှာ
|
Posted: 11 Jul 2014 06:47 AM PDT
အရှိန်မထိန်းနိုင်သော
ဆိုင်ကယ် တိမ်းမှောက်၍ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ
နေပြည်တော်၊ ဇူလိုင် ၁၁
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ ည ၁၁ နာရီခွဲအချိန် မကွေးတိုင်း ဒေသကြီး၊
စလင်း မြို့နယ်၊ ပုသိမ်-မုံရွာလမ်း ဇဟာချောင်းတံတားအနီးတွင်
ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သရက်တော ရဲကင်း ရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ စလင်းမြို့နယ်၊ သရက်တော ကျေးရွာ အုပ်စု
|
Posted: 11 Jul 2014 06:47 AM PDT
အရှိန်မထိန်းနိုင်သော
ယာဉ် တိမ်းမှောက်၍ (၁၄)ဦး ဒဏ်ရာရ
နေပြည်တော်၊ ဇူလိုင် ၁၁
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မကွေးတိုင်း
ဒေသကြီး၊ ပခုက္ကူ မြို့နယ်၊ အုန်းတောကျေးရွာ အနီးတွင် ယာဉ်တိမ်းမှောက်မှု
ဖြစ်ပွားကြောင်း သတင်းအရ ကမ္မနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များက
သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ရေမျက်ကျေးရွာ ဘုရားပွဲမှ ချိုင်ကျေးရွာသို့ ပခုက္ကူမြို့နယ်၊
|
Posted: 11 Jul 2014 06:01 AM PDT
မလေးရှားမှာ
ရောက်ရှိ အလုပ်လုပ်ကိုင် နေကြတဲ့ မြန်မာတွေ မိမိလုံခြုံရေးကို အထူး
ဂရိုစိုက်သွားလာ နေထိုင်ကြဖို့ မြန်မာအစိုးရက နှိုးဆော် သတိပေး လိုက်ပါတယ်။
မလေး ရှားရောက် မြန်မာနိုင်ငံ သားတွေ အနေနဲ့ မိမိလုံခြုံရေးအတွက်
အထူးသတိပြု သွားလာနေထိုင်ကြဖို့ မလေးရှား အခြေစိုက် မြန်မာ သံရုံးက
နှိုးဆော် လိုက်ပါတယ်။
ဇူလိုင် ၇ ရက်ကနေ ၉ ရက်နေ့ထိ သုံးရက်အ တွင်း မြန်မာနိုင်ငံသား ဦးတိုနီနဲ့
ဦးမျိုးပိုင်တို့
|
Posted: 11 Jul 2014 05:49 AM PDT
ပဲခူးမြို့၊
ဟံသာဝတီရပ်ကွက်၊ ပိုလန်ကွေ့တွင် ဆိုင်ကယ်တိမ်းမှောက်ပြီး ဆိုင်ကယ်မောင်းသူ
ဒဏ်ရာရရှိကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ၁၀-၇-၂၀၁၄ ရက်နေ့ ည(၁၁း၄၀)အချိန်တွင် ပဲခူးမြို့၊
ဟံသာဝတီရပ်ကွက်၊ ပိုလန်ကွေ့၊ ရန်ကုန်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်၊ ၅၂/၂
နှင့် ၅၂/၃ အကြားတွင် ပဲခူးမြို့ဘက်မှ ဘုရားကြီးမြို့ ဘက်သို့
ကိုသိန်းထွေး (၄၁)နှစ် (ဘ)ဦးချစ်ဖွေး၊ ကျဘမ်းလုပ်၊ အောက်ထက်ကျေးရွာ၊
|
Posted: 11 Jul 2014 05:19 AM PDT
အရှိန်မထိန်းနိုင်သော
ခရီးသည်တင်ယာဉ်က ရှေ့မှမောင်းနှင်နေသော ယာဉ်အား ၀င်ရောက်တိုက်မိ၍
