သစ်ထူးလွင် |
- ယနေ့ ရန်ကုန် သင်္ကြန်တွင် ယာဉ်တိုက်မှုများ
- မန်းရွှေမြို့တော် ယာဉ်မောင်းအိပ်ငိုက်၍ လမ်းလယ်ကျွန်း ကပ်တုံးများအား တိုက်မိ
- သင်္ကြန်ကာလတွင်း မလုံမခြုံ ၀တ်စား ဖျော်ဖြေမှု မလုပ်ဖို့ ထပ်မံသတိပေး (ရုပ်/သံ)
- Express ၂ စီး တိုက်ပြန်ပြီ
- သင်္ကြန်မှာ အရက်ဘီယာ ရောင်းချသူတွေကို ဖမ်းဆီးအရေးယူ (ရုပ်/သံ)
- လေယာဉ်နှစ်စင်းတိုက်မိမှု အသေးစားခုံရုံးဖွဲ့
- ယူကရိန်းအစိုးရ အရှေ့ပိုင်းဒေသမှာ ထိုးစစ်ဆင်ဖို့ကြေညာ
- KIA ဗိုလ်ချုပ် ဂွမ်မော် အမေရိကန် ရောက်ရှိ
- သင်္ကြန်ရက်တွေအတွင်း လုံခြုံရေး တိုးမြှင့်ချထား
- ချီလီမှာ တောမီး အကြီးအကျယ် ပျံ့နှံ့ လောင်ကျွမ်း
- ဆလွန်းယာဉ်မှ ရေကစား မဏ္ဍပ်အား ၀င်ရောက်တိုက်မိသဖြင့် ရေကစားနေသူ (၈)ဦးဒဏ်ရာရ
- နေရာရွှေ့ပြောင်းသည့် လေယာဉ်မှ ရပ်ထားသော လေယာဉ်ကို တိုက်မိ
- မင်္ဂလာဒုံ လေယာဉ်ကွင်းမှာ လေယာဉ်နှစ်စင်း တိုက်မှုဖြစ်ပွား (ဓါတ်ပုံ)
- ၂၀၁၄ သင်္ကြန် အကြိုနေ့ မြင်ကွင်း (ရုပ်/သံ)
- မောင်မောင်ဆိုလေ ထီးရိုးရှည် အပိုင်း(၄) (ရုပ်/သံ)
- မောင်မောင်ဆိုလေ ထီးရိုးရှည် အပိုင်း(၃) (ရုပ်/သံ)
- မောင်မောင်ဆိုလေ ထီးရိုးရှည် အပိုင်း(၂) (ရုပ်/သံ)
- မောင်မောင်ဆိုလေ ထီးရိုးရှည် အပိုင်း(၁) (ရုပ်/သံ)
- ဧပြီလ(၁၄)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- ဧပြီလ(၁၀)ရက်နေ့ ထုတ် ဈေးကွက်ဂျာနယ် အမှတ် - ၈၆၀
- ဧပြီလ(၇)ရက်နေ့ ထုတ် မြန်မာတောင်သူကြီးများ ဂျာနယ် အတွဲ(၇)၊ အမှတ်(၉၂)
- ရန်ကုန် နဲ့ မော်လမြိုင်တို့မှာ သံချပ်အဖွဲ့များ စတင်ဖျော်ဖြေ
- တရုတ်နိုင်ငံမှာ ရေနံယိုစိမ့်မှုကြောင့် ပြည်သူ ၂ သန်းကျော် သောက်သုံးရေ ညစ်ညမ်းမှု ခံစားနေရ
- NLD နဲ့ တပ်မတော်ကြား ဖွဲ့စည်းပုံပြင်ရေး အမြင်ချင်းမတူဟု ဒေါ်စုသုံးသပ်
- ယူကရိန်း Slovyansk မြို့ မှာ ရုရှားလိုလားသူနဲ့ ဆန့်ကျင်သူကြား ပစ်ခတ်မှုဖြစ်ပွား
Posted: 14 Apr 2014 06:15 AM PDT
အရှိန်လွန်ကာ ယာဉ်တိမ်းမှောက်သဖြင့် ယာဉ်ပေါ်ပါသူ (၆)ဦးဒဏ်ရာရ
ရန်ကုန်၊ ဧပြီ ၁၄
၁၄.၄.၂၀၁၄ ရက်နေ့ ၀၈၃၀ အချိန် အင်းစိန်မြို့နယ်၊ ရန်ကုန်-အင်းစိန်လမ်း
အတိုင်း အင်းစိန်ဘက်မှ မရမ်းကုန်းဘက်သို့ ယာဉ်မောင်းတင်အုန်း (၅၁)နှစ်၊
(ဘ)ဦးကျော်အုန်း၊ အင်းစိန်မြို့နယ်နေသူ မောင်းနှင်လာသော 8D---- လိုက်ထရပ်
အပြာရောင်ကိုယ်ပိုင်ယာဉ်သည် ကြို့ကုန်းမှတ်တိုင်အလွန် အရောက် အရှိန်လွန်၍
ယာဘက်သို့တိမ်းမှောက်သွားခဲ့ပါ
|
