ဆွမ်းဖြစ်ပေါ်ရာ ခေတ်နှင့် ဆွမ်းလှူရ အကျိုးများ သိကောင်းစရာများ
ကျွန်မတို့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများဟာနေ့စဉ်နဲ့သော်လည်းကောင်း
သို့မဟုတ် အခါကြီး ရက်ကြီးများတွင်သော်ကောင်း အဖိတ် ဥပုသ် ရက်များတွင်
လည်းကောင်း ကျောင်းရေစက်ချ ၊ အိမ်တတ်မင်္ဂလာ ၊ မင်္ဂလာဆောင်အန္တရယ်ကင်း မင်္ဂလာ
မွေးနေ့မင်္ဂလာ ကွယ်လွန်သူများအတွက်စတဲ့ အကြောင်းတရားများစွာအတွက်
ဆွမ်းအလှူတော်များစွာကို
မိမိတတ်အားသမျှ ပြုလုပ်တတ်ကြပါတယ်။ ဗုဒ္ဓဘာသာကို ထဲထဲဝင်ဝင်
လေ့လာလိုက်စားသူများကတော့ ဆွမ်းအကျိုးတရားများ မည်သို့မည့်ပုံခံစားမူ့ကိုသိသော်လည်း မိရိုးဖလာဗုဒ္ဓဘာသာဝင်များကေ တာ့ သူများလုပ်လို့သာလိုက်လုပ်တာ အကျိုးတရား အကြောင်းတရားများကို ပြည့်စုံစွာမသိနားမလည်နိုင် ကြပါဘူး ။
တချို့ဆိုရင် ကိုယ်လုပ်လိုက်တဲ့ ကုသိုလ်အဖို့က နည်းနည်း များများ ရေစက်ချ အမျှဝေမှ ကုသိုလ် အကျိုးအာနိသင်ဟာ ထက်မြတ်ပြည့်စုံတယ်ဆိုတာ နားမလည်မိကြပါဘူး ။ ဒါကြောင့် ကျွန်မတို့ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းများ အတွက် မိမိပြုလုပ်သော ဆွမ်းကုသိုလ် အကျိုးဟာ ကြီးမားတယ်ဆိုတာ လက်ဆင့်ကမ်းသိမြင်နိုင်ဖို့ မိမိတို့
ပြုလုပ်တဲ့ကုသိုလ် အဖိုးဘာဃများကို စိတ်ထားဖြူစင်သန့်ရှင်းစွာ
ပြုလုပ်ချိန်မှာရော ပြီးချိန်တိုင်းမှာရော သိမြင်ခံစားနားလည်းပြီး
ပိတိကုသိုလ်များပွားများ နေစေဖို့ သိကောင်းရာလေးများကို တင်ပြပေးလိုက်ပါတယ်
။
ဆွမ်းဖြစ်ပေါ်ရာ ခေတ် ( ၁၅ ) မျိုး
************************** *************
၁။ ။ သံဃဘတ္တ --- သံဃာအား ပေးလှူအပ်သော ဆွမ်း ။
၂။ ။ ဥဒ္ဒေသဘတ္တ --- ရည်ညွန်း၍ ပေးလှူအပ်သော ဆွမ်း ။
၃။ ။ နိမန္တန --- ပင့်ဖိတ်၍ ပေးလှူအပ်သော ဆွမ်း ။
၎။ ။ သလာက ဘတ္တ --- စာရေးတံမဲဖြင့် ပေးလှူအပ်သော ဆွမ်း ။
၅။ ။ ပက္ခိက --- လဆန်းပက္ခ လဆုတ် ပက္ခတို့၌ ပေးလှူအပ်သော ဆွမ်း ။
၆။ ။ ဥပေါသထိက --- ဥပုသ်နေ့၌ ပေးလှူအပ်သော ဆွမ်း ။