သေဆုံး/ဒဏ်ရာရ
နေပြည်တော်၊ ဇူလိုင် ၁၁
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်အချိန်
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊
မိုင်တိုင်အမှတ်(၇၈/၀)နှင့်(၇၈/
|
Posted: 11 Jul 2014 05:15 AM PDT
နေပြည်တော်၊
ဇူလိုင် ၁၁
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန် မန္တလေးတိုင်း
ဒေသကြီး၊ တံတားဦး မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊
မိုင်တိုင်အမှတ်(၃၅၇/၄-၅)ကြားတွ
|
Posted: 11 Jul 2014 05:12 AM PDT
တရုတ်နိုင်ငံ
တောင်ပိုင်း ဟူနန်ပြည်နယ်မှာ မူကြိုကလေးငယ်တွေကို တင်ဆောင်လာတဲ့
မီနီဘတ်စ်တစီး ဇူလိုင် ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ရေကာတာထဲ ကျော်ကျလို့
ကားပေါ်ပါတဲ့ ၁၁ ဦးလုံး သေဆုံးခဲ့ပါတယ်။
သေဆုံးသွားသူတွေကတော့ ကလေးငယ် ၈ ဦး၊ ဆရာ ၂ ဦး နဲ့ ကားမောင်းသမား ၁ ဦး
စုစုပေါင်း ၁၁ ဦးဖြစ်ပါတယ်။
တရုတ်ပြည်သူတွေ ပြစ်တင်ဝေဖန်နေကြတဲ့ တရုတ်ကားလမ်းတွေနဲ့
ယာဉ်မတော်တဆမှုတွေထဲက နောက်ဆုံး မတော်တဆဖြစ်ရပ်လည်းဖြစ်ပါတယ်။
ေ
|
Posted: 11 Jul 2014 05:10 AM PDT
ထိုင်းမြန်မာနယ်စပ်
မယ်ဟောင်ဆောင် ခရိုင်အတွင်းရှိ ကရင်နီအမှတ် ၁ ဒုက္ခသည် စခန်းအတွင်း
ဇူလိုင် လ ၁၉ ရက်နေ့က စပြီး ထိုင်းအာဏာပိုင်များမှ လူဦးရေစာရင်း ၀င်ရောက်
စစ်ဆေးမည် ဖြစ်သည့် အတွက် လုပ်ငန်းကိစ္စနှင့် အပြင်သို့ ရောက်ရှိ
နေကြသူများ ပြန်လာပေးကြရန် လိုအပ်ကြောင်း စခန်း အုပ်ချုပ်ရေးက ပြောသည်။
ထိုင်းအာဏာပိုင်များမှ ဇွန်လိုင်လ ၁၀ရက်နေ့က စခန်းအတွင်းသို့လာရောက်၍
ဒုက္ခသည်တာဝန်ရှိ သူများအား
|
Posted: 11 Jul 2014 04:57 AM PDT
ရန်ကုန်၊
ဇူလိုင် ၁၁
၁၁.၇.၂၀၁၄ရက်နေ့ ၀၉၅၀အချိန် လှိုင်သာယာမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည်
လှိုင်သာယာမြို့နယ်၊ (၁၅)ရပ်ကွက်ဈေးရှိ သရဖီလမ်းတွင် အမျိုးသမီး (၃)ဦး
ဓါတ်လိုက် သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။
ထိုသို့သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူများမှာ လှိုင်သာယာမြို့နယ်နေသူများ
ဖြစ်သည့် ဒေါ်တင်တင်ဝင်း (၄၁)နှစ်၊ ဒေါ်ချိုမာကြီး (၃၇)နှစ်နှင့် ဒေါ်ရင်ငွေ
(၄၉)နှစ် တို့ဖြစ်ပြီး ၎င်းတို့သည် (၁၅)
|
Posted: 11 Jul 2014 04:47 AM PDT
ရန်ကုန်၊
ဇူလိုင် ၁၁
