Myanmar Youth Media Club သုတ (၅-၁၂)
MYMC - MYMHOT |
Posted: 05 Dec 2013 06:12 PM PST
မျက်မှန်
တပ်ထားရုံနဲ့ သင့်ဖုန်းကိုပါ အားသွင်းလို့ ရနိုင်တယ် ဆိုတာက ကြားရုံနဲ့
ယုံနိုင်မှာ မဟုတ်ပါဘူး။ ဒါက မဖြစ်နိုင်ပါဘူးလို့ ထင်ကောင်း ထင်မှာပါ။
နောက်ထပ် နည်းနည်းလောက် သင့်ကို ထပ်မပြော ပြရင် ဒီလိုမျိုး
ဖြစ်နိုင်တယ်လို့ သင်ထင်ပါ့ မလား။
ဒါမျိုး အရင်ကတည်းက ရှိ ရမှာလို့
ပြောမိမှာ ပါပဲ။ ဒီမျက်မှန်က ကျောင်းတစ်ကျောင်းရဲ့ Project ကနေ
ပြုလုပ်နေတဲ့ စမ်းသပ်မှု တစ်ခုပါ။ Sayalee Kaluskar နဲ့ Sha ma Shades
တို့ပူးပေါင်းပြီး တီထွင် လိုက်တာပါ။ အထူး ပြုလုပ် ထားတဲ့ Ray-Ban
မျက်မှန်က သင့်မျက်လုံးကို နေရောင်ခြည် ကနေ ကာ ကွယ်ပေး မယ့်အပြင်သင့်
iPhone အတွက်ပါ အကျိုးဆောင် ပေးဦး မှာနော်။ စိတ်ဝင်စားဖို့ ကောင်းတယ်
မလား။ ဒါမျိုးဆို ၀ယ်ဖို့ အသင့် ဖြစ် နေလောက်ပါပြီ။
ကျောင်း
Project တစ်ခုကနေ ထွက်ပေါ်လာတဲ့ ဒီအကြံဥာဏ်က ကျွန်တော် တို့ကို မင်သက်
သွားစေရုံ သာမက ဒီမျက်မှန်ကို မကြာမီ ထုတ် လုပ် ရောင်းချ တော့မှာ
ဖြစ်ပါတယ်တဲ့။ Ray -Ban မျက်မှန်မှာ ပါတဲ့ ဆိုလာကွက် လေးတွေကနေ ကိုယ်ယောင်
ဖျောက်ထားတဲ့ ဘက်ထ ရီကို အားသွင်း ပေးနေမှာ ဖြစ်ပါတယ်။ နေရောင် မရှိတော့ဘူး
ဆိုတာနဲ့ သင့်ရဲ့ iPhone ကိုအားစ သွင်းလို့ ရပါပြီ။ နေရောင် ကနေ စုပ်ယူ
ထားတဲ့ အားတွေကို သွင်းဖို့ မျက်မှန်ကိုင်း တစ်ဖက်ကို ဖြုတ်လို့ ရပါတယ်။
မျက်မှန်ကိုင်း တစ်ဖက်ကို ဖြုတ်ပြီး ဖုန်းမှာ တပ်ပေးလိုက် တာနဲ့ အလွန် လျင်
မြန်တဲ့ အလျှင်နဲ့ ဖုန်းကို အားဖြည့် ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်
ကြီးမှာ စမတ်ဖုန်း လေးက တစ်နေကုန် ဘက်ထရီအား ခံ ဖို့ဆိုတာ မလွယ်ကူ ပါဘူး။
Apple iPhone ကိုသုံးရင်း ဘက်ထရီ တစ်နေကုန် ခံဖို့ဆိုတာ ပိုလို့မှ
ဆိုးပါသေးတယ်။ တစ်မျိုးအားဖြင့် ဒီမျက် မှန် ကိုင်းလေး တွေကြောင့် ဘက်ထရီ
အပိုတွေ သယ်ဆောင် ရတာကို ပျောက်ကွယ် သွားစေမယ် ဆိုရင် ဒီမျက်မှန်ကိုင်း
သေးသေးလေးကို ကျေးဇူးတင် မိမှာပါ။ စိတ်ထဲ ရှိသမျှ ပြောရမယ် ဆိုရင်တော့
ဘယ်နည်းလမ်း နဲ့မဆို iPhone ကိုအားပိုခံအောင် ပြုလုပ်ပေး တယ်ဆိုတာ
ကျွန်တော်တို့ အတွက် ကောင်းတဲ့ အရာပါပဲ။
ဒီမျက်မှန်က
ဈေးကွက်အရ အောင်မြင်မလား မအောင်မြင် ဘူးလား ဆိုတာကို မပြောနိုင် ပေမယ့်
