Thursday, December 19, 2013

ဟာသ အတိုအထွာများ

========
1. မသင်္ကာဘူး
========
♪ ကလင် ကလင် လင်
‘ဟလို… စိတ်ရောဂါကုဆေးရုံကလား’
‘ဟုတ်ပါတယ်’
‘ဒီရက်ပိုင်း ခင်ဗျားတို့ဆေးရုံက အရူးတစ်ယောက်ယောက်များ ထွက်ပြေးသွားတာ ရှိသလား’
‘အင်း… အဲ မရှိပါဘူး၊ ဘာလို့လဲ’
‘ကျနော့်ဇနီးဟောင်းကို လူတစ်ယောက်က လက်ထပ်မယ် လုပ်နေလို့ဗျ’
‘ရွှမ်…’

=========
2. အေးချမ်းစိုပြေ
=========
မေး ။…။ အမျိုးသမီးတစ်ယောက် နတ်ပြည်ကိုရောက်လာရင် ဘယ်လိုခေါ်မလဲ
ဖြေ ။…။ နတ်သမီးလေး
မေး ။…။ အမျိုးသမီးတွေ အများကြီး နတ်ပြည်ကိုရောက်လာရင် ဘယ်လိုခေါ်မလဲ
ဖြေ ။…။ နတ်သမီးလေးတွေ
မေး ။…။ ဒါဆို အမျိုးသမီးတွေ အကုန်လုံး နတ်ပြည်ရောက်လာရင် ဘယ်လိုခေါ်မလဲ
ဖြေ ။…။ အေးချမ်းသာယာ မြေကမ္ဘာ

================
3. နှလုံးသားထက်က အက္ခရာ
================
ကောင်မလေးရေ…
-မင်းနာမည်ကို
သဲသောင်ပြင်မှာ ရေးထိုးလိုက်တယ်
ရေလှိုင်းတွေက တိုက်စားပစ်လိုက်ကြတယ်
-မင်းနာမည်ကို
တိမ်တွေပေါ်မှာ ရေးထိုးလိုက်တယ်
လေပြေညှင်းတွေက ချွေမွလိုက်ကြတယ်
-မင်းနာမည်ကို
င့ါနှလုံးသားပေါ်မှာ ရေးထိုးလိုက်တယ်
ငါ…
နှလုံးရောဂါ ရသွားတယ် ဂိ

သန်၎ကို-ရမ်းဘာသာပြန်သည်
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...