Posted: 14 Apr 2014 06:03 AM PDT
နေပြည်တော်၊ ဧပြီ ၁၄
၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ နံနက် ၄ နာရီခွဲအချိန် ပဲခူးတိုင်း ဒေသကြီး၊
ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊
မိုင်တိုင်အမှတ်(၁၆၈/၀-၁)ကြားတွ
|
Posted: 14 Apr 2014 05:58 AM PDT
သင်္ကြန်ကာလ အတွင်း မလုံမခြုံ ၀တ်ဆင်ဖျော်ဖြေ နေတာတွေ မလုပ်ဖို့
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထပ်မံ သတိပေးလိုက်ပါတယ်။ ဦးကျော်ဇေယျာဝင်း
ပေးပို့ထားပါတယ်။ DVB TV - 14.04.2014
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 14 Apr 2014 06:15 AM PDT
နေပြည်တော် နဲ့ မန္တလေး ကြား အမြန်လမ်း မိုင်တိုင် ၃၁၆/၄ မှာ Express ၂ စီးတိုက်ကြတာ ဖြစ်ပါတယ်။
ဧပြီလ(၁၄)ရက်နေ့ ဒီနေ့မနက် ၄နာရီ ၃၀ မိနစ်ခန့်က ရှေ့ကကားကို နောက်က ကားကဝင်တိုက်တာပါ။
အထိအခိုက် အပျက်စီးတွေကိုတော့ သစ်ထူးလွင် မှ စုံစမ်းဆဲဖြစ်ပါတယ်။
|
Posted: 14 Apr 2014 05:37 AM PDT
ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှာ အရက်ဘီယာ ရောင်းချသူတွေကို
သက်ဆိုင်ရာက ဖမ်းဆီး အရေးယူခဲ့ပါတယ်။ ဦးအောင်ကြီးက သတင်းပေးပို့
ထားပါတယ်။ DVB TV - 14.04.2014
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 13 Apr 2014 10:59 PM PDT
တနင်္လာနေ့၊ ဧပြီလ ၁၄ရက်၊ ၂၀၁၄ခုနှစ်။
ရန်ကုန်၊ မဇ္ဈိမ။ ။ ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်တွင် ရွှေမြန်မာ (Golden
Myanmar) လေယာဉ်က အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း (MAI)ကို ဧပြီလ
၁၄ရက် နံနက် ၆နာရီခန့်က တိုက်မိခဲ့သဖြင့် စုံစမ်းမှု ပြုလုပ်ရန် အသေးစား
ခုံရုံးတစ်ခုကို အားချင်း ဖွဲ့စည်းလိုက်သည်ဟု MAI လေကြောင်းလိုင်း၏
ဈေးကွက်နှင့် လူထုဆက်ဆံရေး မန်နေဂျာ မအေးမရသာက မဇ္ဈိမကို ပြောသည်။
"လေယာဉ်ထိခိုက်မှု
|
Posted: 13 Apr 2014 09:37 PM PDT
ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ
ရုရှား လိုလားသူတွေ အနေနဲ့ လက်နက်ချဖို့ နောက်ဆုံး ရာဇသံ ပေးထားချိန်
နီးကပ်လာချိန်မှာ ဒီမိုကရေစီ ထောက်ခံသူတွေနဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေ
ဖြစ်ခဲ့ပါတယ်။
ယူကရိန်း ယာယီသမ္မတ Oleksandr Turchynov က နိုင်ငံအရှေ့ပိုင်းက အစိုးရ
အဆောက်အဦး တွေကို သိမ်းထားတဲ့ ရုရှားလိုလားတဲ့ စစ်သွေးကြွတွေ အနေနဲ့