မျက်မှန်နဲ့ နည်းပညာ ပေါင်းစပ်ထားတဲ့ အ ထဲမှာ ပထမဆုံး ရောင်းချတဲ့
မျက်မှန်တော့ မဟုတ်ပါဘူး။ Google Glass ကိုလည်း သင်မြင်ဖူး မှာပါ။
နောက်တစ်ခုက Oakley ရဲ့ MP3 နဲ့ မျက်မှန် ပေါင်းစပ် ထားတာကို
လွန်ခဲ့တဲ့နှစ် အနည်းငယ် ကတည်းက ရောင်းချသွား ပါသေးတယ်။ ဒါတွေက မျက်မှန်
ကနေ လုပ်ဆောင် နိုင် မှုတွေရဲ့ အကြို ထွက်ရှိထားတဲ့ အရာတွေပါပဲ။ ကျွန်တော်
ကတော့ ဈေးကွက်မှာ ဖုန်းအားသွင်း နိုင်တဲ့ မျက်မှန်တွေ ရောက်ရှိလာဖို့
မျှော်လင့် ပါတယ်။ ကျွန်တော်တို့ နေ့စဉ်ဘ၀မှာ ဘက်ထရီ အားက အရေးပါတဲ့
အခန်းမှာ ရှိတာကြောင့် ဒီလိုမျိုး မျက်မှန်ကနေ ဖုန်းအားသွင်းလို့ ရမယ်
ဆိုရင်တော့ ဘုရားသခင်က မစတာပဲလို့ ပြောရမှာပါပဲ။ တစ်နေရာရာမှာ
တစ်ယောက်ယောက်က ဒီစာကို ဖတ်ပြီး ဒီကျောင်းရဲ့ Project ကို အမှန်တကယ်
အကောင်အထည် ပေါ်လာအောင် ကူညီပေးနိုင်ရင် ကောင်းမှာပါပဲ။ ဒီ Project
နဲ့ပတ်သက်ပြီး ဒီထက် ပိုလို့သိချင် တယ်ဆိုရင် sayaleekalyskar.com ကိုသွားလိုက်ပါ။
Images from hashslush. damngeeky, techbeat. Source: redmondpie.com
AuthorNwe Tharki |
Posted: 05 Dec 2013 07:26 AM PST
ပြုံးခြင်း
ဆိုတာ လူမှုဆက် ဆံရေးမှာ တကယ့်ကို အရေးပါတဲ့ အရာတစ်ခုပါ။ သင့်အပြုံးက
ပြောပြတဲ့ သင့်အကြောင်း ငါး မျိုးကလည်း ရှိပါသေးတယ်။ ဖတ်ကြည့် ပါဦး။
ပြုံးခြင်း
ဆိုတာ လူမှုဆက် ဆံရေးမှာ တကယ့်ကို အရေးပါတဲ့ အရာတစ်ခုပါ။ ဒါပေမယ့်
သင်စိတ်ဆိုး နေတဲ့အခါ မှာတော့ ပြုံးချင်စိတ် ရှိမှာ မ ဟုတ်ပါဘူး။
ပျော်ရွှင်မှုကို ခံစားရ ချင်ပါလား။ အရင်ဦးဆုံး ပြုံးပြ လိုက်ပါ။ ပြုံးပြ
ခြင်းက သူတစ်ပါးကို သင့်အကြောင်း လှစ်ဟ ပြရာမှာ သင် ထင်တာထက် အရေးပါ
အရာရောက် ပါတယ်။ အပြုံးရဲ့ အဓိပ္ပါယ်က တစ်ဦးနဲ့ တစ်ဦးကြားမှာ စကား စမည်
ဆက်ပြောစရာ ရှိအောင် ကူညီ ပေးပါတယ်။ အချို့ အပြုံးလေးများက ယုံကြည်မှုကို
ဖော်ပြပါတယ်။ အချို့ ကတော့ အားငယ်တယ် ဆိုတဲ့ အခြေအနေ ကိုဆိုလိုခြင်း ဖြစ်ပါ
တယ်။ လူသားတွေရဲ့ အပြုံးတွေက သူတို့ ပြောနေတဲ့ လူအပေါ်မှာ မူတည်ပါတယ်။
အချို့ အပြုံးတွေက သူတို့ အနာဂတ် အတွက် ရေလာ မြောင်းပေး အပြုံးတွေ
ဖြစ်တတ်ပါတယ်။ ဆန္ဒ မပါပဲ ပြုံးတာက လွဲလို့ သာမာန် အခြေအနေမှာ သင်ရဲ့
အပြုံးကနေ သူတစ်ပါးကို ပြောပြနေ တဲ့ သင့်အကြောင်း ၅ မျိုး ရှိပါတယ်။ ဒါတွေ
ကတော့
၁။ သင့်အိမ်ထောင်က သက်ဆုံးတိုင် တည်မြဲနိုင်မလား ?
