ယုံတမ်းပုံပြင်ထဲက B သွေး
ခရစ်တော်ပေါ်ပြီးတဲ့နောက်ပိုင်းအချိန်တွေမှာ
ဂရိ ရောမ နဲ့ မြေထဲပင်လယ်ဒေသတွေမှာ ယုံတမ်းပုံပြင်တွေခေတ်စားခဲ့ပါတယ်။
တချို့ကလည်းဖန်တီးထားတာဖြစ်သလို တချို့ကလည်း တကယ့်အဖြစ်အပျက်ကိုအခြေခံထားတာပေါ့။
ဒီဇာတ်လမ်းတွေကို အဆင့်ဆင့်လက်ဆင့်ကမ်းလာခဲ့တာ လူတွေကို သွေးအုပ်စုရယ်ဆိုပြီး သီးသီးသန့်သန့်ခွဲခြားနိုင်တဲ့အချိန်ကိုရောက်ရှိခဲ့တယ်။
ဒီအချိန်မှာ သွေးအုပ်စုခြင်းတူတဲ့သူတွေစုမိကြတယ်။ ခံစားချက်တွေ ဘဝတွေကိုတိုင်ပင်ဖြစ်ကြတယ်
ဒီအထဲမှာမှ B type နဲ့ O type တွေက အများစုထပ်တူညီနေတာကိုတွေ့ခဲ့ကြတယ်။
နောက်ပိုင်းမှာတော့ သွေးကိုအခြေခံပြီးဗေဒင်ဟောတဲ့ နတ်ဆရာတွေပေါ်လာခဲ့ပါတယ်။
သွေးဗေဒင်က Kiro ဗေဒင်ပြီးရင် အမှန်ဆုံးအရာတစ်ခုဖြစ်လာခဲ့တယ်။
သူတို့ရဲ့ယုံတမ်းပုံပြင်တွေမှာ ဘုရင် မိဖုရား စစ်သူရဲ ဘုရင်မ တမန်တော် သမုဒ္ဒရာနဂါး ဝန်းရံတော်
ငှက်သူရဲဂျက်ဘာ ရေသူမ ရေဘုရင်ထရိုင်တန် အလှဘုရင်မအက်ဖရိုဒိုက် နတ်သမီးဂျူနိုး ကျုပစ်နတ်သား ဆိုပြီးတော့ ဇာတ်ကောင်များစွာပါဝင်တယ်။
သူတို့ရဲ့စရိုက်တွေအပေါ်ကိုအခြေခံပြီး နတ်ဆရာတွေက ဟောပြောခဲ့တယ်
B type တွေကို ဘာနဲ့ထပ်တူပြုထားသလဲဆိုတော့
ရေသူမ အက်ဖရိုဒိုက် မိဖုရား ဆိုပြီးထပ်တူပြုထားပါတယ်
Mermaid (ရေသူမ)
သူကတော့ B type တွေရဲ့ အခြေခံအချက်တွေကိုဖော်ညွှန်းတယ်
သိမ်မွေ့တယ် စကားနည်းတယ် မှော်ဆန်တယ်
စိတ်ဝင်စားဖို့ကောင်းသလို ကြောက်ဖို့လည်းကောင်းတယ်
ပင်လယ်သဘာဝတွေကြီးစိုးနေလေ့ရှိတယ်
ဘဝက မုန်တိုင်းတွေနဲ့ပြည့်နေပေမယ့် အားအပြည်နဲ့ကူးခတ်တတ်တဲ့သူ
ရင်ဘတ်ထဲက ပုလဲရတနာကိုတန်ဖိုးအထားတတ်ဆုံးသူ ဆိုပြီးဖော်ညွှန်ထားတယ်
Arfrodite (အာဖရိုဒိုက်)
သူကတော့ B type တွေရဲ့ စိတ်နေစိတ်ထားကိုဖော်ညွှန်းတယ်
အာဖရိုဒိုက်ဆိုတာ အားလုံးသိကြတဲ့ cupid လေးရဲ့အမေပါ