တနင်္လာနေ့မနက်မှာ နောက်ဆုံး လက်နက်ချဖို့နဲ့ မလိုက်နာရင် အကြမ်းဖက်
ဆန့်ကျင်မှုစစ်ပွဲ
|
Posted: 13 Apr 2014 09:35 PM PDT
မြန်မာနိုင်ငံအရေးနဲ့
ကချင်ပြည်နယ် အရေးတွေ တင်ပြဆွေးနွေးဖို့ KIA ကချင်လွတ်မြောက်ရေး တပ်မတော်
ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နဲ့ အဖွဲ့ဟာ ဒေသအချိန်
ဧပြီလ ၁၃ ရက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက အမေရိကန် ပြည်ထောင်စု
ဝါရှင်တန်ဒီစီမြို့ကို ရောက်ရှိလာခဲ့ပါတယ်။
ဒီခရီးနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်က အခုလို ပြောပါတယ်။
"ကျနော်က အခုဒီမှာ ကျနော်တို့ မြန်မာနိုင်ငံအရေး ကချင်အရေး
|
Posted: 13 Apr 2014 09:10 PM PDT
နှစ်စဉ်ဆင်နွှဲနေတဲ့ သင်္ကြန် ပွဲတော်ကို ဒီနှစ်မှာတော့ အာဏာပိုင်တွေက
လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထား ဆောင်ရွက် ပေးနေပါတယ်။
ခါတိုင်းနှစ်တွေကထက် ရေကစား မဏ္ဍဍပ်တွေ၊ ရေပက်ခံ ထွက်သူတွေ ပိုများနေတဲ့အတွက်
သူတို့တွေရဲ့ လုံခြုံရေးကို အရင်ကထက် တိုးမြှင့် ချထားပေးတယ်လို့
ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ရုံး က ရဲမှူးမြင့်ထွေးက ဘီဘီစီကို
ပြောပြပါတယ်။
သင်္ကြန်ရက်တွေအတွင်း တုတ်၊ဓား လက်နက်တွေ ကိုင်ဆောင်ခွင့်မရှိ၊
|
Posted: 13 Apr 2014 09:08 PM PDT
ချီလီနိုင်ငံက သမိုင်းဝင် ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဗာလ်ပါရိုင်ဇိုမြို့မှာ
တောမီး အကြီးအကျယ် ပျံ့နှံ့ လောင်ကျွမ်းခဲ့ရာမှာ အနည်းဆုံး လူ၁၁ဦး
သေဆုံးခဲ့ပြီး လူတသောင်းကျော်လောက်ကို ဘေးကင်းရာ ကယ်ထုတ်ခဲ့ရပါတယ်။
အိမ်ပေါင်း ရာနဲ့ချီ မီးလောင်ကျွမ်း ပျက်စီးသွားစေခဲ့တဲ့ အဲဒီ တောမီးကို
စနေနေ့ကတည်းက မီးသတ်သမား တထောင်ကျော်လောက်က ကြိုးစား ငြှိမ်းသတ်နေ ကြပါတယ်။
ကယ်ဆယ်ရေး ဆောင်ရွက်မှုတွေကို ကြီးကြပ်ဖို့
|
Posted: 13 Apr 2014 09:03 PM PDT
ရန်ကုန်၊ ဧပြီ ၁၄
၁၃.၄.၂၀၁၄ရက်နေ့ ၁၆၃၀အချိန် ရွှေပြည်သာမြို့နယ်၊ ဗိုလ်ချုပ်လမ်းအတိုင်း
အနောက်မှ အရှေ့သို့ ယာဉ်မောင်း သန်းဝင်းအောင် (၃၉)နှစ်၊ (ဘ)ဦးကျော်မြ၊
ရွှေပြည်သာမြို့နယ်နေသူ မောင်းနှင်လာသော ၆ဃ/----၊ ALTEZZA ဆလွန်း
ငွေမင်ရောင်ကိုယ်ပိုင်ယာဉ်သည် ရွှေပြည်သာကွေ့ မှတ်တိုင်အနီးအရောက်
လမ်း၏ယာဘက်ဘေးရှိ တယ်လီဖုန်းဆက်သွယ် ရေးတိုင်နှင့် ရေကစားမဏ္ဍပ်တို့အား
ဝင်ရောက်တိုက်မိခဲ့ပါသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့်
|