အိမ်ထောင် ပြုခြင်းမှ ရရှိတဲ့ ပျော်ရွှင်မှုက လူတစ်ဦးကို ပြုံးစိစိ ဖြစ်စေတတ် ပါတယ်။ 2009 ခုနှစ်က Motivation and Emotion ဂျာနယ်မှ လူသားတွေရဲ့ ဓာတ်ပုံ အဟောင်းများမှာ ရှိနေတဲ့ သူတို့အပြုံး တွေက တစ်ဆင့် သူတို့ရဲ့ အိမ်ထောင်ရေး အဓွန့်ရှည် မရှည်ကို ခန့်မှန်း သုံး သပ်ခဲ့ပါတယ်။ လေ့လာချက် တစ်ခုမှာတော့ စိတ်ပညာရှင် တွေက ကောလိပ်ကျောင်း မှလူငယ်များရဲ့ ဓာတ်ပုံများ ကိုကြည့်ပြီး အပြုံးနဲ့ သုံး သပ်ချက် များကို လုပ်ခဲ့ပါတယ်။ ပါးစပ်နဲ့ မျက်လုံး တစ်ဝိုက်မှာရှိတဲ့ ကြွက်သားများရဲ့ တင်းအား ကိုကြည့်ပြီး သုံးသပ် ခဲ့ပါတယ်။ သွားပေါ် အောင် ရယ်မပြ တတ်တဲ့ လူများက အိမ်ထောင်ရေးမှာ ကွာရှင်းမှု ဆိုတာမျိုး ရှိလာပါတယ်တဲ့။ နှိုင်းယှဉ်ချက် များအရ 25% သောမျက်နှာ တည်တည် နဲ့လူများက ကွာရှင်းခြင်းနဲ့ ကျင့်သား ရပြီးလို့ ဆိုပါတယ်။ ဒုတိယ စမ်းသပ်ချက် အရ ယခုအသက် ၆၅ နှစ်အထက် လူများရဲ့ က လေး ဘ၀က ဓာတ်ပုံများကို နှိုင်းယှဉ်ရာ မှာလည်း အလားတူ အကျိုးဆက် ကိုပဲ တွေ့ရှိ ပါတယ်တဲ့။ အားရပါးရ သွားပေါ်အောင် ရယ်တတ်တဲ့ ကလေးတွေက အရယ် အပြုံးနည်း တဲ့ကလေး တွေထက် ၃၁% ကွာရှင်းမှု လျော့နဲတယ်လို့ တွေ့ရှိပါတယ်။ အားရပါးရ ရယ်ခဲ့တဲ့ ကလေးများ ထဲက ယခုအခါ ကွာရှင်းတဲ့ ရာခိုင်နှုန်း ကတော့ ၁၁% သာရှိ ပါတယ်တဲ့။ အားရပါးရ ပြုံးရယ် ခြင်းက ပျော်ရွှင်ခြင်း ကံကောင်းခြင်း တွေကို ဆွဲ ဆောင် နိုင်တဲ့ ဘ၀တစ်ခု ဖြစ်လာတယ်လို့ လေ့လာ သုံးသပ်သူ များက ဆိုပါတယ်။ ဒါ့အပြင် အားရပါးရ ပြုံးရယ် တတ်တဲ့သူက သူ့လိုပဲ ပျော် ရွှင်တတ်တဲ့ အဖော်ကို ရှာဖွေ တွေ့ရှိနိုင် ပါတယ်၊ ဒါက ပျော်ရွှင်ဖွယ် ကောင်းတဲ့ ဆက်ဆံရေး တစ်ခုကို ဦးတည် စေတာပါပဲ။
2 သင်ဘယ်လောက် ကျန်းမာပျော်ရွှင် သလဲ။
ကျန်းမာတဲ့ အပြုံးက သင့်ခန္ဓာ ကိုယ်ရဲ့ကျန်းမာမှုနဲ့ အပြည့်အ၀ သက်ဆိုင်နေ ပါတယ်လို့ အကြိမ်ကြိမ် လေ့လာ စမ်းသပ်မှု များက ဆိုပါတယ်။ အမျိုးသမီး တွေအတွက် အပြုံးက ပြည့်ဝတဲ့ ကျန်းမာရေးကို ရည်ညွှန်းပါတယ်။ Obstetrics and Gynecology ဂျာနယ်မှ ၂၀၀၉ ခုနှစ်ရဲ့ စစ်တမ်းများကို ဖော်ပြထား ရာမှာတော့ ကိုယ်ဝန် မရှိတဲ့ အမျိုးသမီး များထက် ကိုယ်ဝန်ရှိတဲ့ အမျိုးသမီး များဟာ ကိုယ်ဝန် ၂လလောက် ရှိ လာပြီ ဆိုရင် သွားဖုံး ရောဂါကို စတင် ခံစားရတယ်လို့ ပျမ်းမျှအားဖြင့် ဆိုပါတယ်။ သွားဖုံး ရောဂါက နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေနဲ့ ဆက် စပ်နေပြီး၊ ဆီးချိုရောဂါ၊ အသက်ရှု လမ်းကြောင်း ရောဂါ အပြင် ကျောက်ကပ် ရောဂါများ နှင့်ပါ ဆက် စပ်နေ ပါတယ်။ သွားဖုံး ရောဂါမှ အခြား ရောဂါများ ရှိမရှိ ဆိုတာ ဆက်စပ် နေတယ်လို့ သုတေသီ များက တွေ့ရှိ ခဲ့ပါတယ်။
3 သင့်ရဲ့ ၀င်ငွေ ဘယ်လောက် များများ ရှိသလည်း။
