Tuesday, January 7, 2014

ကျွန်တော်တို့နှင့် Working Power



ကျွန်တော်တို့နှင့် အလုပ်လုပ်နိုင်စွမ်း ဆိုပါတော့။ ကျွန်တော် Outsource လုပ်ငန်းကို လက်ခံပြီး လုပ်တော့ ပထမဦးဆုံး သတိထားမိတာတွေကို ရှေ့အပိုင်းမှာ ရေးပြီး ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုကျန်နေပါတယ်။ အဲဒါကတော့ အလုပ်လုပ်နိုင်စွမ်းလို့ ခေါ်တဲ့ Working Power ဆိုတာပါ။ တန်ကော တန်ရဲ့လား ကျွန်တော့် အတွေ့အကြုံအရ Outsource အလုပ်ကို လုပ်တော့ နေ့စဉ်ရက်ဆက် ညမအိပ်ပဲ လုပ်ရပါတယ်။
ကျွန်တော့်အထင် ညလုံးပေါက် ဆက်တိုက် လုပ်ဖြစ်တာ တစ်လလုံး၊ နှစ်လလုံး ဖြစ်မယ်ထင်ပါတယ်။ အဲဒီလို မလုပ်ရင်လဲ မပြီးပါဘူး။ ကိုယ်လုပ်နေတဲ့ အချိန်တော်တော် များများရဲ့ တစ်ဝက်လောက်ကို အင်တာနက်နှေးတာက ယူသွားတော့ ပိုပြီးဆိုးပါတယ်။ အဲဒီလို ဆက်တိုက်လုပ်ရတဲ့အခါ ကျွန်တော်တွေးမိတာလေးတွေ ရှိလာပါတယ်။ ကျွန်တော် အဲဒီလောက်ထိ လုပ်တာ တန်ရော တန်ရဲ့လား။ ဒါပေမယ့် လုပ်ရတဲ့ အလုပ်၊ ရလာတဲ့ အတွေ့အကြုံနဲ့ နှိုင်းယှဉ်လိုက်ရင် တန်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အရမ်းပင်ပန်းပါတယ်။ အဲဒီလောက်ထိ ပင်ပန်းလွန်းတာကို နိုင်ငံခြားက သူငယ်ချင်းကို ပြောတော့ ဟ ကျွန်တော်တို့ဆီမှာ အဲဒါမျိုးက ပုံမှန်ပဲလို့ ဆိုပါတယ်။ သူတို့ဆီမှာ အဲဒီလို အမြဲတမ်း လုပ်နေရတာ ဆိုတော့ ဘာမှထူးပြီး ပင်ပန်း မနေတော့ဘူးလို့ ဆိုလာပါတယ်။ ကျွန်တော်ကတော့ အရမ်းပင်ပန်းတယ်။ သူတို့ကတော့ ဘာမှ မဟုတ်ဘူးဆိုတော့ တစ်ခုခုတော့ ကွာခြားမှုတွေ ရှိနေပြီလို့ သိလာပါတယ်။ အဲဒါနဲ့ လေ့လာကြည့်တော့ အလုပ်လုပ်နိုင်စွမ်းဆိုတာ သွားတွေ့ပါတယ်။ လူတစ်ယောက်က တစ်ပိသဿသအလေးကို သယ်တယ်။ လူတစ်ယောက်ကတော့ ဆယ်ပိသဿသာ အလေးတုံးကို သယ်တယ်။ စစခြင်းတော့ ဘယ်သူဖြစ်ဖြစ် လေးတာပါပဲ။ သယ်လာတာ ကြာလာတာနဲ့အမျှ ပုံမှန်ဖြစ်လာပါတယ်။ ဒါပေမယ့် တစ္ပိသဿသာပဲ သယ္လာတဲ့သူက နွစ္ပိသဿသာလဲ ပြောင်းသယ်ရော ပိုပြီးလေးလာပါတယ်။ အဲဒီထက်ဆိုတာက တစ်ပိသဿသာ ပုံမှန် သယ်နေတဲ့သူကို ဆယ်ပိသဿသာ တန်းသယ်ခိုင်းလိုက်တော့ လေးပြီပေါ့။ Working Power ကလဲ အဲဒီသဘောပါပဲ။ ရုတ်တရက် ဝန် ထမ်းလိုက်ရတဲ့အခါ မနိုင်ဝန်တွေ ဖြစ်လာပါတယ်။ ယှဉ်ပြိုင်ခြင်း အဲဒီလို Working Power နဲ့ ပတ်သက်ရက် ကျွန်တော်တို့ နိုင်ငံမှာ အများစု သဘောအနေနဲ့ အားနည်းချက်တွေ အများကြီး ရှိနေပါတယ်။ သူတို့နိုင်ငံတွေ အထူးသဖြင့် စကဿငာပူလို အခြား တိုးတက်တဲ့ နိုင်ငံတွေမှာ အများစု သဘောအရ Working Power တွေ အရမ်းကို မြင့်ကြတာ တွေ့ရပါတယ်။ အဲဒီလို အခြေအနေမှာ ဆရာအော်ပီကျယ်ရေးတဲ့ ကာတွန်းထဲ အပြေးပြိုင်သလို ဖြစ်နေပါလိမ့်မယ်။ အစပိုင်းမှာ ပြေးကြခါစက သူများထက် ကျောရမယ်လို့ အော်ပါတယ်။ သူက အားထုံးထက်ကျော်နေတာကိုး။ နောက်တော့ အတူတူ ဖြစ်လာတယ်။ ဒီတစ်ခါတော့ ရင်ဘောင်တန်း နိုင်ရမယ်ပေါ့။ အဲဒီတော့ သူများက ကျော်သွားပါတယ်။ အဲ ဒီတစ်ခါတော့ သူများတွေကို အမှီလိုက်နိုင်ရမယ်လို့ ကြွေးကြော်ပြန်ပါတယ်။ နောက်ဆုံး လုံးဝ လိုက်မမီတော့တဲ့ အခြေအနေရောက်လာတော့ ဘုတောပြီး ကိုယ့်ထမင်းကိုယ့်စားနေတာ ဘယ်သူ့ဂရုစိုက်ရမှာလဲ ဆိုတဲ့ အချိုးကို ရောက်သွားပါတယ်။ အဲဒီ ကာတွန်းလေးက ကျွန်တော်တို့ ရောက်နေတဲ့ ဖြစ်နေတဲ့ အနေအထားကို အတိအကျ ညွန်းသွားတယ်လို့ ကျွန်တော် ခံစားမိပါတယ်။ သေချာပါတယ်။ အခုလို အများစုအားဖြင့် အားနည်းနေတဲ့ Working Power မှာ ဘယ်သူကိုမှ ယှဉ်လို့ မရနိုင်ပါဘူး။ အလုပ်လုပ်နိုင်စွမ်းရှိဖို့ ဆိုတာ ဒါပေမယ့် Working Power တိုးတက်ရာ တိုးတက်ကြောင်းဆိုတဲ့ ကိစဿစမှာ အကြောင်းအချက်တွေ အများကြီးအပေါ် မူတည်နေပါတယ်။ တစ်ဦးခြင်း တစ်ယောက်ခြင်းစီအရရော အဖွဲ့လိုက်မှာပါ Working Power တက်ဖို့အတွက် အခြေအနေတွေ အများကြီး ဖန်တီးထားဖို့ လိုအပ်နေပါတယ်။ အဲဒီလို အနေအထားတွေကို ဖန်တီးတဲ့နေရာမှာ နိုင်ငံတော်ပိုင်း အစိုးရပိုင်းမှာ လုပ်ပေးရမှာတွေ ရှိသလို အဖွဲ့အစည်းပိုင်း၊ ပတ်ဝန်းကျင် စတာတွေကလဲ လုပ်ပေးရမှာတွေ ရှိပါတယ်။ အဲဒီအပြင် စာသင်ကျောင်းတွေကလဲ လေ့ကျင့်ပျိုးထောင်ပေးရမှာတွေ ရှိနေပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အလုပ်လုပ်နိုင်စွမ်း