Posted: 13 Apr 2014 08:52 PM PDT
ရန်ကုန်၊ ဧပြီ ၁၄
၁၄.၄.၂၀၁၄ ရက်နေ့ ၀၆၄၀ အချိန် မင်္ဂလာဒုံမြို့နယ် ရန်ကုန်အပြည်ပြည်
ဆိုင်ရာလေဆိပ်၊ လေယာဉ်ကွင်းအတွင်း Golden Myanmar Air Way (GMA)
လေကြောင်းမှ လေယာဉ်အမှတ် XY-AGT ၊ လေယာဉ်အမျိုးအစား A-320 သည် Push
Backယာဉ်ဖြင့်တွန်း၍ နေရာရွှေ့ပြောင်းရန် ဆောင်ရွက်စဉ် ဘီးလိမ့်သွားပြီး
လေယာဉ်ဦးပိုင်းဖြင့် အနီးတွင် ရပ်ထားသည့် အပြည်ပြည်ဆိုင်ရာ
မြန်မာ့လေကြောင်း (MAI)၊ လေယာဉ်အမှတ် XY-AGR ၊ လေယာဉ်အမျိုးအစား
|
Posted: 13 Apr 2014 08:46 PM PDT
ဧပြီလ(၁၄)ရက်နေ့ သင်္ကြန်အကျနေ့ ယနေ့ မနက်စောစောမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် မှာ လေယာဉ်နှစ်စင်း တိုက်မှုဖြစ်ပွားခဲ့ပါတယ်။
|
Posted: 13 Apr 2014 05:41 PM PDT
ကိုသူရ ရိုက်ချက်
ကိုသူရ ရိုက်ချက်
မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်မှ ၁၃၇၆ ခုနှစ်သို့ အကူးအပြောင်း ကာလ ရိုးးရာ
မဟာသင်္ကြန်ပွဲဟာ ယနေ့ ဧပြီ ၁၃ရက် အကြိုနေ့ ညနေပိုင်းက စတင်ပြီး
အသက်ဝင်ခဲ့ပြီ ဖြစ်ပါတယ်။ နှစ်စဉ် ရန်ကုန်သင်္ကြန်ဆိုရင် တိုးမပေါက်အောင်
စည်ကားတဲ့ လမ်းတစ်လမ်းဖြစ်တဲ့ ကန်တော်ကြီး ပတ်လမ်းရဲ့ မြင်ကွင်းကလည်း
အကြိုနေ့လို့တောင် မထင်ရပါ။
မနေကအထိ သူ့အတိုင်းရှိနေသေးတဲ့ ကန်တော်ကြီး ပတ်လမ်းဟာ
|
Posted: 13 Apr 2014 11:40 AM PDT
မောင်မောင်ဆိုလေ ထီးရိုးရှည် အပိုင်း(၄)မှာတော့ -"အရေးတော်ပုံ အောင်ရမည်
အရေးတော်ပုံ အောင်ရမည်" အဖိအနှိပ်ခံ တောင်သူ လယ်သမား တွေရဲ့ ဘ၀ကို
မောင်မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့က သရုပ်ပြ တင်ဆက်ထား ပါတယ်။ DVB
entertainment
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 13 Apr 2014 12:00 PM PDT
မောင်မောင်ဆိုလေ
ထီးရိုးရှည် အပိုင်း(၃) မှာတော့ - တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့
မြန်မာ စစ်တပ် တို့ ကြား ငြိမ်းချမ်း ရေး ဆွေးနွေး ပွဲ ပြုလုပ်ရင်း
ပြည်သူတွေ မြေဇာပင် ဖြစ်ရတဲ့ အကြောင်းကို မောင်မောင်ဆိုလေ ထီးရိုးရှည်
သံချပ်အဖွဲ့က သရုပ်ပြ ပုံဖော်ထား ပါတယ်။ DVB entertainment
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 13 Apr 2014 11:26 AM PDT
မောင်မောင်ဆိုလေ ထီးရိုးရှည် အပိုင်း(၂) မှာတော့ -၂၀၁၅ရွေးကောက်ပွဲမှာ
ဘာတွေ ဖြစ်လာနိုင်သလဲ?
အလှော်ခံပြည်သူ တွေ ဘယ်သူ့ လင်တော်လို့ ဘယ်သူ့ အဖေ ခေါ်ရပါ့မလဲ ?
