"""""အတ္တနာဝ ဇာနေယျာထ မိမိကိုယ်ပိုင်ဥာဏ်ဖြင့်သိသောအခါ""""""
မိမိတို့သည် ဗုဒ္ဓ၏ တပည့် များဖြစ်ကြသည့်အတွက် ကိုယ့်ဆရာ ဗုဒ္ဓရဲ့ဝါဒ လမ်းစဉ်သည် ဘယ်လိုဝါဒ လမ်းစဉ် ဖြစ်တယ် ဆိုတာကို သေချာစွာ ဂဃနဏ လေ့လာဖို့လိုပါတယ်။ ဗုဒ္ဓရဲ့ဝါဒ လမ်းစဉ်သည် ကိုယ်ပိုင်အသိဥာဏ် ထွန်းတောက်အောင် ကြိုးစားရတာဖြစ်ပါတယ်။ဒါကို
မြတ်စွာဘုရားက… “ကာလမပုဏ္ဏားတို့…..မာအနုဿဝေ
ယနေ့ခေတ်ကြီးတွင် ပိုပြီး သတိရှိဖို့ လိုပါတယ်။ မီဒီယာခေတ်၊ အင်တာနက် ခေတ်ကြီး ဖြစ်လာတော့သူများတွေ ပြောထားရေးထားတာတွေ အတော် များပါတယ်။ သူများပြော၊ သူများရေးထားသမျှကို အလွယ်လက်ခံလိုက်မယ်ဆိုရင် ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ကြရမှာ ဖြစ်တယ်။
“မာပရမ္ပရာယ …ဘိုးဘွားစဉ်ဆက် လက်ခံယုံကြည်ခဲ့တဲ့ အယူအဆ ဖြစ်လို့ မှန်တယ်လို့ အလွယ် မယူဆပါနဲ့”
မိမိတို့ သေချာစဉ်းစားဖို့ လိုပါပြီ။ ယနေ့ခေတ်ကြီးသည် အသိဥာဏ်ပေါက်ကွဲနေတဲ့ ခေတ်ကြီးဖြစ်ပါတယ်။ အသိဥာဏ်ကို ဦးစားပေးနေရတဲ့ ခေတ်ကြီးထဲမှာ မိမိကိုယ်ပိုင် အသိဥာဏ်ကို အသုံးမချ၊ ဒါကတော့ တို့ ဘိုးဘွား အစဉ်အဆက်လက်ခံခဲ့တာ၊ အကျိုးရှိတာ မရှိတာ၊ သူများတွေရဲ့ ဘ၀ကို နစ်နာသွားမှာ ဒါတွေကို မစဉ်းစားပဲ အလွယ်လက်ခံပြီး လိုက်လုပ်တာဟာ လုံးဝ ကိုကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ လူတွေ တော်တော်များများဟာ ရှေးရိုးအစဉ်အလာ ဟောင်းတွေမစွန့်ပစ်ချင်ကြပါ
“မာတက္ကဟေတု…ကြံဆတွေးတောခြင်
လူတွေမှာ မာန ကိုယ်စီရှိကြတော့ ကိုယ်တွေးတော ကြည့်တာလေးနဲ့ ကိုက်ညီတယ်၊ သဘောကျတယ် ဆိုရင် ငါတွေးတာ မှန်တယ်၊ ငါလုပ်တာ မှန်တယ်ဆိုပြီး အလွယ် လိုက်ကြလို့ လမ်းမှား၊ လမ်းလွဲ သွားကြတဲ့သူတွေ မနည်းပါဘူး။
ဒါကို ကမ္ဘာ့ အာနာရှင် တိုင်းရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ်ကြည့်ရင်လည်း သိနိုင်ပါတယ်။ သူတို့တွေဟာ မှန်တယ်ဆိုပြီး သူတို့ စိတ်ကူး၊ ကြံဆ ၊ တွေးတောထားတဲ့ အတိုင်း လိုက်လုပ်ကြလို့ အသက်သွေးချွေးတွေ၊ ဘ၀တွေ များစွာ ပေးဆပ်ခဲ့ကြပါ တယ်။ ဒါကြောင့် “ဗုဒ္ဓ” မြတ်စွာ ဘုရားရှင်က တွေးတော၊ ကြံဆ၊ ကြည့်ရုံလေးဖြင့်လည်း လမ်းမမှားရအောင် နည်းပေးလမ်းပြခဲ့ခြင်း ဖြစ်ပါတယ်။