အပေါ်မှာ အားလုံးမြင့်တက်လာအောင် လုပ်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစဿစတော့ မဟုတ်ပါဘူး။ ငါတို့မှာ Working Power ရှိတာတော့ ဟုတ်ပါပြီ။ ဘယ်နေရာမှာ သွားသုံးမှာလဲလို့ မေးစရာ ရှိနေပါတယ်။ ဒါပေမယ့် ကဏဿဍ အလိုက် ပြောမယ်ဆိုရင်တော့ ကျွန်တော်က နည်းပညာနယ်ပယ်က ဖြစ်နေတော့ အဲဒီအပိုင်းကိုပဲ အဓိကထား ဖြစ်ပါတယ်။ နည်းပညာနှင့် Working Power ကျွန်တော်တို့ နည်းပညာနယ်ပယ်မှာ Working Power ဆိုတာကို ကောင်းကောင်း မြှင့်တင်လို့ရပါတယ်။ ဖြည့်ဆည်းပေးရမယ့် လိုအပ်ချက် အင်မတန် နည်းတယ်လို့ ကျွန်တော် မြင်ပါတယ်။ အဲဒီအပြင် Resources ပိုင်းမှာလဲ အရမ်းပြည့်စုံပါတယ်။ အဲဒီလို အသားလွတ် အစွမ်းကုန် မြှင့်တင်လို့ရတဲ့ နယ်ပယ်မှာ Working Power ကျနေတာကတော့ မဟုတ်သေးဘူးလို့ ကျွန်တော် မြင်ပါတယ်။ နိုင်ငံတကာမှာ Third Wave လို့ ကြွေးကြော်နေတဲ့ အိုင်တီ၊ အိုင်တီအတွက် Human Resources တွေကို အစွမ်းကုန် မြှင့်တင်၊ အိုင်တီအတွက် Working Power တွေကို အစွမ်းကုန် ကစ်နေကြတဲ့ အချိန်မှာ ကျွန်တော်တို့က Working Power ကျကောင်းတုန်းဆိုရင် ကိုယ့်ထမင်းကိုယ့်စားပြီး ဘယ်သူ့ ဂရုစိုက်ရမှာလဲဆိုတဲ့ အချိုးနဲ့ ဆက်သွားရမယ့် သဘောရှိနေပါတယ်။ လွှတ်တော်နှင့် အိုင်တီ အဲဒီအပြင် လွတ်တော်လို နေရာမှာ အိုင်တီနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးကြတာ တစ်ခုမှ ကျွန်တော် မတွေ့မိပါဘူး။ နည်းပညာ နယ်ပယ်မှာ အဓိကကျတဲ့ မူပိုင်ခွင့်ဆိုင်ရာ ကိစဿစေတြ တီထြင္ဖန္တီးမွုဆိုင္ရာ ကိစဿစေတြကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှာ ထည့်သွင်းရေးဆွဲ ထားပေမယ့် အခုချိန်အထိ ဥပဒေအဖြစ် အတည်ပြုဖို့ လုပ်တာ မတွေ့ရသေးပါဘူး။ အိုင်တီ နယ်ပယ်ကလူတွေ လွှတ်တော်ထဲ မရောက်လို့လား၊ မလိုသေးဘူးလို့ ထင်လို့ပဲလား ဘယ်လို အခြေအနေမှန်း မသိပေမယ့် ကျွန်တော်တို့လို နည်းပညာ နယ်ပယ်ကလူတွေကို လစ်လျူရှုထားသလို ခံစားရပါတယ်။ တကယ်တန်း Working Power