၇။ ။ ပါဋိပဒိက ဘတ္တ --- ဥပုသ် အထွက် တစ်ရက်နေ့ တွင် ပေးလှူအပ်သော ဆွမ်း ။
၈။ ။ အာဂန္တုက ဘတ္တ --- ဧည့်သည် အာဂန္တုတို့အား ပေးလှူအပ်သော ဆွမ်း ။
၉။ ။ ဂမိက ဘတ္တ --- ခရီးသွား ရဟန်းတို့အား ပေးလှူအပ်သော ဆွမ်း ။
၁၀။ ။ ဂိလာန ဘတ္တ --- ဂိလာန ရဟန်းတို့အား ပေးလှူအပ်သော ဆွမ်း ။
၁၁။ ။ ဂိလာနုပဋ္ဌက ဘတ္တ --- ဂိလာန ကိုပြုစုလုပ်ကျွေးသော ရဟန်းတို့အား ပေးလှူအပ်သော ဆွမ်း ။
၁၂။ ။ ဓုရ ဘတ္တ --- အမြဲတမ်းနေအိမ် ၌ ပေးလှူအပ်သော ဆွမ်း ။
၁၃။ ။ ကုဋိ ဘတ္တ --- ကျောင်းငယ်ကို ရည်စူး၍ ပေးလှူအပ်သော ဆွမ်း ။
၁၄။ ။ ၀ါရ ဘတ္တ --- ရွာနေ ရဟန်း တောနေ ရဟန်း စသည်တို့အား အလှည့် အကြိမ်အားဖြ**့ ပေးလှူအပ်သောဆွမ်း။
၁၅။ ။ ၀ိဟာရ ဘတ္တ --- ကျောင်းတိုက်အား ရည်စူး၍ ပေးလှူအပ်သော ဆွမ်း တို့ဖြစ်ပါတယ် ။
ဆွမ်းကိုပေးလှူသည် ဆိုရာတွင် အသက်ကို ပေးလှူသည် မည်ခြင်း ။ အဆင်းကို ပေးလှူသည် မည်ခြင်း။
ချမ်းသာကို ပေးလှူသည် မည်ခြင်း ။
ခွန်အားကို ပေးလှူသည်မည်ခြင်း ။
ပညာကို ပေးလှူသည် မည်ခြင်း ကြောင့် ဤကုသိုလ် ကောင်းမှူ့သည် တုနိုင်းမရ အမြတ်ဆုံးပေတည်း ။ မိမိလှူလိုက်သော ဆွမ်းသည် တလုပ်တဇွန်း ပင်ဖြစ်ပါစေ သိမ်ငယ်နေစရာမလိုပဲ ရိုသေကျိုးနွံစွာ ပေးလှူအပ်ပေသည် ။
ဆွမ်းလှူရာတွင်ရရှိမည့် အကျိုးကျေးဇူးများက
၁။ တာဝတိံသာနတ်ပြည် တစ်ထောင်သော နတ်မင်းတို့၏ မိဖုရားအဖြစ်ကို ရခြင်း ၊
၂။ တစ်ထောင်သောစကြာမင်းတို့၏ မိဖုရားအဖြစ်ကို ရခြင်း ၊
၃။ မရေမတွက်နိုင်သော ပဒေသရာဇ်မင်း အဖြစ်ကိုရခြင်း ။
၎။ ကြာညိုပန်းအဆင်းနှင့်တူသော အဆင်းရှိသည်ဖြစ်၍ အလွန်အဆင်းလှခြင်း ။
၅ ။ ကိုယ်အင်္ဂါ အားလုံးနှင့် ပြည့်စုံသည် ဖြစ်၍ လွန်စွာ ရူ့ချင်စဖွယ် ရှိခြင်း ။
၆။ မြတ်သောအမျိုး၌ ဖြစ်၍ အလင်းရောင်ကို ဆောင်နိုင်ခြင်း ။
၇။ မောင်းမတစ်ထောင်တို့၏ အကြီးအမှူးဖြစ်ခြင်း ။
၈ ။ မရေမတွက်နိုင်သော သင်္ကန်း ဆွမ်း ဆေးပစ္စည်း ကျောင်း အိပ်ရာနေရာတို့ကို ရရှိခြင်း ။
