ဒီနေရာမှာ ရပ်နေကြမှာလား
Author: lubo601 | 7:52 PM | No မှတ်ချက် |
Miraculous Master For English Language · 1,582 like this
Thursday, 09 January 2014 10:20
Written by ခွန်းဆင့်သူသူ
နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလဟာ အေးချမ်းလွန်းစွာပဲ ကုန်ဆုံးသွားပါပြီ။
သက္ကရာဇ်တွေ တစ်နှစ်ပြီးတစ်နှစ်၊ တစ်ရက်ပြီးတစ်ရက်၊ မရပ်မနား
ခရီးဆက်နေကြသလို ကျွန်မတို့ လူသားတွေကကော သက္ကရာဇ်တွေနဲ့အတူ ရှေ့ခရီးကို
ဆက်ခဲ့ကြပြီလား၊ ခရီးမဆက်ဘဲ ရပ်နေကြသလား၊
ဒါမှမဟုတ် နောက်ပြန် ပြန်လှည့်
သွားကြသလားဆိုတာ မေးခွန်း ထုတ်ချင်စရာပါ။
ကျွန်မတို့ တိုင်းပြည်မှာ
၈၈ ဒီမိုကရေစီ အရေးတော်ပုံကြောင့် နိုင်ငံရေးသမားတွေ၊ ကျောင်းသား
ခေါင်းဆောင်တွေ ပေါ်ပေါက်လာခဲ့ကြတာ တိုင်းပြည်အတွက် အရှုံးထဲက အမြတ်လို့ပဲ
ပြောရမှာပါ။ အန်တီစု အပါအဝင် ဒီနိုင်ငံရေး သမားတွေကိုလည်း ယနေ့ နိုင်ငံရေး
ဇာတ်ခုံပေါ်မှာ ကျက်သရေ ရှိစွာ ကျွန်မတို့ မြင်တွေ့နေကြရပါပြီ။ ဒါပေမဲ့
ကျွန်မတို့ ယုံကြည်အားကိုးတဲ့ ချစ်တဲ့ နိုင်ငံရေးသမား တချို့တွေ၊
ကျောင်းသား ခေါင်းဆောင်တွေကိုတော့ လွှတ်တော် နိုင်ငံရေးမှာ မမြင်ရ၊
မတွေ့ရသေးပါဘူး။ မကြာခင်မှာ ၂၀၁၅ ရွေးကောက်ပွဲက ရောက်လာပါတော့မယ်။
သူတို့တွေကို လွှတ်တော်ရင်ပြင်မှာ ပြင်သူ့ ကိုယ်စားလှယ်တွေအဖြစ် ပြည်သူတွေက
မြင်တွေ့ချင်ကြမယ်ဆိုတာ ယုံမှားသံသယ ဖြစ်စရာ မရှိပါဘူး။
‘ကျောင်းသားခေါင်းဆောင်’ ဆိုတာ ခေတ်စနစ် အခြေအနေအရ အချိန်အခါအရ ပေါ်ပေါက်
လာတတ်ကြသူတွေပါ။ အလကားနေရင်း ခေါင်းဆောင် ဖြစ်ချင်တိုင်း ဖြစ်လို့ရတာ
မဟုတ်ပါဘူး။ ခေတ်တစ်ခုကနေ တစ်ခုကို၊ စနစ်တစ်ခုကနေ တစ်ခုကို ကူးပြောင်းကြတဲ့
တော်လှန်ရေး ကာလတွေမှာသာ ခေါင်းဆောင်ကောင်းတွေ ပေါ်ပေါက် လာတာပါ။
၈၈ ကျောင်းသား ခေါင်းဆောင်တွေ၊ ကျောင်းသားထုတွေ ဦးဆောင်ပြီး
ပြည်သူတွေအတွက် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ဖော်ဆောင် ပေးခဲ့ကြတယ်ဆိုတာ
