Tuesday, January 14, 2014

အင်တာနက်မှာ ပျံ့နေတဲ့အိပ်ယာထက်ပေါ် ဘီကီနီဝတ်ပြီး ရင်သားဖော်ထားတဲ့ ပုံကိစ္စနဲ့ ပတ်သက်ပြီး မြန်မာမော်ဒယ် ယုသန္တာတင် ဖြေရှင်း

Today Myanmar1/14/2014
အပေါ်က ပုံဟာ အွန်လိုင်းမှာ ယုသန္တာတင်ရဲ့ Sexy ပုံဆိုပြီး ပျံ့နေပါတယ်။ အိပ်ယာပေါ်မှာ ဘီကီနီလေးဝတ် ရင်သားလေးကို မဟတဟဖော်ပြပြီး Sexy ကျကျနှုတ်ခမ်းစူပြီး ဖုန်းတစ်လုံးနဲ့ ဓာတ်ပုံရိုက်ခံနေတဲ့သူက တကယ်တော့ မြန်မာဆန်ဆန်လှလို့လူချစ်လူခင်များတဲ့ ယုသန္တာတင် မဟုတ်ပါဘူး။
သူနဲ့ ရုပ်ချင်းအင်မတန်ဆင်တဲ့ အင်ဒိုနီးရှားက ၁၆ နှစ်သာရှိသေးတဲ့ တီနာဆိုတဲ့ကောင်မလေးရဲ့ ပုံဖြစ်ပါတယ်။

အဆိုပါ Sexy ဓာတ်ပုံကို ယုသန္တာတင်ပါဆိုပြီး မလိုသူတွေနဲ့ ဟုတ်ဟုတ် မဟုတ်ဟုတ် အကုန်ဖြန့်တဲ့ မီဒီယာတွေကြောင့် ယုသန္တာတင်အပေါ် အထင်လွဲမှုတွေဖြစ်လာပြီးဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ တကယ်တော့ အဆိုပါ Sexy ဆန်ဆန် ဓာတ်ပုံလိုမျိုး ယုသန္တာတင်အနေနဲ့ ရိုက်ဖို့နေနေသာသာ မြန်မာဆန်ဆန်ဝတ်ပြီး မြန်မာဆန်ဆန်လှတဲ့အလှတွေကြောင့်သာ မော်ဒယ်လောကမှာ ယုသန္တာတင်ဟာမဖော်မချွတ် မပြဘဲ လှတဲ့ မိန်းကလေးတစ်ယောက်လို့ လူသိများခဲ့တာပါ။

သူများသားသမီးအပေါ် မကောင်းကြံချင်တဲ့လူတွေကြောင့် ယနေ့ Social Network ကြီးက သားကောင်း
သမီးပျိုတို့ အတွက် အန္တရာယ်တစ်ခုဖြစ်လာခဲ့တာပါ။ ဘယ်သူမဆို သူများကို မကောင်းကြံဖို့ စဉ်းစားမိပြီဆိုရင်ကိုယ်သာသူ့နေရာ ဒါမှမဟုတ် ကိုယ့်ဆွေမျိုးသားချင်းသာ အဲလိုမျိုးလုပ်ခံရရင် ဘယ်လိုနေမလဲ ဆိုတဲ့ကိုယ်ချင်းစာတရားလက်ကိုင်ထားပြီး မိမိကိုယ်ကိုပြန်ဆန်းစစ်ဖို့ လိုပါတယ်။

အောက်မှာ ပေးထားတဲ့ လင့်ကတော့ ယုသန္တာတင်နဲ့ ရုပ်ချင်းဆင်တဲ့ အင်ဒိုနီးရှားမလေးပုံကိုတင်ထားတဲ့ လင့်ပဲဖြစ်ပါတယ်။

http://bripturani.blogspot.ru/2013/05/c3rita-d3wasa-cinta-satu-malam-cewek.html

ဒီအောက်ကလင့်ကတော့ ယုသန္တာတင်ရဲ့ မြန်မာဆန်ဆန်လှနေတဲ့ ဓာတ်ပုံများကို သွားကြည့်လို့ရတဲ့ သူရဲ့ Facebook အကောင့်လေးပါပဲ

https://www.facebook.com/yu.thandartin?fref=ts

သူရဲ့ စာမျက်နှာမှာလည်း ဒီလိုပြန်ဖြေရှင်းထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီပုံမြင်တိုင်းယုသန္တာတင်ဆိုပြီးလာလာမေးတဲ့သူငယ်ချင်းတွေရေ ...မဟုတ်ဘူးဟေ့ ပုံပိုင်ရှင်မိန်းမရဲ့မူရင်းlink ပါတင်ပေးလိုက်တယ် ....!စိတ်ပူပြီးဝိုင်းမေးတဲ့သူငယ်ချင်းတွေရော မနာလိုလို့မီးလောင်ရာလေပင့်ပေးတဲ့သူတွေပါသိရအောင် ....!!!!!

မြန်မာဆန်ဆန်လှတဲ့ ယုသန္တာတင်ကို ချစ်တဲ့ ပရိသတ်တွေအတွက် သူရဲ့
မြန်မာဆန်ဆန်ပုံလေးတွေ တင်ပေးလိုက်ပါတယ်။
လူသားအားလုံး မနာလိုခြင်း၊ အကောက်ကြံခံရခြင်းမှ ကင်းဝေးကြပါစေ..

New Myanmar

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...