Thursday, December 12, 2013

Myanmar Youth Media Club သုတ (၁၀-၁၂)

MYMC - MYMHOT




Hotel K
Posted: 10 Dec 2013 04:41 AM PST
လှပသာယာတဲ့ ဘာလီကျွန်းမှာ ဟိုတယ် K ဆိုတဲ့ နေရာတစ်ခု ရှိပါတယ်။ ဟိုတယ် K မှာနေရတဲ့ ဘဝပာာ အလွန် ထိတ် လန့် စရာကောင်းပြီး အမျိုးမျိုးသော အနိုင်ကျင့် ခံရမှုတွေကို တွေ့ကြုံ ရပါတယ်။
ဟိုတယ် K ဒါမှမဟုတ် ဟိုတယ် Kerobokan ကကြိုဆို ပါတယ်။ ဘာလီကျွန်းသား တွေဟာ ခင်မင် နှစ်လိုဖွယ် ကောင်းတယ်လို့ သတင်း ကြီး ပေမဲ့ ဒီဟိုတယ် မှာတော့ နွေးထွေးပျူငှာ မှုကို ခံစားရမယ် မဟုတ်ပါဘူး။
ဘာလို့လဲ ဆိုတော့ ဒီဟိုတယ် K ဆိုတာ ဘာလီရဲ့ ကြောက်စရာ အ ကောင်းဆုံး ဖြစ်တဲ့ Kerobokan အကျဉ်းထောင်ကို နံမည်ပြောင် ခေါ်ကြတာ မို့လို့ပါပဲ။ ဒီအကျဉ်းထောင်ဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ရဲ့ Kerobokan, Badung Regency မှာရှိပါတယ်။ ၁၉၇၉ ခုနစ်မှာ စတင် ဖွင့်လွှင့် ခဲ့ပြီး ယောက်ျား၊ မိန်းမ အကျဉ်းသား ပေါင်းတစ်ထောင် ခန့် ရှိနေပါတယ်။

ကျဉ်းမြောင်း ပိတ်လှောင် မှောင်မိုက် နေတဲ့ ဒီနေရာဟာ လိင်မှု၊ မူးယစ်ဆေးဝါး၊ အကြမ်းဖက်မှုနဲ့ ညစ်ညမ်း မှုတွေရဲ့ မြေအောက် လောကပဲ ဖြစ်ပါတယ်။ ဟိုတယ် K ဟာဆိုရင် နာမည်ကြီး Bali Bombers လိုအကြမ်း ဖက်သမား ကနေ စလို့ the Bali Nine လိုမူးယစ် ဆေးဝါး မှောင် ခိုတွေ ကိုပိတ်လှောင် ထားရာ စံအိမ် ဆိုရင် မမှားပါဘူး။ ဒီ Kerobokan အကျဉ်းထောင် ရဲ့ ညစ်ပတ် နံစော်ပြီး ရောဂါ ပိုးမွှားတွေ ပြည့်နေ တဲ့ အကျဉ်းခန်းတွေ ဟာဆိုရင် Australians ကစလို့ Americans, Germans, Brazilians, French, English, Scottish, Mexicans နဲ့ Italians သားတွေ အထိ အပြည်ပြည် ဆိုင်ရာ ရာဇ၀တ် သားတွေ အတူတူ ပိတ်လှောင် ခံနေ ရတာ ဖြစ်ပါတယ်။ ပြဿနာက အတွင်းခံ သူခိုးတွေ၊ မူး ယစ်ဆေး အစမ်း သုံးမိသူတွေ ဟာလဲ လူသတ် သမားတွေ၊ မုဒိမ်း ကောင်တွေနဲ့ လူမိုက်ဂိုဏ်း ၀င်တွေနဲ့ အကျဉ်းခန်း တူတူ နေရတဲ့ ကိစ္စပါ။ မူးယစ် မှောင်ခို သမား တွေဟာလဲ စိတ်ကြွဆေး တစ်ပြားလောက် စမ်းမိလို့ နတ်ပြည် ကနေ ငရဲဘုံ ရောက်သွားတဲ့ ကံဆိုးသူ မောင်ရှင် တိုး ရစ် တွေနဲ့အတူ လှဲလျောင်း အိပ်စက် နေပါတယ်။ Hotel K ရဲ့ အတွင်း သတင်းတွေ ကတော့ အလွန် ထိတ်လန့် စရာကောင်းပြီး အကျဉ်း စံတွေဟာ အမျိုးမျိုးသော အနိုင်ကျင့် ခံရမှုတွေကို တွေ့ကြုံ နေရတယ်လို့ ဆိုပါတယ်။ အကျင့်ပျက် အမှုထမ်း တွေက ပိုက်ဆံ တတ်နိုင်သူ အကျဉ်းသား တွေအတွက် wild 'sex nights' တွေဖန်တီး ပေးတယ် လို့ဆိုပါတယ်။ ဒါ့အပြင် မူးယစ်ဆေး သုံးစွဲတာ သတ်ဖြတ်ခံ ရတာနဲ့ ကိုယ့် ကိုကိုယ် သတ်သေတဲ့ အမှုတွေလဲ ရှိပြီး ကမ်းခြေ ထွက်ခွင့် တွေတောင် ရနိုင်တယ်လို့ ဆိုပါတယ်။ လူမိုက်ဂိုဏ်း တွေဟာ အကျဉ်းထောင် ထဲမှာ ကြီးစိုးနေပြီး အကျဉ်းထောင်ကို ကြောက်စရာ အုပ်ချုပ် နေပါတယ်။ အကျင့်ပျက် မှုကြောင့် ဘယ်အရာကို မဆို ရောင်းဝယ်လို့ ရနေ ပါတယ်။ အကျဉ်းသား တွေဟာ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိရုံမျှ မက ညစ်ပတ်မှုနဲ့ စိတ်ဖိစီးမှု စိတ်ဒဏ်ရာ တွေကြောင့် ရောဂါ အမျိုးမျိုး ဟာ ပြွတ်သိပ်ပြီး လူနဲ့ နေရာ မမျှတဲ့ အခြေ အနေမှာ အနံတွေ နံဟောင် နေပါတယ်။