ငြင်းပယ်လို့ မရတဲ့ အချက်တစ်ခုပါ။ စစ်အာဏာရှင် လက်ထက်မှာ
နိုင်ငံရေးသမားတွေကို လူလုံးမလှအောင် ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့ လေတော့
လူထုက နိုင်ငံရေး မလုပ်ရဲလောက်အောင် ကြောက်ရွံ့ခဲ့ကြရတယ်။
နိုင်ငံရေးဆိုတဲ့ အသံကိုတောင် ကျယ်ကျယ် မပြောရဲကြတဲ့ ဘဝတွေ ဖြစ်ခဲ့ကြရတယ်။
ဒီအကြောက်တရားတွေထဲကပဲ ထွန်းထွန်းပေါက်ပေါက် နိုင်ငံရေးသမားတွေ၊
ကျောင်းသား ခေါင်းဆောင်တွေဟာ အမေကမွေး၊ ထောင်ကကျွေး ဆိုသလို စစ်အာဏာရှင်ရဲ့
မှတ်ကျောက်တင်ခြင်းကို အကြိမ်ကြိမ် ခံခဲ့ကြတယ်။ ၂၀၀၆ ခုနှစ် စက်သုံးဆီတွေ
ဈေးတက်လို့ ဘတ်စ်ကားခတွေ အဆမတန် မြင့်တက်လာတာကို ဒီကျောင်းသားတွေကပဲ
တညီတညွတ်တည်း လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာ တိုင်းသိပြည်သိ၊ ကမ္ဘာသိအောင်
ရာဇဝင်တွင်ခဲ့ ကြပါပြီ။
သူတို့တွေရဲ့ ကျေးဇူးကြောင့် အခုဆို
လွှတ်တော် နိုင်ငံရေး ပေါ်ပေါက်လာပြီး လွှတ်တော်ထဲမှာ ဒီမိုကရေစီဆိုတဲ့ အသံတွေ
ညံနေကြပါပြီ။ ဒီအသံတွေက အသံစစ်တွေလား၊ အသံတုတွေလား ဆိုတာလည်း ပြည်သူတွေက
မှန်းဆ အကဲဖြတ်နိုင်ကြပါပြီ။
အခုလို တိုင်းရေးပြည်ရေး
အရေးကြီးနေတဲ့အချိန်၊ အခြေခံဥပဒေ ပြင်ဆင်ဖို့ အပူတပြင်း လိုအပ်နေတဲ့
အချိန်မှာ လွှတ်တော်မှာ ဝင်ရောက် ဆွေးနွေး အကြံပြုတင်ပြ၊ ထောက်ပြကြရမယ့်
ဒီမိုကရေစီ ဘက်တော်သား စစ်စစ်တွေ အရေးတကြီး လိုအပ်နေပါပြီ။
၂၀၁၀
ရွေးကောက်ပွဲ ကာလတွေတုန်းက ၂၀၀၈ အခြေခံဥပဒေကို လက်သင့်မခံနိုင်လို့
ရွေးကောက်ပွဲကို ဆန့်ကျင်ကြသူတွေ အများအပြားပါ။ ဒါပေမဲ့ နိုင်ငံတကာမှာလည်း
စစ်အစိုးရ ဦးစီးတဲ့ ရွေးကောက်ပွဲတွေမှာ အတိုက်အခံ ဘက်တွေက ဝင်ရောက်ပြီး
ဒီမိုကရေစီကို ၂၀ ကျပ်ဖိုးပဲရရ၊ ၄၀ ကျပ်ဖိုးပဲရရ တဖြည်းဖြည်းနဲ့ သဲ့ယူပြီး
ရယူခဲ့ကြရတာပါပဲ။
အန်တီစုကတော့ လွှတ်တော် နိုင်ငံရေးထဲမှာ
ပါဝင်ပြီး အခြေခံဥပဒေ ပြင်ဆင်ဖို့ကို အပတ်တကုတ် ကြိုးစား အားထုတ်နေပါတယ်။
