Tuesday, January 14, 2014

Myanmar Youth Media Club 13 Jan 2014

MYMC - MYMHOT



Posted: 13 Jan 2014 05:49 PM PST
Poveglia Island 
အီတလီ နိုင်ငံကို လူတိုင်း သွားလည် ချင်ပေမယ့် Poveglia ကျွန်းလေး ကိုတော့ မသွားချင် ကြပါဘူး။ ကမ္ဘာပေါ်မှာ သရဲအခြောက်ဆုံး၊ အဆိုးဝါးဆုံး ဖြစ်ရပ်တွေ ဖြစ်ခဲ့တဲ့ ကျွန်းလို့တောင် တင်စား ပြောဆို ကြပါတယ်။
အီတလီ နိုင်ငံ Venice မြို့က သာယာလှပပြီး လည်ချင်စရာ ကောင်းတဲ့ မြို့တစ်မြို့ ဖြစ်ပေမယ့် သူ့အနားက ကျွန်းတွေ ထဲက တစ်ကျွန်းဖြစ်တဲ့ Poveglia ကျွန်းလေး ကတော့ ကြောက်စရာ ကောင်းတဲ့၊ သရဲခြောက်တဲ့ ကျွန်းအဖြစ် နာမည်ကြီး ပါတယ်။ ကမ္ဘာပေါ်မှာ သရဲအခြောက်ဆုံး၊ အဆိုးဝါးဆုံး ဖြစ်ရပ်တွေ ဖြစ်ခဲ့တဲ့ ကျွန်းလို့တောင် တင်စား ပြောဆို ကြပါတယ်။ ဒါကြောင့် ယနေ့ခေတ် မှာဆိုရင် လာရောက် လည်ပတ်ချင် သူတွေ နည်းပါး ရုံသာမက အဲ့အနီး တ၀ိုက်က တံငါသည် တွေကတောင် သူတို့ရဲ့ ငါးဖမ်း ပိုက်ကွန် တွေမှာ အရိုးတွေ ချိတ်ပါ လာမှာကို စိုး ကြောက် တာကြောင့် ငါးတောင် လာမဖမ်းရဲ ကြပါဘူး။



Poveglia ကျွန်းရဲ့ သမိုင်းဆိုး အစကို ပြောရမယ် ဆိုရင် Roman Era ကစပါတယ်။ အဲ့အချိန် တုန်းက ဒီကျွန်းကို ပုလိပ် ရောဂါသည်တွေ စု ထားဖို့ အတွက် အသုံးပြု ခဲ့ပါတယ်။ နောင်နှစ်ပေါင်း များစွာကြာတဲ့ အခါမှာလည်း ရောဂါသည် တွေကို သီးသန့်ထားဖို့ ရည်ရွယ်ချက်နဲ့ ဆက် သုံး ခဲ့ပါတယ်။ ရောဂါသည်တွေ သေဆုံးတဲ့ အခါ အားလုံးကို ကျင်းကြီး တစ်ကျင်း တူးပြီး မြေမြှပ်တာ၊ မီးရှို့တာတွေ လုပ်ပြီး ဖျောက်ပစ် ပါတယ်။ ပုလိပ်ရောဂါ ကပ်ဆိုက် လာတဲ့ အခါမှာ အခြေအနေက ပိုဆိုးလာ ပါတယ်။ ရိုးရိုး သာမန် ဖျားတဲ့ သူတွေကိုတောင် ရောဂါသည်လို့ သတ်မှတ်ပြီး တစ်ကျွန်းကို ပို့ပစ်လိုက်ပါတယ်။ ရောဂါသည် တွေမှာ အော်ဟစ်၊ ရုန်းကန်၊ ငိုကြွေးရင်းနဲ့ ကျန်ခဲ့ ရပါတယ်။ ပုပ်သိုးနေတဲ့ ရုပ် အလောင်း တွေနဲ့ ပြည့်နေတဲ့ ကျင်းတွေထဲ ယောင်္ကျား၊ မိန်းမ၊ ကလေး မရွေး ပစ်ချပြီး သေအောင် ထားခဲ့ ကြပါတယ်။ ဒီကျွန်းငယ် လေး မှာ သေဆုံးခဲ့ ရတဲ့ လူပေါင်း တစ်သိန်း ခြောက်သောင်း လောက်တောင် ရှိမယ်လို့ မှန်းဆ ကြပါတယ်။



Poveglia Island



ဒါကြောင့်လည်း ကျွန်းရဲ့မြေက မကောင်းသလို၊ အနံ့ဆိုးနဲ့ မသန့် ပါဘူး။ ကျွန်းရဲ့မြေက ရုပ်အကြွင်းအကျန် တွေနဲ့ ပေါင်းပြီး ပြာဖုံးမြေလို ဖြစ် နေတာကြောင့် အမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျွန်းတစ်ကျွန်း ဖြစ်လာပါတယ်။ ဒါပေမယ့် စပျစ်ပင်တွေ စိုက်လို့ ကောင်းတဲ့မြေပါ။ ဒီဆိုးသွမ်း တဲ့ ဖြစ်ရပ်တွေက အဆုံးမသတ် သေးပါဘူး။ ၁၉၂၂မှာ ဒီကျွန်းက စိတ်ရောဂါ ဝေဒနာ ရှင်တွေ အတွက် အိမ်ဖြစ်လာ ပါတယ်။ Bell Tower တစ်ခု ပါ တည်ဆောက်ပြီး စိတ်ရောဂါကု ဆေးရုံအဖြစ် အသုံးချ ခဲ့ပါတယ်။ လူနာတွေက သရဲပုံတွေ မြင်နေရတယ်၊ ညဘက်ဆို နှိပ်စက်ခံ ရပြီး သေ ဆုံးခဲ့တဲ့ ၀ိညာဉ် တွေရဲ့ ငိုသံတွေ ကြားနေရတယ် ဆိုပြီး ချက်ချင်း သတင်းပို့ ကြပါတယ်။ ဒါပေမယ့် အစကတည်းက စိတ်မနှံ့တဲ့ လူနာ တွေရဲ့ တိုင်ကြားချက် တွေဆိုတော့ လျစ်လျူရှု ထားကြပါတယ်။



