Myanmar Youth Media Club 05 Jan 2014
MYMC - MYMHOT |
Posted: 05 Jan 2014 05:50 AM PST
Social media ကိုအလွန်အကျွံ အသုံးပြု ခြင်းအားဖြင့် ကျွန်တော်တို့တွေမှာ စိတ်ကမောက် ကမ ဖြစ်မှုတွေ ရှိလာနိုင်ပါ တယ်။ တခြား ဘာတွေ ထပ်ပြီး ဆိုးဆိုးရွားရွား ဖြစ်နိုင် သေးပါသလဲ။
Social
media တွေက ကျွန်တော် တို့ကို စိတ်ပိုင်း ဆိုင်ရာ ပြဿနာတွေ ဖြစ်စေ သလား။
အဖြေက ယေဘူယျ အားဖြင့် ဟုတ်ပါတယ်။
ဒီလို စိတ်ကမောက်ကမ ဖြစ်မှု တွေထဲမှာ အများစု အနေနဲ့ social media တွေက ကျွန်တော်တို့ကို စိတ်ဓာတ် ကျတာ၊ စိတ်တို လွယ်တာတွေ ဖြစ်စေတယ်လို့ သိထား ကြပါတယ်။ California State University ရဲ့နောက်ဆုံး ရှာဖွေ တွေ့ရှိမှု အရ social network တွေအလွန်အကျွံ သုံးစွဲမှုဟာ ကျွန်တော်တို့ကို Narcissim လို့ခေါ်တဲ့ စိတ်ကမောက် ကမဖြစ်မှု တစ်မျိုးကို ဖြစ်စေ ပါတယ်။ Narcissim ဆိုတာက ဘာပါလဲ။ Narcissim ဆိုတာ personality disorder တစ်မျိုး ဖြစ်ပြီး သူက ကိုယ့်ကိုယ်ကို အထင်ကြီး လွန်းခြင်း၊ ကိုယ့်ရဲ့ ကိုယ်ပိုင်ရုပ် အသွင်အပြင်နဲ့ စိတ်အနေအထားကို စွဲလမ်း နှစ်သက်ခြင်း တို့ကို ဖြစ်စေတာပါ။ တိုတိုပြော ရရင်တော့ မြောက်သွားတယ်၊ အောက်ခြေ လွတ်သွား တယ်လို့ ဆိုလို့ ရပါတယ်။ Narcissistic disorder ဖြစ်နေပြီလား ဆိုတာ အောက်ပါ အချက် တွေနဲ့ တိုက်ကြည့်လို့ ရပါတယ်။ ဒီအချက် တွေထဲက အ တော်များများ သင့်မှာ ရှိနေပြီ ဆိုရင်သင် narcissistic disorder ဖြစ်နေတာ သေချာ သလောက် ရှိပါပြီ။
-Unilateral listening: သင့်ဆီကို ရောက်လာမယ့် အကြံဥာဏ်တွေ၊ အဆိုပြုချက် တွေကို ဂရုတစ်စိုက် နားထောင်လေ့ မရှိဘဲနဲ့ သင့်လက်ရှိ အတွေးအခေါ်နဲ့ သင့်ယုံကြည်ချက် မှလွဲပြီး တခြားအရာ မှန်သမျှကို ငြင်းပယ် တတ်ခြင်း၊ လျစ်လျှူရှခြင်း၊ အဆိုးဘက်က မြင်ခြင်း စသည့် စိတ် နေသဘောထားတွေ ရှိလာ ပါတယ်။ တယူသန်ခြင်းလို့ ပြောလို့ ရပါတယ်။
-Preoccupied with self: ဒါကတော့ တစ်ကိုယ်ကောင်း ဆန်ခြင်း၊ ကိုယ့်ဘက်ပဲ ကိုယ်ကြည့် ခြင်းလို့ ပြောလို့ ရပါတယ်။
-Being above the rules: ကိုယ့်ကိုယ်ကို အရာ အားလုံးရဲ့ အထက်မှာ ရှိတယ်လို့ အထင်ရောက် ခြင်းမျိုးပါ။ စည်းမျဉ်း စည်းကမ်းတွေ၊ ဥပ ဒေတွေ တောင်မှ သူတို့ကို မတားဆီး နိုင်ဘူးလို့ ထင်တဲ့အထိ ဖြစ်တတ် ကြပါတယ်။
-Inability to take critism: ဒါကတော့ ဝေဖန်မှုကို လက်မခံ နိုင်ခြင်းပါ။ ကိုယ့်ခံယူချက်နဲ့ မတူညီတဲ့ ဝေဖန်မှုမျိုး ကြုံတွေ့ရ တဲ့အခါ၊ ကိုယ့်ကို မှားနေတယ်လို့ ထောက်ပြ ခံရတဲ့ အခါ လက်မခံ နိုင်ခြင်းကို ဆိုလို ပါတယ်။