၁၀.၇.၂၀၁၄ရက်နေ့ ၁၃၄၅အချိန် မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းအတိုင်း
တောင်မှမြောက်သို့ လှည်းကူးမြို့နယ်နေ ယာဉ်မောင်း သက်မင်းထွန်း မောင်းနှင်
လာသော 2C----နစ်ဆန်းဟီနိုးဘတ်(စ်) ယာဉ်လိုင်းအမှတ် (၂၁၃)ခရီးသည်တင် ယာဉ်သည်
(၆)ကွေ့မှတ်တိုင်အလွန် အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာ ဘက်ဘေးရှိ
ဈေးဆိုင်ခန်း(၁၁)ခန်းနှင့် မြောက်ဥက္ကလာပမြို့နယ်နေ မောင်ပေါက်
(၄၈)နှစ်တို့အား
|
Posted: 11 Jul 2014 04:41 AM PDT
ဖမ်းဆီး
ထောင်ချ ခံထားရတဲ့ သတင်းထောက်တွေ လွတ်မြောက်ရေး ဆုတောင်းပွဲ တခုကို ဒီကနေ့
မနက်ပိုင်း က ရွှေတိဂုံ စေတီတော် အရှေ့ဘက်မုခ်မှာရှိတဲ့ ကြေးသွန်း
ဘုရားကြီးမှာ ပြည်တွင်းက သတင်းမီဒီယာ သမားတွေ ပူးပေါင်းပြီး ပြုလုပ်ခဲ့
ပါတယ်။
မနေ့က ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံလိုက်ရတဲ့ ယူနတီဂျာနယ်သတင်းထောက်တွေ
လွတ်မြောက်ရေးအပါအ၀င် ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေအားလုံး
လွတ်မြောက်ရေးအတွက် မီဒီယာသမား ၁၀၀ ကျော်က “
|
Posted: 11 Jul 2014 04:39 AM PDT
အစိုးရတပ်က
ဖမ်းဆီးထားတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) တပ်ဖွဲ့ဝင် ၂
ဦးကို ကေကိုင်အေလက်ထဲ ပြန်လည်အပ်နှံဖို့ ကိစ္စ ပြီးခဲ့တဲ့ရက်ပိုင်းက
မြစ်ကြီးနားမြို့မှာ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့
စုံစမ်းသိရပါတယ်။
ဇူလိုင် ၅ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမှာ ကျင်းပတဲ့ အစိုးရတပ်နဲ့
ကေအိုင်အေ နှစ်ဖက်ကိုယ်စားလှယ်တွေပါဝင်တဲ့ ‘ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးကော
|
Posted: 10 Jul 2014 10:17 PM PDT
မကွေး
ဇူလိုင် ၁၀
မကွေးမြို့တွင် နာမည်ကြီး (SHOPPING MALL) စတိုးဆိုင်တွင် လွန်ခဲ့သော
ကိုးနှစ်ခန့်ကတည်းက အလုပ်လုပ်ကိုင်နေသည့် တရားလိုမိန်းကလေးသည် အဆိုပါ
ဆိုင်မှပစ္စည်းဝယ်ယူဖောက်သည်ဖြစ်
|
Posted: 10 Jul 2014 09:57 PM PDT
စစ်အစိုးရခေတ်တွင်
မင်းပြားမြို့နယ် ကြောင်ရှည်ချောင်း ကျေးရွာ လယ်သမားများထံမှ စစ်တပ်က
သိမ်းယူခဲ့သော လယ်မြေများ အထဲမှ တစ်ချို့အား ပြန်စွန့်လွှတ်ရာ ပြန်ပေးသည့်
လယ်မြေဧကမှာ နည်းလွန်းသဖြင့် ကြောင်ရှည်ချောင်း ရွာသားများအနေဖြင့်
လက်ခံသွားမည်မဟုတ်ဟု ကျေးရွာသားများက နိရဉ္စရာသို့ ပြောဆိုသည်။
စစ်တပ်က သိမ်းယူထားသွားသော လယ်မြေဧက (၁၀၀၀) နီးပါးမှ လယ်မြေများထဲမှ
