“ကျေးညိုတို့ ဘကြီး”
Author: lubo601 | 9:13 AM | No မှတ်ချက် |
ကျေးညိုမှာ ဘကြီးတစ်ယောက်ရှိတယ်။
လူက ပုပုနဲ့အသားရောင်ကတော့ မျိုးရိုးစဉ်လာကို ထိန်သိမ်းတဲ့အနေနဲ့ အနက်ရောင်နုနုလေးပေါ့
ပြီးတော့… …စိတ်ကတိုတတ်တယ်။ မေ့လည်း မေ့တတ်တယ်။
နှမျောကလည်း နှမျောတယ်။
ရွာမှာတော့ အရှိန်အဝါတော်တော်ကြီးတာ
တရွာလုံးက သူကြီးမကြောက်ရဘူး သူ့ကြောက်နေရတာရယ်
သူ့ဘကြီးအသံကြားရင် ဟောင်နေတဲ့ခွေးတောင် ရပ်ပြီး၊ ငိုနေတဲ့ ကလေးတောင် တိတ်တယ်
သူအပြင်သွားတဲ့အခါ နေထိုးလို့ ထွက်နေတဲ့ သူ့အရိပ်တောင် သူငေါက်လိုက်ရင် ဆက်မလိုက်ရဲတော့ပဲ အိမ်ပြန်သွားရတာ ကြည့် ဘယ်ဂလောက် သြဇာကြီးလည်းဆိုတာ
ရွာကသူကြီးခမျာ သူ့ကြောင့် မွေးနေ့လုပ်တာ တရက်စော လုပ်နေရသတဲ့
သူကြီးမွေးနေ့က တန်ခူးလဆန်း ၅ရက်နေ့
သူက မေ့ပြီး လဆန်း ၄ရက်နေ့မှာ သူကြီးဆီ မွေးနေ့လက်ဆောင် ပို့လိုက်တာ
သူကြီးခမျာ ပြန်မပြင်ရဲတာနဲ့ နှစ်တိုင်း တန်ခူးလဆန်း၎ရက်နေ့ကို မွေးနေ့လုပ်နေရှာတယ်
သနားပ့ါ
ကျေးညိုလေးကလည်း ရွာမှာတော့ သူ့ဘကြီးအရှိန်နဲ့ ကလေးဗိုလ်လုပ်နေတာရယ်
သူ့ဘကြီးအကြောင်းပြောပြောပြီး အမြဲကြွားတယ်… …
“တနေ့က င့ါဘကြီး ငါးသွားမျှားတာ ငါးအကြီးကြီးရခဲ့တယ်ကွ”
“ဘယ်လောက်တောင် ကြီးလို့လဲ”
“တစ်ထွာလောက်ရှိတယ်”
“ဟား ဟား တစ်ထွာလောက်ကိုများ ကြီးတယ်လို့ ပြောရသေးတယ် ကျေးညိုရာ”
“ဘာကွ… ငါပြောတဲ့တစ်ထွာက ငါးမျက်စိနှစ်လုံးကြားကို တိုင်းတာကွ ဟွင်း”
“ဟင်…”
နောက်တစ်ခု ကြွားသေးတယ်… …
“င့ါဘကြီးငယ်ငယ်က လက်ဝှေ့ချန်ပီယံကွ”
“ဟုတ်လား”
“တခါကတော့ကွာ၊ နိုင်ငံခြားသား လက်ဝှေ့သမားတစ်ယောက်က င့ါဘကြီးနဲ့ လက်ရည်စမ်းချင်လို့ လာပြီးစိမ်ခေါ်တယ်”
“အင်း… စိမ်ခေါ်တာကို လက်ခံလိုက်လား”
“လက်ခံပြီး ထိုးလွှတ်လိုက်တာ အဲဒီနိုင်ငံခြားသား တစ်ပတ်လောက် ဖျားယူတယ်”
“ဘယ်လို ဖြစ်လို့ ဖျားရတာတုန်း”
“စင်ပေါ်မှာ မျက်နှာခြင်းဆိုင်တွေ့ကြတော့ င့ါဘကြီးက မနားတမ်းတရစပ် လိုက်ထိုးလိုက်တာ လက်သီးချက်ပေါင်း ၃၀ လောက် ရှိတယ်”
“ဟာ… အချက်တိုင်း ထိသလား”
“တစ်ချက်မှ မထိဘူးကွ”
“ဒါနဲ့များ ဘာလို့ အဲဒီလူက ဖျားသွားရတာလဲ”
“င့ါဘကြီးရဲ့ လက်သီးချက်က တိုက်ရိုက်မထိပေမယ့် ထိုးချက်တွေက ပြင်းလွန်းတော့ တဝှီးဝှီးနဲ့ လေတိုးခံရပြီး အဲဒီလူ အအေးမိပြီး ဖျားတာကွ”
“ဖြစ်မှ ဖြစ်ရလေ ကျေးညိုရာ”
ကြွားတာက မကုန်သေးဘူး… …
“တခါကတော့ လွတ်လပ်ရေးနေ့အထိမ်းအမှတ် တာဝေးစက်ဘီးစီးပြိုင်ပွဲကို င့ါဘကြီးဝင်ပြိုင်တာ ပထမ ရလာတယ်ကွ”
“ဟုတ်လား တော်တယ်ကွာ”
“သူပန်းဝင်လာတော့ ပြိုင်ဘက်တွေက သူ့နောက် ၁၅မိုင်လောက်မှာ ပြတ်ကျန်နေခဲ့တာ”
“ဟား… မင်းဘကြီးက စွမ်းချက်တော့နော်”
“ဒါတောင် လမ်းတစ်ဝက်မှာ စက်ဘီးချိန်းကြိုးပြတ်သွားတာကွ၊ အဲဒါကို မပြင်ပဲနဲ့ ဒီအတိုင်း ဆက်နင်းလာတာ”
“အောင်မယ်လေး တော်ပီးရင်းတော်ရင်း”
အဲ့သလောက်တော်တဲ့ ကျေးညိုတို့ဘကြီး တခါကတော့ အပေါင်းအသင်းမှားပြိး ဘဏ်တခုကို ဓားပြသွားတိုက်သတဲ့
တကယ်က ဘဏ်မှတ်လို့ ဝင်တိုက်တာ ဆက်သွယ်ရေးဖုန်းရုံးကြီး ဖြစ်နေရော
ဘာဖြစ်ဖြစ် ရောက်နေမှတော့ မရှိရှိတာတိုက်မယ်လေဆိုပြီး ကောင်တာကစာရေးမကို ခြိမ်းခြောက်တယ်… …
“ကဲ ကလေးမ၊ အဲဒီအထုပ်ကို ပေးစမ်း၊ မပေးရင် လက်သီးနဲ့ အထိုးခံရမယ်”
“ရှင်… သေနတ်နဲ့ ပစ်မှာ မဟုတ်ဘူးလား”
“လျှာမရှည်နဲ့၊ သေနတ်ကမေ့လာလို့ င့ါရှိတာနဲ့ ခြိမ်းခြောက်ရတာ”
ဒါနဲ့ စာရေးမဆီက အထုပ်ရတော့ ရုံးထဲကပြေးထွက်သွားတယ်။
ဘေးကအကြောင်းကြားလို့ ခဏနေတော့ ရဲတွေရောက်လာပြီး သူ့နောက်ကလိုက်ဖမ်းတာ ဘတ်စ်ကားတစ်စီးပေါ်က ပြန်မိတယ်လေ
ဒါနဲ့ ရဲတွေက မေးတာပေါ့… ..
“ခင်ဗျား ဓားပြတိုက်ပြီး တခြားကားကို မသုံးဘဲနဲ့၊ ဘာလို့ ဘတ်စ်ကားနဲ့ ထွက်ပြေးရတာတုန်း”
ဒီတော့ ဘကြီးက ပြန်ပြောသတဲ့… ..
“ဟကောင်တွေရ… ဘတ်စ်ကားမစီးပဲနဲ့ တက်စီငှားပြီးပြေးရင် ကုန်ကျစရိတ်ပိုများပေါ့ကွ၊ ခေတ်ကြီးက ကောင်းတာမဟုတ်ဘူး၊ နေရာတကာ ချွေတာနိုင်မှ တော်ကာကျတာ”
အဲဒါ ဓားပြမှုနဲ့ တရားရုံးရောက်တော့ တရားသူကြီးက ထောင်ခုနှစ်နှစ်ချတယ်
ဒါကို သူကအတင်းဈေးဆစ်လို့ တရားသူကြီးလည်း စိတ်ညစ်ပြီး ၆ လလျှော့ပေးလိုက်တာ ထောင် ၆နှစ်ခွဲနဲ့ နောက်ဆုံးဈေးတည့်သွားသတဲ့
သူ ဓားပြတိုက်တုန်းက ရလာတဲ့ အိတ်ကြီးထဲကဟာတွေကို အပိုင်ယူစေဆိုပြီး တရားသူကြီးက အမိန့်ချလိုက်သေးတယ်
သူ့ခမျာ ပျော်သွားပြီး အိတ်ကို ဖွင်ကြည့်လိုက်တာ ဖုန်းဘေလ်အကြွေးတောင်းတဲ့ စာရွက်တွေဖြစ်နေရော
ဒါနဲ့ ထောင်ကလွတ်လာတော့ အဲဒီဘေလ်အကြွေးတွေကို နည်းနည်းခြင်း ဖဲ့ပြီးဆပ်နေတာ ခုဆို အကြွေး သိပ်မကျန်တော့ပါဘူး
သူ့တူကလည်း နိုင်ငံခြားမှာ အလုပ်လုပ်ရင်း ကူပြီး အကြွေးဆပ်ပေးရှာပါတယ်
အရက်မသောက် ဘောပွဲမလောင်း မိန်းမကိစ္စစိတ်မဝင်စားရှာပဲနဲ့
ယုံချင်ယုံမယုံချင်နေ-ပေါက်ကရရေးတာ
သန်၎ကို https://www.facebook.com/thanlayko
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment