Sunday, January 12, 2014

Duty is duty, so is humanity (တာဝန်နှင့် လူသားဆန်မှု)

ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်နဲ့ ဗြိတိသျှရေတပ် သင်္ဘောကြီးနှစ်စင်း အတ္တလန္တစ် သမုဒ္ဒရာထဲမှာ ထိပ်တိုက်တွေ့ကြတယ်။ မလှမ်းမကမ်းကနေ အမြှောက်တွေနဲ့ အပြန်အလှန် ပစ်ကြ၊ ခတ်ကြပေါ့။ နာရီဝက်ကျော်လောက်ကြာတော့ ဂျာမန်သင်္ဘောကြီး ရေအောက် တဖြေးဖြေး မြုပ်စပြုလာတယ်....။

မြုပ်စပြုနေတဲ့ သင်္ဘောပေါ်ကနေ ခုန်ချလာတဲ့ ရာဂဏန်းလောက်ရှိတဲ့ ဂျာမန်စစ်သားတွေခမျာ ပင်လယ်ထဲမှာ ကူရာကယ်ရာမဲ့ ဟိုဟိုဒီဒီ ပေါလောမြောလို့ပေါ့။

အဲဒီမှာ ဗြိတသျှသင်္ဘောက မြုပ်လက်စရန်သူသဘောင်္ကြီးအနား ချဉ်းကပ်သွားပြီး မြောနေတဲ့ ဂျာမန်စစ်သားတွေကို တနိုင်တပိုင် ၀င်ကယ်တော့တာပဲ။



အခုအချိန်အထိ သက်ရှိထင်ရှားရှိဆဲ၊ အကယ်ခံခဲ့ရတဲ့အထဲ တစ်ယောက်အပါအ၀င်ဖြစ်တဲ့ ဂျာမန်စစ်မှုထမ်းဟောင်း အဘိုးကြီးက သူ့အတွေ့အကြုံကို ပြန်ပြောပြတယ်...

“တွေးကြည့်ရင် ယုံချင်စရာတောင် မရှိဘူး၊ ပြီးခဲ့တဲ့နာရီဝက်လောက်ကပဲ သူသေကိုယ်သေ တဒုန်းဒုန်း ထုနေတဲ့ ရန်သူတွေက အဲဒီအချိန်ကျတော့လည်း ညီအကိုတွေလိုပဲ။ လက်ကမ်းတဲ့သူက ကမ်း၊ ကြိုးနဲ့ လှမ်းပစ်ပေးပြီး ဆွဲတဲ့သူက ဆွဲ၊ ပြီး သူတို့သင်္ဘောပေါ် ဆယ်တင်ကြနဲ့..၊ ကျွန်တော်တို့မှာ မျက်ရည်တောင် ၀ဲတယ်” တဲ့။

ဒုတိယကမ္ဘာစစ်အတွင်း အဖြစ်အပျက်တွေကို documentary ပြန်ရိုက်ထားတဲ့ ဗီဒီယိုကလစ်တစ်ခု ယူကျုမှာ ကြည့်ရင်း စောစောက အင်တာဗျူးခံ ဂျာမန်စစ်ပြန်ကြီး ပြန်ပြောပြတဲ့စကား ကြားတော့ ကျွန်တော့်မှာ ၀မ်းသာပီတိတစ်မျိုး ခံစားလိုက်ရတယ်။

သြော်... လူသားချင်း စာနာမှုတို့...၊ ပုဂ္ဂလိကလူသားနဲ့ တာဝန်ဝတ္တရား ခွဲခြားနားလည်မှုတို့..၊ လူသားလောကရဲ့ အဆင့်မြင့်ယဉ်ကျေးမှုတို့... ဆိုတာ ဒါမျိုးကို ပြောတာနေမှာ....လို့။
..............................................

(နိုင်ငံရေးအမြတ်ထုတ်ချင်လို့ ဒီလိုဝင်ကယ်တာ..လို့ ကျွန်တော်တို့ဘက်က တွေးချင်တွေးမှာ ဖြစ်ပေမယ့်... ၊ အဲဒီတုန်းက အကယ်တင်ခံခဲ့ရတဲ့ အဘိုးကြီးကိုယ်တိုင်ကတော့ ဒီအတိုင်းပဲ ပြောသွားတာပဲလေ...။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...