(၁၃၅)ဧကကို မူလပိုင်ရှင်များထံ ပြန်ပေးမည်ဟု
|
Posted: 10 Jul 2014 08:12 PM PDT
မဟာသန္တိသုခ
ကျောင်းတော် အငြင်းပွားမှုနဲ့ စွဲချက်တင်ခံထားရတဲ့ သံဃာတော် ငါးပါးအနေနဲ့
တရား ဥပဒေ အတိုင်း ဆက်လက် ရင်ဆိုင်သွားမှာ ဖြစ်တယ်လို့ ပီနန်ဆရာတော်
ဦးပညာဝံသက ဗွီအိုအေကို မိန့်ကြားပါတယ်။ သံဃာတော်တွေ ဘက်က ခံဝန်
လက်မှတ်ထိုးရင် ဆက်ပြီး အရေးယူမှာ မဟုတ်ဘူးလို့ သာသနာရေး ၀န်ကြီးဌာနဘက်က
ကမ်းလှမ်း ပြောဆိုခဲ့တဲ့ အပေါ်မှာ အခုလို ငြင်းဆို တုန့်ပြန်လိုက်တာပါ။
ဇူလိုင်လ (၁၈) ရက်နေ့ မှာတော့ တာမွေမြို့နယ်
|
Posted: 10 Jul 2014 08:04 PM PDT
ဘင်္ဂလားဒေ့ရှ်
အစိုးရက မြန်မာနိုင်ငံ ကနေ လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့
ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တွေကြား လက်ထပ်ခွင့် ပိတ်ပင်လိုက်ပါတယ်။
မြန်မာနိုင်ငံကနေလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တွေဟာ နိုင်ငံသား
ခံယူချင်တဲ့ ရည်ရွယ်ချက်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို လက်ထပ်
ချင်ကြတာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် တရား သူကြီး Syed Anisul Haque
က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေနဲ့
|
Posted: 10 Jul 2014 07:58 PM PDT
အစ္စရေးနဲ့
ပါလစ္စတိုင်း အကြား ပြေလည်မှုတွေ မရသေးတဲ့ အတွက် ဂါဇာကမ်းမြောင် ဒေသကို
တိုးချဲ့ တိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့ အစ္စရေးအစိုးရက ပြောပါတယ်။
အခုဆိုရင် ဒီလို တိုက်ခိုက် မှုတွေကြောင့် ပါလစ္စတိုင်းသား အယောက် ၈၀
သေဆုံးရပြီ ဖြစ်ပေမယ့် အစ္စရေး ဘက်က သေဆုံးမှုတွေ မကြားရသေးပါဘူး။
အစ္စရေးဘက်က ဝေဟင်ကနေ တဆင့် တိုက်ခိုက်မှုတွေ လုပ်လာတာ မနေ့က
သုံးရက်မြောက်နေ့ ရှိသွားပြီ ဖြစ်ပါတယ်။
|
Posted: 10 Jul 2014 07:55 PM PDT
လာမယ့်
သီတင်းပတ်ထဲ မှာ ထိုင်းနိုင်ငံ၊ တာခ်ခရိုင်က အကြီးဆုံး မြန်မာ
ဒုက္ခသည်စခန်း မဲ့လမှာရှိတဲ့ လူဦးရေစာရင်း ကို ထိုင်းအာဏာပိုင် တွေ
ကောက်ယူတော့ မှာ ဖြစ်ပါတယ်။
ဒီလို စီစစ် ကောက်ယူတာ ဟာ လက်ရှိ ထိုင်း စစ်အာဏာသိမ်း ကောင်စီ ရဲ့
အမိန့်ကြောင့် လို့ ခရိုင် လုံခြုံရေး အရာရှိတွေ က ဆိုပါတယ်။
ဒုက္ခသည် အရေအတွက် တိတိကျကျ သိရအောင် နဲ့ အထောက်အထား မရှိတဲ့ လူတွေအတွက်