ဆယ်ကျော်သက် တစ်ယောက်ရဲ့ အပြုံးကို ကြည့်ပြီးတော့ သူ/ သူမရဲ့ အရွယ် ရောက်လာတဲ့ အချိန်မှာ ဘယ်လောက် ၀င်ငွေရှိ နိုင်မလည်းကို ခန့်မှန်းနိုင် ပါတယ်။ National Academy of Sciences ဂျာနယ်မှ ၂၀၁၂ မှာလေ့လာ သုံးသပ်ချက် များအရ ပျော်ရွှင်တဲ့ ဆယ်ကျော်သက် များက အသက် ၂၉နှစ် အရွယ်မှာ ၁၀% ၀င်ငွေပိုမို ရရှိပါတယ်၊ တည်တည်ကြီး နေတတ်တဲ့ အုပ်စု အရွယ် ရောက်လာတဲ့ အခါမှာတော့ သူ တို့ရဲ့ ၀င်ငွေက ၃၀% လျော့နည်း နေတာကို တွေ့ရှိ ရတယ်လို့ ဖော်ပြထား ပါတယ်။ ပျော်ရွှင်မှု ဆိုတာ စိုးရိမ် ပူပန်မှု နည်းပါခြင်းနှင့် စိတ် ဖိစီး မှုဒဏ်လျော့ နည်းခြင်း ဖြစ်တယ်လို့ သုတေသီ များက ဆိုထားပါတယ်။ စိုးရိမ် ပူပန်မှု နည်းခြင်း ဆိုတာက တည်ငြိမ်တဲ့ စိတ်စွမ်းအား ထည့် ထား နိုင်ခြင်းဖြင့် အလုပ်များကို တာဝန်ကျေအောင် လုပ်နိုင်ခြင်း ကြောင့်ဖြစ် ပါတယ်။
4 သင့်ရဲ့ စွမ်းဆောင်ရည် ဘယ်လောက် ရှိသလည်း။
ပြုံးခြင်း ဆိုတာ ပျော်ရွှင်ခြင်း ဆိုသော တစ်ခု တည်းသော အကြောင်းကြောင့် မဟုတ်ပါဘူး။ ပြုံးရယ်ခြင်း ဆိုတာ လူမှုရေး အခြေအနေ ကို ဖော်ပြတဲ့ သင်္ကေတ တစ်ခုလည်း ဖြစ်ပါတယ်။ Personality and Social Psychology Bulletin ဂျာနယ်က ၁၉၉၈ ခုနှစ်မှာ လေ့လာထား တဲ့ အချက်များ အရ စွမ်းဆောင်ရည် မြင့်မားတဲ့ လူတွေဟာ ပျော်ရွှင်တဲ့ အချိန်မှာ ခံစားရတဲ့ အတိုင်း အခြားသော အခြေအနေများ မှာလည်း တူညီတဲ့ ပုံစံမျိုးနဲ့ အားရပါးရ ပြုံးရယ် တတ်တာကို တွေ့ရှိ ခဲ့ပါတယ်။ ဟန်ဆောင် ပြုံးသော်လည်း နှစ်နှစ်ကာကာ ပြုံးပြ တတ်ခြင်းမျိုး ဖြစ် ပါတယ်။ လေ့လာမှု များအရ လူမှုရေး နယ်ပယ်မှာ အားနည်းတဲ့ လူများထက် စွမ်းဆောင်ရည် မြင့်မားတဲ့ လူတွေက သူတို့ရဲ့ ခံစားချက် ကို ဖော်ပြရမှာ သူတစ်ပါးကို တလေးတစား ပြုံးပြ တတ်ခြင်း ဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။ စွမ်းဆောင်ရည် မြင့်မားတယ် လို့သတ်မှတ် ခံရတဲ့ လူတွေကို လေ့လာရာမှ တွေ့ရှိချက် ကတော့ သူတို့က သူတို့ ပျော်ရွှင် ကျေနပ်တဲ့ အချိန်မှာ ပြုံးရတာကို အခွင့်ထူးလို့ သဘောထားပြီး၊ စွမ်း ဆောင်ရည် နည်းပါးတဲ့ လူတွေ ကတော့ သူတစ်ပါးကို ပြုံးပြရာမှာ သူတို့ ကိုယ်တိုင် ကျေနပ်တဲ့ ပုံစံမဟုတ်ပဲ ၀တ်ကျေတန်းကျေ သဘောမျိုး ပြုံးပြတာကို တွေ့ရှိရပါတယ်။
5 သင့်ရဲ့ တိုက်ခိုက်မှုစွမ်းရည် ဘယ်လောက်ကောင်းသလဲ။
