"ပျို့ချစ်သူ"
လဘက်ရည်ဆိုင် တစ်ဆိုင်အတွင်းမှာ... ...
ကောင်မလေးနှစ်ယောက် သူတို့လိုချင်တဲ့ ချစ်သူတွေအကြောင်း ပြောနေကြတယ်။
ပထမတစ်ယောက် ပြောတယ်... ...
"ငါယူမယ့်အိမ်ထောင်ဖက်ဟာ ဆင်းရဲချင်ဆင်းရဲပါစေ၊ ရိုးသားတဲ့ ယောက်ျားဖြစ်ရင် တော်ပြီ"
ဒုတိယတစ်ယောက်က ပြောတယ်... ...
"ငါ့အိမ်ထောင်ဖက်ကတော့... သန့်ပြန့်တောက်ပနေရမယ်၊ ရီစရာတွေလည်း ပြောတတ်ပြီး၊ သီချင်းတွေလည်းဆိုတတ်ရမယ်၊ ပြီးတော့ အချိန်ပြည့်လည်း အိမ်မြဲရမယ်"
အဲဒီမှာ ဘေးက နားထောင်နေတဲ့ လူတစ်ယောက်က အမြင်ကပ်လာပုံရတယ်...
ဝင်ပြောတယ်... ...
"အဲဒါဆို ... TV ကြီးကို လက်ထပ်လိုက်"... တဲ့။
သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/thanlayko
0 comments:
Post a Comment