` ရတယ်ညီလေး ဘေးကန်ထုတ်--ချော်တဲ့ခြေထောက်သာ ငါတို့တန်ဖိုးကို မထိမိစေနဲ့ ´
နှစ် ၃၀
ငါတို့အသက်ပေါ်ခွစီးထားတဲ့ တံပိုးခရာသံဟာ လာနေပြီ
သေ သေ ချာ ချာ လာ နေ ပြီ
တွေ့လား
အသံကို စာလို့
မပြာစေနဲ့ ငါတို့အသံတွေ မပြာစေနဲ့
ဝင်နေလည်းဝင်သွားတဲ့အတိုင်း
မထွက်တော့လည်း မထွက်တော့တဲ့အတိုင်း
အော်ခဲ့ဖူးတာတွေနဲ့ မတူတဲ့ အော်သံနဲ့
ဘ၀တွေအစိတ်စိတ်ကွဲခဲ့ပြီးပြ
ဒီ လည်ချောင်းလောက်နှမြောမနေနဲ
ညီမလေး နင့်အသံလည်း လိုတာပဲ ညီလေး မင်းအသံလည်းလိုတာပဲ
ဦးလေးကြီး အန်တီရေ ဟေး အစ်ကို ---
ဒီနေ့မှာ--- မွေးကင်းစအာပြဲလေးလည်း လိုတာပဲ
ရှက်တတ်တဲ့ကောင်ကနေ ဟောင်ဖွာဟောင်ဖွာကောင်အဆုံး
အဲဒီဆန်အိတ်ကို ဆွဲပင့်လိုက်ရင်တောင်
အဲဒီကုန်းကို နင်းတက်လိုက်ရင်တောင်
အဲဒီကားကို ကျော်တက်လိုက်ရင်တောင်
အဲဒီရေခဲရေပုံးကို ပစ်ခေါက်လိုက်ရင်တောင်
အော်ပစ် အော်ပစ်လိုက်
ဘ၀တွေအစိတ်စိတ်ကွဲခဲ့ပြီးပြ
ဒီ လည်ချောင်းလောက်နှမြောနေရင်
နှစ် ၃၀
ငါတို့အသက်ပေါ်ခွစီးထားတဲ့ တံပိုးခရာသံဟာ လာနေပြီ
တွေ့လား
အရှုံးဟာရှက်စရာမဟုတ်ဘူး
အရှုံးကို မမြင်တာမှ ရှက်စရာ
`ဂိုး´လို့ မအော်နိုင်တာရှက်စရာမဟုတ်ဘူ
###$$$$ကျမှ အော်နိုင်တာကရှက်စရာ
ငါတို့ရိုင်းစိုင်းဖို့လာတာ
ငါတို့ကြမ်းတမ်းဖို့လာတာမဟု
ငါတို့ ပတ်မကြီးထိုးခွဲဖို့လာတာမဟု
ငါတို့လက်မှာ ဘယ်လိုအတိတ်မှ ပါမလာခဲ့ဘူး
ငါတို့ ဟာ
ငါတို့ကို ငါတို့ပြန်ကယ်တင်ဖို့လာတယ်
ရတယ်ညီလေး ဘေးကန်ထုတ်လိုက်
အဲဒီခြေထောက်သာ ငါတို့ကိုမထိစေနဲ့
ရတယ်ညီလေး ဘေးကန်ထုတ်လိုက်
အဲဒီခြေထောက်မှာ အိုးမည်းတွေပေမနေစေနဲ့
ရတယ်ညီလေး ရှုံးပစ်လိုက်
အဲဒီအရှုံးမှာ ငါတို့ကို နောက်ထပ်မနင်းမိစေနဲ့
နှစ် ၃၀
ငါတို့အသက်ပေါ်ခွစီးထားတဲ့ တံပိုးခရာသံဟာ လာနေပြီ
အသံကို စာလို့
မပြာစေနဲ့ ငါတို့အသံတွေ မပြာစေနဲ့
ဝင်နေလည်းဝင်သွားတဲ့အတိုင်း
မထွက်တော့လည်း မထွက်တော့တဲ့အတိုင်း
အော်ခဲ့ဖူးတာတွေနဲ့ မတူတဲ့ အော်သံနဲ့
ဘ၀တွေအစိတ်စိတ်ကွဲခဲ့ပြီးပြ
ဒီ လည်ချောင်းလောက်မနှမြောနဲ့
မြန်မာ မြန်မာ မြန်မာ မြန်မာ မြန်မာ
မြန်မာ မြန်မာ မြန်မာ မြန်မာ မြန်မာ
မြန်မာ မြန်မာ မြန်မာ မြန်မာ မြန်မာ
မြန်မာ မြန်မာ မြန်မာ မြန်မာ မြန်မာ
မြန်မာ မြန်မာ မြန်မာ မြန်မာ မြန်မာ
မြန်မာ မြန်မာ မြန်မာ မြန်မာ မြန်မာ
ငါတို့မှာ ဒီအော်သံပဲရှိတာ ----
ရတယ်ညီလေး ဘေးကန်ထုတ်လိုက်
မင်းတို့မှာ` အောင်သံ´ ပြန်ပေးနိုင်စွမ်းမရှိဘူးဆိ
နက္ခတ်နီ
0 comments:
Post a Comment