“မာနယဟေတု….နည်းမှီပြီးတော့
တစ်ချို့ကလည်း နည်းနာ နိဿယလေးတွေကို သဘောကျ ပါတယ်။ ဒါကို ကောင်းကောင်း သိနေတဲ့ သူတွေက ကိုယ့်ကို ယုံစေဖို့ နည်းနာနိဿယ အမျိုးမျိုးပြကာ လမ်းမှားကို ဆွဲခေါ်သွားတတ် ပါတယ်။ဒါကြောင့် မိမိဘ၀ကို နည်းနာ နိဿယတွေနဲ့ ဘောင်ခတ်ပိတ်ပင် မထားဖို့လည်း အင်မတန် အရေးကြီးလှပါတယ်။
‘ မာဘဗ္ဗ ရူပတာယ… ပုဂ္ဂိုလ် တစ်ယောက်ကို အထင်ကြီးတယ်၊ ကြည်ညိုတယ်၊ လေးစားတယ်၊ ဒါကြောင့်မို့လို့ သူပြောတာ မှန်သမျှ မှန်တယ်လို့ အလွယ်မယူဆပါနဲ့တဲ့။"
လူတော်တော်များ က ကိုယ်အထင်ကြီးတဲ့သူ၊ ကြည်ညိုရတဲ့သူ၊ လေးစားရတဲ့သူ ဆိုရင် ဘာမှ မစဉ်းစားတော့ပါဘူး။ သူပြောတာ မှန်သမျှ ၊ သူလုပ်တာ မှန်သမျှအကုန်လိုက်လုပ် ဖြစ်ကြပါတယ်။ ထိုသူနောက်ကို အလွယ်လိုက်သွား ကြပါ တော့တယ်။ ဒါကို ကောင်းကောင်းသိနေတဲ့ လူလိမ်ကြီး များနဲ့ အာဏာရှင် ကြီးများက သူတို့ ကိုလူတွေ အထင်ကြီးအောင် ပထမ ဦးဆုံးလုပ်ပြပါတော့တယ်။
သူတို့ကို ယုံပြီ၊ ကြည်ညိုပြီ ၊လေးစားပြီ ဆိုတာနဲ့ လမ်းမှားကို အကုန်တွန်းပို့တော့တာ ပါပဲ။ ဒါကြောင့်လည်း မမှားသင့်ပဲ မှားကြ၊ နောင်တတွေ ရကြ၊ ပူလောင် မှုတွေနဲ့ ကြုံတွေ့ ရင်ဆိုင် ကြရခြင်း ဖြစ်ပါတယ်။
`မာပိဋ္ဋက သမ္ပဒါဒေန…. ပိဋ္ဋကစာပေ၊ ကျမ်းဂန်စကား၊ စာအုပ်ကြီးစကားနဲ့ ကိုက်ညီနေလို့လည်း မှန်တယ်လို့ အလွယ်မယူဆ ပါနဲ့တဲ့´။
လူတော်တော် များများဟာ ကိုယ့်ကိုယ်ကို အစဉ်အလာဟောင်းတွေနဲ့ ပိတ်လှောင်နေကြတာများ ပါတယ်။ဒါက ဘယ်ကျမ်းက ဘယ်လို ဆိုထားတာ၊ ဘယ်လိုပြောထားတာနဲ့ ကျမ်းဂန်ကြီးတွေ၊ စာအုပ်ကြီးတွေ က ပြောတဲ့ အတိုင်း လိုက်လုပ်နေကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လဲ မှားပြီး ရင်းမှားရင်း အမှားသံသရာ လည်နေကြခြင်းဖြစ်ပါတယ်။
` မာသမဏော နောဂရူတိ….ဒါဟာ တို့ဆရာ ပြောတဲ့စကားပဲ၊ ဒါဟာ တို့ရဟန်းတို့ရဲ့ ဆရာပြောတဲ့ စကားပဲ ၊ဒါကြောင့် သူပြောတာ မှန်တယ်လို့ အလွယ် မယူဆပါနဲ့၊ အလွယ် လက်မခံပါနဲ့၊ အလွယ် မဆုံးဖြတ်ပါနဲ့တဲ့´။