အပြုံးနဲ့ ကိုယ်ခန္ဓာ အင်အားကြားမှာ ဆက်စပ်မှု ရှိနေပါတယ်။ လေ့လာချက် တစ်ခုမှာ စစ်ရေးအရ တိုက်ခိုက်တဲ့ သူများမှာ တိုက်ပွဲ မ၀င်ခင် တစ်နေ့ကရိုက်တဲ့ ဓာတ်ပုံမှာ သွားပေါ်အောင်ရယ်ပြီး နေတဲ့သူနဲ့ မျက်မှောင်ကျုံပြီး တည်တည်ကြီး နေတဲ့သူနဲ့ ယှဉ်ရင် မျက်နှာ တည်တည် ကြီးနေတဲ့ လူက အနိုင်ရ တတ်ပါတယ်။ တိုက်ခိုက်တယ် ဆိုတာ အမှန်တကယ် ယှဉ်ပြိုင် အနိုင်ယူ ရတာပါ။ အပြုံးဆိုတာ အမှတ်တမဲ့ ပြုံးတတ် ပါတယ်။ ဒါက ဘာကို ဖော်ပြလည်း ဆိုတော့ အမှတ်တမဲ့ ပြုံးတတ်တဲ့ လူမှာ တိုက်ခိုက် လိုမှုကင်းမဲ့ခြင်း၊ ရန်လိုစိတ်၊ အနိုင်ကျင့် ကျူးကျော် လိုမှု့ ကင်းမဲ့ တယ်လို့ သုတေသီ တွေက Emotion Journal မှာဖော်ပြ ထားပါတယ်။သုတေသီ မဟုတ်သော လူများ ကလည်း အပြုံးရဲ့ အ ဓိပ္ပါယ်ကို အလွယ်တကူ ဖတ်ရှုနိုင် ကြပါတယ်။ လူတွေက လက်ဝှေ့ သမား၊ နပန်း သမား ကဲ့သို့ တိုက်ခိုက်ရေး သမားများ ကိုကြည့်လျှင် သူတို့ ရဲ့ သဘာဝ အတိုင်း ပြုံးရယ်ပြ သည်ကို မြင်ရ သည်ထက် ယုံကြည်ထိုက် သောပုံစံ၊ နှစ်လိုဖွယ် ပုံစံကို ရွေးချယ် သည်ထက် ခက်ထန်ထန် ပုံ စံ၊ ရုပ်ပိုင်း ဆိုင်ရာ အားကောင်းသော ပုံစံကို ရွေးချယ်ကြ ပါတယ်။ လူမှု ဆက်ဆံရေး အခြေအနေ များမှာ ပြုံးပြခြင်းက အလေ့အထ ပုံစံ တစ်ခု ဖြစ်နေ ပါပြီ။ ပျော်ရွှင်နေ သည်ဖြစ်စေ၊ မပျော်ရွှင် သည်ဖြစ်စေ အပြုံးဆောင် ထားတတ်ကြ ပါပြီ။ ဒါပေမယ့် သင်က ယှဉ်ပြိုင် ရမယ့် အ ခြေအနေနဲ့ ကြုံတွေ့ နေရပြီ ဆိုရင်တော့ သင့်ရဲ့ ဟန်ဆောင် အပြုံးကို တပ်ထားလို့ ရပါတယ်။
Images from writerscafe, centerfordentalimplants, tipss, ning, mademoisellemaurice, 1000heads. Source: mnn.com
AuthorNwe Tharki |
Posted: 05 Dec 2013 03:32 AM PST
လူကျပ်တဲ့
ဘတ်စ်ကားပေါ်က ထောက်လှမ်းရေး ကိစ္စဟာ အမျိုးသမီး တွေအတွက် စိတ်အနှောင့်
အယှက် ဖြစ်စရာ ကြီး မားတဲ့ ပြဿနာ တစ်ခုဖြစ်ပြီး ဒီကိစ္စက စိတ်ကျန်းမာရေး
ချို့တဲ့လို့ ဖြစ်တဲ့ စိတ်ရောဂါ တစ်မျိုးပါ။
Ladies,
Beware of Frotteurism! မိန်းကလေး များအတွက် အန္တရာယ် ရှိတဲ့ စိတ်ပိုင်း
ဆိုင်ရာ ပြဿနာ ရှိသူတွေ ကတော့ frotteurism လို့ ခေါ်တဲ့ မသိတဲ့ ဆန့်ကျင်ဖက်
လိင်ကို ထိတွေ့ ပွတ်သတ် မှုပြုပြီး သာယာမှု ရယူတဲ့ သူတွေပါပဲ။ ဒါဟာ နှာဘူးထ
ရုံသာမကပဲ စိတ်ကျန်းမာ ရေး ဆိုင်ရာ ပြဿနာ ဆိုတာ သိသူ နည်းလှ ပါတယ်။ ဒါပေမဲ့
ဒီလို လူမျိုးနဲ့ ပတ်သက်ပြီး မကြုံ ဖူးရင် တောင်မှ ကြားဖူး ပါလိမ့်မယ်။
ရိုးသား စွာဝန်ခံ ရရင် ကျွန်မ အနေနဲ့ ကတော့ စိတ်ပျက် လှပါတယ်။ အင်းလေ
ရှင်တို့လဲ သိပါတယ်။
Frotteurism
ဆိုတာ လူတစ်ယောက်က လိင်ပိုင်းဆိုင်ရာ သာယာမှုကို သူ့ရဲ့ လိင်အင်္ဂါနဲ့ တခြား
တစ်ယောက်နဲ့ ထိတွေ့ ပွတ်တိုက် ပြီးမှ သာ ယာ ပြီးမြောက်မှုကို ရရှိတဲ့
စိတ်ပိုင်း ဆိုင်ရာ စံလွဲမှု ပြဿနာ တစ်ရပ်ပါ။ အထူး သဖြင့် လူအုပ် ကြားထဲမှာ
အကျူး လွန်ခံရသူရဲ့ အလိုဆန္ဓ မပါ ဘဲနဲ့ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ဘာကို
ရည်ညွှန်း သလဲ သတိပြု မိမှာပါ။ မြန်မာပြည်မှာ ဆိုရင်တော့ ဘတ်စ်ကား ပေါ်မှာ
