Wednesday, December 11, 2013

ကြေကွဲစရာ ...

ဒီနေ့မနက် သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်
ကြေကွဲစရာ အဖြစ်အပျက်လေးတစ်ခုပါဗျာ...
မိသားစုတွေလည်း အထူးဆင်ခြင်သင့်ပါတယ်။

ဒီလိုပါ
မိသားစုတစ်ခုမှာ
အဖေရယ်... အမေရယ်... ၄နှစ်အရွယ် သားလေးရယ် ရှိတယ်တဲ့။
ပထမတော့ တစ်ဦးတည်းသောသားလေးကို မိဘတွေက အရမ်းချစ်ပြီး အရမ်းအလိုလိုက်ခဲ့တယ်။
လိုလေသေးမရှိ ပြည့်စွမ်းပေးပြီး အရိပ်တကြည့်ကြည့်နေခဲ့တာပေါ့။

ဒါပေမယ့်...
သိပ်မကြာခင်မှာပဲ အမေလုပ်သူမှာ ကိုယ်ဝန်ရှိလာခဲ့ပြီး နောက်ထပ် သမီးလေးတစ်ယောက်ကို မွေးဖွားခဲ့တယ်။
မိဘတွေရဲ့ ထုံးစံ သမီးလေးကိုလည်း အရမ်းချစ်တာပေါ့။
ဆိုတော့... နို့ညှာဖြစ်တဲ့ သားလေးကို ဂရုစိုက်တာ နည်းနည်းလျှော့လာတယ်။
မချစ်လို့တော့ မဟုတ်ဘူးလေ
အချစ်လျှော့လာတာလည်း မဟုတ်ဘူးလေ
ကလေးနှစ်ယောက်ကို မျှပြီး ချစ်ရတာကိုး

ဒါကို နို့ညှာကောင်က နောက်မွေးတဲ့ကလေးအပေါ်မှာ မနာလို ဖြစ်လာတယ်၊ မကြည်မဖြူ ဖြစ်လာတယ်... ...
'သူရှိလို့ ဖေဖေ၊ မေမေတို့က င့ါကို ဂရုမစိုက်တော့ဘူး၊ င့ါကို သိပ်မချစ်တော့ဘူး၊ သူမရှိမှ အေးမယ်'... လို့ တွေးနေသတဲ့။
ပြီးတော့... မကြံကောင်းမစည်ရာ အဲဒီကလေးကို သေအောင်သတ်ဖို့ ကြံစည်တယ်။
မိဘတွေကလည်း မရိပ်မိရှာဘူး

တနေ့... နေ့လည်ပိုင်း...
သူ့အဖေက အလုပ်သွားချိန်၊ သူ့အမေနဲ့ သူ့ညီမလေး နေ့လည်ပိုင်း တရေးတမောအိပ်နေတုန်း သူ့အကြံအစည်ကို အကောင်အထည်ဖော်တယ်။

သူ့အမေရဲ့ နို့မှာ အဆိပ်ရည်တွေ သုပ်လိမ်းထားလိုက်တယ်။

ပြီးတာနဲ့ သူကတော့ မသိချင်ယောင်ဆောင်လို့၊ အိမ်ပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့ သွားကစားနေလိုက်တယ်။

ညနေစောင်းလို့ ဗိုက်ဆာတာနဲ့ သူအိမ်ကို ပြန်လာခဲ့တယ်။

အင်း... ....
ကြေကွဲစရာ ဇာတ်လမ်းက ခုမှ စတာ...
အိမ်ကိုရောက်လို့ အိပ်ခန်းထဲက ငိုသံကြားတာနဲ့ သူသွားကြည့်လိုက်တော့...

သူ့အမေက တရှုတ်ရှုတ်နဲ့ ငိုနေတယ်
သူ့ညီမလေးကတော့ အိပ်ပျော်နေဆဲ
အိမ်ကို နွားနို့လာပို့တဲ့ ကုလားကြီးကတော့ ကုတင်ပေါ်မှာ ဆန့်ဆန့်ကြီး ဂန့်လို့
ပါးစပ်ကလည်း အမြုပ်တွေ  တစီစီထွက်လို့... ....

ဝမ်းနည်းမိပါသည်-သန်၎ကို
https://www.facebook.com/thanlaykoဒီနေ့မနက် သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်

https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...