Hiccups ကျို့ထိုးသက်သာနည်းများ
ဆရာ ကျွန်တော် ကျို့ ထိုးထိုးနေတာ ၄ ရက်ရှိပြီ၊ ဆေးသောက်ဖို့လိုလားဆရာ။ ဘယ်လိုလုပ်ရင်ပျောက်နိုင်မလဲ တအင့်အင့်နဲ့  အနေရခက်လို့။
ကျို့ထိုးတာဟာ ရင်ခေါင်းနဲ့ ဝမ်းဗိုက်ကိုခြားထားတဲ့ Diaphragm ခေါ်တဲ့ ကြွက်သားပြားပြားခုံးခုံးကြီးက အလုပ်ပိုလုပ်တာ ဖြစ်တယ်။ သူ့အောက်မှာ ညာဘက်က အသဲ၊ ဘယ်ဘက်ကအစာအိမ်ရှိတယ်။
အဲဒီ ၂ ခုထဲက တခုခုမှာ တခုခုဖြစ်ရင် ကျို့ထိုးတယ်။ အများဆုံးက လေကြောင့်ဖြစ်တယ်။ တချို့မှာ အစပ်စားလိုက်တာနဲ့ ခဏလေးကျို့ထိုးတယ်။ အဝင်လွဲတယ်လို့ ပြောကြတဲ့ မျိုချတာမှာ အဆင်မပြေရင်လဲ ဖြစ်တတ်တယ်။ တချို့မှာ တခါဖြစ်ရင် ရက်ဆက်ဆိုသလို ထိုးနေတယ်။ အရပ်နည်းတွေတော့ သိမှာပါ။ ဖြစ်စေတဲ့အကြောင်းကိုရှာရရင် အဲဒါကို ကုသရမယ်။ တချို့မှာ ဆေးကုရတဲ့အထိ ဆိုးတယ်။
• Baclofen, Gabapentin နဲ့ Proton-pump inhibitors (Omeprazole, Rabeprazole) ဆေးတွေကို သုံးတယ်။
• Chlopromazine ခေါ်တဲ့ စိတ်ရောဂါကုဆေးကို အအန်ရပ်အောင်နဲ့ ကျို့ထိုးတာရပ်အောင်လဲ သုံးနိုင်တယ်။ ဆေးက အတော်အိပ်ချင်လို့ ဆေးအဆ လျှော့ပေးရတယ်။
• သိပ်ဆိုးသူတွေအတွက် Chlopromazine အပြင် Haloperidol စိတ်ဆေး၊ Metoclopramide အစာလမ်းဆေးတွေ သုံးတယ်။
• gastroesophageal reflux အစာခြေရည်အထက်ဆန်တာရှိရင် အဲဒါကိုကုသပါ။
• ပေါင်မုံ့ခြောက်ဝါးခြင်း၊ ရေခဲတုံးဝါးစာခြင်း၊ လျှာကိုဆွဲထုတ်နည်း၊ သကြားရည် လျှာပေါ်၊ ဒါမှမဟုတ် လျှာအောက် တင်ပေးခြင်း၊
• Phrenic nerve အာရုံကြောကို 0.5% Procaine ထုံဆေးထိုးပေးနည်း၊
• Bilateral phrenicotomy အဲဒီအာရုံကြောနှစ်ခုလုံးကို ခွဲစိတ်ဖြတ်ပြစ်ခြင်း၊
• နားထဲကို Lidocaine liniment 3% or gel 2% ဆေးထည့်ပေးနည်း၊
• Hypokalemia, Hyponatremia ခေါ်တဲ့ ပိုတက်ဆီယန်နဲ့ ဆိုဒီယန်ဓါတ်ဆား နည်းလွန်းတာဖြစ်လို့ ဆိုးတဲ့ ကျို့ထိုးတာဆိုရင် Carbonated beverage ကာဗွန်ထည့်ထားတဲ့အချိုရည်(ဆိုဒါ၊ (စပရင်း-ဝါးတား)၊ ကိုကာကိုလာ၊ စပရိုက်၊ အင်နာဂျီ-ဒရင့်ခ်) တွေကို သောက်နိုင်တယ်။
• Intranasal vinegar ဗနီဂါအရည်ကို နှာခေါင်းထဲထည့်နည်း၊
• Deltoid muscles ပခုံးကြွက်သားကိုနှိပ်ခြင်း။
• အလွယ်နည်းကတော့ ခေါင်းကို လေမဝင်နိုင်တဲ့ ပလပ်စတစ်အိပ်တလုံး စွပ်ပါ။ လည်ပင်းနေရာမှာ ကိုယ့်လက်နဲ့ စုစည်းထားပါ။ အသက်ရှူပါ။ အိပ်ထဲကလေမှာ အောက်စီဂျင်ကုန်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်သာကျန်လို့ အဲဒါကိုရှူရင် ပျောက်တယ်။ CO2 ကာဗွန်ဒိုင်အောက်ဆိုက်နည်းက Vagus nerve ဗေးဂပ်စ် အာရုံကြောကို သက်ရောက်စေလို့ သက်သာစေတယ်။
ဒေါက်တာတင့်ဆွေ
၁ဝ-၄-၂ဝ၁၄
၁ဝ-၄-၂ဝ၁၄
0 comments:
Post a Comment