ပညာမာန တက်လွန်းရင်
မြို့တစ်မြို့မှာ အရမ်းတော်တဲ့ ပန်းပုပညာရှင်ရှိပါတယ်။ သူ့ ပန်းပု ဟာ ဘယ်လောက်တောင် ကောင်းလဲဆိုရင် လူတစ်ယောက်ကို ပုံတူ ထုရင် အရုပ် နဲ့ လူအစစ် ကို ခွဲလို့မရအောင်ကို ထုနိုင်သူပါ။
အရမ်းတော်တော့ ပညာမာန တက်ပြီး လူတွေနဲ့ ဆက်ဆံတဲ့အခါ အပေါ်စီးက သာ ဆက်ဆံပါတယ်။ တနေ့ သူ့ အိပ်မက်မက်ပါတယ်။ အိပ်မက် ထဲမှာ ငရဲမင်းက သူ့ကို လာခေါ်မယ် လို့ ပြောတော့ မနက်ထရာ အကြံတခု ရပြီး သူ့ ပုံစံတူ ရုပ်တု တစ်ခုကို သူ ထုလိုက်ပါတယ်။ ပြီးတော့ ငရဲမင်း လာမယ့်ရက်ကို သူ့စောင့်နေပါတယ်။
ရက်စေ့တော့ ငရဲသားတွေက သူ့ အိမ်ထဲကို အရင် ၀င်လာပါတယ်။ ပန်းပုဆရာ လည်း သတိကြီးစွာနဲ့ ရုပ်တုဘေးမှာ သွားရပ်နေပါတယ်။ ငရဲသားကလည်း ပန်းပုဆရာ နှစ်ယောက်တောင် ဖြစ်နေတယ်ဆိုပြီး ငရဲပြည်ပြန်ကာ ငရဲမင်းကို အကျိုးအကြောင်း ပြောပြပါတယ်။
ငရဲမင်းလည်း အေး ငါကိုယ်တိုင်သွားမယ်ဆိုပြီး နောက်တစ်ရက် ပန်းပု ပညာရှင် အိမ်ကို ၀င်ရာ လူနှစ်ယောက်ရပ်နေတာ မြင်တော့ အင်း ဒီ ရုပ်တု နှစ်တုကတော့ အရမ်းအသက်ဝင်ပါတယ်။ ဒါပေမယ့် ချို့ယွင်းချက် ရှိတယ်ကွ လို့ ဆိုလိုက်တယ်၊ အဲ့မှာ ပန်းပုပညာရှင်က မခံမရပ်ဖြစ်ပြီး ဘယ်မှာလဲ ငါ့ ချို့ယွင်းချက် ဆိုပြီး စကား ထပြောတယ် ငရဲမင်းလည်း ဒီမှာပဲ ကွ ဆိုပြီး သူ့ကို ဖမ်းပြီး ငရဲပြည်ခေါ်သွားလေ၏။
ပုံပြင်လေးက ဘာပြောချင်လဲဆိုရင် ပညာမာန တက်လွန်းရင် အမှားတွေ ကျူးလွန်တတ်တယ်လို့ ဆိုတာပါ။ ငါလုပ်သမျှ အားလုံးဟာ perfect ပဲ လို့ တွေးနေတယ်သူတွေ ပြင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
Remember Nobody is Perfect
~MM~
သုတစွယ်စုံကျမ်း
0 comments:
Post a Comment