အန်တီစု အပါအဝင် အသက် ၆၀ ကျော် သက်ကြီးဝါကြီးတွေက အခြေခံဥပဒေကို
တစ်နည်းနည်းနဲ့ ပြုပြင်ပြောင်းလဲဖို့ ၇၅ ရာခိုင်နှုန်းနဲ့ ၂၅ ရာခိုင်နှုန်း
လွန်ဆွဲ ပွဲကြားထဲမှာ၊ ကိုယ့်ဘက် တစ်မဲသာဖို့အရေး ဦးဆွေးဆံမြည့်
ထမ်းရွက်နေကြချိန်မှာ ကျွန်မတို့ ယုံကြည်အားကိုးတဲ့ ကျောင်းသား
ခေါင်းဆောင်တွေကတော့ လွှတ်တော်ပြင်ပ နိုင်ငံရေးထဲမှာပဲ ရှိနေကြပါသေးတယ်။
သက်ကြားရွယ်အိုတွေက ကျဉ်းထဲကျပ်ထဲကြားက အခြေခံဥပဒေတွေကို ပြုပြင်ပြောင်းလဲ
ပြီးမှပဲ၊ လမ်းခင်းပေးပြီးမှပဲ သူတို့တွေက လွှတ်တော်ထဲကို
ရောက်လာကြမှာလားလို့ မေးခွန်းထုတ်ရ မလိုပါ။
တိုင်းပြည်မှာ
လွှတ်တော်ပြင်ပ နိုင်ငံရေးဟာလည်း အရေးကြီးပါတယ်။ တိုင်းပြည်ရွေ့အောင်
တစ်ဖက်တစ်လမ်းက ကူညီထောက်ပံ့ ပေးနိုင်ပါတယ်။ ဒါပေမဲ့ တကယ့်ပင်မ ဒီမိုကရေစီ
ရေသောက်မြစ်ကတော့ လွှတ်တော် နိုင်ငံရေးပဲ ဖြစ်ပါတယ်။ ဦးသိန်းဖေမြင့်ရဲ့
‘ဘုတလင်မှ အသံ’ စာအုပ်ထဲမှ ထုတ်ဝေသူ၏ စကားလေးကို ပြန်လည် မျှဝေချင်ပါတယ်။
လွှတ်တော် နိုင်ငံရေးရဲ့ အနှစ်သာရကို သူက ပြောပြထားတာပါ။
‘ဥပမာအားဖြင့် မီးခိုး တက်နေသည်ကို မြင်ရလျှင် အောက်ခြေတွင် မီးရှို့နေသည်ဟု
အလွယ်တကူ သိနိုင်သလို အကြင်နိုင်ငံ ပြည်သူ့လွှတ်တော် ပါလီမန်သာ
ထင်ရှားရှိနေလျှင် ထိုနိုင်ငံ၌ ဒီမိုကရေစီ အောက်ခြေခံ ရှိနေပြီဟု သိအပ်ရာ၏’
‘ပါလီမန်ဆိုသည်မှာ ဒီမိုကရေစီ၏ အထွတ်အဖျားလည်း ဖြစ်သည်။ အောက်ခြေအုတ်မြစ်လည်း ဖြစ်သည်။
ရသအားဖြင့် ‘ဝေဖန်ပြောဆိုခွင့်’ သာလျှင်တည်း။ ပြည်သူ့ ကိုယ်စားလှယ်တို့သည်
ပြည်သူ့ကောင်းကျိုး၊ ဆိုးပြစ်များကို တင်ပြရာစခန်းဌာန၊ တရားဥပဒေပြု
စည်းဝေး တိုင်ပင်ရာဌာန၊ ဝေဖန် ပြောဆိုရာဌာနမှာ ထိုပြည်သူ့လွှတ်တော်
ပါလီမန်သာ ဖြစ်သည်’
တိုင်းပြည်အတွက် ပါလီမန်သည် အရေးပါပြီး ပြည်သူ့
ကိုယ်စားလှယ်တို့သည် အဘယ်မျှ အရေးပါသည်ကို သိသာ မြင်သာစေသော စကားစု
ကလေးပင်။ ဤမျှတိုင်းပြည်အတွက် အရေးပါသော နေရာတွင် အရေးမပါသော သူများနေရာမယူ
မိစေရန် အရေးပါသော သူများက နေရာ ယူကြရပါမည်။