လူတွေ အများစုကြီးဟာ ကိုယ့်ဆရာပြောတဲ့ စကားဆို အကြွင်းမဲ့ ယုံကြတာ များပါတယ်။ ဒါကြောင့် တချို့က မိမိကိုယ်ကို အရင်ဆုံး ဆရာဖြစ်အောင် လုပ်ပါတယ်။ ပြီးမှ ကိုယ့်ရဲ့ တပည့်ဖြစ်ပြီ၊ ကိုယ့်ကို ယုံကြည်ပြီ ဆိုရင် သေအောင်ခိုင်းတော့တာပဲ။ မြတ်စွာ ဘုရား လက်ထက်မှာ ကြည့်ပါ။ ဒေ၀ဒတ်ဟာ အဇာတသက် ကို သူခိုင်းတဲ့ အတိုင်း လိုက်လုပ်အောင် အရင်ဆုံး သူ့ကိုယ်သူ အဇာတသက်ရဲ့ ဆရာဖြစ်အောင် လုပ်ပါတယ်။ သူ့ကို `ဆရာ´ အဖြစ်လက်ခံပြီး သူ့ကိုလည်း ယုံပြီဆိုရော လမ်းမှားကို တွန်းပို့တော့တာပဲ။ နောက်ဆုံး အဖေရင်းကိုတောင် ပြန်သတ်တဲ့ အထိယုံပါတယ်။အလွန်ကြောက်စရာ
မြတ်စွာဘုရားကလူတွေ ရဲ့ သဘာဝကို သိပါတယ်။ လူတွေဟာ အလွယ်ပြော၊ အလွယ်ယုံ ၊ အလွယ်လက်ခံပြီးဆုံးဖြတ်၊ အလွယ်လမ်းကိုလိုက်ပြီး အမှားတွေ ပြုလုပ်က ဒုက္ခဆင်းရဲတွေ ကြုံနေကြရတာသိပါတယ်။ ဒီလို ဒုက္ခဆင်းရဲ တွေ မကြုံတွေ့စေချင်ပါဘူး။ ဒုက္ခဆင်းရဲဘေးက လွတ်စေ ချင်ပါတယ်။ ယနေ့ ကမ္ဘာမှာ အသေခံ ဗုံးခွဲတာ၊ သတ်တာ၊ ဖြတ်တာ၊ ညှင်းဆဲတာ အမျိုးသမီးတွေကို စာမသင်ရ ၊ဟိုဟာမလုပ်ရ၊ဒီဟာ မလုပ်ရစသည်ဖြင့် အနိုင်ကျင့် တာ ကစလို့ ယနေ့ကမ္ဘာကြီး ကြာလေ မငြိမ်းချမ်းလေ၊ မလုံခြုံလေ ဖြစ်လာတာဟာ အလွယ်ပြော၊ အလွယ်ရေးသားထားတာတွေကို အလွယ်ယုံ၊ အလွယ် လက်ခံပြီး အလွယ် လိုက်လုပ်လာကြလို့ ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် က အဲဒီလိုဖြစ်မှာ စိုးလို့ အဖန်ဖန် အထပ်ထပ် သတိပေး ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
`ဗုဒ္ဓ´ မြတ်စွာဘုရားရှင်က ` ကာလမပုဏ္ဏားတို့……….သင်တို့တ
မိမိနှင့်သူတပါး နှစ်ဦးသားအတွက် အကျိုးမရှိဘူးဆိုရင် ရှောင်လိုက်ပါတဲ့´။
အင်မတန်ကောင်းတဲ့ ဆုံးမသြ၀ါဒ စကားတွေ ဖြစ်ပါတယ်။ အဲဒီတော့ သူများစကား သူများ အသိနဲ့ သူများနောက်လိုက်ပြီး လမ်းမဆုံးစေချင်ပါဘူး။ ဒါကြောင့် ကိုယ့်ဆရာ ဗုဒ္ဓရဲ့လမ်းစဉ် ဖြစ်တဲ့ ကိုယ်ပိုင် အသိ ဥာဏ် များ ကြာလေ ရင့်သန်လေ ဖြစ်အောင် စာပေတွေ များများဖတ် များများဆွေးနွေးပြီး အဖြေရှာ ကြပါတယ်။ ကိုယ်ပိုင်သိအောင် လေ့ကျင့် ကြည့်ပါ။ အဖြေမှန်ရသည်အထိသိအောင်ကြိ
မင်းသုည (ဗုဒ္ဓ တက္ကသိုလ်)
"ခေတ်လူများ၏မှတ်စု" လူငယ်စာပေဂျာနယ်၊
အတွဲ(၂)၊ အမှတ်(၁၀)။
ဓမ္မစကားကဏ္ဍမှ
—
0 comments:
Post a Comment