၉။ ဆွမ်းလှူသည့် အချိန်မှစ၍ သုံးဆယ့်တစ်ကမ္ဘာတိုင်တိုင် ဒုဂ္ဂတိဘ၀သို့ မလားရောက်ရခြင်း ။
၁၀ ။ လူ့ဘ၀နှင့် နတ်ဘ၀ နှစ်မျိုးတို့တွင်သာ ကျင်လည်ခဲ့ရခြင်း ။
၁၁ ။ များသော စည်းစိမ်ဥစ္စာရှိ၍ မြင့်မြတ်သော အမျိုးတွင် သာဖြစ်ရခြင်း ။
၁၂ ။ နောက်ဆုံး ဘ၀တွင် ကိလေသာ ကုန်ခန်း၍ ရဟန္တာ ဖြစ်ရခြင်း ။
ဆွမ်းဘောဇဉ်ပေးလှူခြင်းသည်
အသက်ရှည်ခြင်း ။
အဆင်းလှခြင်း ။
ချမ်းသာ ကြီးခြင်း ။
ခွန်အားကြီးခြင်း ဆိုတဲ့ အကျိုးထူးတရား လေးပါးကို ခံစားရစေပါတယ် ။ ကျွန်မတို့ဟာ သံသရာကြီးထဲမှာ ကျင်လည်ကျက်စားနေသမျှ ဒါနအစုတစ်ခု မပါခဲ့ရင် သေခါမှသိရပါလိမ့်မယ် ။
လက်ရှိ ဘုရား ပွင်တော်မူတဲ့ ကမ္ဘာ တရားတော်များ တရားတော်များကို သေချာညွန်ဆိုပြသနိုင်သော အရိယာ သူတော်စင် ရဟန်းရှင်လူများ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်တိုင်တိုင်
မပျောက်မပျက် ကျန်ရှိနေသော မြတ်စွာဘုရားရှင်၏ နုကပတ်တော်များ
လိုသည်ပိုသည်မရှိ ပကတိပြည့်စုံ၍ နေတော်မူသော တရားဒေသနာတော်များ
ထင်ရှားရှိနေသမျှ ကာလပတ်လုံး ဗုဒ္ဓဘာသာဝင် ကျွန်မတို့မြန်မာလူမျိုးများဟာ
ထူးမြတ်သန့်စင် အထက်တန်းဝင်သော ကောင်းမြတ်သော အကျိုးတရားများကို ခံစား
နိုင်သော လူတွင်မှာမှ လူတိုင်းနှင့်မတူ ကုသိုလ်ထူးများကို
ပိုင်ဆိုင်နိုင်သောသူများဖြ စ်တာမို့
ကျွန်မတို့တစ်တွေဟာ မိမိပြုလုပ်အပ်သော ကုသိုလ်ပုညသည် နည်းသည် များသည်
စိတ်မရည်ပဲ မိမိပြုသော ကုသိုလ်ပေါ်မှာသာ အာရုံပိတိဖြစ်၍ သန့်စင်စိတ်ထား
ကုသိုလ်အားကို ပွားများနိုင်ကြပါစေ ။
စိတ်ထားမတတ်က အကုသိုလ်ဖြစ်တတ်သဖြင့် ညောင်ပင်ကြီးလောက်လှူသော်လည်း ညောင့်စေ့လောက်တောင်မရတတ် ။ ညောင့်စေ့လောက်လေး လှူပေးသော်လည်း ညောင်ပင်ကြီးလောက်ရတဲ့ကုသို လ်အဖို့ကို စိတ်တွင်မြဲစွာမှတ်၍ ကောင်းမြတ်သော စိတ်စေတသိတ်များကို မိမိစိတ်အစဉ်မှာဖြစ်တည်အောင်မွေးမြူနိုင်ကြစေ၍
ပြုသောကုသိုလ် ပြည့်စေလိုက မညိုစိတ်ထား ဖြူစွာထား၍ သက္ကစ္စထို ကိုယ်တွင်သို၍
နည်းသည် များသည် စိတ်မရည်ပဲ ရိုကျိုးခယ ကျနသေချာ ဆည်းကပ်စွာ