-Refusal to take responsibility: တာဝန် မယူတတ် ခြင်းပါ။ ကိစ္စ တစ်ခုခု အမှား ဖြစ်လာရင်၊ မျှော်လင့် မထားတဲ့ ဆုံးရှုံးမှုမျိုး၊ ပြဿနာတွေ ကြုံတွေ့ လာရင် သူတပါး ခေါင်းပေါ်ကို အပြစ် အားလုံး ပုံချပြီး ကိုယ်လွတ် ရုန်းခြင်းကို ဆိုလို ပါတယ်။
-Quick to anger: ဒေါသထွက် လွယ်ခြင်းပါ။ တာဝန် ပေးခံရခြင်း၊ ဝေဖန် ခံရခြင်း စတာတို့ ကြုံတွေ့ တဲ့အခါမှာ ပိုပြီး ဒေါသထွက် တတ်ကြပါ တယ်။ (တာဝန် ပေးခံရခြင်း အပေါ် ဒေါသထွက်ခြင်း ဆိုသည်မှာ တစ်ခုခု လုပ်ဖို့ အခိုင်းခံ ရရင်၊ တာဝန်ခွဲ ပေးခံရရင် ဆရာကြီး လုပ်ခံ ရတယ်၊ မမျှမတ တာဝန် ပေးခံရ တယ်လို့ ထင်ပြီး ဒေါသ ထွက်ခြင်း မျိုးပါ။)
Social Media တစ်ခုချင်းဆီ အပေါ် လိုက်ပြီး narcissim ဖြစ်နိုင်ချေနဲ့ narcissim ဖြစ်နေတဲ့ လူတွေရဲ့ ပြုမူ လုပ်ဆောင်ချက် ကွဲပြားပါသေး တယ်။
Facebook
- လေ့လာချက် တွေအရ Facebook အသုံးပြုသူ တွေဟာ narcissistic disorder နဲ့စိတ်ပိုင်း ဆိုင်ရာ မလုံခြုံမှုတွေ ဖြစ်နိုင်ချေ ပိုများ ပါတယ်။
- Facebook ပေါ်က narcissistic ဖြစ်နိုင်ချေ အများဆုံး ရှိတဲ့သူ တွေရဲ့ ပြုလုပ်လေ့ ရှိတဲ့ အရာတွေ ကတော့ status update မကြာခဏ တင်ခြင်း၊ မိမိကိုယ်ကို ရိုက်ထားသော ဓါတ်ပုံများ (selfies)ကိုထင်ရှား ကျော်ကြားတဲ့ သူတွေရဲ့ စကားတွေ၊ အထင်ကြီး ဖွယ်ရာ ဆိုစကားတွေ နှင့်တကွ မကြာခဏ တင်ခြင်းတို့ ဖြစ်ပါတယ်။ မြင်နေကျ တွေပါပဲ။ ကိုယ့်ဓါတ်ပုံ ပေါ်မှာ စာသား နှင့်တကွ မိမိကိုယ်ကို မြှောက်ပင့် တာတွေ၊ ပတ်ဝန်းကျင်ကို ဂရုမစိုက် ကြောင်းတွေ ရေးသားပြီး တင်ခြင်းမျိုးကို ပြောတာပါ။
- ဒီလေ့လာမှုဟာ အသက် ၁၈ ကနေ ၂၅နှစ်ကြား Facebook အသုံးပြုသူ တွေကို လေ့လာမှု ပြုလုပ် ထားတာပါ။
-၂၀၁၂ မှာပြုလုပ် ခဲ့တဲ့ လေ့လာမှု တွေအရ ရှေ့နေတွေ ပြောစကား အရ သုံးပုံ တစ်ပုံသော ကွာရှင်း ပြတ်စဲမှု တွေမှာ Facebook ကပါဝင် ပတ်သက် နေပါတယ်လို့ ဆိုပါတယ်။
Twitter
- University of Michigan မှပြုလုပ်တဲ့ လေ့လာမှု တွေအရ narcissistic disorder ဖြစ်နေသူ တွေဟာ Twitter မှာလည်း မကြာခဏ tweet လုပ်မှု အများဆုံး ဖြစ်ပါတယ်။
- လူငယ် တွေက Twitter ကိုလူမှု အသိုင်းအဝိုင်း ကျယ်ပြန့်လာဖို့ အသုံးပြု ကြပါတယ်။ ဒါပေမယ့် ဒါဟာ ကိုယ့်အတွေး အခေါ်သာ အရေးကြီး တယ်ဆိုတဲ့ စိတ်ထင်ယောင် ထင်မှားမှု ပိုကြီးထွား လာအောင် အားပေးနေ ပါသေးတယ်။
