"Natural Resource and Conflict"
- ဒီနေ့ ဖတ်ရတာက သဘာဝအရင်းအမြစ်နဲ့ ပြည်တွင်းစစ်ပဋ္ဋပက္ခတွေ အကြောင်း။ ဘယ်လိုဆက်စပ်တယ်..။ ဘယ်လောက်ဆက်စပ်တယ် မဆက်စပ်ဘူး...စသဖြင့် ။
- လူသိများတဲ့ resource curse, Dutch Disease, လို့ ခေါ်တဲ့ သယံဇာတကျိန်ဇာ ဆိုတာရဲ့  မှန်ခြင်းမှားခြင်း။ သယံဇာတ ပေါကြွယ်ဝမှု နဲ့ သယံဇာတမှီခိုမှု (resource abundance vs. resource dependence) စတာတွေကို case studies တွေနဲ့ လေ့လာတာပေါ့လေ...
- သယံဇာတကြွယ်ဝတဲ့အခါ အစိုးရက သူအခွန်ကောက်လို့ ရတဲ့ငွေအပေါ် (revenue) မှီခိုမှုနဲသွားပြီး သူစောင့်ရှောက်ရမယ့် ပြည်သူပြည်သားတွေအပေါ်မှာ တာဝန်ခံမှုနဲသွားတော့တယ်...။
သယံဇာတကြောင့်ရတဲ့ ၀င်ငွေက ပေါချောင်ကောင်းဖြစ်တော့ ခြစားမှုကြီးထွားလာတဲ့အပြင် ဒီလိုရပေါက်ရလမ်းကို အပြိုင်အဆိုင်အလုအယက် ကြိုးစားကြတော့တာကိုး။ ဒါကို ဘောဂဗေဒ စကားလုံး rent-seeking လို့ သုံးတာပေါ့..
- ဒီနေ့ မြန်မာပြည်ရဲ့ မြို့ မေတ္တာ ခရိုနီ ခရိုနီပြာတွေဆိုတာ ဒီ rent-seeking တွေရဲ့ ထုတ်လုပ်ချက်ပေါ့.။
- အဲ...ဒီလိုသယံဇာတကြောင့် ဖြစ်တဲ့ ပြည်တွင်းစစ်မီးတွေနဲ့ ပတ်သက်လို့  ဆီရာလီယွန်လို့ ခေါ်တဲ့ အာဖရိက နိုင်ငံနဲ့ အာစီယံနိုင်ငံမြန်မာမှာ တူတဲ့ အချက်ရှိတယ်တဲ့။
- အဲဒါက တော်တော်ကြာအပစ်ရပ်လိုက်၊ ပြီးရင် ပြန်တိုက်လိုက် လုပ်ကြတာပဲတဲ့။
- ဒီလို ဖြစ်ရတာက ဒီ နိုင်ငံ ၂ ခုစလုံးမှာ အခြားသော သဘာဝသယံဇာတကြောင့်ပြည်တွင်းစစ်ဖြစ်ကြတဲနိုင်ငံတွေနဲ့ မတူတဲ့ သဘာဝအရင်းမြစ် ထုတ်ယူမှုနည်းလမ်းကြောင့်တဲ့..။
- မြန်မာရော ဆီရာလီယွန်ရောက သဘာဝရင်းမြစ်တွေကို joint extraction လို့ ခေါ်တဲ အစိုးရနဲ့ သူပုန် ဝေစားမျှစား ပူးတွဲထုတ်ယူကြတာကိုး။
- ဒါကြောင့် သူတို့ အချင်းချင်း အဝေတဲ့နေရင် စစ်မီးတောက်တွေငြိမ်းချမ်းနေပြီး လောဘဇောတက်လာလို့ အဝေမတဲ့အခါ ပြန်တိုက်လုပ်ကြပြန်တာပဲတဲ့..။
- ဒီ နိုင်ငံ ၂ ခုကွာတာကတော့...ဆီရာလီယွန်ဟာ ၆၀ နဲ့ ၈၀ ၀န်းကျင်ကြားမှာငြိမ်းချမ်းပြီး အဲဒီနောက်ပိုင်းမှာ စစ်မီးတွေတောက်တာတဲ့။ မြန်မာကတော့ ၆၀ နဲ့ ၈၀ နောင်းပိုင်းမှာ တိုက်ပွဲတွေညံပြီး ၉၀ နောက်ပိုင်းမှာ ငြိမ်းချမ်းလာတာတဲ့။
- နောက်တစ်ခုကွာခြားတာက ဒီအာဖရိက နိုင်ငံလေးရဲ့ ရင်းမြစ်က စိန် (diamond) တဲ့။ အရှေ့ တောင်အာရှနိုင်ငံရဲ့  သဘာဝရင်းမြစ်က တော့ ဘိန်း (opium) ပါတဲ့။
- ဗိုလ်ချုပ်ခင်ညွှန့် ၊ ခွန်ဆာ၊ လောစစ်ဟန်၊ KNU, KIA, SSA စတာတွေနဲ့  ခု လောလောဆယ် ကြားနေရတဲ့  ကားပါမစ်ပြဿနာ... အစရှိတာတွေကို မျက်စိထဲတန်းမြင်လာတာပဲ..။
0 comments:
Post a Comment