ထောက်လှမ်းရေး လုပ်တယ်လို့ အရပ် စကားနဲ့ ပြောကြ ပါတယ်။ ဒါက paraphilia
လို့ခေါ်တဲ့ မူမမှန် လိင်စိတ် ရောဂါ ထဲမှာပါဝင် ပါတယ်။ ဒီစိတ် ရောဂါ စုဟာ
လိင် စိတ် မြင့်မား တက်ကြွ မှုကို ပုံမှန် အခြေ အနေမှာ မဟုတ်ဘဲ တစ်ဖက်သား
(သို့မဟုတ်) ကိုယ်တိုင် အရှက်ကွဲခံ၊ နစ်နာ ထိခိုက်အောင် လုပ်ပြီး ရယူ
တတ်တဲ့ စိတ်ရောဂါ ဖြစ်ပါတယ်။ ဒီထိခိုက်ခံ ရသူ တစ်ဖက်သား ကတော့ သိတောင်မှ
မသိလိုက် တာမျိုးလည်း ဖြစ်နိုင် ပါတယ်။ စိတ်ရောဂါ သယ်ဆောင် ထားသူတွေက
ကလေးတွေ၊ အသက် ငယ်ရွယ် သူတွေ၊ မိန်းမသား တွေကို ပိုပြီး ပစ်မှတ်ထား
တိုက်ခိုက် လေ့ရှိ ပါတယ်။ ဒီလူတွေကို Frottage လို့ခေါ်ပါတယ်။ ဒီ Frottage
တွေဟာ ဘတ်စ်ကား၊ လူစည်ကား ကျပ်သိပ်တဲ့ နေရာတွေ ဥပမာ ဈေးဝယ် စင်တာ၊
ရှော့ပင်း မောလ်၊ ဓါတ်လှေ ကားတွေ၊ လူသွား လမ်းကျဉ်း လေးတွေ၊ အများ
ပြည်သူသုံး ယာဉ်ရထား တွေမှာ လှုပ်ရှား လေ့ရှိပါ တယ်။ ဒီ Frottage တွေရဲ့
ပစ်မှတ်တွေ ကတော့ တခြား တစ်ယောက်ရဲ့ ပေါင်နဲ့ တင်ပါး ပိုင်းတွေကို
လိင်အင်္ဂါနဲ့ ထိတွေ့ ပွတ်သတ် ခြင်းဖြစ် ပါတယ်။ တခြား နည်းလမ်း တစ်မျိုး
ကတော့ သူတို့ရဲ့ လက်တွေနဲ့ တစ်ပါးသူရဲ့ လိင်အင်္ဂါ ရင်သား စတာ တွေကို ပွတ်သတ်
အာသာဖြေ ပါ တယ်။ ဒါက ခံရသူ သားကောင် အတွက် စိတ်ဆင်းရဲ စရာ၊ စိတ်ဒုက္ခ
ရောက်စရာ အခြေအနေပါ။
ဒီအကျင့်ဟာ
ဆယ်ကျော်သက် အရွယ်မှာ အရွယ် ရောက်မှု ဖြစ်စဉ်နဲ့ အတူ တစ်ပါးသူ မသိအောင်
ပွတ်သတ် ပေးပြီး နိုးကြွမှု ဖြစ်လာအောင် လုပ်လို့ရတယ် ဆိုတာ သိရှိသွား ရာမှ
စတင် ဖြစ်ပေါ် လာပါတယ်။ ဒီရောဂါ ခံစားရသူ အများစုက ယောက်ျားတွေ ဖြစ်ပြီး
မိန်းမတွေက သား ကောင်တွေ ဖြစ်ရလေ့ ရှိပါတယ်။ ဒီအကျင့် ကိုစတင် သူတွေက
သူတို့ဟာ သူတို့ သားကောင်ရဲ့ အာရုံစိုက်မှုကို ထိတွေ့စဉ် အတောအတွင်း မှာ
ခံစား ရလို့ သာယာမှု ဖြစ်ပေါ် ပါတယ်။ ဒါပေမဲ့ မထိတွေ့ လိုက်ရဘူး ဆိုတာနဲ့
စုံစမ်း စစ်ဆေးမှု ခံရမယ့် အန္တရာယ်ကို သူက သတိရပြီး ထွက် ပြေးဖို့ ကြိုးစား
ပါတယ်။ ဒီကိစ္စဟာ ကျပ်ပိတ်သိတ် နေတဲ့ ဘတ်စ်ကား ပေါ်မှာ မြေအောက်ရထား ပေါ်မှာ
ဖြစ်ပွား လေ့ရှိပါတယ်။ သတိထား ပြီးကြည့်မယ် ဆိုရင် အဲ့ဒီ လူမျိုးဟာ
အဲ့ဒီလို နေရာ အခြေအနေနဲ့ ကြုံလာတဲ့ အခါတိုင်း အဲ့ဒီလို လုပ်ချင်တဲ့
စိတ်ပေါ်နေပြီး နေ့စဉ် လုပ်ဆောင် ဖွယ်ကိစ္စ တွေကိုပါ လွှမ်းမိုး လာပါတယ်။
ဒီလို အခြေ အနေကို တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ နေလို့ မဖြစ်နိုင်တဲ့
ကျပ်ပိတ် ညှပ် နေတဲ့ ဂျပန်က မြေအောက် ရထားတွေမှာ ခဏခဏ တွေ့မြင်ရလေ့
ရှိပါတယ်။ မြန်မာပြည် မှာလဲ ဘတ်စ်ကား ကျပ်တာကို အခွင့်ကောင်း ယူပြီး
လှုပ်ရှား ကြတယ်လို့ အခုတလော ကြားလာ နေရပါတယ်။ ဂျပန် မှာတော့ ပို့ဆောင်ရေး