ဒါတွေ တင်မကပဲ California State University ရဲ့လေ့လာမှု အရ social media တွေမှာ အောက်ပါ များပြားလှတဲ့ ဆိုးကျိုးတွေ ရှိပါ သေးတယ်။
1. Attention Deficit Hyperactivity Disorder (အာရုံ စူးစိုက်ရန် ခက်ခဲခြင်း)
2. Depression (စိတ်ကျခြင်း)
3. Obsessive-Compulsive Disorder (အရာ အားလုံးကို ခဏခဏ double-check လုပ်လွန်း တာမျိုးပါ။ ဥပမာ အားဖြင့်ဆိုရင် သင်အပြင် သွားတဲ့အခါ လမ်းတစ်ဝက်မှာ မီးဖိုရော ပိတ်ပြီး ပြီလား၊ မီးပိတ် ခဲ့ရဲ့လား စတဲ့ စိတ်ပူပန် တတ်တာ မျိုးပါ။ တစ်ခါမျှ စိတ်ပူပြီး ပြန်လည်စစ် ဆေး တတ်တာမျိုး မဟုတ်ဘဲ ၂ခေါက် ၃ခေါက် စစ်ပြီး သည့်တိုင် စိတ်မချ ဖြစ်နေတာ မျိုးကို ပြောတာပါ။)
4. Narcissistic Personality Disorder (ဒါကတော့ အပေါ်မှာ ရှင်းပြပြီးသား စိတ်ကမောက်ကမ ဖြစ်မှုပါ။)
5. Hypochondriasis (နာမကျန်း ဖြစ်မှာ၊ ရောဂါ ဖြစ်မှာကို အလွန်အကျွံ စိုးရိမ်ပူပန် ခြင်းမျိုးပါ။ ဘယ်လောက် သေးငယ်တဲ့ ခေါင်းကိုက်မှု မျိုးပဲ ဖြစ်ပါစေ၊ နှာစေး ချောင်းဆိုးမှုမျိုး ပဲ ဖြစ်ပါစေ အလွန်အမင်း စိုးရိမ်တာ မျိုးပါ။)
6. Schizoaffective and Schizotypal Disorder (စိတ်အတက် အကျ မြန်ခြင်း၊ စိတ်ပြောင်း စိတ်လွှဲ မြန်ခြင်း မျိုးပါ။ အခုနေ ပျော်နေပြီး ခဏကြာ တဲ့အခါ စိတ်ဓာတ် ကျနေတာ မျိုးကို ပြောတာပါ။)
7. Body Dysmorphia (ကိုယ့်ရဲ့ ရုပ်ပိုင်း ဆိုင်ရာအပေါ် အလွန်အမင်း ဂရုပြု တတ်ခြင်းပါ။ မိန်းကလေး တွေဆို "ငါဝလာ ပြီလား၊ ခါးကတုတ် နေတယ်၊ ဗိုက်ကပူ နေတယ်" စသဖြင့် ယောက်ျားလေး တွေဆို "six-packs ပျောက်သွား ပြီလား၊ muscle တွေကျကုန်ပြီ၊ အဆီတက် လာပြီနဲ့ တူတယ်" စသည်ဖြင့် အမြဲ စိုးရိမ် ပူပန်ပြီး မကြာခဏ စစ်ဆေး နေတတ် တာမျိုးပါ။ အထူးသဖြင့် ကိုယ့်ခန္ဓာကိုယ် အပေါ် ဘယ်တော့မှ စိတ် တိုင်း မကျဘဲ မကောင်းမြင် နေတာမျိုး ဖြစ်လေ့ ရှိပါတယ်။)
8. Voyeurism (နှာဘူး ထတာပါ။ ဒါမျိုးပဲ ပြောရမယ် ထင်ပါတယ်။ သူတစ်ပါး ရေချိုးတာ ချောင်းကြည့် တာတို့၊ လိင်ဆက်ဆံစဉ် video re cord လုပ်ချင်တာတို့၊ ဓါတ်ပုံ ခိုးရိုက်ချင် တာတို့ စတဲ့အကျင့် တွေကို ပြောရ မှာပါ။)
9. Addiction (အလွန်အမင်း စွဲလမ်း လာခြင်းပါ။ Facebook တစ်နေ့ တစ်ခါမှ မသုံးရရင် မနေတတ် တာတွေ၊ တစ်ခေါက် လောက်များ မ tweet ရရင် မနေ နိုင်တာ တွေပါ။ ဒါကတော့ အားလုံး နီးပါးမှာ ရှိတဲ့ စိတ်ကမောက်ကမ ဖြစ်စဉ် တွေပါ။)
Images from menshealth, jurnalhajiumroh, thelisticles, thefiendish. Source: cnn.com

0 comments:
Post a Comment