Poveglia Island



ဆေးရုံက ဆရာဝန် တစ်ယောက်ကြောင့် အခြေအနေက ပိုဆိုးသထက် ဆိုးလာခဲ့ ပါတယ်။ အဲ့ဆရာဝန်က လူနာတွေကို လက်တွေ့ခန်း ထဲက ကြွက်တွေလို သဘောထားပြီး စမ်းသပ် ပါတယ်။ တူတွေ၊ ဆောက်တွေလို ကိရိယာ တွေပါ သုံးပြီး စမ်းသပ် ခဲ့ပါတယ်။ သူအထူး စမ်းသပ်ချင် တဲ့ လူနာတွေကို Bell Tower ပေါ်ခေါ်သွားပြီး ညင်းပန်း နှိပ်စက် ပါတယ်။ ဒီလို မကောင်းမှုတွေ ဆက်တိုက် လုပ်ပြီးတော့ နောက်ဆုံး ဆရာ ၀န် အလှည့် ပြန်ရောက် လာပါတယ်။ သူက ၀ိညာဉ်တွေကို မြင်လာပါတယ်။ ၀ိညာဉ် တွေရဲ့ ခြောက်လှန့်တာ တွေကြောင့် နောက်ဆုံး Bell To wer ပေါ်က ခုန်ချတာ၊ ဒါမှမဟုတ် ပစ်ချခံ ရတာလည်း ဖြစ်နိုင်ပါတယ်။ ခုန်ချခဲ့ ပေမယ့် တစ်ခါတည်း မသေပါဘူးလို့ မျက်မြင် သူနာပြု တစ် ယောက်က ဆိုပါတယ်။ သူ့ကို လူနာတွေက ၀ိုင်းပြီး ညစ်သတ် လိုက်ကြတယ် ဆိုတဲ့ ကောလဟာလ တွေလည်း ထွက်ခဲ့သလို ဆရာဝန်ကို Bell Tower ထဲမှာ ပိတ်လှောင် ထားတယ်လို့လည်း ဆိုပါတယ်။ ညအချိန် တွေဆို အဲ့တာဝါက ခေါင်းလောင်းသံတွေ အဆက်မပြတ် ကြားနေ ရတတ်ပါတယ်။ နောက်ဆုံးတော့ ဆေးရုံကို ပိတ်ပစ် လိုက်ရပါတယ်။



Poveglia Island



ဒီနေ့ အခါမှာတော့ Poveglia ကျွန်းက လူမနေတဲ့ ကျွန်းဖြစ်နေ ပါပြီ။ သွားရောက် လည်ပတ်ခွင့် ကိုလည်း တင်းတင်းကျပ်ကျပ် ပိတ်ထားပါ တယ်။ တစ်ခါ တစ်လေ ကျွန်းကမ်းစပ်ကို လှိုင်းလာရိုက် တဲ့အခါ အရိုးတွေ ပေါ်ပေါ်လာ တတ်ပါတယ်။ တချို့ စူးစမ်း ချင်တဲ့သူ တွေက ဒီကျွန်း ကို လာပြီး ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာ ရှာဖွေ ကြပါတယ်။ သူတို့ တွေ့ရှိသမျှ အားလုံးက လူသေတွေ ပါပဲ။ ရဲတွေ ကိုယ်တိုင် လာစစ် ပေမယ့် ဒီကျွန်းကို တစ်ခေါက် ရောက်ဖူးတဲ့ သူတွေက နောက်တစ်ကြိမ် ပြန်သွားဖို့ ငြင်းဆန် ပါတယ်။ လူတိုင်းက ကျွန်းမှာ မကောင်းဆိုးဝါး အငွေ့အ သက် တွေနဲ့ ပြည့်နေတယ်၊ ကျွန်းမှာ ကြားရတဲ့ အော်ဟစ်သံတွေ၊ ငိုညည်းသံ တွေက လူကို မခံနိုင် လောက်အောင် ဖြစ်စေတယ်လို့ ၀န်ခံကြပါ တယ်။ တစ်ခေါက် ကဆိုရင် စပ်စုတဲ့ သူတစ်ယောက်က ဆေးရုံထဲ ၀င်လိုက်တဲ့ အခါ "ထွက်သွား၊ ဘယ်တော့မှ ပြန်မလာနဲ့" ဆိုပြီး အော်သံ ကို ကြားခဲ့ ရတယ်လို့ ဆိုပါတယ်။



Poveglia Island



Images from worldtruth, beforeitsnews, thatlalagirl, huffingtonpost, utaot. Source: slightlywarped.com


Author

Arr Luu

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...