ကုမ္ပဏီ တွေနဲ့ လူနေ ကျပ်ပိတ် ထူထပ်တဲ့ နေရာတွေ မှာ သတိထား ကာကွယ်ဖို့
ကြိုးစား နေကြ ပါတယ်။ တချို့ ပို့ဆောင်ရေး ကုမ္ပဏီ တွေက အမျိုးသမီး သီးသန့်
ကားတွေကို စတင် မိတ်ဆက် ပြေးဆွဲ ပါတယ်။
စင်ကာပူ
နိုင်ငံလို အမျိုး သမီးတွေ အတွက် တင်းကြပ်တဲ့ ဥပဒေ ရှိတဲ့ နေရာတွေ
မှာတောင် တစ်ခါတစ်လေ ဖြစ်ပွား မှုတွေ ရှိတာကြောင့် နှစ် သစ် ကြိုဆိုပွဲလို
လူပေါင်းစုံ၊ လူမျိုးစုံ လာတဲ့ နေရာ တွေမှာ ကြီးမားတဲ့ ဆိုင်းဘုတ် ကြီးတွေ
ထောင်လို့ အမျိုး သမီးတွေကို သတိ ထားစေ ဖို့နဲ့ အတူ သူတို့ နိုင်ငံရဲ့
ပြစ်ဒဏ် တွေကို ဖော်ပြ ထားပါတယ်။ မြန်မာ ပြည်မှာလဲ အမျိုး သမီး အခွင့်အရေး
အရေးထားသူ တွေက ၀ီစီတွေ ဝေလို့ မိန်းကလေးတွေကို သတိပေး နှိုးဆော်မှု
လုပ်ခဲ့တာ၊ အမျိုးသမီး သီးသန့် ယာဉ်လိုင်းတွေကို ပြေးဆွဲဖို့ ကြိုးစား
ခဲ့ပေမယ်လည်း လူဦးရေနဲ့ ပို့ ဆောင် ရေးဟာ မမျှတ တာမို့ သိသိသာသာ
မအောင်မြင် ခဲ့ပါဘူး။ ဒီ frotteurism ဆိုတဲ့ စိတ်ရောဂါ ပြဿနာ ရှိသူတွေဟာ
သူတို့ စိတ်မှာ ပြ ဿနာ ဖြစ်နေတာ စိတ်ဝေဒနာ တစ်မျိုး ဆိုတာ မသိတဲ့ ဒါမှမဟုတ်
လက်မခံ နိုင်တဲ့ အတွက် စိတ်ရောဂါကု ဆရာဝန်၊ စိတ်ပိုင်း ဆိုင်ရာ ဆွေး နွေး
တိုင်ပင်သူ တွေလို professional တွေရဲ့ အကူအညီကို ယူလေ့ မရှိပါဘူး။
သူတို့မှ မဟုတ် ပါဘူး။ ပြည်သူလူထု အတွင်းမှာလဲ ဒါဟာ စိတ် ပိုင်းဆိုင်ရာ
ကျန်းမာရေး ချို့တဲ့လို့ ဖြစ်တဲ့ အမူအကျင့် ပြဿနာ တစ်မျိုးပဲ ဆိုတာ သိရှိသူ
နည်းလှပါတယ်။ တချို့နိုင်ငံ တွေမှာ ဒီလူမျိုး တွေက အတိုင်ခံ ရလို့ တရားခံ
အဖြစ် ရောက်လာ တဲ့အခါ တရားရုံးရဲ့ ညွှန်ကြားမှုနဲ့ စိတ်ရောဂါ ကုသရေး
ဆေးရုံတွေကို လွှဲပေးလေ့ ရှိပါ တယ်။
ရောဂါ
နာမည်တပ်ဖို့ အတွက်ကို ဒီအကျင့် ရှိသူကို စိတ်ရောဂါကု ဆရာဝန် တွေလို
စိတ်ပိုင်းဆိုင်ရာ ဆွေးနွေး တိုင်ပင်သူ တွေလို profes sional တွေက
အင်တာဗျူး လုပ်ရပါတယ်။ သူတို့မှာ ဒီလို သူတစ်ပါးကို ထိတွေ့ရမှ ကျေနပ်မှု
ရတယ် ဆိုတာကို သတိပြု မိအောင် ဖော်ထုတ် ရပါတယ်။ ဒါမှ စစ်ချက် ရယူနိုင်
မှာမို့ပါ။ ဒီစိတ်ပိုင်း ဆိုင်ရာ ပြဿနာကို ရောဂါအမည် တပ်ပြီး တာတောင်
ဘာလို့ ဒီလို ဖြစ်တာလဲ ဆိုတာက အကြောင်း အရင်းကို ဖော်ထုတ် နိုင်ဖို့ ခဲယဉ်း
ပါတယ်။ တချို့ အခြေအနေ တွေမှာ ဝေဒနာရှင် ကိုသာမက ကျူးလွန်ခံရသူ
သားကောင်နဲ့ ဘေးနားက မျက်မြင် သက်သေ တွေကို အင်တာဗျူး ရလေ့ ရှိပါတယ်။ ကုသမှု
ကတော့ ဒီစိတ်ပိုင်း ဆိုင်ရာ ပြဿနာ လူနာဆီမှာ ဘာကြောင့် ဖြစ်လာတဲ့ ဆိုတဲ့
အကြောင်း အရင်းကို အဖြေရှာလို့ ဖော်ထုတ်ရင်း အပြုအမှုကို ထိန်းသိမ်းဖို့
စိတ်ပိုင်း ဆိုင်ရာ ကုသမှု တွေကို ပေးပါတယ်။ frotteur လူနာ အနေနဲ့ ဒီလို
စိတ်ခံစားမှု ဖြစ်ပေါ်စေ နိုင်တဲ့ အခြေအနေ မျိုးမှာ ကိုယ့်အတွင်းပိုင်း