A Prison Cell

Rachel Dougall ဆိုတဲ့ အမျိုး သမီးဟာ ရာဇ၀တ်မှုကို သတင်းပေးဖို့ ထိန်ချန် ခဲ့တဲ့ အတွက် hotel K မှာ ထောင်ဒဏ် တစ်နှစ်ကျ ခံခဲ့ရတဲ့ ယခုနှစ် မေလမှာ လွှတ်မြောက် ခဲ့ပါတယ်။ ကလေး တစ်ယောက် အမေ convent ကျောင်းထွက် တစ်ယောက် ဖြစ်ပြီး အသက် လေးဆယ် အ ရွယ် ရှိတဲ့ Dougall ဟာဗြိတိန်  ကိုပြန်ရောက် လာပြီး ပထမဆုံး အနေနဲ့ သူမ ခံစား ခဲ့တာတွေကို လူထုကို ဖွင့်ပြော ပြခဲ့ပါတယ်။ ဆယ်ပေါင် ရှိ တဲ့ ကိုကင်း တွေကို ဘန်ကောက် ကနေ ဘာလီကို သယ်ဆောင် လာတဲ့ အမှုမှာ ပါဝင်ခဲ့တယ် လို့ စွပ်စွဲ ခံရတဲ့ အမျိုးသမီးဟာ နောက် ပိုင်းမှာ သိရက်နဲ့ ရဲကို သတင်း မပေးခဲ့ ပါဘူး ဆိုပြီး သေးငယ်တဲ့ အမှုအဖြစ် လျော့ချ ခဲ့တာပါ။ Dougall ဟာ အာဏာပိုင် တွေက ၀န်ခံရင် အမှု မလုပ်ဖူး ဆိုလို့ ၀န်ခံ ခဲ့တာ ဖြစ်ပြီး တကယ်က ကျွန်မမှာ အပြစ်မရှိ ပါဘူး။ ဒါပေမဲ့ သူတို့က ကျွန်မကို လိမ်ညာပြီး တိရစ္ဆာန်လိုပဲ လှောင် ထားခဲ့ ပါတယ်။ လို့ဆို ပါတယ်။ ထောင်ထဲမှာ crystal meth နဲ့ cocaine တွေ လွတ်လွတ် လပ်လပ် ရနိုင်ပြီး အပြင်မှာတော့ ဆေးသုံး ရင် ဖြစ်ဖြစ် ရောင်းရင် ဖြစ်ဖြစ် အသတ်ခံ ရတာကိုလဲ သူမက ဝေဖန် ပါသေးတယ်။ ဆေးသုံး မှုကို နေရာ တကာမှာ ဖြစ်နေပါတယ်။ အခန်းဖော် အကျဉ်း သူ တော်တော် များများက ဆေးစွဲ နေပြီး သူတို့က သူမပါ ဆေးသုံး လာအောင် မြူဆွယ် ကြပါတယ်။ တချို့ဆို ဆေးပြောင်း တွေနဲ့တောင် မျက်နှာကို ထိုးပါတယ်။ လို့ သူမက ပြောပြ ပါတယ်။ Dougall ရဲ့ ကျန်းမာ ရေးအခြေ အနေဟာ ဆက်တိုက် ချို့ယွင်း ခဲ့ပါတယ်။ သူမရဲ့ ကိုယ် အလေးချိန် ဟာလဲ ၉စတုံ ၄ပေါင် ကနေ ၇စတုံ ၁ပေါင် အထိကျ သွားပါတယ်။ အရင်က ထူထဲ ခဲ့တဲ့ ဆံပင် တွေဟာ အထွေး လိုက်ကျွတ် ထွက်ကုန် ပါတယ်။ ၂၀၁၃ ခုနစ် ဖေဖော်ဝါရီ လမှာ အဆုတ် အအေးမိလို့ ပြင်းစွာ နာမကျန်း ဖြစ်ခဲ့ပြီး ဆေးရုံတက် ရပါတယ်။ ဒါကို ဗြိတိန် သံရုံးက မသိချင် ယောင်ဆောင် ခဲ့ပြီး သူမ ကုသမှု အတွက် ပေးဖို့ ငြင်းဆို ခဲ့တယ်လို့ သူမက ပြောပြပါတယ်။

Exclusive Look at Hotel K

Hotel K မှာနေခဲ့တဲ့ ဘ၀ဟာ ဆိုးရွား လွန်းပါတယ်။ ဒါတွေက သူမကို သတ်သေဖို့ အထိ ဖြစ်စေ ခဲ့ပါတယ်။ ကျွန်မကို သတင်းစာတွေက ဘာ လီ ဘုရင်မလို့ ရေးကြလို့ အရိုက်ခံ ရပါတယ်။ တစ်ခါမှာတော့ crystal meth စွဲနေတဲ့ တောင်အာဖရိကန် သုံးယောက်က တစ်ညလုံး ရိုက်တာ ခံခဲ့ရပါတယ်။  ကျွန်မကိုယ် ကျွန်မ သတ်သေဖို့ ကြိုးစား ပေမဲ့ သမီးလေး မျက်နှာကြောင့် လက်လျော့ခဲ့ ပါတယ်။ သမီးကို မိခင်မဲ့သူ မဖြစ်စေ ချင်ပါဘူး။ ဒီတစ်နှစ် ပြီးရင် သမီးလေး နဲ့တွေ့ရမယ် ဆိုတဲ့ မျှော်လင့်ချက် ကပဲ ခွန်အား ရစေတယ်လို့ Dougall ကဆိုပါတယ်။ သူမတို့ အကျဉ်း စခန်းကို ထိန်းသိမ်းနေတဲ့ ဆိုးရွားတဲ့ lesbian တစ်ယောက် ကလဲ သူမ အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ် ထုတ်ဖို့ ကြိုးစား ခြင်းကို ခံရပါတယ်။ "ကျွန်မက လက်မခံ တာမို့ သားရေ အကျီ်ကို ၀တ်ဆင်ခိုင်းပြီး stripper လိုကပြဖို့ အတင်း အကျပ် စေခိုင်းကြ ပါတယ်။ တခြား မိန်းမတွေက လှောင်ပြောင် ရီမော ကြပြီး တွန်းထိုး ကြကာ အရှက်ခွဲ ခံရပါတယ်။ Dougall က အကျဉ်းသူ ၂၈၆ ယောက်မှာ ခြောက်ယောက်ပဲ ရှိတဲ့ မျက် နှာဖြူ အမျိုးသမီး တွေထဲက တစ်ယောက် ဖြစ်ပါတယ်။ သူမက အမျိုးသား အစောင့်တွေနဲ့ တခြား လူတွေရဲ့ လိင်ပိုင်း အမြတ်ထုတ် ခံရမှုတွေ ကို တိုက်ခိုက် ခံခဲ့ရ ကြောင်းပြောပြ ပါတယ်။  "ကျွန်မ အသက်ရှင်ဖို့ လုပ်သင့်တာ လုပ်ရတာပဲ" လို့ဆိုပါတယ်။ ကျွန်မ ဘာလီကို ချစ်ပါ တယ်။ ဒါပေမဲ့ ခြေပြန်တော့ မချရဲတော့ ပါဘူးလို့။ ဆိုပါသေးတယ်။

Prison Cell

Images from foreignprisoners, abc, schapelle, talkleft. Source: dailymail.co.uk

Author

Mai Shine

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...