မောင်မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့က ပြည်သူ့ကိုယ့်စား
ရင်ဖွင့်သီဆိုထားပါတယ် DVB entertainment
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 13 Apr 2014 11:21 AM PDT
မောင်မောင်ဆိုလေ ထီးရိုးရှည် အပိုင်း(၁)မှာတော့ - သင်္ကြန် တေးသီချင်းနဲ့
ပရိတ်သတ်ကို မောင်မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့က နှုတ်ခွန်း ဆက်သ
ထားပါတယ်။ DVB entertainment
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 13 Apr 2014 11:58 AM PDT
ဧပြီလ(၁၄)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 13 Apr 2014 11:16 AM PDT
ဧပြီလ(၁၀)ရက်နေ့ ထုတ် ဈေးကွက်ဂျာနယ် အမှတ် - ၈၆၀
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 13 Apr 2014 11:13 AM PDT
ဧပြီလ(၇)ရက်နေ့ ထုတ် မြန်မာတောင်သူကြီးများ ဂျာနယ် အတွဲ(၇)၊ အမှတ်(၉၂)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 13 Apr 2014 10:21 AM PDT
ရန်ကုန်မြို့က တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့ ဝင်တွေ စုပေါင်းထား တဲ့
ဒေါင်းတို့ မျိုးဆက် သံချပ် အဖွဲ့က ရန်ကုန်မြို့ ရန်ကင်းစင်တာရှေ့မှာ ဒီနေ့
မနက် ပိုင်း က သံချပ်ထိုး ဖျော်ဖြေခဲ့ကြပါတယ်။
အဲ့ဒီ ဒေါင်းတို့မျိုးဆက် သံချပ် အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ရန်ကုန်
စီးပွားရေး တက္ကသိုလ်က ကိုစည်သူမောင်က သူတို့ သံချပ်တွေ အကြောင်း အခုလို
ပြောပါတယ်။
"ကျနော်တို့ရဲ့ လွတ်လပ်တဲ့ အနုပညာဟန် နဲ့ နိုင်ငံရေး
|
Posted: 13 Apr 2014 10:10 AM PDT
တရုတ်နိုင်ငံရဲ့အကြီးဆုံး ရေနံနဲ့ ဓာတ်ငွေ့ ထုတ်လုပ် ဖြန့်ဖြူးသူ CNPC
ရဲ့ လက်ခွဲ စက်ရုံကနေ ရေနံ ယိုစိမ့်မှုကြောင့် တရုတ်အနောက် မြောက်ပိုင်း
ဂန်စုပြည်နယ်ရဲ့ မြို့တော်လန်ကျိုးက ပြည်သူ ၂.၄ သန်းကျော် ပိုက်ရေ
ညစ်ညမ်းမှုကို ခံစားခဲ့ရပါတယ်။
လန်ကျိုး ရေနံဓာတုစက်ရုံပိုင် ရေနံဖြန့်ဖြူးရေး ပိုက်လိုင်းတွေထဲက
တခုက ရေနံစိမ်းတွေ ယိုစိမ့်ခဲ့လို့ အနားက ရေအရင်းအမြစ်တွေ
ညစ်ညမ်းခဲ့တာပါ။ ဒါကြောင့်
|
Posted: 13 Apr 2014 10:07 AM PDT
ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး NLD ပါတီနဲ့ တပ်မတော်ကြားမှာ
အမြင်ချင်း မတူတာတွေ ရှိနေသေးတဲ့အတွက် နီးကပ်တဲ့ ဆက်ဆံရေးအဆင့်
မရောက်သေးဘူးလို့ ဒီကနေ့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
ပြောဆိုလိုက်ပါတယ်။ ဂျာမနီနိုင်ငံ ဘာလင်မြို့တော်မှာရှိတဲ့ အထင်ကရ
တက္ကသိုလ်တခုမှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံချိန် အဲ့ဒီလို ပြောဆိုခဲ့တာပါ။
ဒါ့အပြင် မြန်မာပြည်သူတွေအတွက် အရေးတကြီး လိုအပ်နေတဲ့ အသက်မွေးဝမ်းကျောင်း
|
Posted: 13 Apr 2014 10:03 AM PDT
ယူကရိန်း နိုင်ငံ အရှေ့ပိုင်းက Slovyansk မြို့မှာ ယူကရိန်း အထူး တပ်တွေနဲ့
ရုရှား လိုလားတဲ့ လက်နက်ကိုင် တွေကြား အပြန်အလှန် ပစ်ခတ်မှုကြောင့် ၂
ဖက်လုံးမှာ အသေအပျောက် တွေရှိခဲ့ပါတယ်။
ယူကရိန်း အထူးလုံခြုံရေး အရာရှိတယောက် သေဆုံးပြီး နောက်ထပ် ၅ ယောက် ဒဏ်ရာ
ရခဲ့တယ်လို့ ယူကရိန်း ပြည်ထဲရေး ဝန်ကြီး Arsen Avakov ကပြောပါတယ်။ ရုရှား
လိုလားတဲ့ ဆန္ဒပြသူတွေ ဖက်ကလဲ ၁ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၂ ယောက်
|
No comments:
Post a Comment