ပေးလှူပူဇော်စေ။
မေတ္တာဖြင့် တော်ဝင်နှင်းဆီ
မှ - (www.myanmaritpalace.com)
တချို့ဆိုရင် ကိုယ်လုပ်လိုက်တဲ့ ကုသိုလ်အဖို့က နည်းနည်း များများ ရေစက်ချ အမျှဝေမှ ကုသိုလ် အကျိုးအာနိသင်ဟာ ထက်မြတ်ပြည့်စုံတယ်ဆိုတာ နားမလည်မိကြပါဘူး ။ ဒါကြောင့် ကျွန်မတို့ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းများ အတွက် မိမိပြုလုပ်သော ဆွမ်းကုသိုလ် အကျိုးဟာ ကြီးမားတယ်ဆိုတာ လက်ဆင့်ကမ်းသိမြင်နိုင်ဖို့
ဆွမ်းဖြစ်ပေါ်ရာ ခေတ် ( ၁၅ ) မျိုး
**************************
၁။ ။ သံဃဘတ္တ --- သံဃာအား ပေးလှူအပ်သော ဆွမ်း ။
၂။ ။ ဥဒ္ဒေသဘတ္တ --- ရည်ညွန်း၍ ပေးလှူအပ်သော ဆွမ်း ။
၃။ ။ နိမန္တန --- ပင့်ဖိတ်၍ ပေးလှူအပ်သော ဆွမ်း ။
၎။ ။ သလာက ဘတ္တ --- စာရေးတံမဲဖြင့် ပေးလှူအပ်သော ဆွမ်း ။
၅။ ။ ပက္ခိက --- လဆန်းပက္ခ လဆုတ် ပက္ခတို့၌ ပေးလှူအပ်သော ဆွမ်း ။
၆။ ။ ဥပေါသထိက --- ဥပုသ်နေ့၌ ပေးလှူအပ်သော ဆွမ်း ။
၇။ ။ ပါဋိပဒိက ဘတ္တ --- ဥပုသ် အထွက် တစ်ရက်နေ့ တွင် ပေးလှူအပ်သော ဆွမ်း ။
၈။ ။ အာဂန္တုက ဘတ္တ --- ဧည့်သည် အာဂန္တုတို့အား ပေးလှူအပ်သော ဆွမ်း ။
၉။ ။ ဂမိက ဘတ္တ --- ခရီးသွား ရဟန်းတို့အား ပေးလှူအပ်သော ဆွမ်း ။
၁၀။ ။ ဂိလာန ဘတ္တ --- ဂိလာန ရဟန်းတို့အား ပေးလှူအပ်သော ဆွမ်း ။
၁၁။ ။ ဂိလာနုပဋ္ဌက ဘတ္တ --- ဂိလာန ကိုပြုစုလုပ်ကျွေးသော ရဟန်းတို့အား ပေးလှူအပ်သော ဆွမ်း ။
၁၂။ ။ ဓုရ ဘတ္တ --- အမြဲတမ်းနေအိမ် ၌ ပေးလှူအပ်သော ဆွမ်း ။
၁၃။ ။ ကုဋိ ဘတ္တ --- ကျောင်းငယ်ကို ရည်စူး၍ ပေးလှူအပ်သော ဆွမ်း ။
၁၄။ ။ ၀ါရ ဘတ္တ --- ရွာနေ ရဟန်း တောနေ ရဟန်း စသည်တို့အား အလှည့် အကြိမ်အားဖြ**့ ပေးလှူအပ်သောဆွမ်း။
၁၅။ ။ ၀ိဟာရ ဘတ္တ --- ကျောင်းတိုက်အား ရည်စူး၍ ပေးလှူအပ်သော ဆွမ်း တို့ဖြစ်ပါတယ် ။
ဆွမ်းကိုပေးလှူသည် ဆိုရာတွင် အသက်ကို ပေးလှူသည် မည်ခြင်း ။ အဆင်းကို ပေးလှူသည် မည်ခြင်း။
ချမ်းသာကို ပေးလှူသည် မည်ခြင်း ။
ခွန်အားကို ပေးလှူသည်မည်ခြင်း ။
