Saturday, April 12, 2014

အမြန်ယဉ် ဘတ်စ်ကားများပေါ်မှ အရေးပေါ်ထွက်ပေါက်များ (Emergency Exits)



မနေ့က မြန်မာပြည်က express bus မီးလောင်မှုနဲ့ ပတ်သတ်ပြီးဖတ်လိုက်ရပါတယ်။ ရှေ့က ကားလေးကို ၀င်တိုက်မိပြီး မီးလောင်ရာမှာ နောက်က ကားကြီးထဲက ခရီးသည်တချို့ဟာ အချိန်မှီမထွက်နိုင် တာကြောင့် သေဆုံးရတယ်လို့သိရပါတယ်။

ဒါနဲ့ပတ်သတ်ပြီး အရေးကြုံလာလျှင် အသုံးချနိုင်အောင် ဘတ်စ်ကားကြီးပေါ်မှ အရေးပေါ်ထွက်ပေါက် Emergency Exit များအကြောင်းကို သတိပေးရေးသားလိုက်ပါတယ်။
မြန်မာပြည်က ဘတ်စ်ကားကြီးအများစုဟာ နိုင်ငံခြားကပဲ တင်သွင်းတာကြောင့် ဒီလို မပါမဖြစ်ပါရတဲ့ အရေးပေါ်ထွက်ပေါက်တွေပါမယ်လို့ ယုံကြည်ရပါတယ်။ ကိုရီးယား၊ ဥရောပ၊ ဂျပန်၊ အမေရိကန် ထုတ် ဘတ်စ်တွေမှာ ဒီ ထွက်ပေါက်တွေ ထည့်သွင်းထားဖို့ ဥပဒေရှိပါတယ်။
အရေးပေါ်ထွက်ပေါက် ၃ မျိုးရှိပါတယ်။
၁။ မှန်ပြတင်းပေါက်ထွက်ပေါက်။ များသောအားဖြင့် ၂ ပေါက် ခန့်ပါဝင်ပါတယ်။ ထည့်သွင်းထားတဲ့ ပုံစံကတော့ ပုံမှာပြထားတဲ့ အတိုင်း ပြတင်းပေါက် ဘောင်ကို အသေတပ်မထားပဲ လက်ကိုင်တစ်ခု ဒါမှ မဟုတ် နှစ်ခုကို ဆွဲလိုက်ရင် အပြင်ကို ဖွင့်လို့ရအောင် လုပ်ထားတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အရှေ့ ဘယ်ညာ နှစ်ပေါက်၊ အနောက် ဘယ်ညာ နှစ်ပေါက် ပါလေ့ရှိပါတယ်။ ဒီထွက်ပေါက်အမျိုးအစားဟာ မြို့တွင်းသွား ခရီးသည်တင် ဘတ်စ်ကားတွေမှာ ပါလေ့ရှိပါတယ်။ အလတ်စား ခရီးဝေးသွား ဘတ်စ်ကားတွေမှာပါလေ့ရှိပါတယ်။
၂။ ဒုတိယ အမျိုးအစားကတော့ နောက်ဖက်မှာ အရေးပေါ်ထွက်ပေါက် အသေးတစ်ခုကို ထည့်သွင်းထားတာပဲဖြစ်ပါတယ်။ လက်ကိုင်ကို လှည့်ပြီး ဖွင့်လိုက်ရင် အရှေ့ဘက်က ထွက်ပေါက်လိုပဲ တခါးကို ဖွင့်လို့ရသွားပါတယ်။ အရှေ့က လူတက်တဲ့ တံခါးဟာလဲ အဲ့ဒီလိုပဲ စက်ခလုပ်နဲ့ ဖွင့်မှ မဟုတ်ပဲ လက်နဲ့ ဖွင့်လို့ရအောင် လုပ်ထားပါတယ်။ ဒီအမျိုးအစားဟာ ခရီးဝေးသွား Coach Bus လို့ခေါ်တဲ့ နှစ်ထပ်ကားကြီးတွေမှာ ပါလေ့ရှိပါတယ်။
၃။ တတိယ ထွက်ပေါက်ကတော့ ကားတိုင်းမှာ မပါမဖြစ် ဖြစ်ပါတယ်။ ခေါင်မိုးပေါ်က ထွက်ပေါက်ဖြစ်ပါတယ်။ အဆင်မသင့်လို့ ကားတုန်းလုံးလဲရင် ဖွင့်ထွက်ဖို့ အဆင်ပြေပါတယ်။ ဒီအတိုင်းလဲ ကား ကားခေါင်မိုးပေါ်ထွက်ပြီး လွတ်နိုင်ပါတယ်။ ဖွင့်ရတဲ့ပုံစံအများစုကတော့ အတွင်းကိုဆွဲဖွင့်ရတဲ့ လက်ကိုင် ဒါမှမဟုတ်လှည့်ဖွင့်ရတဲ့ လက်ကိုင်တွေဖြစ်ပါတယ်။
မြန်မာပြည်မှာ လူအများဟာ ခရီးသည်တင် ဘတ်စ်ကားကြီးများကို အားထားလာတဲ့အတွက် ဒီအချက်လေးကို လူတိုင်း သိသင့်သလို၊ ယဉ်လိုင်းများကလဲ ကားပေါ်မတက်မှီမှာ ခရီးသည်များကို ကြိုတင် ပြသထားသင့်ပါတယ်။ ဒီ လုံခြုံရေးပတ်သတ်တဲ့ အချက်တွေကို လဲ စတစ်ကာလေး ရိုက်ပြီး ထိုင်ခုံတိုင်းမှာကပ်ထားသင့်ပါတယ်။ စစ်ဆေးရေးအဖွဲ့တွေကလဲ ဒါမျိုးတွေကို အဓိကထား စစ်ဆေးသင့်ပါတယ်။ ခရီးသည်များအနေနဲ့လဲ အသက်ကို ဥာဏ်စောင့်ဆိုသလို ခရီးရှည်သွားမည့် ကားပေါ် ကြိုရောက်ထားပြီး လေ့လာထားသင့်ပါတယ်။

ဘေးကင်းကြပါစေ။
Aron Mg

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...