ယနေ့
လွှတ်တော်ကိုလည်း တစ်ခေတ်တစ်ခါက လွှတ်တော်ကဲ့သို့
ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်၊ ဦးသိန်းဖေမြင့်တို့ခေတ်က လွှတ်တော်ကဲ့သို့
လှုပ်ရှားသက်ဝင်ပြီး ဝေဖန်သံများနှင့် ညံစေချင်တာ အမှန်ပါ။ လွှတ်တော်ထဲမှာ
အန်တီစုရဲ့အသံ၊ ဦးသိန်းညွှန့်ရဲ့အသံတွေ၊ ဦးအေးမောက်ရဲ့အသံ၊ ဦးဌေးဦး
ရဲ့အသံတွေ ကြားရသလိုပဲ၊ ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်၊
ကိုကိုကြီးတို့ အသံတွေ၊ ကိုကိုးကျွန်းပြန် ဦးလှရွှေရဲ့အသံ၊ ဦးဝင်းတင်၊
ဦးဘိုကြည်ရဲ့ အသံတွေ၊ ဇာဂနာ၊ မေတ္တာတို့ရဲ့ အသံတွေလည်း ကြားချင်ပါတယ်။
အခြား ကျွန်မ မသိရှိတဲ့ ပြည်တွင်းပြည်ပ နိုင်ငံရေးသမားဟောင်းတွေ၊
ကျောင်းသား ကျောင်းသူတွေရဲ့ အသံတွေလည်း ကြားချင်ပါတယ်။ တိုင်းပြည်အတွက်
ကောင်းရာ ကောင်းကျိုးကို သယ်ပိုးလိုကြတဲ့ ဒီမိုကရေစီ ဘက်တော်သားတွေ ကိုလည်း
ကြိုဆိုပါတယ်။
တိုင်းပြည်မှာ ခိုင်မာတဲ့ အင်အားရှိတဲ့ စစ်တပ်
Institution ရှိသလိုပဲ ခိုင်မာတဲ့ အင်အားရှိတဲ့ ဒီမိုကရေစီ Institution
ရှိဖို့ လိုအပ်ပြီလို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ် ပြောဆိုကြတယ်။
‘ဒီမိုကရေစီ အင်အားစုတွေက ဖရဲသီးလို တစ်လုံးရှိရင် နှစ်ခြမ်းကွဲမယ်၊
တစ်ခြမ်းရှိရင် လေးစိတ်စိတ်မယ်။ ဖရဲသီးနိုင်ငံရေး ဖြစ်နေပြီ’ လို့
အားမလိုအားမရနဲ့ ဝေဖန် ထောက်ပြကြတဲ့ အသံတွေလည်း ကြားရပါတယ်။ ခိုင်မာတဲ့၊
အားကောင်းတဲ့ ဒီမိုကရေစီ အင်အားစုတစ်ရပ် ရရှိဖို့ အားလုံးပူးပေါင်းကြဖို့
လိုအပ်နေပါပြီ။
ဒီမိုကရေစီ နိုင်ငံတော်သစ်ကို
ဖော်ဆောင်ပေးခဲ့ကြတဲ့ ကျောင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေး
သမားဟောင်းတွေဟာ တိုင်းပြည်အတွက် တာဝန် ကျေခဲ့ကြပါတယ်။ သို့သော်လည်း
ဒီမိုကရေစီက လမ်းတစ်ဝက်မှာပဲ ရှိပါသေးတယ်။ နိုင်ငံတော်သစ်ကြီးက
‘ရွှေပြည်တော် မျှော်တိုင်းဝေး’ မဖြစ် ကြရအောင်၊ ‘ခဲလေသမျှ သဲရေကျ’