စိတ်တုံ့ပြန်မှု impulse ကိုထိန်းသိမ်းပြီး တခြား သူ တစ်ယောက်ကို ထိတွေ့
တဲ့အခါ သာယာစိတ် ပေါ်လာ တာကို ထိန်းချုပ်လို့ ရအောင် သင်ကြား ပေးပါတယ်။
Medroxyprogestr one လို့ခေါ်တဲ့ ဟော်မုန်းကို လိုအပ်သူ တွေမှာ ပေးလေ့ရှိ
ပါတယ်။
ဒီဘတ်စကား
ပေါ်က ထောက်လှမ်းရေး ကိစ္စက ရာဇ၀တ်မှုလို ဆုံးဖြတ် ကြပေမယ့် အမှုကြီး ထဲမှာ
မပါလို့ တချို့ နိုင်ငံတွေမှာ ပြစ်ဒဏ်က သေးငယ် ပါတယ်။ မြန်မာပြည် မှာတော့
ရာဇသတ်ကြီး ပုဒ်မ ၅၀၉မှာ "မည်သူမဆို မိန်းမ တစ်ဦး၏ ကာယ အိနြေ္ဒကို
စော်ကားရန် ကြံရွယ်၍ ပြောဆိုခြင်း ပြုသည်တွင် သို့တည်း မဟုတ် အသံပြု
သည်တွင်၊ သို့တည်းမဟုတ် ကိုယ်အမူအရာ ပြသည်တွင်၊ သို့မဟုတ် အမျိုးသမီး များ
အား အရာဝတ္ထု တစ်ခုခု ပြသသည်တွင် ပြောဆိုသော စကားကို ဖြစ်စေ၊ ပြုသော အသံကို
ဖြစ်စေ၊ ထိုမိန်းမအား ကြားစေရန် ကြံရွယ်လျှင် သို့ မဟုတ် ပြုသော ကိုယ်အမူ
အရာကို ဖြစ်စေ၊ ပြသော အရာဝတ္ထုကို ဖြစ်စေ၊ ထိုမိန်းမအား ကြံရွယ်လျှင်
သို့တည်း မဟုတ် ထိုမိန်းမ၏ ဆိတ် ကွယ်ရာသို့ ကျူးကျော်လျှင် ထိုသူကို
၁နှစ်ထိ အလုပ်နှင့် ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ
ချမှတ် ရမည်။" လို့ပါရှိ ပါတယ်။ ဒါပေမဲ့ ဒီ frotteurs ကိုအရေးယူ ဖို့က
မလွယ်ကူ ပါဘူး။ သာမန် အားဖြင့် မျက်မြင် သက်သေ မရှိတာမို့ မတော်တဆ ထိမိ
တာပါလို့ ဖြေရှင်းချက် ပေးကြလေ့ ရှိပြီး အမျိုးသမီးက ရှက်တာကြောင့်
တိုင်ကြားမှု မလုပ်တာ ကြောင့်လည်း ပါပါတယ်။ ဒါကြောင့်လည်း ဒီလူတွေ ဒီ လို
အတင့်ရဲ လာကြ တာပါပဲ။ ဟိုအရင်က မြန်မာ နိုင်ငံမှာ ဒီလိုကိစ္စမျိုး
ဖြစ်တယ်လို့ အမျိုးသမီးက တခြားလူ တွေကို ချက်ခြင်း ပြောခဲ့ရင် လူ ထုရဲ့
အကူအညီနဲ့ အရေးယူ မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ လူတိုင်းက
ကိုယ့်ပြဿနာနဲ့ ကိုယ်မို့လို့ အလုပ်ရှုပ် မခံချင် ကြလို့ သိပ်ဂ ရုမစိုက်
တော့ပါဘူး။ ဟုတ်ကဲ့။ ဒါကြောင့် ကျွန်မ ကတော့ ကိုယ့်ကိုကိုယ် ကာကွယ်ပါ။ ခုခံ
တိုက်ခိုက်ပါလို့ ပြောချင် ပါတယ်။ တကယ်လို့များ ကိုယ်က သတိပြု မိသွား
တာကို သူသိတာတောင် သူ့လုပ်ရပ်ကို မရပ်ဘဲ ရှိနေမယ် ဆိုရင် သူ့ကို
နာကျင်အောင် လုပ်လိုက်ပါ လို့အကြံ ပေး ချင်ပါတယ်။ မုဒိမ်း အကျင့်ခံရမှ
မိန်းကလေး တစ်ယောက်ကို ထိခိုက် စေတာ မဟုတ်ပါဘူး။ အလို မတူဘဲ ကာယ အိနြေ္ဒကို
ပျက်ပြား စေခြင်း ကလည်း ထိခိုက် စေပါတယ်။ ဘယ်လောက် စိတ်အနှောင့် အယှက်
ဖြစ်ရတယ် ဆိုတာကို မိန်းမသားချင်းပဲ သိတယ် မဟုတ် ပါလား။
Images from indulgy, wellandgoodnyc, dinnerinapinch, amazonaws, zdorovie. Source: womanarticles.net
AuthorMai Shine |
0 comments:
Post a Comment