အရမ်းလှပတဲ့အလှနတ်သမီးတစ်ပါးပေါ့
သူက အလှနတ်သမီး Junoes ကို မနာလိုဖြစ်တယ်
ဒါကြောင့်သူရဲ့သားတော် cupid ကိုစေလွှတ်ပြီးတော့ သွေးဆောင်စေခဲ့ပေမယ့်
Cupid နတ်သားက Junoes ကိုတကယ်ချစ်မိသွားခဲ့တယ်
အာဖရိုဒိုက်နဲ့ကိုယ်စားပြုထားတဲ့ B type တွေရဲ့စိတ်နေစိတ်ထားက
အလှတရားကိုမက်မောတယ် အချစ်နဲ့မတွေ့ခင်အချိန်ထိ ဂုဏ်ရှိန်စည်းစိမ်ကိုမက်မောတယ်
ပိုင်ဆိုင်ထားတဲ့အရာတစ်ခုကိုဝေမျှမပေးတတ်ဘူး
သိမ်ယ်စိတ်နဲ့ မာနနဲ့လွန်ဆွဲနေတယ်လို့ဖော်ညွှန်းထားတယ်
Little queen consort ( မိဖုရား)
သူကတော့ B type တွေရဲ့အချစ်ကို ကိုယ်စားပြုတယ်
သူဆိုလိုတဲမိဖုရားဆိုတာ အားလုံးကရိုသေလေးစားပြီး အာဏာကြီးမားတဲ့မိဖုရားကြီးမဟုတ်ပါဘူး
Julius Caesar လက်ထက်က မိဖုရားငယ်လေးတစ်ပါးကိုဆိုလိုတာပါ
ဒီမိဖုရားလေးက အင်အားငယ်တဲ့တိုင်းပြည်တစ်ခုကမင်းသမီးတစ်ပါးပော့
စစ်ဘုရင် JS က တိုင်းပြည်ကိုသိမ်းပိုက်ခဲ့တော့ သူမဟာ သုံ့ပန်းမိဖုရားတစ်ပါးဖြစ်လာခဲ့တယ်
ခင်ပွန်းလင်ရယ်လို့အားကိုးခဲ့ပေမယ့် အရမ်းချစ်မြတ်နိုးခဲ့ရပေမယ့် JSရဲ့ ဂရုစိုက်မှုတွေ
ကြင်နာမှုတွေကိုတစ်ခုမှ မရရှိခဲ့ဘူး
သုံ့ပန်းမိဖုရားဆိုပြီး မိဖုရားအချင်းချင်းကြားမှာမျက်နှာငယ်ခဲ့ရတယ်
အနှိမ်ခံခဲ့ရတဲ့မိဖုရားတစ်ပါးပေါ့
နောက်ပိုင်းမှာ တော့ ကွက်မျက်ခံရတဲ့အထဲပါပြီး သူမရဲ့ရာဇဝင်ကပျောက်ကွယ်သွားခဲ့တယ်
အများစုကတော့ သူမကို နိုးနိုး (Noe Noe) လို့ခေါ်ကြတယ်
သူမနဲ့ထပ်တူပြုထားတဲ့ B type တွေရဲ့အချစ်က
တစ်ဖတ်သက်ဆန်တယ် နားလည်ခွင့်လွှတ်နိုင်စွမ်းကြီးမားတယ်
အချစ်နဲ့ပတ်သက်ပြီး ဟန်ဆောင်အားကောင်းတယ် မုသားသုံးတတ်တယ်
အချစ်အတွက်နဲ့ ဘဝကိုစတေးထားတဲ့သူလို့ဖော်ညွှန်းထားတယ်
(P.S ဘာသာပြန်ဆောင်းပါးတစ်ခုသာဖြစ်ပါတယ် Admin လည်းသေချာမသိပါ )
0 comments:
Post a Comment