မဖြစ်ကြလေအောင် လမ်းဆုံးထိ ဆက်လျှောက် ကြစေချင်တာကတော့ အမှန်ပါ။
Written by ခွန်းဆင့်သူသူ
နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလဟာ အေးချမ်းလွန်းစွာပဲ ကုန်ဆုံးသွားပါပြီ။ သက္ကရာဇ်တွေ တစ်နှစ်ပြီးတစ်နှစ်၊ တစ်ရက်ပြီးတစ်ရက်၊ မရပ်မနား ခရီးဆက်နေကြသလို ကျွန်မတို့ လူသားတွေကကော သက္ကရာဇ်တွေနဲ့အတူ ရှေ့ခရီးကို ဆက်ခဲ့ကြပြီလား၊ ခရီးမဆက်ဘဲ ရပ်နေကြသလား၊
ဒါမှမဟုတ် နောက်ပြန် ပြန်လှည့် သွားကြသလားဆိုတာ မေးခွန်း ထုတ်ချင်စရာပါ။
ကျွန်မတို့ တိုင်းပြည်မှာ ၈၈ ဒီမိုကရေစီ အရေးတော်ပုံကြောင့် နိုင်ငံရေးသမားတွေ၊ ကျောင်းသား ခေါင်းဆောင်တွေ ပေါ်ပေါက်လာခဲ့ကြတာ တိုင်းပြည်အတွက် အရှုံးထဲက အမြတ်လို့ပဲ ပြောရမှာပါ။ အန်တီစု အပါအဝင် ဒီနိုင်ငံရေး သမားတွေကိုလည်း ယနေ့ နိုင်ငံရေး ဇာတ်ခုံပေါ်မှာ ကျက်သရေ ရှိစွာ ကျွန်မတို့ မြင်တွေ့နေကြရပါပြီ။ ဒါပေမဲ့ ကျွန်မတို့ ယုံကြည်အားကိုးတဲ့ ချစ်တဲ့ နိုင်ငံရေးသမား တချို့တွေ၊ ကျောင်းသား ခေါင်းဆောင်တွေကိုတော့ လွှတ်တော် နိုင်ငံရေးမှာ မမြင်ရ၊ မတွေ့ရသေးပါဘူး။ မကြာခင်မှာ ၂၀၁၅ ရွေးကောက်ပွဲက ရောက်လာပါတော့မယ်။ သူတို့တွေကို လွှတ်တော်ရင်ပြင်မှာ ပြင်သူ့ ကိုယ်စားလှယ်တွေအဖြစ် ပြည်သူတွေက မြင်တွေ့ချင်ကြမယ်ဆိုတာ ယုံမှားသံသယ ဖြစ်စရာ မရှိပါဘူး။
‘ကျောင်းသားခေါင်းဆောင်’ ဆိုတာ ခေတ်စနစ် အခြေအနေအရ အချိန်အခါအရ ပေါ်ပေါက် လာတတ်ကြသူတွေပါ။ အလကားနေရင်း ခေါင်းဆောင် ဖြစ်ချင်တိုင်း ဖြစ်လို့ရတာ မဟုတ်ပါဘူး။ ခေတ်တစ်ခုကနေ တစ်ခုကို၊ စနစ်တစ်ခုကနေ တစ်ခုကို ကူးပြောင်းကြတဲ့ တော်လှန်ရေး ကာလတွေမှာသာ ခေါင်းဆောင်ကောင်းတွေ ပေါ်ပေါက် လာတာပါ။
၈၈ ကျောင်းသား ခေါင်းဆောင်တွေ၊ ကျောင်းသားထုတွေ ဦးဆောင်ပြီး ပြည်သူတွေအတွက် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ဖော်ဆောင် ပေးခဲ့ကြတယ်ဆိုတာ ငြင်းပယ်လို့ မရတဲ့ အချက်တစ်ခုပါ။ စစ်အာဏာရှင် လက်ထက်မှာ နိုင်ငံရေးသမားတွေကို လူလုံးမလှအောင် ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့ လေတော့ လူထုက နိုင်ငံရေး မလုပ်ရဲလောက်အောင် ကြောက်ရွံ့ခဲ့ကြရတယ်။ နိုင်ငံရေးဆိုတဲ့ အသံကိုတောင် ကျယ်ကျယ် မပြောရဲကြတဲ့ ဘဝတွေ ဖြစ်ခဲ့ကြရတယ်။
