Monday, December 9, 2013

၂၀၁၄ ဟာ အရွေ့ကာလတစ်ခု ဖြစ် တယ် / မယ် / (ပါ့) မလား/ လို့ စဉ်းစားခြင်း


ဗိုလ် နင့် December 8, 2013 at 8:50pm

နေထိုင်ရာ မြို့ပြကြီးမှာ ပထမဖြစ်ဖို့ ကမကထ ပြုလုပ်လာကြရာက အစ
နေထိုင်ရာ ပတ်ဝန်းကျင်ထဲ လမ်းတွေချဲ့ပြီး ကားတွေ ပိတ်သွားကြရာက အစ
နေထိုင်ရာ ကျောင်းတော်ကြီးတွေ စာအုပ်အဖုံးသာ ပြောင်းလဲတတ်လာရာက အစ
ငါတို့လူငယ်တွေ အပြောင်းအလဲမှာ ခံနိုင်ရည်ရှိစွာ တစ်ချို့ ကဗျာဆရာဖြစ်ကုန်ကြ

တစ်ချို့ အရက်သမားဖြစ်ကုန်ကြ တစ်ချို့လမ်းဘေး တစ်ချို့ ငါးမရရေချိုးဆင်း
တစ်ချို့ အပျင်းပြေ စာမျက်နှာပေါ်တက် လိင်ကိစ္စကို ပေါ်ပေါ်တင်တင် ထုတ်ကြွားကြ
ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ CNG နဲ့ ဟမ်ဘာဂါနဲ့ ကိုရီးယားအစားအစာတွေနဲ့
ခိုးကူးခွေတွေနဲ့ ရင်ဘတ်ချင်းညှိပေမယ့် ထွက်လာတာ သတင်းအမှားတွေ အာဃာတတွေ
ရိ / သိ က္ခာ လား တဖြည်းဖြည်းချင်းတော့ ပွန်းပဲ့လာကြပြီး ကောင်းကင်ထဲ ဝေဟုန်စီးနေကြ
ငါတို့ဘာမှ မကိုင်ထားဘူးဆိုတဲ့ ထိုင်ရာမထ လူကြီးတွေက ခပ်တည်တည်နဲ့ သမိုင်းအသစ်တည်ကြ
ပြောချင်တာက SEA GAME က ဘာထူးလာမလဲ၊ သိချင်တာက ၂၀၁၃ ဘယ်နှစ်လှမ်း လှမ်းခဲ့လဲ
မဟုတ်ဘူး အဲဒါတွေ မဟုတ်ဘူး ဆူပူကြ သောင်းကြမ်းကြ ဘယ်သူတွေက စနက်တံလဲ ဘယ်သူတွေက
ခလုတ်နှိပ်သူလဲ ဘယ်သူတွေက အရူးတွေလို ပြောသမျှယုံ ကြားသမျှယုံနေကြသလဲ
ဓါတ်ပုံတွေလည်းအတု စာသားတွေလည်းအတု သဘောထားတွေလည်းအတု လူတွေကရော အစစ်လား
ဘာမှမသေချာတဲ့ အရွေ့တစ်ခုဆိုရင် ၂၀၁၄ မင်းဘာလာလုပ်တာလဲ ဘာလာလုပ်မှာလဲ
အရေးပေါ်လူနာတင်ယာဉ်ကြီးက အော်တယ် အော်တယ် မရွေ့ဘူး ကားပေါ်က လူနာတွေ ၂၀၁၄ထဲ
ထပ်သေ အထပ်ထပ်သေကြ … နေထိုင်ရာမြို့ပြကြီး မီးမလုံလောက် အသိမလုံလောက် အိပ်ချိန်မလုံလောက်
ဝမ်းရေးကို ကြိုးစွဲပြီး လွှတ်တင်လိုက်တယ် မျှော်လင့်ချက်တွေက တစ်နံတစ်လျား ပြတ်ကျ
ဒေါင်လိုက် အလျားလိုက် ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက် လုပ်ကြည့်တယ် ရုန်းကြည့်တဲ့
ပိုက်ကွန်ထဲက ငါးတွေလို ဗန္ဓုလတံတားပေါ်က သစ်လုံးကားကြီးများ တစ်ရက် အစင်းငါးဆယ်လောက်
သူတို့ ဘယ်ထွက်သွားကြတာလဲ ရွက်ဖျင်တဲထဲက ကလေးတစ်ယောက် ၂၀၁၄မှာ စဉ်းစားနေမယ်
ငါတို့သေဖို့ သချို င်္င်းအလုံအလောက် မီးမြိုက်ရှို့ဖို့ ဆီအလုံလောက် ရှိခဲ့တဲ့ ၂၀၁၃က လက်ဆင့်ကမ်း
မြေဈေးတွေ သတ်မှတ်တယ်တဲ့ အခွန်တွေ သတ်မှတ်တယ်တဲ့ အိပ်မက်ထဲ အိပ်မက်ထပ်မက်နေသလိုပဲ
ဘာလဲမသိ၊ ဘာကြောင့်လဲမသိ၊ ဘာအတွက်လဲမသိ၊ အလွတ်ကျက်ကျက်နေရတဲ့ နိစ္စဓူဝဘာသာရပ်တွေ
ဆယ်စုနှစ်ကျော် အချိန်ယူခဲ့တဲ့ အခြေခံဥပဒေ ပြင်မပြင် ဆယ်စုနှစ်ဝက်လောက် ပြန်စဉ်းစားကြဦး
နေထိုင်ရာမြို့ပြကြီးမှာ အပေါဆုံးက နှစ်တစ်ရာစီမံကိန်းနဲ့ တစ်နှစ်အာမခံ ထုတ်ကုန်များ
၂၀၁၄တဲ့ ၂၀၁၃ ပြီးတော့ရောက်လာမယ် / တယ် ခင်ဗျားတို့ဘာတွေ လုပ်ကြမလဲ
လူငယ်တွေ ဆေးလိပ်လေးဖွာ အရက်လေးသောက် ကွန်ဒုံးလေးသုံး ဆိုက်ကားလေးနင်း
စပယ်ရာတက်လုပ် စားပွဲထိုးဝင်လုပ် အမှိုက်လိုက်ကောက် တောင်းစားနေကြ
၂၀၁၄  ဘာထူးလာမလဲ ဘာပြောင်းသွားမလဲ ဘာအရင်ပြင်ရမလဲ စဉ်းစားရင်း
အစည်းအဝေးလုပ်ဖို့ အစည်းအဝေးအရင်ထိုင်ရင်း
ဘာစဉ်းစားရင်ကောင်းမလဲ စဉ်းစားရင်း ဘာလုပ်ရမလဲ စဉ်းစားရင်း
ဒီကဗျာကို မီးခိုးတလူလူနဲ့ ပူဆော်လိုက်တယ် ၂၀၁၄ ကဲ -- မင်းခု လာပေရော့။
         
-ရင်နင့်အောင်-

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...