မြှင့်တင်ရေးဆိုင်ရာတွေမှာ အဲဒီ နည်းပညာဆိုင်ရာ မူပိုင်ခွင့်တွေ၊ တီထွင်ဖန်းတီးမှုဆိုင်ရာ ဥပဒေတွေက အင်မတန် အရေးပါတဲ့ အခန်းကဏဿဍမှာ ရှိနေပါတယ်။ အဲဒါတွေကို အမြန်ဆုံး ပြဌာန်းဖို့ လိုအပ်နေပါတယ်။ အဲဒီအပြင် အိုင်တီဆိုတဲ့ ကဏဿဍနဲ့ ဆက်သွယ်ရေးဆိုတဲ့ ကဏဿဍ နှစ်ခုက တူမလိုလိုနဲ့ မတူပါဘူး။ ဆက်သွယ်ရေးဆိုင်ရာတွေ ဘယ်လောက် ကောင်းကောင်း အိုင်တီကောင်းမလာနိုင်ပါဘူး။ ဆက်သွယ်ရေးဆိုတာ Information Technology လို့ခေါ်တဲ့ သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အပံ့ကောင်းဆိုတာ မှန်ပေမယ့် တကယ်တန်း အိုင်တီနည်းပညာ ရေချိန်မြင့်ဖို့မှာတော့ ဆက်သွယ်ရေးတစ်ခုတည်းနဲ့ လုံးဝ မလုံလောက်ပါဘူး။ ဆက်သွယ်ရေးကဏဿဍနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ လုပ်နေပါတယ် ဆိုတာမျိုး တွေကိုတော့ လွှတ်တော်မှာ ပြောသွားတာ တွေ့ရပြီး နည်းပညာ ကဏဿဍမှာတော့ ဘယ်သူ ပြောသွားတာ မတွေ့ရသေးပါဘူး။ ဒါကြောင့် အမြန်ဆုံး ပြောဆို ဆွေးနွေးသင့်တဲ့ သဘောရှိပါကြောင်း တိုက်တွန်းလိုက်ရပါတယ် ခင်ဗျ။ တရုတ်ပုံစံလား၊ စကဿငာပူပုံစံလား နောက်တစ်ခု Working Power နဲ့ ပတ်သက်ပြီး အပိုင်းနှစ်ပိုင်း ကဏဿဍ နှစ်ခုရှိတယ်လို့ မြင်ပါတယ်။ အလွယ်တကူ မြင်အောင် ပြောရမယ်ဆိုရင် တရုတ်ပုံစံ Working Power နဲ့ စကဿငာပူ၊ အိနဿဒိယ စတဲ့ နိုင်ငံတွေရဲ့ Working Power ဆိုပြီး ခွဲခြားလို့ ရမယ်ထင်ပါတယ်။ တရုတ်ပုံစံ Working Power ကတော့ နည်းပညာဆိုင်ရာ ကုန်ပစဿစည်းတွေကို Supply Chain ကြီးတစ်ခု ဖြစ်အောင် တည်ဆောက်ပြီး မြင့်တင်ကြတဲ့ ပုံစံပါ။ ဘာပဲလိုလို တရုတ်မှာ ရတယ်လို့ ဆိုလို့ရအောင် ခုချိန်မှာ တစ်ကမဿဘာလုံးပြန့်နှံ့နေပါတယ်။ ဉာဏအင်အားထက် လုံ့လအားကို သုံးတဲ့ ပုံစံပါ။ တစ်ဖက်က စကဿငာပူလို နိုင်ငံကျတော့ ဉာဏအင်အား အသားပေး ပုံစံနဲ့သွားပါတယ်။ ကျွန်တော်တို့ နိုင်ငံ အနေနဲ့ Supply Chain လို ကဏဿဍတွေအတွက် Working Power တွေလဲ လိုမှာ ဖြစ်သလို ဉာဏအင်အားတွေအတွက် Working Power တွေလဲ လိုမှာ ဖြစ်ပါတယ်။ စက်မှုနိုင်ငံထူထောင်ဖို့ တရုတ်ပုံစံ Supply Chain ကြီးတွေနဲ့ မြှင့်တင်ဖို့ လိုသလို၊ Third Wave လို့ခေါ်တဲ့ နည်းပညာကဲ နိုင်ငံတစ်ခု ဖြစ်ဖို့ ဉာဏအင်အား အလုပ်လုပ်နိုင်စွမ်းတွေ မြှင့်တင်ဖို့ လိုပါတယ်။ ဟာ ဒါတွေက တစ်ခုပြီးမှ တစ်ခု လုပ်ရာမှာ တစ်ဆင့်ပြီးမှ တစ်ဆင့် လုပ်ရမှာမျိုး မဟုတ်ပါဘူး။ စက်မှုနိုင်ငံတည်ထောင်ပြီးမှ နည်းပညာနိုင်ငံ ဖြစ်ဖို့သွားမယ်ဆိုတာမျိုး မလိုပါဘူး။ တစ်ခြားနိုင်ငံတွေမှာ အဲဒီလို သွားခဲ့ကြတယ်ဆိုတာ အခြေအနေကကို အဲဒီအတိုင်း သွားဖို့ အကြောင်းဖန်လာလို့ပါ။ ကျွန်တော်တို့မှာတော့ အဲဒီအတွက် အခွင့်အလမ်းနှစ်ခုလုံး ရှိနေတယ်လို့ မြင်ပါတယ်။ စက်မှုနိုင်ငံလည်း တည်ထောင်နိုင်သလို နည်းပညာနိုင်ငံလဲ ထူထောင်နိုင်စွမ်း၊ ထူထောင်နိုင်ခွင့် ရှိနေပါတယ်။ ကျွန်တော်တို့မှာ အခွင့်အလမ်းနှစ်ခုလုံး ရှိနေပါတယ် အဲဒီလို တတိယလမ်းထဲကို ခုန်ပျံကျော်လွှားပြီး ဝင်ကြဖို့ တိုက်တွန်းတာကို ကျွန်တော် လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ကြားဖူးပါတယ်။ ဒါပေမယ့် ခုချိန်ထိ အဲဒီလို ခုန်ဝင်နိုင်စွမ်းရှိတာ မတွေ့ရသေးပါဘူး။ ဒါပေမယ့် အဲဒီအခွင့်အလမ်းကတော့ ကျွန်တော်တို့မှာ ရှိနေဆဲပါ။ အဲဒီအပြင် လွန်ခဲ့တဲ့ ဆယ်နှစ်က အခြေအနေနဲ့ အခု အခြေအနေ မတူတော့ပါဘူး။ ဟိုးအရင် ဆယ်နှစ်က ခုန်ပျံကျော်လွားဖိုရင် နည်းပညာဆိုင်ရာ ကော်ပိုရိတ် အကြီးကြီးတွေ လိုမှာ ဖြစ်ပေမယ့် ခုချိန်မှာတော့ တစ်ဦးခြင်းတစ်ယောက်ခြင်းစီကို ခုန်ပျံကျော်လွားလို့ ရနေတဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။ ဥပမာ အနေနဲ့ Mobile App တစ်ခုကို တစ်ယောက်တည်းရေးပြီး တကမဿဘာလုံးသုံးတဲ့ အနေအထားကို အလွယ်တကူ ရောက်နိုင်နေပါတယ်။ ကျွန်တော် ပထမပိုင်းမှာ ပြောခဲ့သလို Skill တော့ ရှိနေဖို့ လိုပါတယ်။ ကဲ ကျွန်တော်တို့ အဲဒီလို တတိယလမ်းထဲကို ခုန်ပျံကျော်လွှား ဝင်ရောက်ကြပါစို့လား။ ကျွန်တော်တို့ ဘာတွေ လိုနေလဲ။ ဟာ .. လိုတာတွေ အများကြီးပေါ့ဗျ။ ဟိုဟာလိုတယ်။ ဟိုလူတွေက ဟိုဟာတော့ မလုပ်ပေးဘူး။ ဟိုလို