ပညာကို ပေးလှူသည် မည်ခြင်း ကြောင့် ဤကုသိုလ် ကောင်းမှူ့သည် တုနိုင်းမရ အမြတ်ဆုံးပေတည်း ။ မိမိလှူလိုက်သော ဆွမ်းသည် တလုပ်တဇွန်း ပင်ဖြစ်ပါစေ သိမ်ငယ်နေစရာမလိုပဲ ရိုသေကျိုးနွံစွာ ပေးလှူအပ်ပေသည် ။
ဆွမ်းလှူရာတွင်ရရှိမည့် အကျိုးကျေးဇူးများက
၁။ တာဝတိံသာနတ်ပြည် တစ်ထောင်သော နတ်မင်းတို့၏ မိဖုရားအဖြစ်ကို ရခြင်း ၊
၂။ တစ်ထောင်သောစကြာမင်းတို့၏ မိဖုရားအဖြစ်ကို ရခြင်း ၊
၃။ မရေမတွက်နိုင်သော ပဒေသရာဇ်မင်း အဖြစ်ကိုရခြင်း ။
၎။ ကြာညိုပန်းအဆင်းနှင့်တူသော အဆင်းရှိသည်ဖြစ်၍ အလွန်အဆင်းလှခြင်း ။
၅ ။ ကိုယ်အင်္ဂါ အားလုံးနှင့် ပြည့်စုံသည် ဖြစ်၍ လွန်စွာ ရူ့ချင်စဖွယ် ရှိခြင်း ။
၆။ မြတ်သောအမျိုး၌ ဖြစ်၍ အလင်းရောင်ကို ဆောင်နိုင်ခြင်း ။
၇။ မောင်းမတစ်ထောင်တို့၏ အကြီးအမှူးဖြစ်ခြင်း ။
၈ ။ မရေမတွက်နိုင်သော သင်္ကန်း ဆွမ်း ဆေးပစ္စည်း ကျောင်း အိပ်ရာနေရာတို့ကို ရရှိခြင်း ။
၉။ ဆွမ်းလှူသည့် အချိန်မှစ၍ သုံးဆယ့်တစ်ကမ္ဘာတိုင်တိုင် ဒုဂ္ဂတိဘ၀သို့ မလားရောက်ရခြင်း ။
၁၀ ။ လူ့ဘ၀နှင့် နတ်ဘ၀ နှစ်မျိုးတို့တွင်သာ ကျင်လည်ခဲ့ရခြင်း ။
၁၁ ။ များသော စည်းစိမ်ဥစ္စာရှိ၍ မြင့်မြတ်သော အမျိုးတွင် သာဖြစ်ရခြင်း ။
၁၂ ။ နောက်ဆုံး ဘ၀တွင် ကိလေသာ ကုန်ခန်း၍ ရဟန္တာ ဖြစ်ရခြင်း ။
ဆွမ်းဘောဇဉ်ပေးလှူခြင်းသည်
အသက်ရှည်ခြင်း ။
အဆင်းလှခြင်း ။
ချမ်းသာ ကြီးခြင်း ။
ခွန်အားကြီးခြင်း ဆိုတဲ့ အကျိုးထူးတရား လေးပါးကို ခံစားရစေပါတယ် ။ ကျွန်မတို့ဟာ သံသရာကြီးထဲမှာ ကျင်လည်ကျက်စားနေသမျှ ဒါနအစုတစ်ခု မပါခဲ့ရင် သေခါမှသိရပါလိမ့်မယ် ။
လက်ရှိ ဘုရား ပွင်တော်မူတဲ့ ကမ္ဘာ တရားတော်များ တရားတော်များကို သေချာညွန်ဆိုပြသနိုင်သော အရိယာ သူတော်စင် ရဟန်းရှင်လူများ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်တိုင်တ
စိတ်ထားမတတ်က အကုသိုလ်ဖြစ်တတ်သဖြင့် ညောင်ပင်ကြီးလောက်လှူသော်လည
မေတ္တာဖြင့် တော်ဝင်နှင်းဆီ
မှ - (www.myanmaritpalace.com)
0 comments:
Post a Comment