ဒီအကြောက်တရားတွေထဲကပဲ ထွန်းထွန်းပေါက်ပေါက် နိုင်ငံရေးသမားတွေ၊ ကျောင်းသား ခေါင်းဆောင်တွေဟာ အမေကမွေး၊ ထောင်ကကျွေး ဆိုသလို စစ်အာဏာရှင်ရဲ့ မှတ်ကျောက်တင်ခြင်းကို အကြိမ်ကြိမ် ခံခဲ့ကြတယ်။ ၂၀၀၆ ခုနှစ် စက်သုံးဆီတွေ ဈေးတက်လို့ ဘတ်စ်ကားခတွေ အဆမတန် မြင့်တက်လာတာကို ဒီကျောင်းသားတွေကပဲ တညီတညွတ်တည်း လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာ တိုင်းသိပြည်သိ၊ ကမ္ဘာသိအောင် ရာဇဝင်တွင်ခဲ့ ကြပါပြီ။
သူတို့တွေရဲ့ ကျေးဇူးကြောင့် အခုဆို လွှတ်တော် နိုင်ငံရေး ပေါ်ပေါက်လာပြီး လွှတ်တော်ထဲမှာ ဒီမိုကရေစီဆိုတဲ့ အသံတွေ ညံနေကြပါပြီ။ ဒီအသံတွေက အသံစစ်တွေလား၊ အသံတုတွေလား ဆိုတာလည်း ပြည်သူတွေက မှန်းဆ အကဲဖြတ်နိုင်ကြပါပြီ။
အခုလို တိုင်းရေးပြည်ရေး အရေးကြီးနေတဲ့အချိန်၊ အခြေခံဥပဒေ ပြင်ဆင်ဖို့ အပူတပြင်း လိုအပ်နေတဲ့ အချိန်မှာ လွှတ်တော်မှာ ဝင်ရောက် ဆွေးနွေး အကြံပြုတင်ပြ၊ ထောက်ပြကြရမယ့် ဒီမိုကရေစီ ဘက်တော်သား စစ်စစ်တွေ အရေးတကြီး လိုအပ်နေပါပြီ။
၂၀၁၀ ရွေးကောက်ပွဲ ကာလတွေတုန်းက ၂၀၀၈ အခြေခံဥပဒေကို လက်သင့်မခံနိုင်လို့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြသူတွေ အများအပြားပါ။ ဒါပေမဲ့ နိုင်ငံတကာမှာလည်း စစ်အစိုးရ ဦးစီးတဲ့ ရွေးကောက်ပွဲတွေမှာ အတိုက်အခံ ဘက်တွေက ဝင်ရောက်ပြီး ဒီမိုကရေစီကို ၂၀ ကျပ်ဖိုးပဲရရ၊ ၄၀ ကျပ်ဖိုးပဲရရ တဖြည်းဖြည်းနဲ့ သဲ့ယူပြီး ရယူခဲ့ကြရတာပါပဲ။
အန်တီစုကတော့ လွှတ်တော် နိုင်ငံရေးထဲမှာ ပါဝင်ပြီး အခြေခံဥပဒေ ပြင်ဆင်ဖို့ကို အပတ်တကုတ် ကြိုးစား အားထုတ်နေပါတယ်။ အန်တီစု အပါအဝင် အသက် ၆၀ ကျော် သက်ကြီးဝါကြီးတွေက အခြေခံဥပဒေကို တစ်နည်းနည်းနဲ့ ပြုပြင်ပြောင်းလဲဖို့ ၇၅ ရာခိုင်နှုန်းနဲ့ ၂၅ ရာခိုင်နှုန်း လွန်ဆွဲ ပွဲကြားထဲမှာ၊ ကိုယ့်ဘက် တစ်မဲသာဖို့အရေး ဦးဆွေးဆံမြည့် ထမ်းရွက်နေကြချိန်မှာ ကျွန်မတို့ ယုံကြည်အားကိုးတဲ့ ကျောင်းသား ခေါင်းဆောင်တွေကတော့ လွှတ်တော်ပြင်ပ နိုင်ငံရေးထဲမှာပဲ ရှိနေကြပါသေးတယ်။ သက်ကြားရွယ်အိုတွေက ကျဉ်းထဲကျပ်ထဲကြားက အခြေခံဥပဒေတွေကို ပြုပြင်ပြောင်းလဲ ပြီးမှပဲ၊ လမ်းခင်းပေးပြီးမှပဲ သူတို့တွေက လွှတ်တော်ထဲကို ရောက်လာကြမှာလားလို့ မေးခွန်းထုတ်ရ မလိုပါ။
တိုင်းပြည်မှာ လွှတ်တော်ပြင်ပ နိုင်ငံရေးဟာလည်း အရေးကြီးပါတယ်။ တိုင်းပြည်ရွေ့အောင် တစ်ဖက်တစ်လမ်းက ကူညီထောက်ပံ့ ပေးနိုင်ပါတယ်။ ဒါပေမဲ့ တကယ့်ပင်မ ဒီမိုကရေစီ ရေသောက်မြစ်ကတော့ လွှတ်တော် နိုင်ငံရေးပဲ ဖြစ်ပါတယ်။ ဦးသိန်းဖေမြင့်ရဲ့ ‘ဘုတလင်မှ အသံ’ စာအုပ်ထဲမှ ထုတ်ဝေသူ၏ စကားလေးကို ပြန်လည် မျှဝေချင်ပါတယ်။ လွှတ်တော် နိုင်ငံရေးရဲ့ အနှစ်သာရကို သူက ပြောပြထားတာပါ။
‘ဥပမာအားဖြင့် မီးခိုး တက်နေသည်ကို မြင်ရလျှင် အောက်ခြေတွင် မီးရှို့နေသည်ဟု အလွယ်တကူ သိနိုင်သလို အကြင်နိုင်ငံ ပြည်သူ့လွှတ်တော် ပါလီမန်သာ ထင်ရှားရှိနေလျှင် ထိုနိုင်ငံ၌ ဒီမိုကရေစီ အောက်ခြေခံ ရှိနေပြီဟု သိအပ်ရာ၏’
‘ပါလီမန်ဆိုသည်မှာ ဒီမိုကရေစီ၏ အထွတ်အဖျားလည်း ဖြစ်သည်။ အောက်ခြေအုတ်မြစ်လည်း ဖြစ်သည်။
ရသအားဖြင့် ‘ဝေဖန်ပြောဆိုခွင့်’ သာလျှင်တည်း။ ပြည်သူ့ ကိုယ်စားလှယ်တို့သည် ပြည်သူ့ကောင်းကျိုး၊ ဆိုးပြစ်များကို တင်ပြရာစခန်းဌာန၊ တရားဥပဒေပြု စည်းဝေး တိုင်ပင်ရာဌာန၊ ဝေဖန် ပြောဆိုရာဌာနမှာ ထိုပြည်သူ့လွှတ်တော် ပါလီမန်သာ ဖြစ်သည်’
တိုင်းပြည်အတွက် ပါလီမန်သည် အရေးပါပြီး ပြည်သူ့ ကိုယ်စားလှယ်တို့သည် အဘယ်မျှ အရေးပါသည်ကို သိသာ မြင်သာစေသော စကားစု ကလေးပင်။ ဤမျှတိုင်းပြည်အတွက် အရေးပါသော နေရာတွင် အရေးမပါသော သူများနေရာမယူ မိစေရန် အရေးပါသော သူများက နေရာ ယူကြရပါမည်။