အခွင့်အရေးတွေ မရှိဘူး စသည်ဖြင့် အသံမျိုးစုံ ထွက်လာမှာ သေချာပါတယ်။ ဒါပေမယ့် အတွင်းကျကျ သွားကြည့်မယ်ဆိုရင် ကျွန်တော်တို့ အဓိက လိုနေတာ Working Power ပါ။ အလုပ်လုပ်နိုင်စွမ်းပါ။ နိုင်ငံ တစ်ခုမှာ ခေတ်ပြောင်း စနစ်ပြောင်းဖို့ လူတွေအများကြီး ဝိုင်းကဝန်းကြဖို့ လိုပေမယ့် နည်းပညာ ခေတ်ပြောင်း စနစ်ပြောင်းဖို့ လူတွေ အများကြီးမလိုပါဘူး။ အိနဿဒိယနိုင်ငံမှာ တကယ်တန်း ခေတ်ပြောင်း စနစ်ပြောင်းဖို့ ကြံဆောင်သွားကြတဲ့ နေရာက အမေရိကန်ပုံစံ ဆီလီကွန်ဗယ်လီကို အတုခိုးထားတဲ့ အိနဿဒိက ဆီလီကွန်ဗယ်လီပဲ ဖြစ်ပါတယ်။ အိနဿဒိယနိုင်ငံရဲ့ လူဦးရေနဲ့ နှိုင်းယှဉ်ရင် ဘာမှမရှိတဲ့ လက်တစ်ဆုပ်စာပဲ ရှိပါတယ်။ ကျွမ်းကျင်တဲ့လူက ရှိလို့လား နောက်ကျွန်တော်တို့မှာ အဲဒီလောက် ကျွမ်းကျင်တဲ့ လူကော ရှိလာနိုင်ရဲ့လား။ ဟာရှိတာပေါ့ဗျာ။ ရှိလို့ပဲ နိုင်ငံတကာမှာ ထွက်ပြီး ထူးထူးချွန်ချွန် တာဝန်ထမ်းဆောင်နေတဲ့သူတွေ နည်းမှ မနည်းတာ။ အဲဒီလို အခက်အခဲတွေ ကြားထဲက ကျွမ်းကျင်ပညာရှင်တွေ အများကြီး ဖြစ်လာပြီး နိုင်ငံခြား ထွက်နေကြတာ နည်းမှ မနည်းတာ။ ဒါပေမယ့် ထူးဆန်းတာ တစ်ခုက ကျွန်တော်တို့မှာ အဲဒီလောက် ထူးချွန်တဲ့သူတွေ ထွက်လာကြပြီး ဒီမှာ နေရင် တစ်ခုခု ဖြစ်လာဖို့ မလွယ်ပေမယ့် နိုင်ငံခြားရောက်သွားရင်တော့ တစ်ခုခု ဖန်တီးနိုင်လာတာ တွေ့ရပါတယ်။ အရမ်းကို စမတ်ကျတဲ့သူတွေ ဖြစ်သွားပါတယ်။ အဲဒီနေရာမှာ အဓိက ကွာသွားတဲ့အချက်တွေထဲမှာ Working Power ဆိုတာကိုလဲ အဓိကကျတဲ့ အခန်းကဏဿဍ အနေနဲ့ တွေ့နေရပြန်ပါတယ်။ လောင်စာ အနေနဲ့တော့ ရှိနေပြီး မီးစာမရှိတော့ မတောက်လောင် နိုင်ပေမယ့် မီးစာရှိတဲ့ နိုင်ငံရောက်တော့ အားရပါးရ ထတောက်တဲ့ အခြေအနေမျိုးလို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ရော ကျွန်တော်တို့ နိုင်ငံမှာရော အဲဒီလို လောင်စာတွေ ရှိနေပါလျှက် မီးစာတွေ မဖန်တီးနိုင်ကြဘူးလား။ အဲဒီလို Working Power တွေ မဖန်တီးနိုင်ကြဘူးလား။ အားလုံးဖြေကြမှာတော့ ဘာလို့ မဖန်တီးနိုင်ရမှာလဲဆိုတာ အဖြေပဲ ဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့် ခုချိန်ထိ လောက်လောက်လားလား ဖန်တီးတာ ကျွန်တော် မတွေ့ရသေးပါဘူး။ ဘယ်သူ့ကို လက်ညိုးထိုးမလဲ အဲဒီလို ဖန်တီးကြတဲ့နေရာမှာ အများအားဖြင့် အဖွဲ့အစည်းတစ်ခု Body တစ်ခုခုကို လက်ညိုးထိုးတတ် ကြပါသေးတယ်။ ကျွန်တော့်အနေနဲ့ အဲဒီလို လက်ညိုးထိုးတာ မှားတယ်လို့ မြင်ပါတယ်။ တကယ်တန်း လက်ညိုးထိုးရမှာက ကိုယ့်ကိုယ်ကိုယ်ပါ။ ကိုယ်တိုင် နည်းပညာ သမား တစ်ယောက်အနေနဲ့ နေ့စဉ်နဲ့အမျှ တစ်ကိုယ်ရေ တစ်ကာယ Working Power တွေ မြှင့်တင်နေကြပြီလားလို့ မေးရမှာ ဖြစ်ပါတယ်။ အဲဒီထက် တစ်ဆင့်တက်ပြီး အဖွဲ့လိုက် လေ့ကျင့်နေကြပြီလား။ အဲဒီလို လုပ်နေတယ် ဆိုတာနဲ့ တဖြည်းဖြည်း Working Power မြင့်မြင့်လာမှာ ဖြစ်ပါတယ်။ အဲဒီလို မြင့်လာတဲ့အခါ ယှဉ်ပြိုင်နိုင်စွမ်းတွေလဲ တိုးတက်လာမှာ ဖြစ်ပါတယ်။ ခုအခြေအနေမှာတော့ သမင်မွေးရင်း ကျားစားရင်း၊ အဖွဲ့တစ်ခုဖွဲ့လိုက် ကွဲလိုက်၊ အိပ်မက်တွေမက်လိုက် ပျက်လိုက်နဲ့ မုန့်လုံးစကဿကူကပ်နေပါတယ်။ အိပ်နေမှာပေါ့ကွ ဒါပေမယ့်လဲ ကျွန်တော်အဲဒီ Working Power နဲ့ ပတ်သက်ပြီး သူငယ်ချင်း တစ်ယောက်နဲ့ ပြောဖြစ်တာလေး ဖောက်သည်ချချင်ပါတယ်။ တကယ်တန်း Working Power မြှင့်ဖို့ဆိုရင် Comfort Zone တစ်ခုလည်း ရှိဖို့ လိုတယ်ဆိုတဲ့ အမြင်ပါ။ ဘယ်လို Comfort Zone လည်းလို့ ကျွန်တော် မေးကြည့်တော့ ဟာကွာ မင်းကလဲ .. အင်တာနက်ကောင်းရမယ်ကွာ၊ မီးမှန်ရမယ်ကွာ၊ စားဝတ်နေရေးအတွက် ပူစရာမလိုရဘူး၊ အေးအေးလူလူလုပ်နိုင်ရမယ်၊ ပျော်စရာကောင်းရမယ်၊ စိတ်ညစ်စရာတွေ မရှိရဘူး စသည်ဖြင့်ပြောပါတယ်။ သူပြောတော့လဲ ဟုတ်သလိုလို ခံစားမိပေမယ့် နောက်ထပ်သူငယ်ချင်းကို အဲဒီလိုပြန်ပြောပြတော့ သူငယ်ချင်းက ဘာပြန်ပြောသလဲဆိုရင် အဲဒီလို Comfort Zone သာ ငါ့မှာရှိ ဘာလုပ်မလဲ သိလားလို့ ပြန်မေးပါတယ်။ ကျွန်တော်က မသိဘူးဆိုတော့ “အိပ်နေမှာပေါ့ကွ” လို့ ပြန်ဖြေပါကြောင်းခင်ဗျ။
 by;Thiha source:myanmartutorials

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...