သက်သေခံ အထောက်အထား တွေ ရရှိ သွားနိုင်အောင်ြ
|
Posted: 10 Jul 2014 07:51 PM PDT
အမေရိကန်မှာ
မွေးဖွားစဉ် HIV ပိုးတွေ့တဲ့ ကလေးငယ်ကို မွေးမွေးချင်း ဆေးကုသ ပေးတဲ့အတွက်
ပျောက်သွားတယ်လို့ ယူဆရ ပေမယ့် အခုအခါ ဗိုင်းရပ်စ်ပိုး ဆက်ရှိနေတာ
တွေ့ရပါတယ်။ အသက်၎နှစ် အရွယ် မိန်းကလေးကို ပြီးခဲ့တဲ့ အပတ်ကဆေးစစ်ရာမှာ
သူဟာရောဂါ ပျောက်ကင်းတယ်လို့ မပြောနိုင်သေးကြောင်း ဆရာဝန်တွေက ဆိုပါတယ်။
အခုသတင်းဟာ စိတ်ပျက်စရာ ကောင်းတဲ့ ဖြစ်ထွန်းမှုလို့ မေရီလန်းရှိ ကူးစက်
ရောဂါကုသရေး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ
|
Posted: 10 Jul 2014 05:39 PM PDT
တရုတ်နိုင်ငံက
ကွန်ပြူတာ ဖေါက်ထွင်းသူ တွေဟာ သောင်းနဲ့ချီတဲ့ အမေရိကန် အစိုးရ
ဝန်ထမ်းတွေရဲ့ ကိုယ်ရေး အချက်အလက် တွေကို ရသွားခဲ့ ကြတယ်လို့
ကြာသပတေးနေ့ထုတ် The New York Times သတင်းမှာ ဖေါ်ပြထားပါတယ်။ သူတို့ဟာ
ဝန်ထမ်းလျှောက်လွှာ တင်ရာမှာ ဖေါ်ပြထားတဲ့ လျှို့ဝှက် အချက်အလက်တွေကို
ဖေါက်ထွင်း ခိုးယူခဲ့တာ ဖြစ်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ဆီကနေ
သိခဲ့ရတာလို့ ဆိုပါတယ်။
ဒီကွန်ပြူတာ ဖေါက်ထွင်းသူတွေဟာ
|
Posted: 10 Jul 2014 05:35 PM PDT
ယူနတီဂျာနယ်က
အမှုဆောင် အရာရှိချုပ်နဲ့ သတင်းထောက် ၄ ယောက်တို့ကို အခုလို ထောင်ဒဏ် ၁၀
နှစ်စီ ချမှတ်လိုက်တဲ့ အတွက် Amnesty International နိုင်ငံတကာ လွတ်ငြိမ်း
ချမ်းသာခွင့် အဖွဲ့ကြီး အနေနဲ့ မြန်မာနိုင်ငံ အတွင်းက လူ့အခွင့်အရေး
အခြေအနေတွေ အပေါ် အထူး စိုးရိမ် ပူပန်ကြောင်းနဲ့ ဒါဟာ မြန်မာနိုင်ငံမှာ
လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် အတွက် အမှောင်ဖုန်း တဲ့ နေ့တနေ့ ဖြစ်ကြောင်း
ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက် ပါတယ်။
|
Posted: 10 Jul 2014 02:05 PM PDT
ဇူလိုင်
၁၀ရက်၊ ၂၀၁၄ခုနှစ်။
လက်ရှိ မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး
အဖွဲ့အစည်းများ အကြား ဖော် ဆောင် နေသည့် ပြည်တွင်း ငြိမ်းချမ်းရေး
ဖြစ်စဉ်တွင် ပြည်သူလူထုကို ပါဝင်မှု အပြည့်အ၀ခွင့်ပြုမှသာ ခိုင်မြဲမည်
ဖြစ်ကြောင်း အရပ်ဘက်လူမှု အဖွဲ့အစည်း များက ပြောဆိုလိုက်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့၌ အင်တာနျူးမြန်မာက စီစဉ်ကာ ဇူလိုင်
၉ရက်နေ့၊ နေ့လည်ပိုင်းတွင် ကျင်းပခဲ့သည့် ၈၈
|
0 comments:
Post a Comment