ယနေ့ လွှတ်တော်ကိုလည်း တစ်ခေတ်တစ်ခါက လွှတ်တော်ကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်၊ ဦးသိန်းဖေမြင့်တို့ခေတ်က လွှတ်တော်ကဲ့သို့ လှုပ်ရှားသက်ဝင်ပြီး ဝေဖန်သံများနှင့် ညံစေချင်တာ အမှန်ပါ။ လွှတ်တော်ထဲမှာ အန်တီစုရဲ့အသံ၊ ဦးသိန်းညွှန့်ရဲ့အသံတွေ၊ ဦးအေးမောက်ရဲ့အသံ၊ ဦးဌေးဦး ရဲ့အသံတွေ ကြားရသလိုပဲ၊ ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီးတို့ အသံတွေ၊ ကိုကိုးကျွန်းပြန် ဦးလှရွှေရဲ့အသံ၊ ဦးဝင်းတင်၊ ဦးဘိုကြည်ရဲ့ အသံတွေ၊ ဇာဂနာ၊ မေတ္တာတို့ရဲ့ အသံတွေလည်း ကြားချင်ပါတယ်။ အခြား ကျွန်မ မသိရှိတဲ့ ပြည်တွင်းပြည်ပ နိုင်ငံရေးသမားဟောင်းတွေ၊ ကျောင်းသား ကျောင်းသူတွေရဲ့ အသံတွေလည်း ကြားချင်ပါတယ်။ တိုင်းပြည်အတွက် ကောင်းရာ ကောင်းကျိုးကို သယ်ပိုးလိုကြတဲ့ ဒီမိုကရေစီ ဘက်တော်သားတွေ ကိုလည်း ကြိုဆိုပါတယ်။
တိုင်းပြည်မှာ ခိုင်မာတဲ့ အင်အားရှိတဲ့ စစ်တပ် Institution ရှိသလိုပဲ ခိုင်မာတဲ့ အင်အားရှိတဲ့ ဒီမိုကရေစီ Institution ရှိဖို့ လိုအပ်ပြီလို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ် ပြောဆိုကြတယ်။ ‘ဒီမိုကရေစီ အင်အားစုတွေက ဖရဲသီးလို တစ်လုံးရှိရင် နှစ်ခြမ်းကွဲမယ်၊ တစ်ခြမ်းရှိရင် လေးစိတ်စိတ်မယ်။ ဖရဲသီးနိုင်ငံရေး ဖြစ်နေပြီ’ လို့ အားမလိုအားမရနဲ့ ဝေဖန် ထောက်ပြကြတဲ့ အသံတွေလည်း ကြားရပါတယ်။ ခိုင်မာတဲ့၊ အားကောင်းတဲ့ ဒီမိုကရေစီ အင်အားစုတစ်ရပ် ရရှိဖို့ အားလုံးပူးပေါင်းကြဖို့ လိုအပ်နေပါပြီ။
ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ဖော်ဆောင်ပေးခဲ့ကြတဲ့ ကျောင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေး သမားဟောင်းတွေဟာ တိုင်းပြည်အတွက် တာဝန် ကျေခဲ့ကြပါတယ်။ သို့သော်လည်း ဒီမိုကရေစီက လမ်းတစ်ဝက်မှာပဲ ရှိပါသေးတယ်။ နိုင်ငံတော်သစ်ကြီးက ‘ရွှေပြည်တော် မျှော်တိုင်းဝေး’ မဖြစ် ကြရအောင်၊ ‘ခဲလေသမျှ သဲရေကျ’ မဖြစ်ကြလေအောင် လမ်းဆုံးထိ ဆက်လျှောက် ကြစေချင်တာကတော့ အမှန်ပါ။
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment